arial" action="like" colorscheme="light">

Sunday, October 6, 2013

လေ့ကျင့်ခန်းနှင့်သားအိမ်ခေါင်းကင်ဆာ

ကင်ဆာကြားဖူးနေကျစကားလုံး၂လုံးသာဖြစ်သော်လည်းလူသားတို့ဧ။်အသက်ဇီဝိန်ပေါင်းများစွာကိုနေ့
စဉ်ချွေပေးနေသည့်အဓိကရောဂါဆိုးကြီးတစ်ခုဖြစ်သည်။နေရာတိုင်းတွင်သူမပါရင်မပြီူးဆိုသလိုပင်ကျွန်တော်
တို့နေ့စဉ်စားသောက်နေသည့်အစားအသောက် ၊သွားလာလှုပ်ရှားနေသည့် ပတ်ဝန်းကျင်တိုင်းသည်ကင်
ဆာနှင့်မကင်းနိုင်ပေ။အချိန်မရွှေးကျွန်တော်တို့ကိုလက်ယပ်ဖိတ်ခေါ်နိုင်သညသေမင်းတမန်းဖြစ်သည်။အမျိုး
အမည်မတူသောကင်ဆာပေါင်းမြောက်များစွာသည်နေ့စဉ်နှင့်အမျှကမ္ဘာကျော်သူမှသည်အောက်ခြေသူဖုန်း
စားပါမကျန်လူသားတိုင်းကိုတမလွန်ဆီပို့ဆောင်ပေးနေသည်။ထိုသူများထဲတွင်ယခုနှစ်ပိုင်းအတွင်းမြန်မာ
ပြည်မှနာမည်ကျော်အဆိုတော်၊သရုပ်ဆောင် ၊စာရေးဆရာများလည်းအပါအ၀င်ဖြစ်သည်။
ကျွန်တော်တို့မြန်မာနိုင်ငံသည်ကောင်းမွန်သည့်ဖက်တွင်သာထိပ်တန်း ၁၀ဦးစာရင်းမ၀င်လျင်နေရမည်။
 ကင်ဆာဖြစ်ပွားမှုအများဆုံးနိုင်ငံများတွင်ဂုဏ်ယူဝင့်ကြွားစွာအမှတ်စဉ်၂မှမားမားမတ်မတ်ရပ်တည်နေ
သည်။မကြာမှီနှစ်များတွင်တော့ထိပ်ဆုံးများရောက်နိုင်မလားဆိုတာမသိပါ။ကင်ဆာသည်လူသားတို့ကိုတ
မလွန်ဆီဖိတ်ခေါ်နေသည်မှာမှန်သည်သို့သော်လည်းကင်ဆာဖြစ်ပွားရခြင်းဧ။်အဓိကတရားခံသည်လူသားတို့
ပင်ဖြစ်သည်။နည်းပညာတိုးတက်မှုနှင့်အတူအသင့်စားအစားအစာများ၊အကင်အစားအသောက်များ၊စားချင်စ
ဖွယ်အရောင်အဆင်းများနှင့်စားစရာများ၊ဓာတုဗေဒနည်းလမ်းများနှင့်အချိန်မရွှေးစားနိုင်သည့်ရာသီပေါ်မ
ဟုတ်တစ်နှစ်ပတ်လုံးပေါ်နေသည့်ဆေးထိုးအသီးအနှံများ ၊အရက်သေစာမျိုးစုံ ၊အရောင်ဆိုးအစားအစာ
မျိုးစုံ နှင့် ၀ိသမလောဘသားတို့ဧ။်ငွေကြေးတစ်ခုတည်းကိုသာကြည့်ပြီးအစားအသောက်များတွင်သဘာ
ဝမဟုတ်သည့်နည်းလမ်းများဖြင့်ပြုပြင်ပြောင်းလဲထားမှုများစသဖြင့်ရေးပြလျင်များစွာပင်ဖြစ်သည်။
 ယခုဆောင်းပါးတွင်အမျိုးသမီးများတွင်အဖြစ်များသည်ကင်ဆာရောဂါများတွင်တစ်ခုအပါအ၀င်ဖြစ်သည့်
သားအိမ်ကင်ဆာကိုလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့်အကျိုးသက်ရောက်မှုရှိကြောင်းသုတေသီများဧ။်လေ့
လာမှုတစ်ခုကိုထပ်ဆင့်ဝေမျှပေးလိုက်ခြင်းဖြစ်သည်။အမျိုးသမီးများတွင်တစ်နေ့လေ့ကျင့်ခန်းနာရီဝက်
လုပ်ပေးခြင်းဖြင့်သားအိမ်ကင်ဆာဖြစ်နိုင်ချေထက်ဝက်ခန့်လျော့နည်းစေနိုင်ကြောင်းကမ္ဘာ့ကင်ဆာသုတေ
သနရန်ပုံငွေ၏ Continuous Update Project (CPU)စီမံကိန်းလေ့လာမှုတစ်ခုတွင်အခိုင်အမာတွေ့ရှိခဲ့
ရသည်။နေ့စဉ်ကိုယ်ကာယလေ့ကျင့်ခန်း၃၈မိနစ်ခန့် ပြုလုပ်ပြီးကိုယ်အလေးချိန်ညီညွတ်မျှတစွာထိန်း
သိမ်းထားနိုင်လျှင်သားအိမ်ကင်ဆာဖြစ်နိုင်ချေလျော့ကျစေနိုင်ကြောင်းတွေ့ရှိခဲ့ရခြင်းလည်းဖြစ်သည်။နေ့စဉ်
ကိုယ်ကာယလေ့ကျင့်ခန်းမိနစ်၃၀ပုံမှန်ပြုလုပ်သည့်ဗြိတိန် အမျိုးသမီး၅၆ရာခိုင်နှုန်းနှင့်ပုံမှန်ကိုယ်အလေး
ချိန်ရှိသူ၃၉ရာခိုင်နှုန်းမျှသာရောဂါကိုထိုသို့ကာကွယ်နိုင်စွမ်းရှိကြောင်း CPU အဖွဲ့ဝင်အမေရိကန်နိုင်ငံ
Rutgers Cancer Institute မှဒေါက်တာအဲလီဆာဘန်ဒါရာက ပြောကြားခဲ့သည်။သားအိမ်ကင်ဆာသည်
အသက်၆၀နှစ်ထက်အမျိုးသမီးများတွင်အများဆုံးဖြစ်ပွားလေ့ရှိပြီး ဗြိတိန်အမျိုးသမီးများခံစားရသည့်ကင်
ဆာများအနက်စတုတ္ထအဖြစ်အများဆုံးဖြစ်သည်။ခန္ဓာကိုယ်အဆီနှင့် ကင်ဆာရောဂါအကြားဆက်နွယ်နေ
မှုအတွက်အကြောင်းပြချက်များစွာရှိကြောင်းသိပ္ပံပညာရှင်များကယုံကြည်နေကြပြီးယင်းအဆီဆဲလ်များသည်
ကင်ဆာတချို့ဖြစ်စေရန်တွန်းအားပေးသည့်ဟိုမုန်းများထုတ်လုပ် ပေးနိုင်ကြောင်းလည်းသိရသည်။
  “သားအိမ်
ကင်ဆာနဲ့တခြားကင်ဆာတွေဖြစ်နိုင်ချေလျော့နည်းစေဖို့အတွက်ကိုယ်အလေးချိန်လျော့သွားတာမျိုးမဟုတ်
ဘဲပုံမှန်ကိုယ်အလေးချိန်ရှိနေရပါမယ်။နောက်ပြီးနေ့စဉ်ကိုယ်ကာယလေ့ကျင့်ခန်းမိနစ်၃၀လောက်လုပ်ပေး
ရပါမယ်။ဒီလိုဆိုရင်ဒီကင်ဆာတွေကိုကာကွယ်ပြီးသားဖြစ်သွားမှာပါ”ဟုကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့
အမှုဆောင်ဒါရိုက်တာကာရန်ဆက်ဒလာကပြောကြားခဲ့သည်။ပုံမှန်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပေးခြင်း
သည်ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီးအစာခြေစနစ်ကောင်းမွန်နေစေရန်လည်းအထောက်အကူပြုသည်။
တစ်ဆက်တည်းမှာပင်ကော်ဖီသောက်ခြင်းဖြင့်သားအိမ်ကင်ဆာ ဖြစ်နိုင်ချေကိုလျော့
နည်းစေနိုင်ကြောင်းတွေ့ရှိခဲ့သည်။သို့သော်လုံလောက်သည့်ကာကွယ်မှုမပေးနိုင်ချေ။
တင်ဆက်သူ----အောင်အောင်(လှိုင်)
Email----aungaung.aung24@gmail.com

No comments:

Post a Comment