arial" action="like" colorscheme="light">

Sunday, April 8, 2012

ပရိုတိန်းနှင့်ကြွက်သားထုထည်


ကျွန်တော်တို့ ကာယဗလကစားသမားများအားလုံးကိုအထိတ်တလန့် ဖြစ်စေလိုက်သည့်
ဆောင်းပါးတစ်ပုဒ်ကိုကမ္ဘာကျော်ဖြည့်စွက်ကာယဗလဆေးများထုတ်လုတ်ရောင်းချနေသည့်
Twin Lab ကုမ္ပဏီကထုတ်ဝေရောင်းချနေသောကမ္ဘာ့ရောင်းအားအအကောင်းဆုံးစာရင်းဝင်
Muscular Development မဂ္ဂဇင်း၏ 2009-ခုနှစ်ဇွန်လထုတ်စာမျက်နှာ 126 တွင် Protein Timing Has No Effect on Muscle Mass or Strength ဟူသောခေါင်းစဉ်ဖြင့်တင်ဆက်ထားသမျှကိုပြန်
လည်ဖောက်သည်ချလိုက်ပါသည်။
လေ့လာတွေ့ ရှိချက်အများစုကလေ့ကျင့်ခန်းမပြုလုပ်မှီနှင့်ပြုလုပ်ပြီးပြီးချင်းပရိုတိန်းဖြည့်စွက်ဆေးများ
အသုံးပြုခြင်းကကိုယ်တွင်းပရိုတိန်းများနိုးကြားစွာစုပ်ယူစေမှုကိုအထောက်အကူပြုကြောင်းကိုတင်ပြ
ထားကြသည်။သို့ သော်နယူးဂျာဆီကောလိပ်မှအချို့ သောသုတေသီများJay Hoffman နှင့်လုပ်ဖော်
ကိုင်ဖက်များကဆယ်ပါတ်(နှစ်လခွဲကြာ)ကာယဗလလေ့ကျင့်သူအမျိုးသားများကိုလေ့လာပြီးနောက်
ပရိုတိန်းဖြည့်စွက်ဆေးများအသုံးပြုသည့်အချိန်၊အသုံးပြုသည့်ပမာဏသည်ခွန်အားရော၊ကြွက်သား
ထုထည်အပြင်ကိုယ်ခန္ဓာအချိုးအစားအပေါ်တွင်ပါမည်သို့ မျှသက်ရောက်မှုမရှိကြောင်းကိုစမ်းသပ်မှု
တွင်ပါဝင်သောအမျိုးသားများကိုအုပ်စုနှစ်ခုခွဲကာ၊တစ်အုပ်စုကိုပရိုတိန်းလုံးဝမသုံးစေဘဲ၊ကျန်
အုပ်စုကိုမနက်အိပ်ရာထ၊မလေ့ကျင့်မှီ၊လေ့ကျင့်ပြီးနှင့်ညအိပ်ရာဝင်ချိန်တို့ တွင်ပရိုတိန်းရော၊ဖြည့်စွက်
ပရိုတိန်းဆေးများပါသုံးစေပြီးမှအောက်ပါကောက်နှုတ်ချက်ကိုတင်ပြနိုင်ခဲ့ခြင်းဖြစ်သည်။ဤလေ့လာ
တွေ့ ရှိချက်သည်ကစားသက်ကြာအတွေ့ အကြုံရှိပြီးသားကစားသမားများကိုပြင်းပြင်းထန်ထန်လေ့
ကျင့်စေပြီးစနစ်တကျတင်ပြခြင်းဖြစ်သည်။
Ref: (International Journal Sports Nutrition and Exercise Metabolism, 19:172-185, 2009)

သူငယ်ချင်းတို့ ကျွန်တော်ကတော့ဤဆောင်းပါးကိုအထောက်အထားနှင့်တကွတင်ပြထားခြင်းသာဖြစ်
ပါသည်။မကျေနပ်သူများကတော့အထက်တွင်တင်ပြထားသည့်မဂ္ဂဇင်းစာအုပ်ကိုရှာဝယ်ဖတ်ကြည့်ပါ။
အဲဒါမှထပ်ပြီးမကျေနပ်စောဒကတက်လိုသေးလျင်တော့သူ့ တို့ ကိုမေလ်းပို့ ပြီးပြောပါလေ။ကျွန်တော်
သည်ဆေးမလိုကြောင်းများသာပြောနေ၍ကျွန်တော်သည်ဖြည့်စွက်ဆေးဆန့် ကျင်ရေးသမားမဟုတ်
ပါ။ဆေးမသုံးနိုင်သောလူငယ်များစိတ်ဓါတ်မကျစေဘဲကြိုးစားလိုစိတ်ဖြစ်လာအောင်သာအထောက်
အထားများရှာကြံစုဆောင်းကာတင်ပြနေခြင်းဖြစ်ပါသည်။ကျွန်တော့်အမြင်တွင်တော့ဖြည့်စွက်ဆေး
များသုံးရန်လိုအပ်ပါသည်။မည်သည့်ဆေးကိုမည်သည့်အတိုင်းအတာလောက်သုံးရမည်ကိုကျွန်တော်
ရေးထားသောအကောင်းဆုံးသောကာယဗလသီအိုရီများစာအုပ်တွင်အကျယ်လေ့လာနိုင်ပါသည်။
မကြာမှီတွင်လည်းဖြည့်စွက်ဆေးများသုံးရမည့်အကြောင်းကိုအထောက်အထားများနှင့်တင်ပြပေး
ပါဦးမည်။ယခုတော့ဝေဖန်သံများကြားချင်ပါသေးသည်။
မှတ်ချက်---ဤဆောင်းပါးကိုဝေဖန်လိုသူများအဓိကသိထားရမည်မှာကမ္ဘာကျော်ဆေးရောင်းသူများ
ပင်လျင်အကျိုးအပြစ်ကိုစေတနာကောင်းနှင့်တင်ပြထားပြီး၊ဆေးဝယ်သုံးသည်မသုံးသည်ကတော့
ကာယကံရှင်၏ရွေးချယ်မှုပင်ဖြစ်ကြောင်းကိုရှင်းလင်းပြတ်သားစွာတင်ပြထားခြင်းဖြစ်ကြောင်းကို
နားလည်ပါ။စေတနာကောင်းလျင်အကျိုးပေးကောင်းတတ်ပါသည်။ဤဆောင်းပါးကိုလူသိရှင်ကြား
တင်ပြပေးသော်လည်းထိုသူတို့ ထုတ်လုပ်သောဆေးများမှာရောင်းအားမကျသွားသည့်အပြင်တစ်
နှစ်ထက်တစ်နှစ်ပို၍အောင်မြင်တိုးတက်လာကြသည်ကမျက်မြင်ဖြစ်သည်။ထို့ ကြောင့်အများအကျိုး
ရှိမည်ဆိုပါကမည်သည့်အကြောင်းအရာကိုမဆိုအယူစွဲဝါဒစွဲမထားဘဲကျွန်တော်ကတော့တင်ပြ
နေဦးမည်သာဖြစ်သည်။နောက်ဆုံးတွင်တော့ကျွန်တော်ပြုသောကံပဲ့တင်သံကကျွန်တော့်ထံပြန်လာ
မည်မှာမြေကြီးလက်ခတ်မလွဲအမှန်ပင်ဖြစ်ကြောင်းကျွန်တော်ကောင်းကောင်းကြီးယုံကြည်ပါသည်။

                                                                                                တင်ဆက်သူ---
                                                                                                နိုင်ဦး---119
http://naingoo-119.blogspot.com/




No comments:

Post a Comment