arial" action="like" colorscheme="light">

Sunday, April 1, 2012

သွေးပူဘယ်လိုလုပ်မလဲ



ကာယဗလလေ့ကျင့်သူများအများဆုံးမှားသောလေ့ကျင့်ရေးအမှားတစ်ခုမှာသွေးပူကိုစနစ်တကျမလုပ်
ကြခြင်းပင်ဖြစ်သည်။အားလုံးသိသည်ကတော့မလေ့ကျင့်မှီတွင်မိမိ၏နှလုံးခုန်နှုန်းမြန်လာစေရန်နှင့်
သွေးလည်ပါတ်မှုအားကောင်းပြီးအကြောဆန့် ရန်အတွက်အဆင်ပြေစေရန်အတွက်သွေးပူအနေနှင့်
ပြေးခြင်း၊လမ်းလျောက်စက်ပေါ်လမ်းလျောက်ခြင်း၊ကြိုးခုန်ခြင်းစသည့်သွေးပူစေသောလေ့ကျင့်ခန်းများ
ကိုရာသီဥတုနှင့်မိမိ၏စိတ်ခံစားမှုအပေါ်မူတည်ပြီးငါးမိနစ်မှဆယ်မိနစ်အထိပြုလုပ်ကြသည်။ထို့ 
နောက်တွင်မှအကြောလျော့(ဆန့် )ပြီးမိမိလေ့ကျင့်မည့်ကြွက်သားအုပ်စုကိုအလေးပေါ့ပေါ့ဖြင့်သွေး
ပူလုပ်တတ်ကြသည်။ထိုမှစ၍အလေးတိုးတိုးသွားပြီးသွေးပူလုပ်သွားရာနောက်ဆုံးအကျော့လေ့ကျင့်
သည်အထိတဖြည်းဖြည်းအလေးတိုးတိုးသွားခြင်းဖြစ်သည်။ဤသည်ကပဲအမှားကြီးဖြစ်သည်။
ပထမဦးစွာထိုအမှားသည်မည်သို့ စတင်ဖြစ်ပေါ်လာသည်ကိုတင်ပြပေးမည်။ယနေ့ ကြိုက်သည့်ဂျင်မ်
ကိုသွားပြီးလေ့ကျင့်ပါ။ပထမဦးစွာလေ့ကျင့်မည့်သူများကိုနည်းပြများကအလေးကိုတဖြည်းဖြည်းချင်းစီ
တိုးသွားရန်ညွှန်ကြားတတ်ကြ၏။လေ့ကျင့်သူများကလည်းယုံယုံကြည်ကြည်လိုက်လုပ်ကြ၏။ထိုသို့ 
ပြောခြင်းသည်နည်းပြများကိုအပြစ်တင်ဝေဖန်ခြင်းမဟုတ်ပါ။လည်းကောင်းတို့ သည်လည်းမှန်ကန်
သောအင်ဖော်မေးရှင်းမရကြခြင်းကြောင့်ထိုသို့ ဖြစ်ရခြင်းဖြစ်သည်။ထို့ အပြင်လည်းကောင်းတို့ ရ
တတ်ကြသည့်အင်ဖော်မေးရှင်းအမှားတစ်ခုမှာစတီးရွိုက်ဘီလူးကြီးများဖြစ်သောမောင်အိုလံပီယာ
အဆင့်ပရော်ဖက်ရှင်နယ်မောင်များသည်လည်းကောင်းတို့ ၏လေ့ကျင့်နည်းဗီဒီယိုများတွင်စကစား
သည်မှစ၍အလေးကိုတိုးတိုးသွားပြီးသွေးပူအကျော့များကစားသွားသော်လည်းအကြိမ်အရေအတွက်
အပြောင်းအလဲမလုပ်ဘဲကြွက်သားများကိုထိုသွေးပူအကျော့များတွင်ပင်အားကုန်(failure)ဖြစ်သည်
အထိညှစ်ကစားပြသည်။ထိုကဲ့သို့ လေ့ကျင့်ပါကအကျိုးထူးမည်ဟုထင်သောစတီးရွိုက်မသုံးသူများအ
တွက်ကားအလဟဿပင်ဖြစ်သည်။ထိုသူများသည်သွေးပူများတွင်ပင်အကုန်ဆော့သော်လည်းကြီး
ထွားနိုင်သည်မှာစတီးရွိုက်၊အာဟာရ၊ဖြည့်စွက်ဆေးများနှင့်လူနေမှုဘ၀ပုံစံတို့ ကြောင့်ဖြစ်သည်။
လည်းကောင်းတို့ နှင့်မည်သည့်အရာမျှ၊မည်သို့ မျှထပ်တူမကျနိုင်သူများသည်ထိုကဲ့သို့ လေ့ကျင့်
သင့်ပါ၏လော။စဉ်းစားပါ။ထို့ အပြင်ပိုက်ဆံရှိတိုင်း၊နိုင်ငံခြားလေးသွားဖူးတိုင်းဂျင်မ်ဖွင့်ပြီး၊နိုင်ငံခြား
မှကာယဗလမဂ္ဂဇင်းလေးများဝယ်လာပြီးထိုထဲမှကစားနည်းများသည်နောက်ဆုံးပေါ်ကစားနည်း
များဟုဆိုကာပြောချင်သလိုပြောနေ၊ပြချင်သလိုပြနေကြသောခပ်ကြောင်ကြောင်ဂျင်မ်ပိုင်ရှင်များ
ကြောင့်လည်းထိုသို့ ဒုက္ခပွားနေကြရခြင်းဖြစ်သည်။ထို့ ကြောင့်ပိုက်ဆံရှိ၍ဂျင်မ်ပိုင်ရှင်ဖြစ်တိုင်းနည်း
ပြချုပ်အမည်ခံကာလုပ်ချင်တိုင်းလုပ်သင့်ပါသလား။ဂျင်ဖွင့်သူပိုင်ရှင်သည်နည်းပြများကိုလေးစားသင့်
သည်။လည်းကောင်းတို့ ကိုလုပ်ပိုင်ခွင့်ပေးသင့်သည်မဟုတ်ပါလား။ထို့ ကြောင့်အင်ဖော်မေးရှင်း
ကောင်းကောင်းပေးနိုင်သောကိုအောင်ဆွေနိုင်တို့ လို၊ကိုအောင်ခိုင်ဝင်းတို့ လို၊ကိုထွန်းမင်းတို့ လို
မောင်များပိုင်ဆိုင်သည့်ဂျင်မ်များတွင်လေ့ကျင့်နည်းယူသင့်ပါသည်။


လိုရင်းကိုဆက်ပြောရမည်ဆိုပါကကျွန်တော်သည် high intensity training ကိုနှစ်သက်သော်လည်း
အမြင်ကျဉ်းမြောင်းစွာထိုနည်းစနစ်တစ်ခုတည်းကိုပဲမတင်ဆက်ပေးခဲ့ပါ။အများအကျိုးပြုရန်အတွက်
ကမ္ဘာကျော်ကာယဗလသီအိုရီများ၊အယူအဆများကိုမိမိနှစ်သက်သလိုသုံးစွဲနိုင်ကြစေရန်ကျွန်တော်
သည်စာအုပ်အမျိုးမျိုးရေးခဲ့ပြီးဖြစ်သည်။ထို့ ကြောင့်မည်သည့်စာအုပ်သည်ပိုကောင်းသည်ပိုမှန်သည်
ဟုမမေးပါနှင့်။ကျွန်တော်ရေးခဲ့ပြီးသောစာအုပ်အားလုံးသည်ကမ္ဘာကျော် natural ကစားနည်းစာအုပ်
များဖြစ်ပြီးကျွန်တော်တို့ နှင့်ကိုက်ညီသောစာအုပ်များကိုသာဘာသာပြန်စုစည်းတင်ဆက်ပေးထား
ခြင်းကြောင့်မိမိနှင့်ကိုက်ညီသော၊အကျိုးပြုသောစာအုပ်သည်အကောင်းဆုံးဖြစ်သည်ဟုဆိုချင်ပါသည်။
ထို့ ကြောင့်စမ်းသပ်အသုံးပြုကြည့်ကြပါ။

လူတစ်ဦးနှင့်တစ်ဦးသည်မတူညီသည်မှန်သော်လည်းစတီးရွိုက်မသုံးသောသူများအားလုံးသည် natural ကစားသမားများဖြစ်သောကြောင့်စတီးရွိုက်သုံးသူများကဲ့သို့ မလေ့ကျင့်ရမည်မှာကတော့
အတူတူပင်ဖြစ်သည်မဟုတ်ပါလား။natural ကစားသမားများသည်အလေး၊အကြိမ်၊အကျော့များနှင့်
ကစားသည့်အကြိမ်(training frequency)၊နှင့်ကစားချိန် (workout length)သည်စတီးရွိုက်သုံးသူ
များထက်နည်းပါးသင့်ပါသည်။ထို့ ကြောင့်ကျွန်တော်ယခုတင်ပြပေးမည့်အချက်လေးသည်natural
ကစားသမားများအတွက်လေ့ကျင့်ခန်းတစ်ခု၏နောက်ဆုံးအကျော့တွင်ကြွက်သားကိုထိထိမိမိလှုံဆော်ရန်အတွက်ထိုအကျော့တစ်ကျော့ကိုမည်ကဲ့သို့ ထိထိမိမိလေ့ကျင့်ရမည်ကိုများစွာအထောက်အကူပြု
မည်ဖြစ်သည်။
ပထမဦးစွာသမားရိုးကျလေ့ကျင့်နည်းအမှားကိုလေ့လာကြည့်ကြပါစို့ ။
ဥပမာ--မောင်မောင်ဆိုသူသည်အလေးထမ်းထိုင်ထ (full squat )ကိုနောက်ဆုံးအကျော့တွင်
ပေါင်နှစ်ရာ့ငါးဆယ်ဖြင့်လေ့ကျင့်သည်ဆိုပါစို့ ။သူသည်ယခုကဲ့သို့ မှားယွင်းစွာလေ့ကျင့်မည်ဖြစ်
သည်။
ပထမအကျော့တွင်-ပေါင်50×12ကြိမ်
ဒုတိယအကျော့တွင်-ပေါင်100×10ကြိမ်
တတိယအကျော့တွင်-ပေါင်150×10ကြိမ်
စတုတ္ထအကျော့တွင်-ပေါင်180×8ကြိမ်
ပဉ္စမအကျော့တွင်-ပေါင်220×8ကြိမ်
ဤမျှဆိုလျင်အတော်ပင်အားကုန်နေပြီဖြစ်သည်။ထိုသူသည်တစ်ကယ်ထိထိမိမိလှုံဆော်ရမည့်နောက်
ဆုံးအကျော့ကိုတော့----
ဆဌမအကျော့တွင်-ပေါင်250×5-6ကြိမ် ကိုအားအကုန်အသေအကြေညှစ်ဆော့ရမည်ဖြစ်သည်။ထို
အကျော့ကိုတစ်ကယ်ထိထိရောက်ရောက်လေ့ကျင့်နိုင်မည်ဟုသင်ထင်ပါသလား။ကျွန်တော်ကတော့
လုံးဝမထင်သည့်အပြင်မြင်နေရသည့်အမှားဖြစ်သည်။ထို့ ကြောင့်လည်းတင်ပြပေးရခြင်းဖြစ်သည်။အ
ကယ်၍ထိုသူသည်စုစုပေါင်းလေ့ကျော့သာကစားမည့်သူဆိုပါကသွေးပူကိုပေါင်၊100၊150၊200နှင့်
250 စသည်ဖြင့်လေ့ကျင့်သွားနိုင်သည်။သို့ သော်ထိုကဲ့သို့ သောသူသည်တစ်ကျော့လျင်ဆယ်ကြိမ်
ကစားရမှကြီးထွားမည်ဟုသင်ပြထားခြင်းခံရသူဖြစ်သည်။အစပိုင်းအကျော့များတွင်ဆယ်ကြိမ်ကစား
နိုင်သော်လည်းအထက်ပါအတိုင်းလေ့ကျင့်ပါကနောက်ဆုံးအရေးအပါဆုံးအကျော့တွင်ဆယ်ကြိမ်က
စားနိုင်ပါမည်လား။လုံးဝမရပါ။ထိုသို့ ဆိုလျင်မည်ကဲ့သို့လေ့ကျင့်ရမည်ကိုယခုတင်ပြပေးပါမည်။
ပထမအကျော့-ပေါင်50×12ကြိမ်
ဒုတိယအကျော့-ပေါင်100×10ကြိမ်
တတိယအကျော့-ပေါင်150×8ကြိမ်
စတုတ္ထအကျော့-ပေါင်180×6ကြိမ်
ပဉ္စမအကျော့-ပေါင်220×3ကြိမ်
ဆဌမအကျော့-ပေါင်240×1ကြိမ်
အဌမအကျော့-ပေါင်250×10-12ကြိမ်


အခုဥပမာလေးကိုကြည့်လျင်အားလုံးထင်သာမြင်သာရှိကာသဘောပေါက်မည်ဟုထင်ပါသည်။ဤ
နည်းစနစ်သည်ကမ္ဘာကျော်natural ကာယဗလမောင်များ၊အလေးမချန်ပီယံများ၏လျို့ ဝှက်ချက်
ဖြစ်သည်။ထိုအတိုင်းလေ့ကျင့်ပါကသွေးပူအကျော့များတွင်အားမကုန်ဘဲနောက်ဆုံးအကျော့ကို
အင်နှင့်အားနှင့်ပြည့်ပြည့်၀၀လေ့ကျင့်နိုင်မည်ဖြစ်ပြီး၊နောက်တစ်ချိန်ထိုကြွက်သားကစားရာတွင်
ကြွက်သားကြီးထွားမှုအတွက်အရေးပါသော progressive overload သဘောတရား၏အလွယ်
ဆုံးအချက်ဖြစ်သောကစားချိန်တိုင်းတွင်အလေးဝန်အလွယ်တကူတိုးတိုးပြီးလေ့ကျင့်သွားနိုင်မည်
ဖြစ်သည်။ progressive overload ပြုလုပ်ရန်နည်းလမ်းပေါင်းများစွာရှိသော်လည်းအလွယ်ကူဆုံး
နည်းလမ်းမှာကစားချိန်တိုင်းမှာအလေးသို့ မဟုတ်အကြိမ်ကိုအနည်းငယ်စီတိုးသွားရန်သာဖြစ်သည်။
progressive overload အကြောင်းကိုဆောင်းပါးတစ်ခုအဖြစ်တင်ဆက်ပေးပါဦးမည်။ယခုတော့လိုရင်း
သာဆက်ပြောပါဦးမည်။အထက်ပါတင်ပြခဲ့သောနည်းစနစ်လေးကိုယုံယုံကြည်ကြည်လေ့လာစမ်းသပ်
ကြည့်ပါ။

ကျွန်တော့်ကိုယ်တွေ့ အတွေ့ အကြုံများဖြစ်သည်။ကျွန်တော့်ကိုလာရောက်တွေ့ ဆုံသောမင်
ဘာအများစုကိုကျွန်တော်နှင့်ဆွေးနွေးပြီးလည်းကောင်းကစားသည်ကိုကြည့်ရာလေ့ကျင့်သည်မှာ
လည်းပုံကျ၊အစားအသောက်၊အအိပ်အနေဂရုစိုက်သော်လည်းအလေးတိုးမလာသည်မှာထိုအတွက်
ကြောင့်ဖြစ်သည်ကိုကျွန်တော်မြင်သည့်အားလျော်စွာကျွန်တော်အနီးကပ်ပြင်ပေးရာတွင်အချို့ က
လမ်းဟောင်းကြီးကိုသာယုံကြည်နေကြသော်လည်းကျွန်တော်နှင့်ကစားချိန်တစ်ချိန်နှစ်ချိန်လောက်
ကစားပြီးပါကထိုလမ်းဟောင်းကြီးကိုအပြီးအပိုင်လွှင့်ပစ်လိုက်ကြသည်ချည်းသာဖြစ်သည်။ထို့ ကြောင့်
သင်လည်းအားသိပ်မကုန်သော၊စနစ်ကျသော၊ကယ်လိုရီလောင်ကျွမ်းမှုနည်းပါးသော၊(ထုတင်လိုသူ
များအတွက်ကယ်လိုရီသည်အသက်မဟုတ်ပါလား)၊ကြွက်သားမျှင်များပျက်ဆီးမှုနည်းပါးသော၊အလျင်
အမြန်ပြန်လည်အားပြည့်(recovery)စေသော၊ကြွက်သားများကိုအပြည့်အ၀လှုံဆော်ပေးနိုင်သောဤ
လေ့ကျင့်နည်းကိုစမ်းသပ်အသုံးပြုကြည့်ပါ။

ဝေဖန်လိုသူများကကျွန်တော်သည် high intensity ကစား
နည်းကိုကြိုက်သည်ဟုပြောပြီးအဘယ်ကြောင့်ပထမလေ့ကျင့်ခန်းမှာတွင်ပင်ခြောက်ကျော့ခုနှစ်ကျော့
ဖြစ်နေရသနည်းဟုမေးကြမည်။ထို့ ကြောင့်သေသေချာချာမှတ်သားထားပါ၊High intensity ကစား
နည်းသည်လေ့ကျင့်ခန်းတစ်ခုကိုတစ်ကျော့တည်းသာကစားခြင်းမဟုတ်ပါ။တစ်ကျော့တည်းဖြင့်ကြွက်
သားကိုအားအကုန် failure ဖြစ်သည်အထိလေ့ကျင့်ခြင်းပင်ဖြစ်သည်။High intensity ကစားနည်း၏
မူလပထမများဖြစ်သော၊တီထွင်သူများဖြစ်သောအသာဂျုံး၊မိုက်ခ်မင်ဇာနှင့်ဒိုရီယံရိတ်တို့ သည်မိမိတို့ 
ကိုယ်တိုင်သာမက၊မိမိတို့ လေ့ကျင့်ပေးသူများကိုလည်းကြွက်သားအုပ်စုတစ်ခု၏ပထမဆုံးလေ့ကျင့်
သောလေ့ကျင့်ခန်းကိုသွေးပူများများလုပ်စေပြီးမှနောက်ဆုံးတစ်ကျော့တွင်သာအားအကုန်လေ့ကျင့်
စေခြင်းဖြစ်သည်ကိုမှတ်သားထားပါ။ပြီးမှထိုကြွက်သားအုပ်စု၏ကျန်လေ့ကျင့်ခန်းများကိုသိပ်ပြီးသွေး
ပူမလုပ်တော့ဘဲတိုက်ရိုက်လေ့ကျင့်လေတော့သည်။သွေးပူစနစ်တကျလုပ်မှသာဒဏ်ရာအနာတရ
ဖြစ်ခြင်းများမှကင်းဝေးပြီးလေ့ကျင့်သောလေ့ကျင့်ခန်းကိုလည်းအားသွန်ခွန်စိုက်လေ့ကျင့်နိုင်မည်
ဖြစ်သည်။ထို့ ကြောင့်လေ့ကျင့်သူအားလုံး Bodybuilding ကိုစနစ်တကျလေ့ကျင့်နိုင်ပြီးကျန်းမာ
ကြံ့ခိုင်ကြပါစေကြောင်းဆန္ဒပြုဆုမွန်ကောင်းတောင်းရင်း-


တင်ဆက်သူ---
                                                                                                နိုင်ဦး---119

No comments:

Post a Comment