arial" action="like" colorscheme="light">

Saturday, July 20, 2013

Stabilizer muscle တဲ့လား!

ယနေ့ ကမ္ဘာကျော်ကာယဗလနှင့်ကြံ့ခိုင်မှုမဂ္ဂဇင်းများတွင်အမြဲတမ်းဖတ်နေရသည့်ကာယဗလဝေါဟာရ
သဖွယ်ဖြစ်နေသည့် Stabilizer muscle ဆိုသည့်ဝေါဟာရအကြောင်းအနည်းငယ်ဆွေးနွေးလိုပါသည်။
ထိုမဂ္ဂဇင်းများတွင်စက်ပစ္စည်းများဖြင့်လေ့ကျင့်မည်ဆိုပါကခန္ဓာကိုယ်၏ Stabilizer muscle အားနည်း
သွားမည်ဟုဆိုကာအသက်အရွယ်မရွေးကိုဖရီးဝိတ်များဖြင့်လေ့ကျင့်ခိုင်းတတ်ကြပါသည်။ထိုအယူအဆကိုမဂ္ဂဇင်းများအားကိုးဖြင့်အင်တာနက်ပေါ်တွင်ဝဘ်ဆိုက်များ၊ဘလော့ဂ်များရေးသားထားသူများက
အမြဲတမ်းမှန်နေမည့်အယူအဆသဖွယ်တင်ပြထားသည်ကိုလည်းတွေ့ မြင်နေရသည်မှာမသက်သာလှ
ပေ။အကြောင်းမှာ၊အခြားမဟုတ်ပေ။ယခုမြန်မာလူငယ်ကာယဗလနှင့်ကြံ့ခိုင်မှုဝါသနာရှင်လေးများ
သည် knowledge is power ဟူသောဆောင်ပုဒ်ကိုလက်စွဲပြုကာအင်တာနက်ပေါ်တွင်ဟိုဝင်၊သည်
ထွက်ရှာတတ်ဖွေတတ်ကြသည့်အတွက်ပင်ဖြစ်သည်။ဝဘ်ဆိုက်မြင်တိုင်းအင်ဖော်မေးရှင်းအမှန်ရ
မည်ဟုထင်နေတတ်သည်ကိုရှင်းလင်းစွာသိသာအောင်တင်ပြလိုရင်းဖြစ်သည်။သို့ မှသာအချိန်ကုန်၊
လူပမ်းအဖြစ်မှကာကွယ်နိုင်ကြပေမည်။
ရှေးဦးစွာပြောလိုသည်မှာ Stabilizer muscle ဟူသောကြွက်သားသည်ဘယ်ကြွက်သားဖြစ်ပါသနည်း
ဟု၊မည်သူတိကျစွာပြောနိုင်ပါသနည်း။သို့ မဟုတ်ဆရာဝန်များကိုမေးကြည့်ပါ။ Stabilizer muscle
ဆိုတာဆေးကျမ်းများတွင်ပါသလား။စသည်တို့ ကိုမစူးစမ်းမဆင်ခြင်ဘဲ၊မဂ္ဂဇင်းကရေးတိုင်းအပြည့်အ
ဝယုံရမည်ဆိုလျင်တော့သင့်ငွေရှာမလောက်ဖြစ်ပေဦးတော့မည်။မည်သည့်ခန္ဓာဗေဒစာအုပ်ကမှ
ထောက်မပြနိုင်သော Stabilizer muscle ဟူသည်လူ့ ကိုယ်ခန္ဓာအတွင်းလုံးဝမရှိပါ။လူ့ ကိုယ်ခန္ဓာ
အတွင်းတွင်၊smooth ,cardiac ,skeletal ဟူသောကြွက်သားအမျိုးအစားသုံးမျိုးသာရှိပါသည်။
ကာယဗလသမားများနှင့်အားကစားသမားများသည်၊skeletal muscle ကိုသာလေ့ကျင့်ကြခြင်းဖြစ်
သည်။ Stabilizer muscle ဟူသောဝေါဟာရကိုတွင်တွင်သုံးနေတတ်ကြသူများကိုအတိအကျပြော
ခိုင်းလျင်၊၄င်းတို့ ပြောကြမည်မှာ Stabilizer muscle ဟူသည်၊ဟိုဟာဖြစ်သည်၊သည်ဟာဖြစ်သည်နှင့်
ဖြစ်သည်ပေါင်းသောင်းခြောက်ထောင်ကိုတင်ပြကြလိမ့်မည်ဖြစ်သည်။အမှန်တစ်ကယ်တော့
Stabilizer muscle ၏အစသမိုင်းကိုတင်ပြကြရမည်ဆိုလျင်၊၁၉၇၀-ပြည့်နှစ်များတွင်အာသာဂျုံးက
နော်တီးလပ်စ်စက်များကိုတီထွင်ပြီး၊High Intensity Training လေ့ကျင့်နည်းစနစ်သစ်ကိုတင်ပြ
ခဲ့ရာကမ္ဘာ့ကာယဗလဈေးကွက်၏မှော်ဘီလူးကြီးဂျိုးဝီဒါအဖို့ ဈေးကွက်ပျောက်လုမတတ်ဖြစ်သွားခဲ့
ရသည်။ထို့ ကြောင့်ဝီဒါအနေနှင့်သူ့ ဈေးကွက်ပြန်ရရန်ဂျုံး၏နည်းစနစ်အားနည်းချက်များကိုရှာခဲ့သော်
လည်းမတွေ့ နိုင်ဘဲ၊ဂျုံးမိတ်ဆက်ပေးခဲ့သောနော်တီးလပ်စက်များသည်ကမ္ဘာတစ်ဝှမ်းမှကာယဗလ၀ါ
သနာအိုးများအတွက်များစွာအထောက်အကူပြုနေသည်ကိုမြင်ရသည့်အတွက်၊၀ီဒါသည်ဈေးကွက်သ
ဘောအရသူလည်းစက်ပစ္စည်းများတီထွင်ထုတ်လုပ်ရောင်းချရသည့်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ဂျိုးဝီဒါသည်ကမ္ဘာ့ကာယဗလသမိုင်းတစ်လျောက်လုံးတွင်ပြိုင်ဖက်မရှိဈေးကွက်ကိုဦးဆောင်နိုင်ခဲ့
သော်လည်းဂျုံး၏နော်တီးလပ်စက်များကိုမူကားနောက်ကောက်ကျအရှုံးပေးခဲ့ရသည်။ထို့ ကြောင့်
ဝီဒါကသူထုတ်ဝေသောကာယဗလမီဒီယာများဖြစ်သည့်မဂ္ဂဇင်းများတွင် Stabilizer muscle ဟူသော
ဝေါဟာရအသစ်တစ်ခုကိုသွတ်သွင်းကာ၊ကမ္ဘာ့ဈေးကွက်မှနော်တီးလပ်စ်၏နေရာကိုဖယ်ထုတ်ရန်၊
ကြိုးစားခဲ့သည့်လုပ်ကွက်ဖြစ်ပါသောကြောင့် Stabilizer muscle ပုံပြင်ကိုဘုမသိဘမသိနားမယောင်
သင့်ပါ။
ကာယဗလလေ့ကျင့်ရာတွင်ဖရီးဝိတ်များသည်စက်ပစ္စည်းများထက်ပိုကောင်းသည်ကမှန်သော်လည်း
ဒဏ်ရာရထားသူများ၊ကြွက်သားနှင့်အာရုံကြောဆက်နွယ်မှု(mind muscle connection)အားနည်းသူ
များနှင့်အမျိုးသမီးများအတွက်စက်ပစ္စည်းများသာတစ်ခုတည်းသောအလင်းရောင်ဖြစ်သည်ကိုမှတ်
သားပါ။ကာယဗလတွင်မည်သည့်အရာမှပုံသေမရှိပါ။အမြဲတမ်းဆန်းသစ်ပြောင်းလဲနေမှသာတိုးတက်
မည်ဖြစ်သည်။သို့ သော်သတိမူရမည်မှာ၊တိုးတက်ပြောင်းလဲသည်ဆိုတိုင်းစနစ်တကျဖြစ်မှသာအောင်
မြင်မည်ဖြစ်သည်။
ကျွန်တော်တို့ ၏ဤဘလော့ဂ်လေးသည်၊အတိကျဆုံးသောအင်ဖော်မေးရှင်းလေးများကိုသာ၊အချိန်နှင့်
တစ်ပြေးညီတင်ဆက်သွားမည်ဖြစ်ကြောင်းကိုသတင်းကောင်းပါးအပ်ပါသည်။ထို့ အပြင်ပြည်တွင်းမှ၊
ကာယဗလလေ့လာလိုက်စားသူများ၊ဂျင်မ်များတွင်နည်းပြပြုလုပ်လိုသူများ၊ပြုလုပ်နေသူများအတွက်
သိပံ္ပနည်းကျကာယဗလနှင့်ကြံ့ခိုင်မှု၊သင်ခန်းစာများကိုပို့ ချပေးမည့် Myanmar fitness trainer courseကိုဖွင့်လှစ်ရန်ကြိုးစားနေပါသည်။အသေးစိတ်ကိုတော့စတင်ခါနီးတွင်ဆက်လက်ဖော်
ပြပေးပါဦးမည်။သူငယ်ချင်းများ၏အမြင်နှင့်အကြံကိုလည်းရယူလိုပါသေးသည်။မကြာမှီတွင်ထိုအ
ကြောင်းကိုအကျယ်တ၀င့်ဆွေးနွေးကြဦးမည်။အကြံဥာဏ်ကောင်းများကိုလည်းစောင့်မျှော်လျက်---
လေးစားလျက်--
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com


No comments:

Post a Comment