ကျန်းမာကြံ့ခိုင်သောယောကျာ်းတစ်ယောက်ဘော်ဒီတွင်အထင်ရှားဆုံးသောကြွက်သားအစိတ်
အပိုင်းတစ်ခု၊ဆန့် ကျင်ဖက်လိင်များကိုဆွဲဆောင်မှု့ အရှိဆုံးသောကြွက်သားအုပ်စုတစ်ခုမှာ-
ဝမ်းဗိုက်(ဗယ်လီ)ကြွက်သားများဖြစ်သည်။သို့ သော်ထိုကြွက်သားအစိတ်အပိုင်းနှင့်ပါတ်သက်
ပြီးအများစုကလုံးစေ့ပါတ်စေ့နားမလည်ကြပေ။လေ့ကျင့်မှု့ အယူအဆအမှားများနှင့်သာကြုံရ
သူများကကျွန်တော့်ကိုမေလ်းဖြင့်လည်းကောင်း၊ဖုန်းဖြင့်လည်းကောင်းမေးမြန်ထားသမျှလေး
များကိုဆောင်းပါးအဖြစ်အားလုံးသိရှိနိုင်စေရန်ဖော်ပြပေးလိုက်ပါသည်။
မေး-1။ ။ဗယ်လီပုံမှန်ရိုက်ရုံနဲ့ ဗယ်လီတွေပေါ်လာနိုင်သလား။
ဖြေ။ ။သင်ဟာဝက်တစ်ကောင်လိုတွေ့ ရာစားနေမယ်ဆိုရင်တော့ဘယ်
လောက်ပဲဗယ်လီတွေရိုက်ရိုက်သင်လိုချင်တဲ့ဗယ်လီတွေကိုရမှာမဟုတ်
ပါဘူး။သင်လေ့ကျင့်ခန်းပုံမှန်လုပ်ရင်တော့သင့်ကြွက်သားတွေကကြီး
ထွားနိုင်ပါတယ်။ဒါပေမဲ့အဲဒါတွေကိုပီပြင်ပေါ်လွင်ထင်ရှားစေချင်ရင်
တော့သင့်ကိုယ်တွင်းကအဆီပမာဏတွေကိုလျော့ချဖို့ လိုပါလိမ့်မယ်။
မှတ်ထားပါ။ဗယ်လီရိုက်ရုံနဲ့ ဗယ်လီမပေါ်နိုင်ပါဘူး။အစားအသောက်ကို
သင့်တင့်မျှတသောပရိုတိန်း၊ကာဗိုဟိုက်ဒရိုတ်တွေနဲ့ အဆီတွေကိုချင့်
ချိန်စားမှသာသင်မြင်ချင်တဲ့ဗယ်လီတွေကိုမြင်ရမှာပါ။
မေး-2။ ။ဗယ်လီနေ့ တိုင်းရိုက်သင့်ပါသလား။
ဖြေ။ ။NO ။လုံးဝမရိုက်သင့်ပါဘူး။ဗယ်လီဟာလည်းကြွက်သားအုပ်စုတစ်ခုပါ
ပဲ။ဒါကြောင့်သင်ဗယ်လီကိုနေ့ စဉ်မရိုက်သင့်ပါဘူး။ဥပမာ-သင်ဒီနေ့ 
ရင်အုပ်ကစားသည်ဆိုပါစို့ ။နောက်နေ့ မှာသင့်ရင်အုပ်ကြွက်သားတွေ
ကမနာကျင်နေရင်တောင်မှသင်ရင်အုပ်ကိုထပ်မကစားပါဘူး။ဟုတ်
တယ်မဟုတ်လား။ဒီလိုပါပဲ၊ဗယ်လီကိုနေ့ စဉ်မကစားသင့်ပါဘူး။
အများဆုံးတစ်ရက်ခြားသာကစားပါ။
မေး-3။ ။ဗယ်လီကိုအလေးနဲ့ ရိုက်သင့်ပါသလား။
ဖြေ။ ။YES နှင့် NO ပါပဲ။သင်ကဗယ်လီကြွက်သားတွေကြီးချင်ယင်တော့
လေ့ကျင့်ခန်းတစ်ခုကိုသင့်တင့်တဲ့အလေးနဲ့ 10-ကြိမ်မှ 12 ကြိမ်၊
3-ကျော့မှ 4-ကျော့သာလေ့ကျင့်ပါ။ဗယ်လီအတုံးနက်ချင်ရင်တော့၊
ရှိပြီးသားပမာဏထက်သိပ်မကြီးချင်ရင်တော့အလေးမပါဘဲအကြိမ်
များများလေ့ကျင့်ပါ။
မေး-4။ ။ဒါဆိုကအစ်ကိုကကျွန်တော့်ကိုတစ်ကျော့မှာဗယ်လီကိုဆယ်နှစ်ကြိမ်
ထက်ပိုမရိုက်နဲ့ လို့ ပြောချင်တာလား။
ဖြေ။ ။ဟုတ်ပါတယ်ခင်ဗျားကဗယ်လီအတုံးတွေကြီးချင်တယ်ဆိုရင်ပေါ့။ဒါ
ပေမဲ့အဲဒီဆယ့်နှစ်ကြိမ်ကိုသောအသေအလဲညှစ်ပြီးကစားရမှာနော်။
အခုနကပြောခဲ့သလိုပါပဲခင်ဗျားရဲ့ ဗယ်လီတွေကွဲပြားပေါ်လွင်ချင်ရင်
တော့အလေးမပါဘဲတစ်ကျော့မှာအကြိမ် 30 မှ 50 အထိလေ့ကျင့်နိုင်
ပါတယ်။
မေး-5။ ။ကျွန်တော်ဗယ်လီအပေါ်သားတစ်ရက်အောက်သားတစ်ရက်၊နံဘေး
သားတစ်ရက်ခွဲပြီးကစားသင့်ပါသလား။
ဖြေ။ ။အဲဒီလိုကစားချင်ရင်ကစားနိုင်ပါတယ်။ဒါပေမဲ့အဲဒါကကျွန်တော့်အ
မြင်သိပ်ပြီးတော့ထိရောက်မှာမဟုတ်ပါဘူး။ရိုးရိုးအိပ်ထမတင်လုပ်ရင်
တောင်သင့်ဗယ်လီအားလုံးကိုထိရောက်စေပါတယ်။သင့်နဘေးစောင်း
သားတွေကိုလည်းထိရောက်မှု့ အနည်းငယ်ရှိပါတယ်။ဗယ်လီကြွက်
သားတွေကတစ်ခုနဲ့ တစ်ခုဆက်စပ်နေပါတယ်။ဒါကြောင့်လေ့ကျင့်ချင်
ရင်တော့ရက်မခွဲဘဲကစားပါလို့ အကြံပြုချင်ပါတယ်။
မေး-6။ ။ဗယ်လီရိုက်နေစဉ်မှာအသက်ဘယ်လိုရှုရမလဲ။
ဖြေ။ ။ယေဘူယျအားဖြင့်တော့အများအားဖြင့်ဗယ်လီရိုက်စဉ်ကိုယ်က
အောက်သို့ နိမ့်ချစဉ်မှာအသက်ရှုပြီးတော့၊ကိုယ်ကိုအပေါ်သို့ ပြန်
တင်စဉ်မှာထိပ်ဆုံးမှာအသက်ကိုရှုထုတ်ကြပါတယ်။ဒါပေမဲ့နည်းစ
နစ်တစ်ခုကိုသင်ပြပေးချင်ပါတယ်။ဗယ်လီညှစ်အားပိုကောင်းတယ်
လို့ လေ့ကျင့်ဖူးသူများကတော့ဝန်ခံကြပါတယ်။ပုံမှန်အသက်ရှုတာ
ရဲ့ ပြောင်းပြန်ပါ။ကိုယ်ကိုအောက်သို့ နိမ်ချစဉ်မှာအသက်ကိုရှုထုတ်
ပြီးကိုယ်ကိုအပေါ်သို့ ပြန်တင်စဉ်ထိပ်ဆုံးမှာအသက်ကိုရှုယင်းဗယ်
လီကြွက်သားတွေကိုညှစ်ထားရမှာဖြစ်ပါတယ်။
မေး-7။ ။ဗယ်လီရိုက်စဉ်မှာမြန်မြန်ရိုက်သင့်သလား။နှေးနှေးရိုက်သင့်သလား။
ဖြေ။ ။ဝမ်းဗိုက်ကြွက်သားတွေဟာတုံ့ ပြန်မှုနှေးသောကြွက်သားများ
( slow twitch muscle fiber)ဖြစ်သောကြောင့်လည်းကောင်းတို့ 
ကိုအလျင်အမြန်လေ့ကျင့်လျင်ထိရောက်မှု့ ရှိမည်မဟုတ်ပါ။ထို့ 
ကြောင့်ဖြည်းဖြည်းချင်းသာလေ့ကျင့်သင့်ပါသည်။တစ်ကျော့ကိုသုံး
စက္ကန့် မှ ငါးစက္ကန့် ကြာအောင်လေ့ကျင့်နိုင်ရင်ပိုကောင်းပါတယ်။
မေး-8။ ။ပုံမှန်အိပ်ထမတင်နဲ့ ခြေမြှောက်ကစားရင်ဗယ်လီအတွက်လုံလောက်
လား။
ဖြေ။ ။လုံးဝမလုံလောက်ပါဘူး။အဲသင်ကငပိန်လေးတစ်ယောက်ဆိုရင်တော့
လုံလောက်တာပေါ့။ဗယ်လီအပြည့်အ၀ပေါ်ဖို့ ကတော့ရိုးရိုးအိပ်ထမ
တင်အပြင်တန်းခိုခြေမြှောက်၊နံဘေးခါးစောင်းလှည့်၊တန်းခိုခါးစောင်း
ခြေမြှောက်စသဖြင့်အကုန်ကစားသင့်တာပေါ့။
မေး-9။ ။မြန်မာပြည်မှာထွက်ခဲ့ဖူးတဲ့ကာယဗလလေ့ကျင့်နည်းစာအုပ်ထဲကလို
ဗယ်လီရိုက်စဉ်မှာခြေထောက်တွေကိုအလေးတန်းတစ်ခုအောက်မှာဖိ
ထားပြီးဗယ်လီရိုက်သင့်ပါသလား။
ဖြေ။ ။အဲဒါတွေကိုမေ့လိုက်ပါ။အဲဒါတွေကလွန်တဲ့နှစ်သုံးဆယ်လောက်က
လေ့ကျင့်နည်းအိုင်ဒီယာအဟောင်းတွေပါ။ခြေထောက်တွေကိုအလေး
တန်းတွေအောက်မှာထားပြီးဗယ်လီရိုက်ခြင်းကသင့်ခြေထောက်ကြွက်
သားများကိုအနာတရဖြစ်စေပါတယ်။နောက်ပြီးညှစ်အားကဗယ်လီပေါ်
မရောက်ဘဲခြေဖျားများကိုအားပြုစေခြင်းကြောင့်ဗယ်လီကိုသိပ်မထိပါ။
မေး-10။ ။အစ်ကိုရောင်းခဲ့တဲ့ကစားနည်းခွေထဲမှာနိုင်ငံခြားကကစားသမား
အများစုကဘောလုံးအကြီးကြီးတစ်ခုပေါ်မှာအိပ်ပြီးဗယ်လီရိုက်တာ
တွေ့ ရပါတယ်။အဲဒီလိုရိုက်ရင်ရောထိလား။
ဖြေ။ ။ဟာထိတာပေါ့။ထိတာမှသိပ်ထိဗျာ။ဘောလုံးကလှုပ်နေတဲ့အတွက်
ငြိမ်အောင်စိတ်ကိုစုစည်းပြီးဗယ်လီကြွက်သားတွေကိုသာအားပြုကစား
တဲ့အတွက်ပိုပြီးထိရောက်မှု့ ရှိတာပေါ့ဗျာ။
ကဲအခုဆိုရင်တော့ဗယ်လီလေ့ကျင့်နည်းအကြောင်းကိုအတော်အသင့်
သိလောက်ပြီဟုယုံကြည်ပါသည်။သိလိုသည်များကိုလည်းမေးမြန်းနိုင်ပါသေးသည်။
တင်ဆက်သူ---နိုင်ဦး-၁၁၉
email---intensemuscle@gmail.com
email---muscleprofessor@gmail.com
email---myanmarfitnesstrainer@gmail.com

ကျေးဇူးပဲ ကိုနိုင်ဦး ... မြန်မာဖစ်တနက်စ်က ဆောင်းပါးလေးတွေ လွမ်းနေတာ ... အခုလို ပြန်ဖော်ပြပေးတာတွေကို ကြိုဆိုလိုက်ပါတယ်ဗျာ ...အဲ့လို အဟောင်းတွေကိုလည်းအဆက်မပြတ်တင်ပေးပါလို့ တောင်းဆိုချင်ပါတယ် ...
ReplyDeleteမာဆယ်တစ်ခုချင်းစီအတွက်လည်းအမေးအဖြေလေးနဲ့လုပ်ပါဦး
ReplyDeleteွှိအိုကေပါကိုကာလူး(မန်း)ရေ-မကြာမှီတင်ဆက်ပေးပါ့မယ်။
ReplyDeleteလေးစားလျက်---
နိုင်ဦး-၁၁၉