arial" action="like" colorscheme="light">

Friday, October 18, 2013

စိတ်ဖိစီးမှုနှင့်ကျန်းမာရေး

 
စိတ်ဖိစီးမှုတစ်ခုခုဝင်ရောက်ခြင်းသည်နှလုံးသွေးလန့်နိုင်ချေ (Heart Attack)၂၇ရာခိုင်နှုန်းပိုများပြီး
တစ်နေ့စီး ကရက်၅လိပ်သောက်သုံးသကဲ့သို့နှလုံးကိုထိခိုက်စေနိုင်ကြောင်းကိုလံဘီယာတက္ကသိုလ်ဆေးဝါး
ဌာနသုတေသီများက Cardiology ဂျာနယ်တွင်ဖော်ပြခဲ့သည်။လူများကိုစိတ်ဖိစီးမှုအခြေအနေနှင့်ပတ်သက်
၍စိတ်ဖိစီးမှုဝင်နေပါကမည်သို့ခံ စားရကြောင်းမေးခွန်းများမေးမြန်းထားသည့်ယခင်လေ့လာမှု၆ခုကိုသုတေ
သီများကလေ့လာခဲ့ကြရာစိတ်ဖိစီးမှုအလွန်အကျွံခံစားနေရသူများသည်နှလုံးသွေးလန့်နိုင်ချေ၂၇ရာ
ခိုင်နှုန်းပိုများကြောင်းတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ယင်းနောက်တစ်နေ့စီးကရက်၅လိပ်သောက်သူများနှင့်နှိုင်း
ယှဉ်လေ့လာခဲ့ကြရာတွင်စိတ်ဖိစီးနေသူများ၏ LDL Cholestrolပမာဏ 2.8 mmo/l ရှိခဲ့ပြီးသွေးပေါင်
ချိန်မှာလည်း 2.7/1.4mmHg ရှိခဲ့ကြောင်းတွေ့ရှိခဲ့သည်။ LDL Cholestrolပမာဏ 2 mmol/l အောက်ရောက်ရှိနေခြင်းသည်နှလုံးရောဂါကိုရည်ညွှန်းနေသဖြင့် 2.8  mmol/l မှာနှလုံးနှင့်ေ
လဖြတ်ဝေဒနာရှင်များအ တွက်သတ်မှတ်ထားသောကိုလက်စထရောပမာဏထက်နှစ်ဆကျော်ပို
များနေခြင်းဖြစ်သည်။
 အလားတူသွေးပေါင်ချိန် မှာလည်းကျန်းမာရေးကောင်းသူဆိုလျှင် 140/90 mmHg အောက်တွင်သာရှိသင့်သည်။LDLCholesterolသည်နှလုံး သွေးလွှတ်ကြောများကိုကျဉ်းမြောင်းစေ
သဖြင့်နှလုံးသွေးလန့်ခြင်းဖြစ်စေနိုင်သောအန္တရာယ်ရှိပစ္စည်းတစ်မျိုးဖြစ်သည်။ သွေးပေါင်မြင့်တက်ခြင်း
သည်နှလုံးကိုဖိအားသက်ရောက်စေကာသွေးလွှတ်ကြောများကိုမာထူစေသဖြင့်နှလုံးသွေး ကြော
ကျဉ်းမြောင်းလာပြီးလေဖြတ်ခြင်း၊နှလုံးအစရှိရောဂါများဖြစ်ပွားရာတွင်နဂိုကသွေးပေါင်နှင့်ကိုလက်စထရော
များလည်းမြင့်တက်စပြုနေသဖြင့်အန္တရာယ်ပိုများကြောင်းဆရာဝန်များကသတိပေးပြောကြားခဲ့သည်။
 စိတ်ဖိစီးမှုအနည်းငယ်မျှရှိရုံဖြင့်အသက်အန္တရာယ်များသည့်နှလုံးရောဂါနှင့်လေဖြတ်ခြင်းဝေဒနာခံစား
ရနိုင်ချေ၂၀ရာခိုင်နှုန်းပိုများနိုင်ကြောင်းသိပ္ပံပညာရှင်များကသတိပေးခဲ့သည်။စိတ်ပိုင်းဆိုင်ရာစိတ်သောက Psychological Dress များကြောင့်အသက်သေဆုံးမှုရာခိုင်နှုန်းမြင့်တက်စေကြောင်း၊သုတေသီများကတွေ့
ရှိခဲ့ရခြင်းဖြစ်သည်။"စိတ် ပိုင်းဆိုင်ရာစိတ်သောကတွေကြောင့်နှလုံးရောဂါနဲ့တခြားပြင်းထန်တဲ့ဝေဒနာေ
တွကြောင့်သေဆုံးနိုင်ချေအရမ်းများတယ်ဆိုတာကိုကျွန်တော်တို့သိခဲ့ရပြီးဖြစ်ပါပြီ။ဒါပေမယ့်အခုတော့စိတ်ဖိ
စီးမှုအနည်းငယ်ရှိရုံနဲ့သေဆုံးမှုရာခိုင်နှုန်းမြင့်တက် နိုင်တယ်ဆိုတာကိုသိလိုက်ရပါပြီ"ဟုသုတေသီဒေါက်
တာတွမ်ရက်စ်ကပြောကြားခဲ့သည်။အင်္ဂလန်နိုင်ငံတွင်ကျန်းမာ ရေးစစ်တမ်းကောက်ယူမှု (Health Survey) တွင်၁၉၉၄ခုနှစ်မှ၂၀၀၄ခုနှစ်အထိပါဝင်ခဲ့သောအသက်၃၅နှစ်အထက်လူ ၆၈၀၀၀ကျော်၏ဒေတာအချက်အ
လက်များကိုသုတေသီများကခွဲခြမ်းလေ့လာခဲ့ပြီးနှလုံးရောဂါ၊ကင်ဆာနှင့်တခြားပြင်းထန်သည့်ရောဂါ
များကြောင့်သေဆုံးမှုများတွင်စိုးရိမ်ကြောင့်ကြစိတ်နှင့်စိတ်သောကဖြစ်မှုများ၏အဓိကကျပုံကို၈နှစ်
ကြာလေ့လာခဲ့ပြီးနောက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 "ကျွန်တော်တို့နှလုံးရောဂါရှိသူတွေ၊လေဖြတ်နေသူတွေ
၊စိုးရိမ်သောကစိတ်တွေနဲ့စိတ်ဖိစီးမှုခံစားနေရသူတွေကိုလေ့လာပြီးသေဆုံးမှုရာခိုင်နှုန်းကိုနှိုင်းယှဉ်ခဲ့ကြပါ
တယ်။အဲဒီမှာစိတ်သောကဖြစ်နေသူတွေကသေဆုံးမှုရာခိုင်နှုန်း၂ဆနီးပါးပိုများတာကိုတွေ့ခဲ့ရပါတယ်"
ဟုဒေါက်တာရက်စ်ကပြောကြားခဲ့သည်။၎င်းပြင် စိတ်သောကဝေဒနာများနှင့်နှလုံးရောါဂါဖြစ်ပွားမှုမှာ
ဆက်နွှယ်မှုရှိကြောင်းဘရစ္စတိုးတက္ကသိုလ်ပါမောက္ခဂလင်းလူဝစ္စကပြောကြားခဲ့သည်။
တင်ဆက်သူ---အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com



No comments:

Post a Comment