arial" action="like" colorscheme="light">

Tuesday, July 16, 2013

A ပုံစံခန္ဓာကိုယ်ပိုင်ရှင်အမျိုးသမီးများအတွက်လေ့ကျင့်ခန်းများ

 
ကျွန်တော်အရင်တစ်ခေါက်ကအိုပုံစံအမျိုးသမီးတွေရဲ့လေ့ကျင့်ခန်းအကြောင်းဆောင်းပါးလေး ရေးသားပေး
ခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့အေပုံစံအမျိုးသမီးတွေအတွက်တစ်နည်းအားဖြင့် ပိရမစ်ပုံစံခေါ်တဲ့ခန္ဓာကိုယ်အောက်ပိုင်းကားပြီးအထက်ပိုင်းကျဉ်းနေတဲ့ အမျိုးသမီးလေးတွေအတွက်၊အပေါ်အောက်ညီညွတ်မျှတအောင်ဆောင်ကျဉ်းပေးနိုင်တဲ့ လေ့ကျင့်ခန်း(၃)
မျိုးနဲ့တွဲဖက်ပြီးလေ့ကျင့်ပေးရမယ့်လေ့ကျင့်ခန်း(၃)မျိုးကိုတင်ပြသွားမှာ ဖြစ်ပါတယ်။အီဂျစ်နိုင်ငံဖာရိုဘု
ရင်တွေရဲ့ဂူသင်္ချိုင်းတွေကိုရာဇ၀င်သမိုင်းစာအုပ်တွေထဲမှာ မြင်တွေ့ဖူးကြမှာဖြစ်ပါတယ်။အဆောက်
အအုံတစ်ခုရဲ့ပုံသဏ္ဍာန်ကိုဗိသုကာတစ်ဦးရဲ့ မျက်စိနဲ့ကြည့်ရင်ကြည့်လို့ရပေမဲ့၊မနုဿလူသားတစ်ဦးရဲ့ပုံ
သဏ္ဍာန်ဟာအောက်ပိုင်းကားပြီးအပေါ်ပိုင်းကျဉ်းနေရင်မညီမညွတ်ဖြစ်နေတဲ့ခန္ဓာကိုယ်ပိုင်ရှင်၊အချိုးအဆစ်
မကျတဲ့ကိုယ်လုံးရှိသူမို့ အလွန်မှ အကျည်းတန်အရုပ်ဆိုး လှပါတယ်။
 
    လူသားတစ်ဦးအနေနဲ့ကတော့ခန္ဓာကိုယ်ဟာအထက်အောက်ညီညွတ်မျှတပြီးအချိုးကျ နေရင်၊ခန္ဓာကိုယ်
အချိုးအစားပြေပြစ်လှပသူတစ်ဦးလို့ခေါ်ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ခုပတ်မှာတော့PYRAMID TYPE
 ခေါ်တဲ့အောက်ပိုင်းကားပြီးအထက်ပိုင်းကျဉ်းနေတဲ့အမျိုးသမီး လေးတွေအတွက်အမေရိကန်နိုင်ငံ TEXAS TECH UNIVERSITY ကခန္ဓာဗေဒပညာရှင် LYNNE STOESSEL ROSS ရဲ့လေ့ကျင့်ရေးဇယား
ထဲကကာယအလှလေ့ကျင့်ခန်း(၃)မျိုးနဲ့တွဲဖက် လေ့ကျင့်ခန်း (၃)မျိုးကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
    ကိုယ်ခန္ဓာအပေါ်ပိုင်းကျဉ်းနေတဲ့အမျိုးသမီးတွေအတွက်အလေးနဲ့တွဲဖက်ကစားရတဲ့ လေ့ကျင့်ခန်း (၃)ခုအနက်ပထမလေ့ကျင့်ခန်းကတော့SQUAT/PRESS COMBOဖြစ်ပါတယ်။ အလေးကိုပခုံးထက်ထမ်း
လျက်အနေအထားနဲ့ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပါ။ခြေထောက်တွေကို ပခုံးအကျယ်အတိုင်းချဲထားပါ။
ဒူးခေါင်းတွေကိုသက်သောင့်သက်သာအနေအထားရှိနေပါစေ။ ၀မ်းဗိုက်ကြွက်သားတွေကိုညှစ်ထားပါ။
မြီးညောင်းရိုးကိုကြမ်းပြင်နဲ့တည့်တည့်အနေအထား ရှိနေပါစေ။အလေးသံချောင်းကိုလက်ဖျားများနဲ့
အုပ်လျက်ဆုပ်ကိုင်ထားပါ။ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေဟာပခုံးအကျယ်ထက်အနည်းငယ်ချဲပြီးကိုင်ပါ။
အဲဒီအနေအထားမှ ဆောင့်ကြောင့်ထိုင်ချပါ။ပေါင်တွေဟာကြမ်းပြင်နဲ့တစ်ပြေးညီအထိထိုင်ချပါ။
ဆောင့်ကြောင့်ထိုင်အနေအထားမှခြေထောက်တွေကိုကန်အားပြုပြီးပြန်ထလိုက်ခြင်းဖြင့်မူလနဂိုအနေအထား
ကို ရောက်ရှိတဲ့အခါပခုံးပေါ်မှာထမ်းထားတဲ့အလေးကိုဦးခေါင်းလက်တဆန့်တွန်းတင်လိုက်ခြင်းဖြင့်
 လေ့ကျင့်ခန်းကိုပြီးဆုံးသွားစေမှာဖြစ်ပါတယ်။(ဒီလေ့ကျင့်ခန်းဟာဒူးခေါင်းထိပ်ရှိကြွက်သားစု၊
 ပေါင်နောက်ကြွက်သား၊တင်ပါး၊ကျောအထက်ပိုင်းနဲ့ပခုံးသားတွေကိုသန်စွမ်းစေပါတယ်။(၁၀ကြိမ်
 ဆောင့်ကြောင့်ထိုင်၊၈ကြိမ် ဦးခေါင်းပေါ် လက်တစ်ဆန့်တွန်းပါ။)
    ဒုတိယလေ့ကျင့်ခန်းကတော့WEIGHTED SIDE STEP-UP WITH A PRESS (ဒမ်ဘယ်လ်အလေးတစ်စုံကိုပခုံးပေါ်ထမ်းပြီးဘေးတိုက်ခုံပေါ်တက်ကာအလေးတွန်းတင် ခြင်း(လေ့ကျင့်ခန်း)၊ ၈လက်မဒါမှမဟုတ် ၁၂လက်မ အမြင့်ရှိခုံတစ်ခုရဲ့နံဘေးမှာမတ်တတ်ရပ်ပါ။ ဒမ်ဘ်လ် အလေးတစ်စုံကို ပခုံးပေါ်မှာ တင်ထားပါ။ ဆုပ်ကိုင်ထားတဲ့ လက်သီးဆုပ်ကို အတွင်းဘက် လှည့်ထားပေးပါ။ တံတောင်ဆစ်များကို ခန္ဓာကိုယ်နဲ့ အနီးဆုံးကပ်ထားပါ။ ဒီအနေ အထားမှ ညာခြေကို ခုံအလယ်ပေါ်သို့ ဖော်ပြပါပုံအတိုင်းတက်ပါ။ ဘယ်ခြေထောက်ဟာ အလို အလျောက် ခုံနံဘေးမှ အထက်သို့ပါလာပါမယ်။ ခုံပေါ်သို့ မိမိရရ တက်မိတဲ့အခါမှာ  ဒမ်ဘယ်လ် ကို ဦးခေါင်းလက်တစ်ဆန့် တွန်းတင်ပါ။ ညာခြေဖြင့် ခုံပေါ်သို့တက်ပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးရင် ဘယ်ခြေဖြင့် ခုံပေါ်သို့တက်ပြီး ညာခြေအတိုင်း လေ့ကျင့်ပေးပါ။ ဒါမှသာ လေ့ကျင့်ခန်းတစ်စုံပြီးမှာ ဖြစ်ပါတယ်။ ဦးခေါင်းလက်တစ်ဆန့်  တွန်းတင်ရာမှ အလေးကို ပခုံးပေါ်သို့ပြန်ချခြင်း၊ ကြမ်းပြင်သို့ ဆင်းခြင်းများ ပြုလုပ်တဲ့အခါမှာ ညင်ညင်သာသာ ဆင်းသက်ပါ။ ခပ်လောလောပြုလုပ်ရင် ခြေချော် ကျခြင်း၊ ခြေခေါက်ခြင်းများ ဖြစ်တတ်သည်ကို သတိပြုပါ။ (ဒီလေ့ကျင့်ခန်းဟာ ပခုံးကြွက်သား၊ တင်းပါးနဲ့ ခြေသလုံးကြွက်သားများကို သန်မာစေပါတယ်။) ၈ကြိမ် x ၃ ကျော့ပြုလုပ်ပါ။

တတိယလေ့ကျင့်ခန်းကတော့ WALKING LUNGE WITH DUMBELL (ဒမ်ဘယ်လ်ဖြင့် ခြေဒူးညွတ်
 လေ့ကျင့်ခန်း) တင်းပါးအကျယ်အတိုင်း ဒမ်ဘယ်လ်တစ်ကို ဖော်ပြပါပုံအတိုင်း ကိုင်ထားပါ။ ၀မ်းဗိုက်ကြွက်သားများ  ညှစ်ထားပြီး နံအိမ်ကို မြှင့်တင်ထားပါ။အဲဒီအနေအထားမှ ခြေလှမ်းခပ်ကျယ်ကျယ်
လှမ်းပြီး ဒူးကိုညွှတ်ချလိုက်ပါ။ ရှေ့သို့ထုတ်လိုက်တဲ့ခြေဟာ ကြမ်းပြင်နဲ့ ဒေါင်လိုက်အနေအထားရှိနေရ
ပါမယ်။ နောက်ခြေမှာ ကန်အားအဖြစ်ထားရှိပြီး ကြမ်းပြင်ကို ထောက်ထားပါ။အဲဒီအနေအထားမှ ရှေ့ခြေကို
 ပြန်ဆန့်ပြီး နောက်သို့ရုပ်လိုက်တဲ့အခါ မူလ အနေအထားကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ညာခြေရှေ့ထုတ်ပြီးရင် နောက်ခြေကို တစ်လှည့် ရှေ့ထုတ်ပြီး လေ့ကျင့်ပေးရင် လေ့ကျင့်ခန်းတစ်စုံ ပြီးဆုံးသွားမှာဖြစ်ပါတယ်။ (ဒီလေ့ကျင့်ခန်းဟာ ပေါင်နောက်ကြွက်သား၊ ဒူးခေါင်းထိပ်ရှိကြွက်သား၊ တင်ပါးနဲ့ ခြေသလုံးကြွက်သားတွေကို သန်မာ စေပါတယ်။) ၆ကြိမ် x ၃ကျော့ ပြုလုပ်ပါ။
အထက်က ဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေအပြင် တွဲဖက်လေ့ကျင့်ပေးရမယ့် လေ့ကျင့်ခန်း (၃)ခုကတော့ BEHIND THE NECK PRESS (မတ်တပ်ရပ်လျက် ပခုံးပေါ်တင်ထားတဲ့ ဘာဘယ်လ်ကို ဦးခေါင်းလက်တစ်ဆန့် တွန်းတင်ခြင်း) ABDOMINAL CRUNCH WITH A TWIST (ခါးလိမ်ပြီး အိပ်ထမတင် လေ့ကျင့်ခန်း)နဲ့ BASIC ABDOMINAL CRUNCH (အခြေခံ အိပ်ထမတင် လေ့ကျင့်ခန်း
တွေပါ၊ ပူးတွဲလေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ ပထမလေ့ကျင့်ခန်း ကို ၁၀ကြိမ် x ၃ကျော့ ပြုလုပ်ပါ။ ဒုတိယလေ့ကျင့်ခန်းကို ၁၅ကြိမ် x ၃ကျော့ ပြုလုပ်ပါ။ တတိယ လေ့ကျင့်ခန်းကို ၂၅ကြိမ် x ၃ကျော့ ပြုလုပ်ပါ။ဖော်ပြပါ လေ့ကျင့်ခန်းများဟာ လွယ်ကူရှင်းလင်းပြီးအမျိုးသမီးများအတွက် လေ့ကျင့်မှုမှာ လွယ်ကူရှင်းလင်းမယ်လို့ မျှော်လင့်မိပါတယ်။အားလုံးသော ဝင်ရောက် ဖတ်ရှုသူ အပေါင်း ကိုယ်စိတ်နှစ်ပါး
ချမ်းမြေ့နိုင်ကြပါစေ ။ ယခု လပိုင်းအတွင်း ကျွန်တော်နှင့်ကိုနိုင်ဦးတို့ ဆောင်းပါးရေးသားမှုများ
 နောက်ကျခဲ့ရင် နားလည်ခွငိ့လွတ်ပေးကြပါလို့ ပြောကြားလိုပါတယ်။
  တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com


2 comments:

  1. အကောင်းဆုံနဲ့အထိရောက်ဆုံးဖြစ်အောင် လူသုံးများတဲ့ facebook မှာ fun page တစ်လောက်ထောင်ပါ့လား ဒါမလူသိပိုများပြီး အမျိုးသမီး များပိုပြီး အကျိုးရှိလာမှာ မိမိအထင်ပါ ဆွေးနွေးချင်းသတ်သတ်ပါ

    ReplyDelete
  2. မကြာမှီလုပ်ဖို့ စဉ်းစားထားပါတယ်ညီလေး။နောက်ထပ်အကြံပြုချင်တာလေးများရှိယင်လည်းဝဲလ်ကမ်းပါကွာ။
    လေးစားလျက်---
    နိုင်ဦး---၁၁၉

    ReplyDelete