arial" action="like" colorscheme="light">

Sunday, July 21, 2013

သင် အိပ်ရေးပျက်တာများနေပြီလား

အိပ်စက်ခြင်း ဆိုသည်မှာ မွေးဖွားသည်မှ နောက်ဆုံးထွက်သက် အထိ လူသားတိုင်းနေ့စဉ် ကြုံတွေ့ နေကြ ရသော ဘုရားသခင်ပေးစွမ်းထားသော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင်မင်္ဂလာတစ်ခုပင်ဖြစ်သည်။
 ကောင်းမွန်စွာ အိပ်စက်ခြင်းသည် လူသားတစ်ဦးအတွက် ကျန်းမာရေး အကျိုးကျေးဇူးကောင်းများ
 ပေးစွမ်းနိုင်သလို ထိုအလကားရသည့် အိပ်စက်ခြင်းကို ပေါ့ပျက်ပျက်အတွေးမျိုးဖြင့် ဖြစ်ကတတ်ဆန်း နေထိုင်ပြုမှုစားသောက်တတ်ပြီး အိပ်စက်ချိန် မလုံလောက်သူသည် ဆိုးရွားသောကျန်းမာရေး အခြေအနေတစ်ခုကို ဆိုက်ရောက်သွားနိုင်ကြောင်း သတိထားသင့်သည်။တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှကို အကောင်ဆုံးပြန်လည် အားဖြည့်တင်းရာတွင် ကျွှန်တော်တို့သည် အာဟာရ ပြည့်ဝအောင် ပြန်လည် စားသောက်တတ်ရုံနှင့်မပြီးပေ ဘက်ထရီ တစ်တုံးနှင့် တူသည် ကျွှန်တော်တို့ဧ။် ကိုယ်ခန္ဓာကြီးကို တစ်ညတာ ၈နာရီခန့်မျှ အိပ်စက်ခြင်းဆိုသည် ချာဂျင်ပြန်လည် သွင်းပေးနိုင်မှသာ နောက်တစ်နေ့မနက်တွင် ကြည်ကြည်လင်လင် တက်တက်ကြွကြွနှင့် လုပ်ငန်းဆောင်တာ များကို ဦးစီးဆောင်ရွက်နိုင်မည်ဖြစ်သည်။ထိုအချက်သည် ကျွှန်တော်တို့အတွက် အိပ်စက်မှုလုံလောက်ခြင်းမှ ပေးစွမ်းသော သိသာထင်ရှားသည့် အကျိုးကျေးဇူးပင်ဖြစ်သည်။အိပ်စက်မှု မလုံလောက်သော ညတစ်ညတာဧ။် နောက်နေ့သည် သင့်အတွက် အရာရာကို အဆိုးမြင်စေနိုင်သည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမှုများ၊ လုပ်ငန်းခွင်အတွင်း ကြည်ကြည်လင်လင်မရှိ၍ အများအယွင်းများကြုံတွေ့နိုင်ခြင်း နှင့် အခြားသော အကျိုးဆက်များသည် ထိုတစ်နေ့လုံး သင်ရရှိမည့် အိပ်စက်မှု မလုံလောက်ခြင်းဧ။် အကျိုးအပြစ်များပင်ဖြစ်သည်။ အိပ်စက်ခြင်းနှင့် ပတ်သက်ပြီး ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် လုံလောက်အောင် မအိပ်စက်ခြင်းဧ။် နောက်ကွယ်မှ အကျိုးအပြစ်များကို ဤဆောင်းပါးတွင် အနည်းငယ် အကျဉ်းချုံ ရေးသားတင်ပြလိုပါသည်။ အမှန်တွင် အိပ်စက်မှုနှင့် ပတ်သက်သည့် အကျိုးအပြစ်များကို ရေးသားပါက ဤ ဆောင်းပါးတစ်ပုဒ်ထဲနှင့် မပြီးနိုင်ပေ။ထိုကြောင့် လိုရင်း အချက်အချို့ကိုသာ ရေးသားပေးရခြင်းဖြစ်ပါသည်။
(၁)။မိမိဧ။် စိတ်ဆန္ဒအရဖြစ်စေ ၊ အလုပ်အကိုင် ၊ မမာမကျန်းဖြစ်မှု ၊မူးယစ်ဆေးသုံစွဲမှုကြောင့် ဖြစ်စေ ၅ ရက်မှ ၁၀ ရက်အထိ မအိပ်စက်သူသည် စိတ်ပိုင်းဆိုင်ရာ လွဲမှားသော အယူအဆ ( ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ၊ မိမိကို တစ်ပါးသူက မကောင်းကြံသည်ဟု ထင်မြင်ခြင်း ၊သွေးလေချောက်ခြားပြီး ကယောင်ကတမ်းပြောခြင်း) တို့ ခံစားနိုင်သည်ဟု အိပ်စက်မှု ကျွမ်းကျင်ပညာရှင်  ဒေါက်တာဂျိန်းစ်ဘီမတ်စ် က ပါဝါစလိ(ပ်) စာအုပ်တွင် ရေးသားသတိပေးခဲ့သည်။
(၂ )။ ဆီးချိုရောဂါသည်များအတွက် လေ့လာမှုအရ၂၀၀၁ ခုနှစ်တွင် အမေရိကန် ဆီးချိုရောဂါ အသင်းဧ။် လေ့လာမှုတွင် အသက် ၂၃ မှ ၄၂ နှစ်ကြားရှိ ကျန်းမာပြီး အ၀လွန်မှုမရှိသော လူငယ်များတွင် ရေရှည် အိပ်ရေူးပျက်ခြင်းသည် အင်ဆူလင်ဟော်မုန်းဓာတ်ဧ။် အလုပ်လုပ်နိုင်မှု စွမ်းရည် လျော့ပါးစေကြောင်း တွေ့ရှိခဲ့သည်။
(၃ )။အိပ်ရေးပျက်ခြင်းသည် ကိုယ်ခန္ဓာကြီးထွားမှု အတွက် အဓိကဖြစ်သော ကြီးထွားဟော်မုန်း ထွက်ရှိမှုကို လျော့ပါးစေပြီး ကာဘိုဟိုက်ဒရိတ်စ် စားသုံးမှုကို တပ်မက်စေသည့်အရာကို ချိုးနှိမ်ပေးသည့် လက်ပတင်ဓာတ် ထွက်ရှိမှုကိုလည်း လျော့နည်းစေသည်။ထိုကြောင့် ကျွှန်တော်တို့လို ကာယဗလ လေ့ကျင့်လိုက်စားသူများသည် အိပ်စက်ခြင်းကို လွယ်လွယ်မဖြုန်းတီးသင့်ကြောင်း သတိပြုသင့်ပါသည်။ကြီးထွားဟော်မုန်းသည် အိပ်ပျော်နေချိန်တွင် ထွက်ရှိပြီးဆဲလ်များ ကို အသစ်ပြန်လည်မွမ်းမံရာတွင်များစွာ အထောက်အကူပြုသည်။
(၄)။အမျိုးသမီးများတွင် အဖြစ်များဆုံး ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းသည်လည်း အိပ်စက်ခြင်းနှင့် ဆက်စပ်နေသည်။ တစ်ပတ်လျင် တစ်ည သို့မဟုတ် ထိုထက်ပို၍ အိပ်စက်မှုကို လစ်ဟင်းနေကြသည့် အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်ပွားမှုအတွက်  အိပ်စက်မှုမရှိသော တစ်ညစီအတွက် ၁၄ ရာခိုင်နှုန်း မြင့်မားနေသည်။အဆိုပါ လေ့လာမှု အဆိုအရ ညပိုင်းတွင် အလင်းရောင်နှင့် ထိတွေ့နေကြရသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်ပွားမည့် ပိုမိုမြင့်မားသော အန္တရာယ်ရှိနေသည်။
(၅)။အိပ်ရေးပျက်ခြင်းသည် အခြေခံကျသော ခန္ဓာကိုယ်ဆိုင်ရာ အလုပ်လုပ်ဆောင်မှုများကို ပြောင်းလဲစေသသည် ဟု ချီကာဂိုဆေးတက္ကသိုလ်မှ သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။
(၆)။ခန္ဓာကိုယ်အတွင်း ဟောမုန်းဓာတ် အပြောင်းအလဲ ဖြစ်ခြင်းသည်လည်း အိပ်ချိန်မလုံလောက်မှု အပေါ်တွင် မူတည်နေသည်။အိပ်ရေးပျက်ခြင်းသည် သိုင်းရွိုက်လှုံ့ဆော်မှုပေးသော ဟော်မုန်းဓာတ် ထွက်ရှိမှု ဟန့်တားပြီး သွေးထဲတွင် ရှိသည့် ကော်တီဆော်လ် ဟော်မုန်းပမာဏ ကိုများပြားစေသည်။ ကော်တီဆော်လ်သည် ကာယဗလ အားကစား လိုက်စားသူများအတွက် အကြီးမားဆုံးရန်သူဆိုလည်း မမှားပေ။
(၇)။ အိပ်စက်ချိန် မလုံလောက်ခြင်းသည်လည်း အိုမင်းရင့်ရော်မှုကို ဖြစ်စေကြောင်း ချီကာဂိုလ် တက္ကသိုလ်မှ သုတေသတ အဖွဲခေါင်းဆောင် ပါမောက္ခ အီဗီမင်န်ကောတာ က အိပ်ရေးပျက်ခြင်းသည် အိုမင်းရင့်ရော်မှုဧ။် လက္ခဏာ အပေါင်းအမှတ်အသားကို တိုးပွားစေကြောင်း ပြည့်စုံလုံလောက်သော အိပ်စက်ခြင်းသည် အရေးအကြောင်း ဖြစ်ပွားမှုကို လျော့နည်းစေကြောင်း ရှာဖွေလေ့လာခဲ့ကြသည်။
(၈)။ပုံမှန်အိပ်စက်ချိန်ထက် ( ၃ )နာရီခန့် လျော့နည်းကြသည့် စက်ဘီးစီးသူများအား ပြင်သစ်သုတေသီများဧ။် လေ့လာချက်အရ သူတို့ဧ။် နှလုံးခုန်နှုန်းသည် ပိုမိုမြင့်မားနေကြပြီး အောက်စီဂျင် ရယူနိုင်သည့် စွမ်းအား လျော့နည်းနေကြသည်။တစ်ညတွင် အိပ်စက်ချိန် ( ၄ )နာရီမျှ လျော့နည်းခြင်းပင် လူတစ်ဦးဧ။် စွမ်းဆောင်ရည်ကို ၄၅ ရာခိုင်နှုန်း လျော့နည်းစေသည်။
(၉)။သာမန်မျှသော အိပ်ရေးပျက်ခြင်းသည်ပင် ခေါင်းကိုက်ခြင်း မကြည်မလင်ဖြစ်ခြင်း ၊ စိတ်တိုလွယ်ခြင်း နှင့် နေ့ပိုင်းတွင် မောပန်းခြင်းတို့ ဖြစ်စေနိုင်ပြီး ရေရှည် အိပ်ရေးပျက်ခြင်းသည် လိင်စိတ်ကို လျော့နည်းစေကာ ပန်းသေ ပန်းညှိုးဝေဒနာ ဖြစ်နိုင်ခြေများသည်။
( ၁၀ )။၁၈၉၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည် ပြင်သစ်လေ့လာမှု အရ အိပ်စက်မှု လု့းဝမရှိသည့် ခွေးများသည် ဦးနှောက်တွင်း သွေးယိုစိမ့်မှုပေါင်းများစွာနှင့် သေဆုံးခဲ့ကြသည်။ထိုခွေးများသည် ၁၃ ရက်ခန့်အိပ်စက်မှု လုံးဝ မရှိခြင်းကြောင့် ယခုလို ဖြစ်ပွားခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိခဲ့သည်။
( ၁၁ )။ အိပ်ရေးပျက်ခြင်းသည် ခန္ဓာကိုယ်ဧ။် ရောဂါ ကာကွယ်ရေးစနစ်ဖြစ်သော သဘာဝ သတ်ဖြတ်ေ၇းသမား ဆဲလ်များ ကို ပျက်စီးစေပြီး နံနက် ( ၃ )နာရီအထိ မအိပ်စက်ပဲ နှိုးကြားနေသည် လူများတွင်ထိုဆဲလ် အရေအတွက် ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းနေသည်။
( ၁၂ )။ ထိုဆဲလ်များသည် ခန္ဓာကိုယ်တွင်း ကင်ဆာ အကျိတ်များဖြစ်ပွားခြင်းကို ကာကွယ်ပေးသောကြောင့် ထိုဆဲလ် အရေ အတွက် လျော့နည်းခြင်းသည်လည်း ကင်ဆာ ရောဂါကို လက်ယပ်ခေါ်သလို ဖြစ်နေမိသည်။
(၁ ၃)။ Queen University မှကျောင်းသားပေါင်း ( ၁၇၀၀၀ )ကိုလေ့လာမှုအရ အိပ်စက်ချိန် ၈ နာရီရှိသူ ကျောင်းသားကျောင်းသူ အများစုဟာ အခြား အိပ်ရေးပျက် ကျောင်းသားကျောင်းသူများထက် ၆၃ ရာခိုင်နှုန်း စိတ်ခံစားချက် ၊ မှတ်သားနိုင်မှုစွမ်းရည် ၊ ပျော်ရွင်ဖွယ်ခံစားမှု မြင့်မားနေတာတွေ့ရပါတယ်။
( ၁၄)။ ကယ်လိုရီ လောင်ကျွမ်းမှု နှင့်ပတ်သက်ပြီး Hendrix Collage မှသုံးပတ်ခွဲပြီး လေ့လာမှု ပြုလုပ်ခဲ့ရာမှာ ပထမ အပတ်တွင်  ပုံမှန်အစားအစာကိုစားစေပြီး သူတို့ရဲ့အိပ်ချိန် တစ်ည ၆နာရီအတိုင်းအိပ်စက်စေပါတယ်။ ဒုတိယအပတ်မှာ ပုံမှန်အိပ်နေကျထက် ၂ နာရီ ပိုအိပ်စေကာ တတိယ အပတ်မှာ ပထမ အပတ်မှ သူများထက် ၂နာရီ လျှော့အိပ်စေပါတယ်။လေ့လာမှုအရ ဒုတိယ အပတ် ၂နာရီ ပိုအပ်သူတွေဟာ ပထမ အပတ်ပုံမှန် အိပ်သူများထက် ကယ်လိုရီလောင်ကျွမ်းမှုများသာတွေ့ရပြီး ၂နာရီ လျှော့အိပ်သူများမှာ အစားပိုစားပြီး ကယ်လိုရီ တိုးလာသာတွေ့ရပါတယ်။ သုတေသီများဧ။် အဆိုအရ တစ်ညလျင် ၈ နာရီခန့်ပုံမှန် အိပ်စက်ပါ။
( ၁၅ )။အမျိုးသမီးအများစုသည် အမျိုးသားများထက် အသက်အရွယ် ရလာသည်နှင့်အမျှ အိပ်စက်ချိန် လျော့နည်းလာပြီး ခန္ဓာကိုယ်အလေးချိန်ပိုလာခြင်းသည် အိပ်ရေးပျက်ခြင်းနှင့် ဆက်နွယ်နေကြောင်း ထိုကြောင့် အိပ်ရေးဝလင်စွာ အိပ်စက်ခြင်းသည် အ၀လွန်ခြင်းကို ကာကွယ်ရာ ရောက်သည်။
(၁၆ )။ သင်အနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ စွမ်းဆောင်ရည် ပြည့်ဝစေချင်ရင် လုပ်ငန်းခွင်မ၀င်မှီ ၂၆ မိနစ်ခန့် အိပ်စက်လိုက်ပါ အတွေးအခေါ်ကောင်း အကြံအစည်ကောင်းတွေ ထွက်လာမယ်လို့ ကယ်လိဖိုနီးယား တက္ကသိုလ်မှ လေ့လာသူ သုတေသီအချို့က ဆိုပါတယ်။
( ၁၇)။အပေါ်မှာ ရေးသားပြီးသလိုပါပဲ အိပ်ရေးပျက်ခြင်းသည် ခုခံအားစနစ်ကို ထိခိုက်စေပြီး အများနှင့်မတူ အလွယ်တကူ ဖျားနာကိုက်ခဲလွယ်သည် ဗိုင်းရပ်စ်ပိုးများ ၀င်ရောက်နိုင်သည်။
( ၁၈ )။ ကောင်းမွန်စွာ အိပ်စက်ခြင်းသည် ခန္ဓာကိုယ်တည်ဆောက်သူ ကြွက်သားထုထည် တိုးပွားစေလိုသူ များအတွက် သဘာဝဧ။် အကောင်းဆုံး ဆေးတစ်မျိုးဖြစ်သည်။ကောင်းမွန်စွာ အိပ်စက်ခြင်းမှ ဟောမုန်းဓာတ်ထွက်ရှိမှု အားကောင်းစေကာ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဟော်မုန်းကို ညီညွတ်မျှတစေသည်။
( ၁၉ )။အိပ်ရေးပျက်ခြင်းသည် အစားကိုပိုစားစေတယ်ဆိုတာ သင်မယုံမရှိပါနှင့် အထူးသဖြင့် အချိုစာနှင့် သကြားပါဝင်မှုများသော အစားအစာများကို ပိုမိုတပ်မက်စေကာ ကယ်လိုရီ ပိုလျှံမှုကို ဥိးတည်ပြီး အ၀လွန်ခြင်း ကို ဖြစ်စေပါသည်။ အိပ်စက်ခြင်းကို ပေါ့ပေါ့တန်တန်တွေးပြီး ဖြစ်သလိုနေခြင်းဧ။် အကျိုးအပြစ်များသည် များပြားလှပါသည် ယခုဖော်ပြချက်များသည် အကျဉ်းချုပ်မျှသာဖြစ်သည် ထိုမျှမကသော ကျန်းမာရေး အတွက်ထိခိုက်သည့် အချက်များရှိပါသေးသည်။ဒါ့ကြောင့်  ငွေကြေးသာ အကြွေးတင်ခံပါ အိပ်စက်ချိန်ကို သင့်အနေနဲ့ အကြွေးမတင်မိပါစေနှင့်။ အိပ်စက်မှု ပျက်ကွက်ခြင်းဧ။် အပြစ်တွေက များပြားသလို အိပ်စက်မှု မှန်ကန်ခြင်းမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများလည်း များစွာရှိပါတယ်။သင်မယုံလျင် တစ်ပတ်ခန့် မအိပ်စက်ပဲ နေကြည့်လိုက်ပါ ဘယ်လိုမျိုးခံစားရသလဲဆိုတာလေးပေါ့ ကျွန်တော်ကတော့ အကိုတစ်ယောက် အိပ်ရေး တစ်ပတ်ခန့်ပျက်ပြီး ကြောင်တောင်တောင် နှင့် တစ်လခန့် ဆေးကုလိုက်ရတာ ကြုံဖူးပါသည်။အားလုံးအိပ်စက် ခြင်းကို တန်ဖိုးရှိရှိ အသုံးချနိုင်ကြပါစေ။ပုံမှန် အိပ်စက်ချိန်သည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။လွန်ကဲသော အိပ်စက်ခြင်းသည်လည်း ဆိုးကျိုးများစေပါသည်။
 တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com

1 comment:

  1. တစ်ရက် အိပ်ရေးပျက်လျှင် ဆယ်ရက်ပြန်အိပ်တောင် အိပ်ရေးမဝဘူး
    ရှေးဆိုရိုးစကား
    facebook တွင် shareထားပါသည်

    ReplyDelete