arial" action="like" colorscheme="light">

Sunday, April 8, 2012

GH နိုးကြားမှုအကြောင်း



 ကြွက်သားများကြီးထွားရန်၊ခွန်အားတိုးတက်ရန်နှင့်လေ့ကျင့်ခန်းများပြုလုပ်နေစဉ်လောင်စာအဖြစ်
အသုံးဝင်ပြီးလေ့ကျင့်ခန်းများပြုလုပ်အပြီးကြွက်သားများအပြည့်အ၀ပြန်လည်အားပြည့်စေရန်
အတွက်အဓိကလိုအပ်သောကိုယ်တွင်းဟိုမုန်းဖြစ်သည့်ကြီးထွားဟိုမုန်း Growth Hormone GH
သည်အမျိုးကွဲပေါင်းများစွာရှိသည်။လည်းကောင်း၏မျိုးကွဲပေါင်းတစ်ရာနီးပါးသည်သွေးထဲတွင်
အချိန်ပြည့်ထဲတွင်လှည့်ပါတ်နေပြီးလည်းကောင်းဟိုမုန်းများကိုဦးနှောက်အတွင်းရှိပီကျူထရီဂလင်း
မှအဓိကထုတ်လွှတ်ပြီးလေ့ကျင့်ခန်းပြုလုပ်ချိန်တွင်ကြွက်သားဆဲလ်များအတွင်းသို့ အမိုင်နိုအက်ဆစ်
များကိုပို့ ဆောင်ပေးပြီး၊ကြွက်သားဆဲလ်များကိုလည်းပရိုတိန်းနိုးကြားစွာစုပ်ယူစေသည့်အတွက်ကြီး
ထွားမှုကိုများစွာအထောက်အကူပြုသည်။

ကြီးထွားဟိုမုန်းသည်အဆီဆဲလ်များကိုလောင်ကျွမ်းပစ်ပြီး
သွေးတွင်းအချိုဓါတ်ကိုဖြည့်ပေးသောကြောင့်အဆီကျစေသောဟိုမုန်းဖြစ်သည်။ကာယဗလလေ့ကျင့်
ခန်းများပြုလုပ်ခြင်းသည်ကိုယ်တွင်းမှကြီးထွားဟိုမုန်းများထွက်ရှိမှုကိုတိုးပွားစေသည်။ထို့ အပြင်ကာယ
ဗလလေ့ကျင့်ခန်းများသည်ကိုယ်တွင်းမှကြီးထွားဟိုမုန်းများကိုဇီဝနည်းအရနိုးကြားစေခြင်းကြောင့်
လေ့ကျင့်ခန်းများပြုလုပ်ပြီးချိန်တွင်ကိုယ်တွင်းမှပရိုတိန်း၊ကာဗိုဟိုက်ဒရိတ်နှင့်အဆီများကိုအသုံးပြု
လောင်ကျွမ်းစေသောကြောင့်လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်ကိုယ်တွင်းဇီဝဖြစ်စဉ်နှင့်ကျန်းမာ
ရေးကိုအကောင်းဆုံးမြှင့်တင်ပေးနိုင်ကြောင်းကိုသုတေသီများကတင်ပြကြခြင်းဖြစ်သည်။
British Journal of sports medicine

                                                                                                တင်ဆက်သူ---
                                                                                                နိုင်ဦး---119
http://naingoo-119.blogspot.com/


2 comments:

  1. အခြေခံအဆင့်ကနေမောင်မြန်မာတွေလိုပြိုင်ပွဲဝင်proအဆင့်အထိရောက်ဖို့ဘယ်နှနှစ်လောက်ထိကြိုးစားလေ့ကျင့်ရပါမလဲအစ်ကို။ကျွန်တော်ကပြိုင်ပွဲဝင်ဖို့အထိရည်မှန်းထားလို့ပါ။

    ReplyDelete
  2. အရင်ဆုံးကိုယ်သိချင်တာကညီလေးရဲ့ အသက်၊ခန္ဓာကိုယ်အလေးချိန်၊နှင့်ကစား
    သက်ဘယ်လောက်လဲစသည်ဖြင့်ပေါ့ကွာ။လူတစ်ယောက်နှင့်တစ်ယောက်တိုး
    တက်မှုခြင်းမတူကြပါဘူး။ညီလေးဓါတ်ပုံရယ်၊အသေးစိတ်အချက်အလက်တွေ
    ရယ်ကိုကိုယ့်ဆီကိုပို့ ပေးလိုက်ပါ။ကိုယ်ကညီလေးကိုအကြံပြုတဲ့အီးမေလ်း
    ပြန်ပို့ ပေးပါ့မယ်။အကယ်၍ညီလေးကရန်ကုန်မှာနေရင်ကိုယ့်ဂျင်မ်မှာကိုယ့်
    ကိုလာတွေ့ ပါလား။မြန်မာ့လက်ရွေးစင်ကမ့်ထဲမှာပါ။
    လေးစားလျက်-
    နိုင်ဦး---119

    ReplyDelete