arial" action="like" colorscheme="light">

Thursday, October 24, 2013

လူပိန်တို့ ကိုပိန်နေစေဦးမည့်အချက်များ

 အ၀လွန်သူများအတွက်ကတော့ပိန်စေဖို့ အတွက်အားသွန်ခွန်စိုက်ကြိုးစားရသလောက်၊ခန္ဓာကိုယ်
ထွားကျိုင်းလိုသောလူပိန်လေးများအတွက်ကား၊ခန္ဓာကိုယ်ကြီးထွားသန်မာစေရေးသည်မိုးကောင်ကင်
ထက်ကဓူဝံကြယ်ကိုဆွတ်ခူးရသည်ထက်ပင်ပို၍ခက်ခဲနေတတ်ပေသည်။ထိုသို့ သောအခက်အခဲများ
ကြောင့်စိတ်ဓါတ်အင်အားနည်းပါးသော၊ယုံကြည်ချက်နည်းပါးသောလူပိန်များသည်ထာဝရပိန်တာရိုး
လေးများအဖြစ်သာအရိုးထုတ်သွားရသည်မှာဓမ္မတာလိုပင်ဖြစ်နေသည်။သို့ သော်အချို့ သောလူပိန်
လေးများကား*ငုတ်မိသဲတိုင်၊တက်နိုင်ဖျားရောက်*ဟုခံယူကာ၊မဆုတ်မနစ်နည်းလမ်းပေါင်းစုံဖြင့်  ကြံစည်ကြိုးစားနေတတ်ကြသည်။လူပိန်သောလည်း၊စိတ်ဓါတ်မပိန်သောညီငယ်များအတွက်ဤ
ဆောင်းပါးလေးကိုတင်ဆက်၊အားဖြည့်ပေးလိုက်ရခြင်းဖြစ်ပါသည်။ယခုဆောင်းပါးလေးတွင်ခန္ဓာကိုယ်
ကြီးထွားမှုကိုအဟန့် အတားဖြစ်စေသောအချက်များကိုစုစည်းတင်ပြပေးလိုက်ပါသည်။
၁-အစာချေအင်္ဂါအဖွဲ့ အစည်းအားနည်းခြင်း
အစာချေအင်္ဂါစနစ်ချို့ ယွင်းအားနည်းသောအခါသင်မည်မျှပင်ကောင်းသည့်အာဟာရကိုမှီဝဲစေကာမူ
သင့်ခန္ဓာကိုယ်သည်သင်မှီဝဲသမျှသောအာဟာရတို့ မှခန္ဓာကိုယ်တည်ဆောက်မှုအတွက်အရေးပါသော
ဗိုက်တာမင်၊သတ္တုဓါတ်နှင့်အင်ဇိုင်းများကိုအပြည့်အ၀မစုပ်ယူနိုင်ပေ။ထို့ ကြောင့်၎င်းတို့ အပြည့်အ၀ရ
စေရန်အတွက်သင်သည်ဗိုက်တာမင်နှင့်သတ္တုဓါတ်အားဆေးများမှီဝဲသင့်ပါသည်။အစာကြေဆေးအင်
ဇိုင်းများကိုလည်းမှီဝဲသင့်ပါသည်။
၂-ရေသောက်နည်းခြင်း
သုတေသနများကတင်ပြကြသည်မှာသင့်ခန္ဓာကိုယ်တွင်းမှရေဓါတ် ၁.၅ % သာလျော့သွားမည်ဆိုလျင်
သင့်ကြွက်သားတည်ဆောက်မှုအတွက်အရေးပါသော၊ကြွက်သားခွန်အားသည်ဆိုးရွားစွာယုတ်လျော့
သွားမည်ဖြစ်သည့်အတွက်သင်မကြီးထွားနိုင်တော့ပါ။ရေသောက်နည်းခြင်းကြောင့်သင့်ကြွက်သားများ
ပြန်လည်းအားပြည့်ချိန်တာရှည်သွားစေပြီး၊ကြွက်သားမျှင်များလည်းအလွယ်တကူလောင်ကျွမ်းပျက်စီး
ကာ၊အစာချေနှုန်းလည်းလျော့ကျသွားမည်ဖြစ်သည်။ထို့ ကြောင့်သင်ထွားကျိုင်းသန်မာလိုလျင်ဘယ်
တော့မှရေမငတ်ပါစေနှင့်။
 ၃-ခန္ဓာကိုယ်တွင်းအပူဓါတ်များလွန်းခြင်း
မြန်မာ့ဆေးပညာအရတေဇောဓါတ်များလွန်းခြင်းသည်၊လုံးဝမကောင်းသလိုအထက်ကအချက်နှစ်အ
တိုင်းရေသောက်နည်းခြင်းကြောင့်လည်းဖြစ်တတ်သည်။အနောက်တိုင်းဆေးပညာ၏အလိုအရဆို
သော်ခန္ဓာကိုယ်တွင်းအပူချိန်သည်ခန္ဓာကိုယ်အပေါ်သို့ သက်ရောက်လာသောပြင်ပဖိအားများကိုတန်
ပြန်တွန်းလှန်သည့်ဇီဝဖြစ်စဉ်ကြောင့်ကိုယ်အပူချိန်များရခြင်းဖြစ်သည်။ထို့ ကြောင့်ရေများများသောက်
ပြီး၊စိတ်ရောကိုယ်ပါဖိအားနည်းနိုင်သမျှနည်းအောင်ကြိုးစားရမည်ဖြစ်သည်။
၎-ဇရာထောင်းခြင်း
အရွယ်မတိုင်မှီရုပ်ကျနေသူများသည်၊အားကစားမပြုလုပ်ခြင်း၊အာဟာရစားသောက်ပုံမမှန်ကန်ခြင်းနှင့်
ဘ၀ကိုစိတ်ထင်သလိုပြုမူနေထိုင်ခြင်းများကြောင့်ဖြစ်သည်။ထိုသို့ သောသူများသည်အဓိကအားဖြင့်
ကျန်းမာစွာနေနိုင်ရေးကိုဦးစားပေးရမည်ဖြစ်သည်။သို့ မှသာကိုယ်တွင်းဟိုမုန်းစနစ်မှန်ကန်ပြီး၊သင်
အသက်လေးဆယ်ကျော်နေသော်လည်းကျန်းမာသန်စွမ်းရေးကိုစွမ်းဆောင်နိုင်ဦးမည်ဖြစ်သည်။
၅-လေ့ကျင့်ချိန်တစ်ချိန်နှင့်တစ်ချိန်အကြားပြန်လည်အားမပြည့်ခြင်း
စိတ်ဓါတ်တက်ကြွလွန်းစွာနေ့ စဉ်လေ့ကျင့်ခန်းများပြုလုပ်နေသူများမှတ်သားထားရမည့်အချက်မှာ၊
လေ့ကျင့်ခန်းပြုလုပ်ရုံသက်သက်ဖြင့်သင့်ခန္ဓာကိုယ်ကြီးထွားမလာနိုင်ပါ။ကြွက်သားတို့ မည်သည်အ
လေးများဖြင့်လေ့ကျင့်စဉ်တွင်ပြိုကျပျက်စီးခြင်းအဖြစ်သို့ ရောက်ပြီး၊၄င်းတို့ ကိုအပြည့်အ၀ပြန်လည်အ
နားပေးမှသာကြီးထွားနိုင်မည်ဖြစ်သည်။ထို့ ကြောင့်ခန္ဓာကိုယ်ကြီးထွားလိုပါကပြင်းပြင်းထန်ထန်လေ့
ကျင့်သလိုလုံလုံလောက်လောက်လည်းအနားယူတတ်ရန်အရေးကြီးပါသည်။
၆-သင့်ကိုယ်တွင်းအက်ဆစ်ဓါတ်များလွန်းခြင်း
ပရိုတိန်း(အသားဓါတ်)များများမှီဝဲခြင်းသည်ခန္ဓာကိုယ်ကြီးထွားစေရေးအတွက်အရေးပါသော်လည်း
တစ်ဖက်တွင်ထိုပရိုတိန်းများမှအမိုင်နိုအက်ဆစ်များသည်၊ကိုယ်တွင်းတွင်ဖော့စဖရပ်နှင့်ဆာလဖာ
အဖြစ်ပြိုကွဲသောအခါခန္ဓာကိုယ်တွင်းအက်ဆစ်ဓါတ်များလာရခြင်းဖြစ်သည်။သင့်ကိုယ်ခန္ဓာကထို
အက်ဆစ်ဓါတ်များကိုချေဖျက်ရန်အတွက်အလ်ကာလိုင်းအာဟာရများကိုလည်းလိုအပ်ပါသေးသည်။
ထိုအလ်ကာလိုင်းအာဟာရများမှာ၊အဓိကအားဖြင့်အစိမ်းရောင်အသီးအရွက်များပင်ဖြစ်သည်။ထို့ 
ကြောင့်သင့်အနေနှင့်အက်ဆစ်ဓါတ်ကြွစေသောပရိုတိန်းများမှီဝဲသလိုအလ်ကာလိုင်းပါဝင်သောအသီး
အရွက်များကိုလည်းမပျက်မကွက်ဆက်ဆက်မှီဝဲပါမှသင့်ကိုယ်တွင်းPHပမာဏသည်လည်းတည်ငြိမ်
နေမည်ဖြစ်သည်။
၇-အသည်းပေါ်တွင်စုပုံနေသောအဆိပ်အတောက်များခြင်း
လူတစ်ယောက်ပုံမှန်ကျန်းမာသန်စွမ်းနေစေရေးအတွက်အသည်းသည်ကိုယ်ခန္ဓာတစ်ခုလုံး၏ပင်မသ
ဖွယ်တာဝန်ယူအလုပ်လုပ်နေရ၏။အသည်း၏လုပ်ငန်းဆောင်တာများမှန်ကန်နေသရွေ့ သင့်ကိုယ်တွင်း
ဇီဝဖြစ်ပျက်မှုနှုန်းနှင့်အဆီလောင်ကျွမ်းမှုလည်းမှန်ကန်နေကာကျန်းမာနေမည်ဖြစ်သည်။သင့်အသည်း
ကျန်းမာနေစေရန်အတွက်အသည်းပေါ်မှအဆိပ်အတောက်များကိုဖယ်ရှားပေးနိုင်သည့် lipotropic အာဟာရများကိုမှီဝဲရမည်ဖြစ်သည်။
၈-လေ့ကျင့်ရာတွင် intensity နည်းခြင်း
လေ့ကျင့်ခန်းပြင်းအား workout intensity သည်သင်အလိုရှိသောကြွက်သားကြီးထွားစေရေးအတွက်၊
မရှိမဖြစ်အရေးပါသောအချက်ဖြစ်သည်။သင် intensity များများဖြင့်လေ့ကျင့်နိုင်လေလေသင်ကြီးထွား
နိုင်လေလေပင်ဖြစ်သည်။နောက်ထပ်မှတ်ထားရမည့်အချက်တစ်ချက်မှာ၊သင်အာဟာရမလုံလောက်
ပါက intensity များများဖြင့်လေ့ကျင့်နိုင်မည်လုံးဝမဟုတ်ပါ။ထိုနှစ်ခုသည်တိုက်ရိုက်အချိုးကျဆက်စပ်
နေပါကြောင်း။
၉-ကိုယ်ခံအားနည်းလွန်းခြင်း
သင်အလေးများဖြင့်လေ့ကျင့်လိုက်သည့်အချိန်တွင်သင့်ကြွက်သားများပြန်လည်တည်ဆောက်ရန်မည်
သည့်အချက်ကအရေးအပါဆုံးဖြစ်သနည်း။အဖြေကရှင်းပါသည်။ကောင်းမွန်သောသင့်ကိုယ်ခံအားပင်
ဖြစ်ပါသည်။သင့်ကိုယ်ခန္ဓာအပေါ်သို့ သက်ရောက်လာသောဖိအားဟူသမျှကိုတွန်းလှန်ပစ်နိုင်ရန်မှာ
သင့်ကိုယ်ခံအားသည်သေနတ်ဖြစ်လျင်၊ဗိုက်တာမင်နှင့်သတ္တုဓါတ်များသည်ကျည်ဆန်သဖွယ်အရေး
ပါသည်ကိုမမေ့ပါနှင့်။


၁၀-ကိုယ်တွင်းဟိုမုန်းမမျှတခြင်း
အင်ဆူလင်၊ကောတီဆောလ်နှင့်တက်စတိုစတီရုန်းဟူသောဟိုမုန်းသုံးမျိုးစနစ်တကျအချိုးမကျမခြင်း
သင်ကျန်းမာသန်စွမ်းနိုင်မည်မဟုတ်ပါ။အကယ်၍ကိုယ်တွင်းတွင်အင်ဆူလင်များနေပါက၊၄င်းဟိုမုန်း
သည်သွေးထဲမှဂလူးကို့ စ်ဟူသမျှကိုအဆီအဖြစ်သိုလှောင်ပြီး၊ကြွက်သားများကိုသာလောင်ကျွမ်းစေ
ရန်ဖိအားပေးမည်ဖြစ်သည်။ကောတီဆောလ်များနေပါကသင့်ကိုယ်တွင်းတွင်အဆီပိုမိုသိုလှောင်စေ
ပြီးအထူးသဖြင့်ဝမ်းဗိုက်နှင့်တင်ပါး၊ပေါင်အတွင်းသားများတွင်ပို၍သိုလှောင်စေသည်။သင့်ကိုယ်တွင်း
တက်စတိုစတီရုန်းလျော့ကျနေပါကသင်ကမ္ဘာကျော်လေ့ကျင့်နည်းစနစ်နှင့်လေ့ကျင့်စေကာမူသုညဖြစ်
နေဦးမည်သာဖြစ်သည်။ထိုပြသနာကိုဖြေရှင်းရမည့်တစ်ခုတည်သောနည်းလမ်းမှာဖရီးရေဒီကယ်(free
Radical)များပင်ဖြစ်သည်။ရုပ်နာမ်ဖိအားများ၊ပြင်ပမှအဆိပ်အတောက်များကြောင့်ဖရီးရေဒီကယ်များထွက်
လာရခြင်းဖြစ်သည်။ဖရီးရေဒီကယ်များသည်ထိုဖိအားများကိုတွန်းလှန်ပစ်နိုင်သလိုကိုယ်တွင်း
မှဆဲလ်များကိုလည်းဖျက်ဆီးပစ်၏။ထိုအဖြစ်များကြောင့်အသည်းနှင့်ကျောက်ကပ်၏စွမ်းရည်များ
ယိုယွင်းလာကာဟိုမုန်းမညီမမျှဖြစ်လာရခြင်းဖြစ်သည်။ထိုဖရီးရေဒီကယ်များကိုလျော့ချရန်အတွက်
Phytochemicals နှင့်အခြားသောဓါတ်တိုးဆန့် ကျင်ပစ္စည်းများပါဝင်သောအသီး၊အရွက်များဥပမာ၊
မုန်လာဥ၊မုန်လာဥနီနှင့်ဘယ်ရီသီးများအပြင်အရောင်စုံသောအသီးအနှံများကိုပုံမှန်စားသုံးသင့်ပါသည်။
ဤဆောင်းပါးပါအချက်လေးများကိုဂရုစိုက်လိုက်နာပါက၊အပိုဖြည့်စွက်ဆေးများစွာအတွက်ငွေကိုရေလိုသုံး
စရာမလိုတော့သလို၊ဆင်ကန်းတောတိုးလည်းပြုမူစရာမလိုတော့ပါ။ဒါကြောင့်ခန္ဓာကိုယ်ကြီးထွား
လိုသောညီငယ်များအတွက်ဤအကြံပြုချက်များသည်လုံလောက်မည်ဟုအပြည့်အ၀ယုံကြည်ပါသည်။
သိလိုသည်များကိုလည်းကောမင့်ရေးပြီးမေးမြန်းနိုင်ပါသည်။
တင်ဆက်သူ---နိုင်ဦး-၁၁၉
Email---intensemuscle@gmail.com
email---muscleprofessor@gmail.com
email---myanmarfitnesstrainer@gmail.com




3 comments:

  1. အရမ်းကောင်းပါတယ် အစ်ကို ... ကျနော့် သူငယ်ချင်း တစ်ယောက် ဝိတ်ဘယ်လို မ ပေမယ့် မကြီးထွားလာတာ အဲ့ဒါတွေ ကြောင့်လို့ထင်ပါတယ် .... ပီးတော့ အခုခေတ်က ကျနော်တို့နိုင်ငံမှာ လူပိန်လေးတွေ များတယ်မလား .... ဗျာ ...အစ်ကို့ဆောင်းပါးက ကာယဗလစတင်လိုက်စားမယ့် လူသစ်တစ်ချို့အတွက်ကော ခုနက ကျနော့်သူငယ်ချင်းလို လုပ်သလောက်အရာမထင်တဲ့သူတွေအတွက် အကျိုးရှိစေမှာပါ ... ဒါနဲ့ ကိုနိုင်ဦးကို တစ်ခုတောင်းဆိုပါရစေခင်ဗျာ... ထုထည်နှင့် ကြွက်သားကွာလတီ ကောင်းမွန်စေမယ့်ပရိုဂရမ် တစ်ခုလောက် ရေးဆွဲပေးပါလို့ တောင်းဆိုချင်ပါတယ် ...

    ReplyDelete
  2. ၀ဲလ်ကမ်းပါကိုပီလီရေ-မရေးဖြစ်တာကြာပြီဖြစ်တဲ့ခင်ဗျားကောမင့်လေးတွေကိုအခုတစ်ဖန်ပြန်တွေ့ ရ
    တာဝမ်းသာပါတယ်။ဆောင်းပါးတိုင်းမှာကောမင့်လေးတွေနဲ့ လိုအပ်ချက်လေးတွေကိုထောက်ပြပေး
    တဲ့ခင်ဗျားကိုလေးစားပါတယ်။ကိုပီလီကောမင့်ကြောင့်ကျွန်တော်တို့ သုံးယောက်လုံးအားပြည့်ရပါ
    တယ်ဗျာ။ရှေ့ ဆက်ကြိုးစားဖို့  လည်းအားသစ်တွေပြည့်ဖြိုးသွားသလိုခံစားရပါတယ်။အဒ်မင်တွေ
    အားလုံးကိုယ်စားကျွန်တော်ကပဲကျေးဇူးတင်စကားဆိုပါ၇စေဗျာ။
    လေးစားလျက်---
    နိုင်ဦး---၁၁၉

    ReplyDelete
  3. Your HAC Principle helped me add 12 lbs in a month. Thank you. :-)

    ReplyDelete