arial" action="like" colorscheme="light">

Thursday, July 25, 2013

ချန်ပီယံတို့ ၏အကြုံပြုချက်များ

ကာယဗလချန်ပီယံတွေဆိုတာတစ်ချိန်ကအညတရတွေပါပဲ။ဒါပေမဲ့သူတို့ ရဲ့ မဆုတ်မနစ်တဲ့ဇွဲ၊လုံ့ လ
နှင့်၊အဖက်ဖက်ကကြိုးပမ်းအားထုတ်မှုများ၊ပေးဆပ်ခဲ့ရမှုများနှင့်ဂျင်မ်ထဲတွင်လည်း၊အကြိမ်တိုင်း၊
အကျော့တိုင်းကိုနာကျင်မှုပင်ပန်းမှု၊သွေးချွေးတို့ ဖြင့်ရင်းနှီးခဲ့ရမှုတို့ ကြောင့်ချန်ပီယံသရဖူကိုလှမ်း
ကိုင်နိုင်ခဲ့ကြခြင်းဖြစ်သည်။များစွာသောကာယဗလလေ့ကျင့်သူများသည်၊အခက်အခဲများကြောင့်
ပြေးလမ်းချော်ပြီးလိုရာမရောက်ပန်းမ၀င်ဖြစ်သွားကြသည်ကလည်းဒုနှင့်ဒေးပင်ဖြစ်သည်။ထိုကဲ့သို့ 
ကာယဗလ၀င်္ကဘာအတွင်း၊လမ်းလျောက်ရင်းလမ်းပျောက်နေသူများအတွက်ကမ္ဘာကျော်ကာယဗ
လချန်ပီယံအချို့ ၏စိတ်ဓါတ်အားပြည့်စေရာ၊လမ်းညွှန်ပေးနိုင်သည့်အကြံပြုချက်အချို့ ကိုတင်ဆက်
ပေးလိုက်ရပါသည်။
 အပြင်းထန်ဆုံးသောညှစ်အားတွေနဲ့ လေ့ကျင့်ခန်းတစ်ခုကိုတစ်ကျော့ထိထိခိုက်ခိုက်အလုပ်ပေးနိုင်
လျင်ကြွက်သားကြီးထွားမှုအတွက်လုံလောက်သည်ဖြစ်သည်။ကျွန်တော်ပြောတဲ့တစ်ကျော့ကနောက်
ဆုံးတစ်ကျော့ကိုပြောတာနော်။ခင်ဗျားကျွန်တော်ပြောတဲ့အတိုင်းလေ့ကျင့်ရင်သေချာတယ်နောက်တစ်
ကျော့ခင်ဗျားထပ်မလေ့ကျင့်နိုင်စေရဘူး။ကျွန်တော်ပြောသလိုကစားချိန်ခင်ဗျားရုပ်ကြည့်ရဆိုးနေမှာ
အမှန်ပဲ။ဒါပေမဲ့အဲဒါကပဲအကျိုးပြုတာကိုယုံစမ်းပါ။
ဒိုရီယံရိတ်စ်(မောင်အိုလံပီယာခြောက်ထပ်ကွမ်း)
 ကျွန်တော့်စိတ်ကသက်တောင့်သက်သာရေသာခိုချင်နေပါစေ။ကျွန်တော့်ခန္ဓာကိုယ်ကိုတော့ကျွန်တော်
မညှာတမ်းအကျော့တိုင်း၊လေ့ကျင့်တိုင်းမှာအလေးများများ၊နှင့်အားအကုန်ကစားပါတယ်။ကျွန်တော်
ဂျင်မ်ထဲဝင်လိုက်ပြီဆိုတာနဲ့ ဂျင်မ်ထဲကနေသက်တောင့်သက်သာပြန်ထွက်ဖို့ ဆိုတာမေ့လိုက်ပါတယ်။
ကျွန်တော်ကတော့ကိုယ့်စံချိန်ကိုချိုးရတာကိုမြတ်နိုးတတ်သူပါ။
ဘရန့် ခ်ျဝါရန်-အားနိုးကလပ်စစ်ချန်ပီယံနှစ်ထပ်ကွမ်း
 သာမန်လူမည်းလေးတစ်ယောက်ကိုအောင်မြင်မှုတွေဆီအရောက်ပို့ ပေးခဲ့တာကတော့ကာယဗလပါ။
ကျွန်တော့်လက်မောင်းဆယ့်ခုနှစ်လက်မလောက်တုန်း၊လေ့ကျင့်စဉ်ကတည်းကလက်မောင်းနှစ်
ဆယ့်လေးလက်မအတိုင်းအတာလောက်ကိုစိတ်ကူးပုံဖော်ပြီးကျွန်တော်လေ့ကျင့်ခဲ့တာပါ။ကျွန်တော်
အသေအချာပြောနိုင်တာကတော့ကျွန်တော့်စိတ်စွမ်းအားကြောင့်ပဲကျွန်တော်ဒီလိုအောင်မြင်လာခဲ့
တာပါ။
ကိုင်ဂရီန်း-အာနိုးကလပ်စစ်ချိန်ပီယံနှစ်ထပ်ကွမ်း
 လေ့ကျင့်စဉ်မှာသင့်ကြွက်သားတွေနာကျင်ကိုက်ခဲတာကိုခံစားရခြင်းကသာသင့်ကိုကြီးထွားစေတာပါ။
နာကျင်ခြင်းကသာမန်လူနဲ့ ချန်ပီယံကိုခွဲခြားနိုင်တဲ့မှတ်ကျောက်ပါ။အကယ်၍သင်ဟာနာကျင်ခြင်းကိုမ
ခံစားနိုင်ဘူးဆိုရင်ချန်ပီယံဖြစ်ရေးအိပ်မက်ကိုလက်လွှတ်လိုက်ပါတော့။
အာနိုးရွှာဇင်နက်ဂါး(မောင်အိုလံပီယာခုနှစ်ထပ်ကွမ်း)
 Motivation ဆိုတာကျွန်တော့်အတွက်ဘယ်တော့ကမှမလိုခဲ့ပါဘူး။ကျွန်တော်စတင်လေ့ကျင့်စဉ်က
ကျွန်တော့်ခန္ဓာကိုယ်ကိုကြီးထွားစေချင်လို့ ဂျင်မ်ကိုပုံမှန်သွားလေ့ကျင့်ခဲ့တာပါ။အခုဆိုပိုလို့ တောင်
စွဲမြဲနေပါပြီ။ဘာဖြစ်လို့ လဲဆိုတော့၊ကျွန်တော်ကပရော်ဖက်ရှင်နယ်လေ၊ဒါနဲ့ ပဲအသက်မွေးဝမ်းကြောင်း
ပြုနေရတဲ့အတွက်၊ပိုဂရုစိုက်ပြီးလေ့ကျင့်ပါတယ်။
ဒက်တာဂျက်ဆင်(2008-မောင်အိုလံပီယာချန်ပီယံ)
 သင်သန်မာသလောက်ကြီးထွားနိင်ပါတယ်။ကျွန်တော်စလေ့ကျင့်စဉ်ကငါဘယ်လောက်အလေးများ
များမနိုင်မလဲဆိုတဲ့စိတ်နဲ့ သွားလေ့ကျင့်ခဲ့တာပါ။အဲဒီစိတ်ကြောင့်ပဲကျွန်တော်သိလိုက်ရတာက၊ကျွန်
တော်ဘယ်လောက်သန်စွမ်းသလဲ၊အဲဒီလောက်ထွားကျိုင်းလာတယ်ဆိုတာပါပဲ။
ကီဗင်လက်ဗရုန်း(94၊95 အာနိုးကလပ်စစ်ချန်ပီယံ)
အခုကျွန်တော်လေ့ကျင့်ချိန်တိုင်း၊ကျွန်တော့်မျက်လုံးအစုံကိုမှိတ်ပြီး၊ကျွန်တော့်လေ့ကျင့်မည့်အကြိမ်
တိုင်းအကျော့တိုင်းအတွက်ကျွန်တော့်စိတ်ကိုမြှုပ်နှံထားလိုက်ပါတယ်။ကျွန်တော့်အတွက်ကတော့
လေ့ကျင့်တဲ့တစ်ကြိမ်စီတိုင်းကိုထိထိမိမိဖြစ်စေချင်တာပါ။ကျွန်တော်ဘယ်တုန်းကမှစိတ်လွတ်၊ကိုယ်
လွတ်ပုံမကျပန်းမကျမလေ့ကျင့်ဖူးပါဘူး။အရည်အတွက်ထက်အရည်အချင်းကအဓိကပါ။
ဂျေးကတ်လာ(လေးထပ်ကွမ်းမောင်အိုလံပီယာ)
 
ကျွန်တော်ကတော့လေ့ကျင့်ရေးကိုယ်ပိုင်မှတ်တမ်းထားပါတယ်။ပြင်းပြင်းထန်ထန်လေ့ကျင့်လေလေ၊
ကြီးထွားလေလေဆိုပြီးကျွန်တော်ခံယူထားပါတယ်။အဲဒါကြောင့်ကျွန်တော့်စံချိန်ကိုကျွန်တော်ပြန်ချိုး
ဖို့ အမြဲတမ်းကြိုးစားပါတယ်။အလေးများများဖြင့်လေ့ကျင့်ခြင်းဟာ၊ကြွက်သားတွေကိုပိုပြီးသိပ်သည်း
စေပြီး၊ကာယဗလမောင်များကိုလူရိုသေရှင်ရိုသေအသွင်အပြင်မျိုးဖြစ်စေပါတယ်။
ခရစ်ကော်မီယာ(လေးထပ်ကွမ်းသံမဏိမောင်ချန်ပီယံ)
လူသာမန်တွေလိုဂျင်မ်ကိုဘယ်တော့မှမသွားပါနဲ့ ။ကျွန်တော်၊ကတော့သေသေ၊ကြေကြေပါပဲ။
ကျွန်တော့်အောင်မြင်မှုအတွက်အဲဒါကလိုအပ်ပါတယ်။ကျွန်တော်ဟာဘယ်နေရာမှာမဆိုပြိုင်ဆိုင်
လိုစိတ်ပြင်းထန်တဲ့သူပါ။
ရစ်ခ်ျဂတ်စ်ပါရီ(89-အာနိုးကလပ်စစ်ချန်ပီယံ)
ကျွန်တော်ဘတ်စကတ်ဘောကစားစဉ်ကနာရီပေါင်းများစွာလေ့ကျင့်ခဲ့သူပါ။ကာယဗလသမားဖြစ်
လာချိန်မှာတော့ဂျင်မ်ဟာကျွန်တော့်ဘ၀ဖြစ်လာတော့တာပါပဲ။ကျွန်တော်ကာယဗလစတင်လေ့ကျင့်
စဉ်မှာဘာမှမသိသေးပေမဲ့၊များများအချိန်ပေးလေ့ကျင့်လေလေ၊ကျွန်တော်ကာယဗလကိုချစ်လာလေ
လေပါပဲ။လူတွေကကျွန်တော့်ကိုဂျင်မ်ထဲကကြွက်လို့ သမုတ်လေလေကျွန်တော့်ပြောင်းလဲမှုတွေကသိ
သာလေလေဖြစ်တဲ့အတွက်ကျွန်တော်၊ပိုလို့ တောင်အချိန်ပေးပြီးလေ့ကျင့်ပါတယ်။
ဖီလ်းဟိသ်(နှစ်ထပ်ကွမ်းမောင်အိုလံပီယာ၊လက်ရှိချန်ပီယံ)

အထက်ပါစကားစုလေးများကတော့ပရော်ဖက်ရှင်နယ်အဆင့်ကာယဗလချန်ပီယံတို့ ရဲ့ ခံယူချက်၊
နှင့်အမြင်လေးတွေပါပဲ။ဒါတွေကိုအကုန်အတုခိုးရမယ်လို့ မဆိုလိုပါဘူး။သို့ သော်မိမိနှင့်ပါတ်သက်
တာလေးတစ်ခုလောက်ကိုတော့ယူသုံးနိုင်မယ်ဆိုရင်တော့ရေးရကျိုးနပ်ပါတယ်။မကြာမှီကာယဗလ
ချန်ပီယံများ၏လေ့ကျင့်နည်းများကိုလည်းတင်ဆက်ပေးသွားပါဦးမည်။

လေးစားလျက်----
 
နိုင်ဦး---၁၁၉


1 comment:

  1. အခုလို ရမဇာန်လ မှာမနားဘဲ postတွေ ရေးပေးနေတာကျေးဇူးတင်ပါတယ် လေးစားပါတယ်
    ရမဇာန် ပြီးရင် great tranformation လုပ်မှာ
    တစ်နှစ်နဲ့ တစ်နှစ် စံချိန် ရအောင်ချိုးမှာပါ

    ReplyDelete