arial" action="like" colorscheme="light">

Sunday, April 8, 2012

အကုန်ကစားမှာလား






မောင်အိုလံပီယာခုနှစ်ထပ်ကွမ်းအာနိုးကြီးကတော့သူ့ ရဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုဖြစ်
တဲ့**Stay Hungry**ထဲမှာ You must burn to grow လို့ ပြောခဲ့ပါတယ်။မှန်ပါတယ်ကြွက်သားများ
Burn ဟုခေါ်သောလောင်ကျွမ်းသကဲ့သို့ တဖျစ်ဖျစ်မည်သည်အထိညှစ်ကစားခြင်းသည်ကာယဗလ
သမားများအတွက်ကောင်းမွန်၏။ထိုအကြောင်းကိုအီလီနွိုက်တက္ကသိုလ်မှဂျက်ဖ်ဝီလ်လာဆင်ဆိုသူ
သုတေသီကအာနိုးပြောသကဲ့သို့ လေ့ကျင့်ခြင်း(၀ါ)အကုန်failure ဖြစ်အောင်လေ့ကျင့်ခြင်း၏အကျိုး
ကျေးဇူးများကိုစုဆောင်းတင်ပြခဲ့ပါတယ်။လေ့ကျင့်နည်းပရိုဂရမ်အမျိုးမျိုးကလည်းကြွက်သားအကုန်
ဖြစ်အောင်လေ့ကျင့်ရမည့်အကောင်းဆုံးအကြိမ်၊အကျော့များကိုအထောက်အထားများနှင့်တင်ပြခဲ့
သော်လည်းလူအနည်းစုသာအားအကုန်ကစားရမည့်အကျိုးကျေးဇူးများကိုနားလည်သဘောပေါက်
ကာလေ့ကျင့်ခဲ့ကြပါတယ်။

                                       

ကြွက်သားအုပ်စုတစ်ခုကိုအားအကုန်ကစားခြင်း failure ဖြစ်သည်ဆိုသည်
မှာနည်းစနစ်နှစ်မျိုးသာရှိပါသည်။တစ်မျိုးကအာနိုးပြောသလိုအလေးအသင့်အတင့်နှင့်အကျော့ပေါင်း
များစွာကုန်အောင်ကစားမည်လား၊မောင်အိုလံပီယာဒိုရီယံရိတ်လေ့ကျင့်သလိုအလေးများများနှင့်
အကျော့နည်းနည်းနှင့်အကုန်ကစားမည်လား။


ကျွန်တော့်အမြင်တွင်ဒိုရီယံရိတ်၏နည်းစနစ်သည်ပို၍
အဓိပါယ်ရှိသည်ဟုမြင်ပါသည်။ဒိုရီယံရိတ်၏နည်းစနစ်အတိုင်းအကုန်လေ့ကျင့်နည်းစနစ်သည်(high
Intensity training ကိုလေ့ကျင့်ရမည်ဟုမဆိုလိုပါ။)ကြွက်သားထုထည်ရောခွန်အားအတွက်ပါ
ကောင်းမွန်ပြီးကိုယ်တွင်းမှဟိုမုန်းများဖြစ်သောကြီးထွားဟိုမုန်း၊အင်ဆူလင်ကဲ့သို့ ကြီးထွားစေသော
ဟိုမုန်း IGF ၊တက်စတိုစတီရုန်းတို့ ကိုအထွက်တိုးစေပြီး၊ကိုယ်တွင်းမှအင်ဆူလင်နိုးကြားစွာစုပ်ယူမှု
(အင်ဆူလင်သည်ကြွက်သားကြီးထွားမှုအတွက်လိုအပ်သောဟိုမုန်းဖြစ်သည်)ကိုလည်းအထောက်
အကူပြုသည်။ထို့ ကြောင့်ကာယဗလမောင်များနှင့်အလေးမသမားများသည်ခွန်အားရောကြွက်သား
ထုထည်အတွက်အားအကုန်လေ့ကျင့်မည်ဆိုလျင်အာနိုးပြောသည့်အတိုင်းအကြိမ်များများနှင့်လောင်ကျွမ်း
မှုကိုမေ့ပစ်လိုက်ပြီး၊ဒိုရီယံပြောသလိုပြင်းအားမြင့်သာလေ့ကျင့်သင့်ပါကြောင်းတင်ပြရင်း၊ထိုသို့ 
လေ့ကျင့်ခြင်းများလွန်းပါကလည်းလေ့ကျင့်မှုလွန်ကဲခြင်းနှင့်ဒဏ်ရာများရနိုင်ပါကြောင်းကိုသတိပေး
တင်ပြအပ်ပါသည်။
 Ref: Journal of strength and conditioning research


                                                                                              တင်ဆက်သူ---
                                                                                                နိုင်ဦး---119
http://naingoo-119.blogspot.com/

No comments:

Post a Comment