arial" action="like" colorscheme="light">

Sunday, July 28, 2013

နည်းပြကောင်းဆိုတာ

ကျွန်တော် ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်က နည်းပြတွေကို စော်ကားမော် ကားပြောချင်တဲ့ ရည်ရွယ် ချက်နဲ့ ရေးသားတာ မဟုတ်ပါဘူး။ ဒီနေ့ ဂျင်မ် အများစုမှာ လုပ်နေကြတဲ့ နည်းပြ အများစုမှာ ကာယဗလ  ၊ ကာယအလှ နဲ့ပတ်သက်ပြီး ဗဟုသုတ အပိုင်း ၊ပညာရပ် အပိုင်း ၊ အတွေးအခေါ် အပိုင်း များ အားနည်း သာတွေ့ရပါတယ်။ အထူးသဖြင့် နည်းပြ လုပ်နေသူ တစ်ယောက်ဟာ ကာယဗလ ပညာရပ်ဆိုင်ရာ အခေါ် အဝေါ်များ ၊ လေ့ကျင့်ခန်း အမည်နာမများ၊ ၊ ကြွက်သားတစ်ခု ချင်းစီ အခေါ် အဝေါ်များ၊ ဘယ်လေ့ကျင့်ခန်း သည် မည်သည့် ကြွက်သားကို အဓိက ထိရောက်သည် ၊ သွယ်ဝိုက် ထိရောက်သည်၊ ထုတင်ရသည့် လေ့ကျင့်ခန်း ၊ မာဆယ်ခွဲ သီးသန့် လေ့ကျင့်ခန်း စသည်များကို အခြေခံ အားဖြင့် နားလည် ထားသင့်သလို ၊ အာဟာရ အပိုင်းနှင့် ပတ်သက်လျင်လည်း အာဟာရ (၆)မျိုး ကို နားလည် ပိုင်နိုင် ထားသင့်သည်။ တစ်ဂရမ်လျင် ကယ်လိုရီ ဘယ်လောက်ရှိသည်။ တစ်ရာဂရမ်သည် အလေးချိန် ဘယ်လောက်နှင့်ညီမျှသည်။ ထိုမျှမက သင်တန်းသားဧ။် အခြေအနေပေါ် မူတည်ပြီး သင့်တော်သည့် ပရိုဂရမ်များ ရေးဆွဲနိုင်ရမည် ဟုထင်မြင်မိပါသည်။
သို့သော်လည်း ယနေ့ နယ်ဘက်ရှိ ဂျင်မ် များကို မဆိုထားနှင့် ရန်ကုန်မြို့ပေါ်ရှိ ဂျမ် အများစုမှ နည်းပြ အချို့သည် ကျွန်တော် အမြင်တွင် ကာယဗလ နည်းပညာ ဆိုင်ရာ ဗဟုသုတ နည်းပါးသည်ကို တွေ့ရှိရသည်။ ကယ်လိုရီ အကြောင်း ၊ ပရိုဂရမ် ဆွဲတတ်ဖို့ဝေးစွ  လက်မောင်း ကြွက်သား အခေါ်အဝေါ် ၊ ရင်အုပ် ကြွက်သား အခေါ် အဝေါ်များပင် မသိသည့် နည်းပြ အချို့ကို ၀မ်းနည်းဖွယ်တွေ့ မြင်နေရသည်။ ထိုသူတို့သည် သူတို့ဧ။် အားနည်းချက် များကို အဘယ်ကြောင့် မပြုပြင်ကြ သနည်း။ ရှင်းပါသည် ကျွန်တော် သူတို့ကို မသိ ချင်ယောင်ဆောင်ပြီး မေးခွန်း အချို့ မေး ဖူးပါသည်။ အဘယ်ကြောင့် နည်းပြ လုပ်ပြီး ဒီလို အခေါ် အဝေါ်တွေ မလေ့လာ ရသလဲဆိုသည်ကို မေးကြည့်တော့ ဒါတွေ သိဖို့ မလိုပါဘူး။ လာကစားတဲ့ မင်ဘာ ကစားချင် သလို ကစား သူတို့ကစားရင် နောက်က လိုက်ပေးလိုက် ရင်ပြီးတာပဲ။ ကျွန်တော်တို့ ဂျင်မ် ပိုင်ရှင် ကလည်း ဒီရည်ရွယ်ချက်နဲ့ပဲ ကျွန်တော်တို့ကို ခန့်ထား တာပဲ။ သူတို့ဆီမှာ အလုပ်လုပ်ရင် ပြိုင်ပွဲ ၀င်ခွင့် မပေးဘူး အဲဒီတော့ ကစားလည်း ဘာထူးမှာလဲ။ မင်ဘာတွေကိုလည်း သူတို့ ထုတ်ထားတဲ့ ပရိုဂရမ် အတိုင်းပဲ  မင်ဘာတွေကို ကစားခိုင်းတယ်။ ပရိုဂရမ် တစ်ခု က ဂျင်မ် စထောင် ကတည်းက အခုထိ မပြောင်းလဲဘူး ဘယ်သူ လာလာ ၊ လူသစ်ပဲ ကစားမလား ၊ လူဟောင်းပဲ ကစားမလား ဒီပရီုဂရမ် အတိုင်း အေးဆေးပဲ။ ဘာမှ လေ့လာ စရာ မလိုဘူးတဲ့။ သူ့ အဖြေကို နားထောင်ပြီး ကျွန်တော် တော်တော်လေး စိတ်ပျက်မိသည် ။

ဒီလိုမျိုး ဂျင်မ် ပိုင်ရှင်တွေ ၊ နည်းပြ ပေါက်စ ငပိန် သာသာလေးတွေ ဆီမှာ မိမိတို့ဧ။် အချိန်နှင့်ငွေကို အကုန်ကျခံပြီး ဇွဲ ရှိစွာဖြင့် လာရောက်လေ့ ကျင့်သူ အများစုသည်  မိမိလိုချင်သည် အနေအထား မရောက်ခင် ဇွဲလျော့ပြီး လာလမ်း ပြန်လှည့်ခဲ့ရသူများ လည်းရှိသလို အဆိုပါ နည်းပြများနှင့် အတူ ဟေလားဝါးလား အချိန်ကုန်ခံ ချွေး ထွက်ပြီးရော ဆိုသည့် သူများလည်း ရှီသည်။ ထိုလို သူများများရှိလေ ဂျင်မ် ပိုင်ရှင်တွေ အတွက် ငွေပုံပေါ် ထိုင်ရလေ ဇြစ်မည် ထင်မိပါသည်။  ကျွန်တော် နည်းပြ အားလုံးကိုတော့ ခြုံပြီး ပြောခြင်း မဟုတ်ပါ။ သို့သော်လည်း ဂျင်မ်တိုင်းတွင် တွေ့ရတတ်သော ပြဿနာ အချို့ကို တင်ပြရခြင်း ဖြစ်ပါသည်။ ထို့သို့ လေ့လာမှု အားနည်းခြင်းသည် မိမိ တစ်ဦင်္း တစ်ယောက် ထဲတွင်သာ အကျိုးယုတ်သည် မဟုတ် ကာယဗလ လောက တစ်ခု လုံးဖွံ့ဖြိုး တိုးတက်မှု အတွက် များစွာ အနှောင့် အယှက်ပေးမိသည်ဟု ထင်မြင်မိပါသည်။
ကျွှန်တော် အမြင်ပြော ရလျင် ကာယဗလ ပြိုင်ပွဲ ၀င်ချင်သည် ၀ါသနာရှင် တစ်ယောက်ဧ။် ပြောစကားလေးကို ကိုးကား၍ ပြောချင် ပါသည်။ ထိုသူကလေးသည် ကာယဗလ အားကစားးကို ၀ါသနာပါ၍ ဇွဲ နပဲ ကြီးစွာဖြင့်လေ့ ကျင့်ကြောင်း သူဧ။် နည်းပြ ဖြစ်သူကလည်း နေ့တိုင်း သူ့ကို လေ့ကျင့်စေကြောင်း တစ်ပတ်ကို (၆)ရက် ရက်ဆက် လေ့ကျင့်ခိုင်းပြီး များများကစား များများစား ခိုင်းကြောင်း ၊ တစ်နေ့လာလည်း ဒီလေ့ကျင့်ခန်း ၊ နောက်နေ့လည်း ဒီလေ့ကျင့်ခန်း များပင် ဇြစ်ကြောင်း ကြာလာတော့ လူလည်း ကြွက်သား မတက်လာပဲ ကျစ်လစ်ပြီး အမြှောင်းမြှောင်း တွေဖြင့် သူ့ကို မာဆယ်မန်း ဟု လှောင်ပြောင် ကြကြောင်း ၊ထိုနည်းပြ လုပ်သူထံမှာပင် ကိုယ်ဟန်ပြဖို့ အတွက် လေ့ကျင့်ပေး ပါရန် အကူ အညီတောင်းတော့ ကိုယ်ဟန်ပြတော့ သူ မကျွှမ်းကျင်ကြောင်း သူ့ သူငယ်ချင်း ပြိုင်ပွဲဝင် ဖူးသူများထံတွင် လေ့ကျင့် ကြည့်ရန် အကြံပေး၍ သွားရောက် အကူအညီတောင်းမှ ထို ပြိုင်ပွဲဝင်မောင်က သူဧ။် ပုံစံကိုကြည့်ပြီး ဟား တိုက်ရီကာ သူ့ကို ပြိုင်ပွဲ မ၀င်ရန် ပြောကြား သဖြင့် မိမိသည် ၀မ်းနည်းကြေ ကွဲခဲ့ရကြောင်း ။နောက်မှ သိရသည်မှာ မိမိ ကို နည်းပြ အဖြစ် ပြပေးခဲ့သူသည် ကာယဗလ ဗဟုသုတများကို နားမလည် သည့် နည်းပြ ဇြစ်ကြောင်း နှောင်းလေမှ သိခဲ့ရပြီး မိမိဧ။် ကြွက်သားများလည်း အစမကောင်း ခဲ့သဖြင့် တော်တော်ကြီး ပြုပြင်နေ ၇ကြောင်း ယခု နောက်ပိုင်းမှ အကိုတို့ဧ။် မြန်မာဖစ်တနက်စ် ဆိုက်ကို ၀င်ရောက် ဖတ်ရှုလေ့လာပြီး မိမိလည်း ကာယဗလ ဗဟုသုတများ တိုးပွား လာကြောင်း ကျွန်တော် နှင့် တွေ့ဆုံခိုက် ပြောကြား ခဲ့သည့် ဝါသနာရှင် လူငယ်လေးဧ။် စကားလေးကို အမှတ်ရပြီး တိုက်ဆိုင်သဖြင့် ပြန်လည်ေ၇းသား ပြရခြင်း ဖြစ်သည်။
 ထို့သို့သော နည်းပြ မျိုးတွေ မြန်မာပြည်မှာ ဘယ်နှစ်ယောက် ရှိနေပြီလဲ ၊ ထိုသူများ ထံတွင် မိမိဧ။် ကိုယ်ခန္ဒာကို စိတ်ချယုံကြည်စွာ ပုံအပ်ပြီး ပန်းပုထု သလို ပုံသွင်းခံနေရသည့် သူတွေ  ဘယ်သူတွေ က အကျိုး ရလဒ် ကောင်းပြီး ဘယ်သူတွေ အကျိုးရလဒ် နည်းစွာဖြင့် အစ မကောင်း၍ အနှောင်း မသေချာ ဇြစ်ခဲ့ရပြီလဲ ဆိုတာ တော့ ကာယကံရှင် တွေပဲ သိနိုင်ပါလိမ့်မယ်။ ထို့ကြောင့် မျိုးဆက်သစ် ကာယဗလ မောင်ကောင်း များစွာ ပေါ်ထွန်းေ၇းသည် နည်းပြ များ အပေါ်တွင်လည်း အများကြီး မူတည်ပါသည်။ နည်းပြ ကောင်း တစ်ယောက် ဖြစ်နိုင်ဖို့ မိမိဧ။် သင်တန်းသား တစ်ဦးချင်း အပေါ်တွင် ပြည့်ပြည့် ၀၀  ထိရောက်စွာ ကိုင်တွယ် အသုံးချ သင့်သလို ကောင်းမွန် မှန်ကန်သည့် အင်ဖော်မေး ရှင်း များလည်း ပေးတတ်ရန် မိမိသည်  ကာယဗလ နည်းပညာများ ကာယလေ့ ကျင့်ခန်း ဗဟုသုတ များကို ထုံးလိုမွှေ ရေလိုနှောက် ဘယ်စမ်းစမ်း ညာစမ်းစမ်း ကြိုက်သလို လာစမ်း ဖြစ်နေ၇မည် ဟု ထင်မိပါသည်။ မိမိ ကို ယုံကြည် အားထားသော တပည့် အပေါ်တွင်လည်း စမ်းစစ်မှု ပြုလုပ်ပြီး မည့်သည့် လေ့ကျင့်ခန်းသည် တပည့် ဇြစ်သူ အတွက် အကျိုးရှိမည် ၊ ထိရောက်မှု ရှိမည်ကို နားလည် တတ်ကျွမ်းနိုင်ရန် လိုသလို ၊ လိုအပ်သည့် အကြံ ညဏ်ကောင်း များ ပေးစွမ်းနိုင် ရမည် ဖြစ်သည်။
ထိုပြင် နိုင်ငံတကာမှ ကာယဗလ စာအုပ် စာပေများကို လက်လှမ်း မမှီ ရင်တောင်မှ ယနေ့ အင်တာနက်တွင် လေ့လာ လို့ရသလောက် လေ့လာ နေ၇မည် ထိုမှသာ မိမိသည် ခေတ်နှင့် အမှီ  လိုက်နိုင်သော နည်းပြ ကောင်း တစ်ယောက် ဖြစ်နိုင်သလို ယနေ့ ကမ္ဘာ့ ကာယဗလ လောကဧ။် ဖြစ်ပျက်မှု အခြေအနေများ လည်း သိနိုင်မည် ဇြစ်သည်။  ပြည်တွင်း လေ့လာမှု အနေဖြင့်လည်း ဂျေးကက်တလာ  ကို မသိရင်နေပါစေ မြန်မာ ပြည်မှ ကိုအောင်ဆွေနို်င်၊ ကိုအောင်ခိုင်ဝင်း တို့ လောက်တော့ သိထားသင့်ပါ သည်။ မြန်မာဆိုရိုး စကားပုံ တစ်ခု နှင့် နှိုင်းယှဉ်ပြီး ပြောရလျင်  “အရင်ဆရာ တစ်ချက်ခေါက် နောက်ဆရာ နှစ်ချက်ခေါက် မဖြစ်၇ လေအောင် ” စတင် လေ့ကျင့်စဉ် ကတည်းက နည်းပြကောင်းများ ကိုရှာဖွေပါ ။ မိမိအပေါ်တွင် လိုအပ်သည့် အကူအညီ ၊ နည်းပညာ ဗဟုသုတများ ပေးစွမ်းနိုင်မည် နည်းပြ ကောင်းများထံတွင် လေ့ကျင့်ပြီး မိမိကိုယ်တိုင်လည်း လေ့လာ ကြပါ ၊ အင်ဖော်မေးရှင်း အမှားများကို နားယောင်ပြီး အမှားနောင်တရ ခြင်းမှ ကင်းဝေးကြပါစေ။
 တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com

1 comment:

  1. အကိုတို့လိုလူတွေတစ်ခေတ်ပြောင်းလာမှ ကာယဗလလောကလည်းတိုးတက်လာတော့မယ်ထင်ပါတယ်
    နောက်ပြီးgymတစ်ခုမှာရှိတင့်ရှိထိုက်တဲ့ ပစ္စည်းလေးတွေ အကြောင်းစုံစုံလင်လင် photoနှင်တကွတင်ပြပေးပါ

    ReplyDelete