arial" action="like" colorscheme="light">

Sunday, April 8, 2012

သန်ပြီးမာလိုသူများအတွက်


ယနေ့ ခေတ်တွင်အမျိုးသားများလိင်ပိုင်းဆိုင်ရာအတွက်ကျေနပ်မှုရစေရန် Viagra, Levitra စသော
ကမ္ဘာကျော်ဆေးများအပြင်၊နိုင်ငံတကာတွင်ဆေးအမည်အမျိုးမျိုးဖြင့်လိင်မှုစွမ်းဆောင်ရည်လျော့ကျ
နေသောအမျိုးသားများအတွက်ဆေးများထွက်ရှိနေကြသည်။အမျိုးသားများအထူးသဖြင့်ဆီးချိုရောဂါ
သည်များ၊ကျောက်ကပ်အားနည်းသူများ၊ဆေးလိပ်၊အရက်သောက်စားလွန်းသူများ၊အ၀လွန်သူများ
စိတ်ဖိစီးမှုများသူများအဓိကကြုံတွေ့ ရသည့်ပြသနာမှာလိင်တံတောင့်တင်းမှုအားနည်းခြင်းနှင့်၊
ပန်းသေပန်းညှိုးခြင်းဖြစ်သည်။တစ်ဖက်တွင်လည်းကာယဗလလေ့ကျင့်သူများကိုလိင်တံသေးသူ
များ၊လိင်စိတ်နည်းသူများဟုအခြောက်တိုက်စော်ကားမော်ကားပြောနေကြသူများရှိသည်။ထိုသူများ
ကိုကြုံတိုင်းအထောက်အထားနှင့်ပြန်လည်ချေပသော်လည်းထိုသူများကတော့ကျွဲပါးဆောင်းတီး
ပင်ဖြစ်သည်။ယခုထိုသူများကပါးစပ်ပိတ်စေမည့်အပြင်ကာယဗလကိုပင်လေ့ကျင့်လိုစိတ်ဖြစ်စေ
သည့်အချက်လေးတစ်ခုကိုတင်ပြပေးပါမည်။
ပန်းသေပန်းညှိုးခြင်း၏အခြေခံအချက်မှာရင်ခေါင်းပိုင်းဆိုင်ရာရောဂါများနှင့်သွေးကြောများ၏
ကျန်းမာရေးချို့ တဲ့ခြင်းပင်ဖြစ်သည်။ကျားလိင်အင်္ဂါသို့ သွေးရောက်ရန်ခက်ခဲရသည့်အကြောင်းမှာ
နှလုံးမှသွေးလွှတ်ကြောများ၊ဦးနှောက်နှင့်ကျန်အစိတ်အပိုင်းများမှတစ်သျူးများမကောင်းခြင်းကြောင့်
ဖြစ်သည်။အသက်အရွယ်ကြီးလာခြင်းနှင့်သွေးတိုးဖြစ်ခြင်းကလည်းပန်းသေပန်းညှိုးခြင်းကိုဦးတည်စေသည်။
သို့ သော်ထိုပြသနာကိုဖြေရှင်းနိုင်သည့်နည်းလမ်းတစ်ခုကိုဟောင်ကောင်မှသုတေသီများက
သုတေသနဆယ့်တစ်ခုအပေါ်အခြေခံပြီးအောက်ပါအတိုင်းတင်ပြခဲ့သည်။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်
သူများ၊အထူးသဖြင့်ကာယဗလလေ့ကျင့်ခန်းပြုလုပ်သူများသည်ပန်းသေပန်းညှိုးဖြစ်ခြင်းမှအကာ
အကွယ်ရပြီး၊အကယ်၍ပန်းသေပန်းညှိုးဖြစ်နေပါကလည်းလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါကထိုအဖြစ်ဆိုး
မှလွတ်ကင်းနိုင်ကြောင်းကိုတင်ပြခဲ့သည်။ထို့ ကြောင့်ကာယဗလသမားများသည်သန်လည်းသန်သလို
မာလည်းဒေါင်ဒေါင်မည်မာသည်ဟုဝေဖန်သူများကိုဆိုချင်ပါသည်။

Ref: International Journal Impotence Research


         
                                                                                                တင်ဆက်သူ---
                                                                                                နိုင်ဦး---119
http://naingoo-119.blogspot.com/

No comments:

Post a Comment