ကျွန်တော်စတင်ရောင်းချခဲ့ပါသည်။ထိုသို့ ရောင်းချသည်မှာလည်းအချပ်ရေ-50လောက်သာဖြစ်
ပါသည်။အကျိုးအမြတ်အတွက်မဟုတ်ဘဲမြန်မာ့ကာယဗလအားကစားဝါသနာရှင်များအတွက်
လိုအပ်သောကွက်လပ်တစ်ခုကိုဖြည့်စွက်ပေးခြင်းသာဖြစ်ပါသည်။ထိုနှစ်မှစ၍နှစ်စဉ်ရောင်းချပေး
သည့်အတွက်ကျွန်တော့်ကိုမြင်လျင်အားကစားသမားများအားလုံးကခွေအကြောင်းပဲမေးတတ်ကြ
ပါသည်။ယခုနှစ်မှစ၍ကျွန်တော်ဒေါင်းလုပ်ဆွဲရန်မအားလပ်တော့သည့်အတွက်အကောင်းဆုံးသော
ဗီဒီယိုလင့်ခ်များကိုအခမဲ့တင်ဆက်ပေးပြီးထိုကွက်လပ်လေးကိုဖြည့်စည်းမြဲဖြည့်စည်းပေးနေမည်
ဖြစ်ပါကြောင်းကိုအသိပေးတင်ပြအပ်ပါသည်။မကြာမှီတွင်လည်းနိုင်ငံတစ်ကာမှကာယဗလလေ့
ကျင့်နည်းစာအုပ်များကိုလည်းကျွန်တော့်ဘလော့ဂ်တွင်အခမဲ့တင်ဆက်ပေးသွားပါဦးမည်။ဘ၀တူ
မြန်မာ့ကာယဗလ၀ါသနာအိုးများအတွက်အစွမ်းကုန်ကြိုးစားကာအဖက်ဖက်မှကူညီတင်ဆက်ပေး
သွားရန်ကျွန်တော်တို့ အဒ်မင်အဖွဲ့ မှတာဝန်ယူကတိပြုပါသည်။
မော်ဒန်ကာယဗလ၏ဖခင်ကြီး၊အပြည်ပြည်ဆိုင်ရာကာယဗလအဖွဲ့ ချုပ်ကိုတည်ထောင်သူ၊ကာယဗလ
ချန်ပီယံများ၏နည်းပြ၊မောင်အိုလံပီယာပြိုင်ပွဲ၏ဖန်တီးရှင်မစ္စတာဂျိုးဝီဒါ၏ရောင်းအားအကောင်းဆုံး၊
သောကာယဗလလေ့ကျင့်နည်းဒီဗီဒီကိုကျွန်တော့်ဆိုက်မှမင်ဘာများအခမဲ့ဒေါင်းလုပ်ဆွဲပြီးကြည့်ရှု
နိုင်ပါရန်အတွက်အခမဲ့ဒေါင်းလုပ်ဆွဲနိုင်သောလင့်ခ်များကိုတင်ဆက်ပေးလိုက်ရပါသည်။Youtue video
များကိုဒေါင်းလုပ်ဆွဲရန်အတွက်ကွန်ပျူတာဖြင့်အသုံးပြုသူများသည် Youtube video downloader software များလိုအပ်ပါသည်။Android ဖုန်းများဖြင့်ကျွန်တော့်ဘလော့ဂ်ကိုဝင်ကြည့်သူများသည် tube mate အမည်ရှိအလွန်လွယ်ကူသောဆောဖ့်ဝဲလေးကို install လုပ်ပြီးဒါရိုက်ကလစ်နှိပ်ပြီးဒေါင်း
လုပ်ဆွဲယူနိုင်ပါသည်။ကွန်နက်ရှင်ကောင်းရန်သာဆုတောင်းရန်လိုအပ်ပါသည်။
အပိုင်းတစ်-နိဒါန်း
အပိုင်းနှစ်-သဘောတရားများ
အပိုင်းသုံး-ကျောပြင်လက်မောင်းအရှေ့ 
အပိုင်းလေး-ရင်အုပ်-လက်မောင်းအနောက်
အပိုင်းငါး-ပေါင်-ပခုံး
အပိုင်းခြောက်-ခြေသလုံး-၀မ်းဗိုက်-လက်ဖျံ
အပိုင်းခုနှစ်-ထုထည်နှင့်ခွန်အား
အပိုင်းရှစ်-အာဟာရ
အပိုင်းကိုး-အဆင့်မြင့်လေ့ကျင့်နည်းများ
အပိုင်းတစ်ဆယ်-training safe and smart
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
No comments:
Post a Comment