arial" action="like" colorscheme="light">

Saturday, October 5, 2013

ဒက်တာဂျက်ဆင်၏ပေါင်ကြွက်သားကစားနည်း

ပရိတ်သတ်များခင်ဗျာယခုတစ်ပါတ်မှာတော့ 2008-မောင်အိုလံပီယာချန်ပီယံဒက်တာဂျက်
ဆင်ရဲ့ ပေါင်ကြွက်သားကစားနည်းကိုတင်ပြပေးလိုက်ပါတယ်။ဒက်တာဂျက်ဆင်ဟာအကောင်
သေးသော်လည်းကာယဗလလောကကိုထိန့် လန့် အောင်ခြိမ်းခြောက်နိုင်စွမ်းရှိသူပါ။သူဟာ
အင်မတန်လှပါတဲ့ပေါင်အပြင်ကြွက်သားများ၊၀မ်းဗိုက်ကြွက်သားများအပြင်အင်မတန်ကြီးထွား
လှပတဲ့ ဂုတ်ပိုးသားများကြောင့်အင်မတန်ထင်ရှားသူပါ။သူဟာအခြားမောင်အိုလံပီယာပြိုင်ပွဲ
ဝင်များထက်အကောင်သေးသော်လည်းအင်မတန်ကျစ်လစ်မာကျောတဲ့အဆီလုံးဝမရှိတဲ့ 
ကြွက်သားများကပြိုင်ဖက်နာမည်ကျော်အကောင်အကြီးစားများကိုချိုးဖဲ့ပစ်ချနိုင်သူပါ။သူက
မောင်အိုလံပီယာချန်ပီယံဆုကိုတစ်ကြိမ်ပိုင်ဆိုင်ခဲ့သည့်အပြင်ကမ္ဘာ့ကာယဗလလောကမှာ
အဆင့်အမြင့်ဆုံးဆုများဖြစ်တဲ့အာနိုးကလပ်စစ်ကိုသုံးကြိမ်ချန်ပီယံဖြစ်ခဲ့ ပြီး၊ဆုကြေးစားကာယ
ဗလပြိုင်ပွဲပေါင်း 13-ပွဲကိုအနိုင်ရယူခဲ့သူပါ။သူရဲ့ ပြိုင်ပွဲစင်မြင့်ပေါ်မှာရင်အုပ်ဘေးတိုက်
ညှစ်(side chest)၊နှင့်ပေါင်နှင့်ဝမ်းဗိုက်သားညှစ်(abdominal and tigh) ပြကွက်များမှာသူ့ 
ရဲ့ ပြိုင်ဘက်များကိုအသေသတ်နိုင်သောပြကွက်များဟုနာမည်ကြီး၏။ဒါကြောင့်သူ ၏အား
သာသောကြွက်သားတစ်ခုဖြစ်သောပေါင်ကြွက်သားကစားနည်းကိုဗဟုသုတအဖြစ်တင်ပြ
ပေးလိုက်ပါတယ်။
ဒက်တာဂျက်ဆင်ပြောသောသူ့ ပေါင်ကြွက်သားကစားနည်းအကြောင်းမှာအောက်ပါအတိုင်း
ဖြစ်သည်။
၁-ကျွန်တော်ပေါင်ရှေ့ ကြွက်သားများနှင့်ပေါင်နောက်ကြွက်သားများကိုရက်ခွဲကစားပါတယ်။
ပေါင်ရှေ့ ကြွက်သားများကိုသက်သက်တစ်ရက်လေ့ကျင့်ပြီးပေါင်နောက်ကြွက်သားများကို
တော့ပုံမှန်ပခုံးသားကစားပြီးနောက်လေ့ကျင့်လေ့ရှိပါတယ်။
၂-ကျွန်တော်အောက်ပိုင်းအပြည့်ထိုင်ထလေ့ကျင့်လျင်အခြားသောသူများ(ဥပမာ-ရွန်နီကိုးလ်း
မင်း၊ဂျေးကတ်လာနှင့်အခြားသောပြိုင်ဖက်များ)လိုဟိုးအောက်အထိမထိုင်ပါဘူး။အရင်တုန်း
ကအဲဒီလိုလေ့ကျင့်လို့ ဒူးဒဏ်ရာရခဲ့ဖူးပါတယ်။
၃-ပေါင်ရှေ့ ကန်နှင့်အလေးကိုင်လမ်းလျောက်ကိုဆူပါဆက်တွဲကစားခြင်းကကျွန်တော့်ပေါင်
မာဆယ်အကွဲများကိုနက်နက်ရှိုင်းရှိုင်းပေါ်လွင်စေပါတယ်။ပြီးတော့ပေါင်နောက်နှင့်တင်ပါးများ
အကြားကြွက်သားများကိုအရစ်ရစ်ထပြီးပေါ်လွင်စေပါတယ်။နောက်ပြီးအဲဒီလိုလေ့ကျင့်ခြင်း
ကကျွန်တော့်ပေါင်အပြင်သားများကိုလည်းအများထက်ပိုပြီးထူးခြားစေတယ်လိုထင်ပါတယ်။
အထူးသဖြင့်အလေးကိုင်လမ်းလျောက်ကြောင့်ဒီလိုရလာဒ်များကိုရတယ်လို့ ထင်ပါတယ်။
၎-ပေါင်ရှေ့ ကန်လေ့ကျင့်တဲ့အချိန်မှာပေါင်ကိုဆန့် တဲ့ အချိန်မှာညှစ်ဖို့ လုံးဝမမေ့ပါနဲ့ ။
ဒက်တာဂျက်ဆင်၏ပေါင်လေ့ကျင့်နည်းပရိုဂရမ်

လေ့ကျင့်ခန်း                အကြိမ်                အကျော့

ပေါင်ရှေ့ ကန်                20-30                4-5

အောက်ပိုင်းအပြည့်ထိုင်ထ        10                4-5

ကျောမှီလျောစောက်ထိုင်ထ        8-10                4
(ဟပ်စကွက်)

ပေါင်ရှေ့ ကန်ဆူပါဆက်        10                3
အလေးကိုင်လမ်းလျောက်        ခြေလှမ်းငါးဆယ်        3

သူငယ်ချင်းတို့ ဒါကတော့ကမ္ဘာကျော်အဆင့်ကစားနည်းပါ။ဒီအတိုင်းလိုက်ကစားရင် overtraining ဖြစ်သွားမှာပါ။ဒါပေမဲ့ဒက်တာဂျက်ဆင်ပြောပြခဲ့တဲ့အချက်များထဲက
အချက်နံပါတ်တစ်ကိုကြည့်ရင်ကျွန်တော်တို့ နိုင်ငံမှကစားသမားများအားနည်းနေတဲ့
ပေါင်နောက်ကိုသူဘယ်လိုဂရုစိုက်ပြီးအလေးထားရက်ခွဲကစားသလဲဆိုတာကိုကြည့်ရင်
ပေါင်ကြွက်သားတွေရဲ့ အလှဟာပေါင်နောက်ကြွက်သားများပါမှသာပြည့်စုံမယ်ဆိုတာ
သိနိုင်မှာပါ။
အောက်ပိုင်းကစားရင်ဒူးမခံနိုင်လို့ စိတ်ညစ်ရသူများသူပြောတဲ့အချက်နှစ်အတိုင်းလေ့ကျင့်
ကြည့်ပါ။

ပြိုင်ပွဲဝင်မည့်ကာယဗလမောင်လောင်းများအနေနှင့်ပေါင်မာဆယ်ကွာလတီပိုကောင်းလိုပါ
ကသူပြောသောအချက်အမှတ်သုံးကိုအထူးဂရုပြုလေ့ကျင့်ကြည့်ပါ။

မည်သည့်ကြွက်သားအစိတ်အပိုင်းကိုမဆိုထူးထူးခြားခြားကောင်းမွန်လိုပါကဒက်တာဂျက်ဆင်
ပြောသောအချက်အမှတ်လေးအတိုင်းလေ့ကျင့်ကြည့်ပါ။

ကျွန်တော်တို့ ဆိုက်စထောင်ကတည်းကချန်ပီယံကစားနည်းများကိုအများဆုံးကျွန်တော်တင်ပြ
ပေးတာပါ။ဒါပေမဲ့ခင်ဗျားတို့ သတိထားကြည့်ပါ။ဘယ်လေ့ကျင့်ခန်းဟာတော့သင့်လျော်တဲ့လေ့
ကျင့်ခန်းဖြစ်တယ်။လေ့ကျင့်ကြည့်ပါလို့ ကျွန်တော်အကြံပြုပေးထားပါတယ်။အကြံမပြုထားတဲ့
လေ့ကျင့်ခန်းများကိုခင်ဗျားတို့ သေချာကြည့်ပါ။အားလုံးဟာခင်ဗျားတို့ နဲ့ ကိုက်ညီတဲ့လေ့ကျင့်
ခန်းများဖြစ်တယ်ဆိုတာတွေ့ ရမှာပါ။ဒါကြောင့်ကျွန်တော်တင်ပြပေးထားတဲ့ ချန်ပီယံကစားနည်းများကို
လုံးဝသံသယမရှိဘဲလိုက်နာလေ့ကျင့်ကြည့်ပါလို့ ဆိုချင်ပါတယ်။
ဒါပေမဲ့ချန်ပီယံကစားနည်းဆိုတိုင်းလိုက်မကစားပါနဲ့ ။ခင်ဗျားတို့ ရဲ့ အာဟာရနဲ့ ချန်ပီယံတို့ ရဲ့ 
အာဟာရ၊အစားအသောက်၊အနားယူတာတွေဟာဘယ်လိုမှမတူညီတဲ့အတွက်ကြောင့်ပါ။အဲ
ဒီလိုဆိုရင်သူတို့ စကားဘာကိုမှနားမထောင်ရဘူးလားလို့ မေးကြဦးမယ်ဆိုတာကျွန်တော်သိပါ
တယ်။ပရိုဖက်ရှင်နယ်မောင်များလေ့ကျင့်နည်းသီအိုရီများကိုလေ့လာသင့်ပါတယ်။ဒါပေမဲ့တစ်ထပ်တည်းကူး
ယူမလေ့ကျင့်သင့်ပါဘူး။တနည်းအားဖြင့်ဆိုသော်မြန်မာဆိုရိုးံ***ငါပြောသလိုလုပ်၊ငါလုပ်သလိုမလုပ်နဲ့ ***
ဆိုတာမျိုးပါ။အခုတင်ပြပေးထားတဲ့ဒက်တာဂျက်ဆင်ရဲ့ ပေါင်ကစားနည်းကိုအစအဆုံးလုံး
ဝမလေ့ကျင့်သင့်ပါဘူး။ကျွန်တော်အချက်လေးတွေ ခွဲပြီးရှင်းပြထားတာထဲကနေပြီးမိမိတို့ နှင့်ကိုက်
ညီမဲ့အချက်လေးများကိုရွေးချယ်လေ့ကျင့်ကြပါလို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။
တင်ဆက်သူ---နိုင်ဦး-၁၁၉
email-intensemuscle@gmail.com
email-muscleprofessor@gmail.com
email-myanmarfitnesstrainer@gmail.com

3 comments:

  1. ကျေးဇူးတင်ပါတယ်ကိုနိုင်ဦး။ကျွန်တော်မရှင်းတာလေးမေးချင်လို့ပါ။မြန်မာဖစ်တနက်စ် ဖျက်သိမ်းတာ အကိုတို့ကို အသိမပေးဘူးလားအကို။ကိုနိုင်ဝေဝင်းကို သိပါတယ်ပြိုင်ပွဲတွေမှာလည်း၂ခါတွေ့ဖူးတယ်။ဘယ်လိုဖြစ်ကုန်တာလဲ အရမ်းနှမြောတ
်အကိုတို့ဆောင်းပါးတွေကို။

    ReplyDelete
  2. ညီလေးမင်းသူအောင်ရေပွင့်ပွင့်လင်းလင်းပြောရယင်တော့မြန်မာဖစ်တနက်စ်နဲ့ အဆက်အသွယ်ပြတ်
    တာကြာပါပြီ။တစ်လောကမှကိုယ်ရေးထားတဲ့ဆောင်းပါးလေးတစ်ခုပြန်ကိုးကားဖို့ ဝင်ကြည့်တော့
    မှမြန်မာဖစ်တနက်ကိုနားလိုက်တာသိလိုက်ရပါတယ်။ကိုယ့်ဆောင်းပါးလေးရာကျော်မှာကိုယ်သိမ်းထားမိတာအလွန်ဆုံးသုံးဆယ်နီးပါပါပဲ။လက်တွဲခဲ့တဲ့လူတွေအချင်းချင်းဘာပြသနာမှမဖြစ်ဘဲလက်
    တွဲဖြုတ်ခဲ့တာပါ။ဒါတောင်သက်ဆိုင်တဲ့ကိုယ်တို့ကိုအကြောင်းမကြားခဲ့ဘူးဆိုတော့-----
    နိုင်ဦး---၁၁၉

    ReplyDelete
  3. ကာလူး(မန်း)Sunday, October 06, 2013

    နမြောစရာပါ ထားပါ ဒတ်တာဂျတ်ဆင် ကိုဒီထက် ပိုပြီးအဆင့်ရသငိ့တယ်

    ReplyDelete