arial" action="like" colorscheme="light">

Sunday, April 22, 2012

အ၀လွန်သူများအတွက်အကျိုးပြုသောလေ့ကျင့်နည်းစနစ်

ယနေ့ ခေတ်ဖွံ့ ဖြိုးတိုးတက်ဆဲနိုင်ငံများနှင့်ဖွံ့ ဖြိုးပြီးနိုင်ငံများ(အမေရိက၊ဥရောပ)တွင်1980-ခုနှစ်များကထက်အ၀လွန်သူများသည်ယခင်ကထက်အဆများစွာတိုးပွားလာပြီး၊လူဦးရေစုစုပေါင်း
၏သုံးချိုးနှစ်ချိုးသည်ရှိသင့်သောကိုယ်အလေးချိန်ထက်ပိုနေကြသည်။ထိုကဲ့သို့ သောသူများသည်
အဓိကအားဖြင့်လူနေမှုဘ၀ပုံစံ၊(လှုပ်ရှားမှုနည်းခြင်း၊အဆီတက်စေသောပုံစံအာဟာရများစားသောက်
ခြင်း)ကြောင့်အ၀လွန်လာခြင်းဖြစ်ရာ၊ထိုကဲ့သို့ သောသူများကိုလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်စေ
ပါကဖြစ်နိုင်မည်မဟုတ်ပါ။ထိုကဲ့သို့ သောအ၀လွန်သူများသည်လေ့ကျင့်ခန်းကိုခံနိုင်ရည်နည်းပါးစေ
သည်။ထိုကဲ့သို့ သောသူများအတွက်အဆီချရန်အကောင်းဆုံးသောနည်းလမ်းမှာတစ်ပါတ်လျင်အနည်း
ဆုံးမိနစ်တစ်ရာ့ငါးဆယ်လောက်ကိုပြင်းအားနိမ့်သောလေ့ကျင့်ခန်းများပြုလုပ်စေလျင်ပင်ထိရောက်
မည်ဖြစ်သည်။ထို့ အပြင်ထိုကဲ့သို့ သောသူများကိုအကောင်းဆုံးသောလေ့ကျင့်နည်းစနစ်ဖြစ်သော
ကာယဗလလေ့ကျင့်နည်းများကိုပြုလုပ်စေသင့်ပါသည်။ကာယဗလလေ့ကျင့်ခန်းများ၏အကျိုးပြု
ချက်မှာအဓိကအနေနှင့်ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုတိုးတက်မြန်ဆန်စေသောကြွက်သားထုထည်ကို
တက်စေသည်။(ကျွန်တော့်၏သိပ္ပံနည်းကျအဆီချနည်းများစာအုပ်တွင်လေ့ကျင့်ခန်းများအကြောင်း
ကိုအသေးစိတ်လေ့လာသုံးသပ်ဝေဖန်ပေးထားပါသည်)။
Southern Illinois University မှသုတေသီEric Kirk ဦးဆောင်သောအဖွဲ့ ကကိုယ်အလေးချိန်လွန်
နေသောအမျိုးသား၊အမျိုးသမီး 39ဦးကိုကာယဗလလေ့ကျင့်ခန်းများပြုလုပ်စေပြီးလေ့လာစေရာ
တစ်နေ့ ကိုအနည်းဆုံးကယ်လိုရီအပို126ကယ်လိုရီသည်လေ့ကျင့်ခန်းမပြုလုပ်ဘဲနားနေစဉ်တွင်
အပိုလောင်ကျွမ်းနေသည်ကိုတွေ့ ရသည်။ထိုသုတေသီများကအ၀လွန်သူများအတွက်အောက်ပါ
အတိုင်းလေ့ကျင့်ရန်အကြံပြုခဲ့သည်။အ၀လွန်သူများသည်တစ်ပါတ်ကိုသုံးချိန်လေကျင့်ချိန်တစ်ချိန်
တွင်လေ့ကျင့်ခန်းကိုးမျိုးကိုတစ်ကျော့စီလေ့ကျင့်စေသည်။အထက်ပါအတိုင်းလေ့ကျင့်ခြင်းသည်၊

ကယ်လိုရီများစွာလောင်ကျွမ်းခြင်းမဟုတ်သော်လည်းလုံးဝကယ်လိုရီလောင်ကျွမ်းခြင်းမရှိသည့်
အခြေအနေထက်ပိုသည့်အပြင်ပို၍ကျန်းမာစေသည်မဟုတ်ပါလား။
(Medicine Science Sports Exercise, 41:1122-1129, 2009)

                                       တင်ဆက်သူ---
                                        နိုင်ဦး---119
Email---intensemuscle@gmail.com
http://naingoo-119.blogspot.com/
www.myanmarfitness.com

No comments:

Post a Comment