arial" action="like" colorscheme="light">

Tuesday, May 7, 2013

အားကစားနှင့် ကိုယ်ကာယလှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း



     ယနေ့ကာလတွင် “အားကစားနှင့် ကိုယ်ကာယလှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း” ၏ အရေးပါမှုကို ကမ္ဘာ့ ဆေးပညာ လောကအပါအ၀င် တစ်ကမ္ဘာလုံးက အသိအမှတ်ပြု လက်ခံရလာပြီ ဖြစ်သည်။
    သို့သော်လည်း အားကစားနှင့် ကိုယ်ကာယလေ့ကျင့်မှုများ ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို တိတိကျကျသိသူ နည်းပါးလျက်ပင် ရှိပါသေးသည်။ အားကစားနှင့် ကိုယ်ကာယလှုပ်ရှားမှုများ ပုံမှန် ပြုလုပ်ခြင်းသည် အသက်ရှည်ရေးအတွက် အဘယ်သို့ အကျိုးပြုနေသနည်းဆိုသော မေးခွန်းကိုလည်း ဆေးပညာရှင် အများစုက အမျိုးမျိုး ချီးကျူးပြောဆို နေကြသည်များလည်း ရှိကြောင်း စာဖတ်သူတိုင်း နားလည် သဘောပေါက်မယ် ထင်ပါတယ်။ဒါကြောင့်လည်း အားကစား သည် ကျန်းမာရေး ကို ဘယ်လို အကျိုးပြုတယ်  ၊ ဘာကြောင့် အားကစားပြုလုပ်သင့်တယ် ဆိုတာတွေသာမက  အားကစားနှင့် နွယ်သည့် အခြားသော ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အချို့နှင့် ကာယဗလဆိုင်ရာ ဗဟုသုတများကို ရေးသားတင်ဆက် လာခဲ့သည်မှာ အားပေးသူ အတော်အသင့် ရရှိလာ၍ အထူးပဲ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ကျွန်တော်တို့ဧ။် ကိုယ်ပိုင်အချိန်လေးများမှ တတ်နိုင်သလောက် အချိန်ပေးပြီး ရေးသားတင်ဆက်ပေးမှု များအပေါ် အားပေးစကား ၊ချီးကျူးစကား ပြောကြားပေးသူများရှိသလို မထိတထိ ပြောစကားများ ၊ပျက်စီးရာပျက်စီးကြောင်းစကားများ ၊အသိအမှတ်မပြုသည့် အထင်သေးပုံစံဖြင့် ပြောကြားနေသူများလည်း ရှေ့တင်တစ်မျိုး နောက်ကွယ်တစ်မျိုး ကြားနေရသည်မှာ မြန်မာ ဖစ်တနက်စ် စတင်ပြီး လူသိနည်းနည်းများလာချိန်မှ စတင်ပါသည်။ ကျွှန်တော်တို့  မြန်မာဖစ်တနက်စ်  ဆိုက် အညွန်း ကြော်ငြာလေး  The Voice မှာ ပါလာကတည်းက တစ်ချို့ ရင်းနှီးသူ ကာယဗလနယ်ပယ်ထဲမှ ၄ ယောက်လောက်က ဖုန်းဆက်ပြောကြသည်။ ပထမဦးဆုံး အသိပေးသူ တစ်ယောက်က အကိုတို့ ဆိုက် ကြော်ငြာလေး ဂျာနယ်မှာ ပါလာတယ် အကို ဂုဏ်ယူပါတယ် ဘာညာပေါ့။ သူပြောမှ ကျွန်တော်လည်း သိလို့   ကိုနိုင်ဦးကို ဖုန်းလှမ်းဆက် အကြောင်းကြားပါတယ်။ အကျိုးအကြောင်းပြောပြီး သိပ်မကြာပါဘူး နောက်တစ်ယောက် ဖုန်းဆက်လာပါတယ် မင်းတို့ဆိုက်ကို ဂျာနယ်ထဲမှာ ကြော်ငြာတွေ့တယ် ဘယ်လောက်ပေးရလဲ ဘာလို့ကြော်ငြာတာလဲ  နာမည် ရချင်လို့လား လူသိများချင်လို့လား စသည့်ဖြင့် ခနဲ့တဲ့တဲ့  စကားများဖြင့်သာ သူကချည်း တစ်ဖက်စောင်းနင်းပြောနေသည် ကျွန်တော်တောင် အခုနကမှ သိကြောင်း ပြောတော့ သူမယုံချင်ပါ ။ မတတ်နိုင် သူယုံအောင်လည်း ကျွှန်တော်ထပ်ကာ ထပ်ကာ ရှင်းပြနေစရာမလို ကိုယ်လိပ်ပြာ ကိုယ်လုံပါသည်။ နောက်ထပ်လည်း အားပေးစကား ပြောကြားသူတွေ ရှိပါသည်။ ကျွန်တော်တို့သည် အားပေးစကားပြောကြားမှု အပေါ်တွင်လည်း မက်မောတမ်းတစွာဖြင့် ဂုဏ်ယူဝင့်ကြွားပြီး မနေတတ်သလို မနာလို၍ စကားနာထိုးလာမှု အပေါ်တွင်လည်း ခေါင်းငုံ၍ စိတ်ဓာတ်ကျသွားမည့် လူစားများထဲတွင်လည်းမပါပါ။

 ငွေမလိုပါ ၊ ရွှေမလိုပါ ။ ၀ါသနာ ကိုအခြေခံပြီး ရေးသားတင်ဆက်ပေးနေရုံက လွဲပြီး အကျိုးအမြတ်ဆိုတာ ကော့မင့်ပါလို့  ပြောကြားလိုပါတယ်။ ၀ါသနာပါသူ မည်သူကိုမဆို ဖိတ်ခေါ်ပါတယ် ကျွှန်တော်တို့နဲ့ လက်တွဲဖို့အတွက် အမြဲတမ်း ကမ်းလင့်နေပါတယ်။ သို့သော် အပေါ်မှာ တင်ပြထားသလို လေတိုက်ခံနိုင်ရမယ် ၊ အကျိုးအမြတ် ကော့မင့်ရမယ်။ သဘောတူရင် ကိုနိုင်ဦး ရေးထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းလေး မာဆယ်ပရော်ဖက်ဆာ က တံခါးဖွင့်ထားပါတယ်။ ကျွန်တော် အခု တင်ပြပေးမှာက အားကစား လုပ်လို့ ရရှီလာတဲ့ အကျိုးကျေးဇူး အကြောင်းလေးပါ ပညာရှင် မြောက်များစွာ က အကျိုးကျေးဇူး အမျိုးမျိုး ကို ရေးသားတင်ဆက်ကြတဲ့ နေရာမှာ ပညာရှင် တစ်ယောက်မဟုတ်တဲ့ ကျွှန်တော်လေ့လာမိသလောက် ကျန်းမာရေး အတွက် အကျိုးကျေးဇူး ပေးနိုင်ပုံလေးကို တင်ပြရေးသားထားမှု လေးပါ။
ကိုယ်ကာယလေ့ကျင့်မှု၏ အကျိုးကျေးဇူးများ
(၁)    အားကစားနှင့် ကိုယ်ကာယ လှုပ်ရှားမှုသည် နှလုံးသွေး ညှစ်ထုတ်မှုအား (Blood Voume) တိုးတက် ကောင်းမွန်စေနိုင်သည်။
(၂)    နှလုံးခုန်နှုန်း (Heart Rate) လျော့နည်းစေသည်။ နှလုံးခုန်နှုန်းနည်းခြင်းသည် နှလုံးကို လုပ်အားသက်သာစေသည်။ နှလုံးလုပ်အားသက်သာသဖြင့် နှလုံးခွန်အား ပိုကောင်းစေသည်။
(၃)    ကိုလက်စထရောလ် အဆီများ (Cholesterol) ကျစေသည်။ ကိုလက်စထရောလ် များခြင်းသည် နှလုံးရောဂါ ဖြစ်စေမှုအန္တရာယ် ပိုများစေသည်။ ကိုလက်စထရောလ်နည်းခြင်းသည် နှလုံးရောဂါဖြစ် နိုင်မှု အန္တရာယ်ကို ကြိုတင် ကာကွယ်ပေးခြင်းဖြစ်သည်။
(၄)    သွေးပေါင်ချိန်မြင့်မားခြင်း (High Blood Pressure) ကိုကျဆင်းစေသည်။
(၅)    နှလုံး၊ အဆုတ်၊ သွေးကြောများ၊ ခွန်အားကြံ့ခိုင်မှု (Cardio res-piratory Fitness) တိုးတက်စေသည်။ (Cardio vascular Finess) ဟု အများခေါ်ဆိုသည်။ နှလုံး၊အဆုတ်၊သွေးကြော များ အားကောင်းကြံ့ခိုင်ခြင်းသည် ကျန်းမာအသက်ရှည်ခြင်းအတွက် အဓိကအကျဆုံး အချက်ဖြစ် သည်။ အေရိုးဗစ် လေ့ကျင့်မှုများသည် နှလုံး၊အဆုတ်၊သွေးကြောများ ကြံ့ခိုင်မှုကို အများဆုံးအ ထောက်အကူပြုသည်။

(၆)    အေရိုးဗစ်ကိုယ်ကာယ လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် အဆုတ်ခွန်အား (Lungs Capaity) ပိုမိုကောင်းမွန်စေပြီး လေရှုအားကောင်းမှုကိုတိုးစေသည်။ အောက်ဆီဂျင်ရှုအား ပို၍ကောင်းမွန်ပြီး လေရှုးအားကောင်းမှုကိုတိုးစေသည်။ အောက်ဆီဂျင်အား ပို၍ကောင်းမွန်ခြင်းဖြင့် ကိုယ်ခန္ဓာ၏ ဇီဝကမ္မဗေဒအလုပ်လုပ်မှုကို တိုးတက်စေသည်။
(၇)    အလေးဖြင့်ခွန်အားရှိအောင်လေ့ကျင့်မှုသည် အရိုးများသိပ်သည်းမှု (Bone Density) ပိုကောင်းခြင်း၊ ကြွက်သားများ ခွန်အား (Muscle Strength) တိုးတက်ခြင်း၊ ပိုမိုပျော့ပြောင်းခြင်း (Flrexibility) နှင့် ဦးနှောက်နှင့်ကြွက်သားများစည်းဝါးညီစွာ အလုပ်လုပ်မှု (Neuro- musclar Coordina- tion) ပိုမို ကောင်းမွန်တိုးတက်စေသည် ဤအချက်များသည် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုအတွက် အဓိကအရေးပါသော အချက်များဖြစ်သည်။
(၈)    စိတ်ဓာတ်ဖြတ်လတ်တတ်ကြွစေပြီး မိမိကိုယ်ကိုယုံကြည်စိတ်ချမှု (Self- Confidence) တိုးတက် စေကာ စိတ်ဖိစီးမှု (Stress and Anxiety) ကို လျော့နည်းစေသည်။ ဤအချက်များမှာ စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် အရေးကြီးဆုံး သော့ချက်များဖြစ်သည်။
(၉)    ကိုယ်ကျင့်တရား (Moral)နှင့် စည်းကမ်း (Discipline)တို့ တိုးတက်ကောင်းမွန်စေသည်။ ဤ နှစ်ချက်မှာ အရေးကြီးဆုံးနှင့် အမွန်မြတ်ဆုံး ကိုယ်ရည်ကိုယ်သွေး အရည်အချင်းများဖြစ်သည်။
(၁၀)    တစ်သက်တာ “ဘ၀ ဟန် ကောင်း” (Lifestyle)ကိုရရှိစေကာ အသက်ရှည်ရေး (Longevity)ကို အထောက်အကူပြုနိုင်သည်။
အသက်အရွယ်ပေါ်တွင်မူတည်သလား?
    ကိုယ်ကာယ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းသည် ကျား/မ မရွေး၊ သက်ကြီးသက်ငယ်မရွေး လူတိုင်းအားအထက်ပါ အကျိုးကျေးဇူးများကို ပေးနိုင်ပါသည်။
    ကိုယ်ကာယလေ့ကျင့်မှုများသည် ယေဘူယျအားဖြင့် အဓိကအားဖြင့် အောက်ပါ အကျိုးကျေးဇူး (၂)ခုကို ပေးစွမ်းနိုင်ပါသည်။
(၁)    ကြိုတင်ကာကွယ်မှု အကျိုးကျေးဇူး (Preventive Advantage) (၂) ကုသပေးခြင်းအကျိုးကျေးဇူး (Therapeutic Advantage) ကိုယ်ကာယလေ့ကျင့်မှုများသည် ဇရာကြောင့် ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်လာသည့် ယိုယွင်းပျက်စီးမှုများကို တားဆီးပေးနိုင်စွမ်းရှိပါသည်။ ကိုယ်ခန္ဓာပျော့ပြောင်းမှု နှင့် ကြွက်သားများခွန်အား သန်စွမ်းမှု လေ့ကျင့်ခန်းများကိုပြုလုပ်စေခြင်းဖြင့် အသက်အရွယ်ကြီးသူ များ၊ ယိမ်းယိုင်ပြီး ချော်လဲမှုမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ လှုပ်ရှားမှုမရှိသဖြင့် ခွန်အားလျော့ပြီး အိပ်ရာထဲတွင် လဲလျောင်းနေလျှင်ရရှိနိုင်မည့် “နောက်ကျောအပူလောင်ခြင်း” (Bed Sores)မဖြစ်ရေးကို အကျိုးကျေးဇူးဖြစ်စေပါသည်။ အဆစ်ရောင်ရောဂါ (Arthritis)နှင့် လေဖြတ်သူများအား ကြွက်သားခွန်အားတိုးတက်စေမှု အကျိုးကိုရရှိစေနိုင်ပါသည်။ ယခုခေတ်တွင် လွန်လွန်ကဲကဲပြင်းပြင်းထန်ထန် နှလုံးရောဂါရှိသူများမှအပ သာမန်အပျော့စား နှလုံးရောဂါဝေဒနာ ရှင်များကို ပင် ကိုယ်ကာယလေ့ကျင့်ခန်းများဖြင့် ကုစားပေးနေပါသည်။

ကိုယ်ကာယလေ့ကျင့်မှုစတင် ဆောင်ရွက်နည်း
    လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ မကျန်းမာသူဖြစ်စေ၊ နာလန်ထ လူမမာတစ်ဦးပင်ဖြစ်စေ“ ကိုယ်ကာယလေ့ကျင့်မှု အစီအစဉ်များ ပြုလုပ်လိုလျှင်မဖြစ်မနေ တိုင်ပင်သင့်သည့်ပုဂ္ဂို(၂)ဦး ရှိပါသည်” ၎င်းတို့မှာ- (၁) ဆရာဝန် (၂) နည်းပြဆရာတို့ဖြစ်ကြပါသည်။
    ဆရာဝန်က အထွေထွေ ကျန်းမာရေးအခြေအနေနှင့် သိသင့်သိထိုက်သည့်အရေးပါသော အရေးပါသော အချက်အလက်အချို့ကို စစ်ဆေးပေးရပါသည်။ ဥပမာအားဖြင့်- ထိုပုဂ္ဂိုတွင် နှလုံးရောဂါရှိမရှိ၊ ဆီးချိုရောဂါရှိမရှိ၊ တီဘီအဆုတ်ရောဂါရှိမရှိနှင့် အခြားရောဂါများ ရှိမရှိကို စစ်ဆေးပေးရပါသည်။ လိုအပ်ပါက ဓာတ်မှန်များပင်ရိုက်ရပါသည်။ ထို့အပြင် ထိုသူ၏ရောဂါ ဝေဒနာဖြစ်မှုမှတ်တမ်း (Clinical Records)ကို စစ်ဆေးခြင်း၊ လက်ရှိဆေးဝါးများ မှီဝဲမှုရှိမရှိကိုစစ် ဆေးခြင်းတို့ကို ပြုလုပ်ရပါသည်။ အရေးကြီးဆုံး ထိုသူ၏ အရိုးအဆစ်နှင့် ကြွက်သားများ၏ အခြေအနေတို့ကို စစ်ဆေးပြီး အခြေအနေအားလုံး ကောင်းမွန်မှသာလျှင် ကိုယ်ကာယလေ့ကျင့် ခန်းများ ပြုလုပ်ခွင့်ကို ထောက်ခံပေးရမည် ဖြစ်ပါသည်။
    ကိုယ်ကယယ လေ့ကျင့်ခန်းများနှင့်အားကစားမှုများ ပြုလုပ်ရန်  ဆရာဝန်၏ ထောက်ခံချက်ရရှိပြီး လျှင် ကိုယ်ကာယကြံ့ခိုင်မှုများနည်းပြဆရာ (သို့မဟုတ်) အားကစားလေ့ကျင့်ရေးမှုးတစ်ဦးဦးနှင့် တိုင်ပင်ဆွေးနွေးရပါမည်။ မိမိ၏ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေနှင့် သင့်လျော်မည့် လေ့ကျင့်မှုအစီအစဉ် (Training Programme)ကို ရေးဆွဲခိုင်းရပါမည်။ ဆရာမထားဘဲ မိမိဖာသာရမ်းပြီး ကစားခြင်းသည် မျှော်မှန်းသည့် တိုးတက်မှုကိုမရရှိစေရုံသာမက “လေ့ကျင့်မှု လွန်ကဲခြင်း” (Over training)နှင့် ထိခိုက်ဒါဏ်ရာရမှုများ (Injuries)ရရှိစေနိုင်သော အန္တရာယ်များ ရှိပါသည်။
တိကျသောရည်မှန်ချက်အတွက် ပြုလုပ်ပါ
    ကိုယ်ကာယလေ့ကျင့်မှု ပြုလုပ်လိုသူတစ်ဦးသည် မိမိ၏ရည်မှန်းချက်များကို ဆရာဝန်နှင့် အားကစားနည်းပြဆရာတို့ထံတွင် ပွင့်ပွင့်လင်းလင်းတင်ပြရမည် ဖြစ်သည်။ မိမိ၏ ရည်မှန်းချက် သည်- ပိုပြီးနေထိုင်ကောင်း၊ အထွေအထွေကြံ့မှု တိုးတက်မှုအတွက်လား (General Fitness) ကြွက်သားကြီးထွားမှု အတွက်လား (Muscle Gaining) ကြွက်သားခွန်အားသန်စွမ်းမှုအတွက်လား (Muscle Strength) ကိုယ်ခန္ဓာပျော့ပျောင်းမှုအတွက်လား (Fiexibility) ၀လွန်းသဖြင့် အဆီချလိုမှုအတွက်လား (Fat Reduction) စသည့် မိမိ၏ရည်မှန်းချက်ကို အသေအချာပြောပြရန် လိုပါမည်။ သို့မှသာ ဆရာဝန်ကလိုအပ်သည့် အထူးစစ်ဆေးမှုများပြုလုပ်ပြီး သင့်လျော်သောအကြံ့ ဥာဏ်များကိုပေးနိုင်မည် ဖြစ်ပါသည်။ နည်းပြဆရာ လေ့ကျင့်ရေးမှူးကလည်း မိမိနှင့်သင့်တော်မည့် လေ့ကျင့်ရေးအစီအစဉ်များကို ရေးဆွဲပေးနိုင်မည် ဖြစ်ပါသည်။ ဖြစ်နိုင်လျှင် အစားအသောက်  အဟာရဗေဒ ကျွမ်းကျင်သည့် အထူးဆရာဝန်များ (Nutritionists)နှင့် အဟာရအကြောင်း နားလည်သော နည်းပြဆရာများတို့နှင့်တိုင်ပင်သင့်ပါသည်။ သို့မှသာ ပိန်သောသူများဗလကြီးထွား အောင် မည့်သည့်အစားအသောက်များကို မည်သို့စားသောက်ရမည်။ ၀သောသူများ အဆီကျ အောင် မည်သို့လျော့စားသောက်ရမည်၊ ကျန်းမာကြံ့ခိုင်မှုကို အကျိုးမပြုသည့် မည့်သည့်အစား အသောက်များကို ရှောင်ရှားသင့်သည်စသည့်အဟာရဥပဒေ စည်းကမ်းများကို လိုက်နာနိုင်မည် ဖြစ်ပါသည်။

သက်ရှည်ကျန်းမာကိုယ်ခန္ဓာ
    ကိုယ်ကာယလေ့ကျင့်မှုများနှင့် အားကစားလေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့သည် “သက်ရှည်ကျန်းမာ ကိုယ်ခန္ဓာ” တစ်ခုရရှိရေးအတွက် အရေးပါဆုံး နည်းလမ်းဖြစ်ပါသည်။ ကိုယ်ကာယလေ့ကျင့်မှု ပြုလုပ်ရာတွင် အောက်ပါအချက်များကို ညီညွတ်မှုအောင် ဂရုစိုက်၍ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
(၁)    လေ့ကျင့်ရေးဇယားသည် မိမိ၏ လိုအပ်မှုနှင့် ကိုက်ညီရမည်။
(၂)    ကြွက်သားများသန်စွမ်းမှုအတွက် အလေးဖြင့်လေ့ကျင့်မှု (Weight Training)ကို ပြုလုပ်ရမည်။
(၃)    ကြွက်သားများ ပျော့ပျောင်းမှုရှိအောင် လေ့ကျင့်ရမည်။
(၄)    နှလုံးသွေးကြော၊ အဆုတ်ကြံ့ခိုင်မှုအတွက် “သက်လုံပေး အေရိုးဗစ်အာနိသင်” (Aerobic Effect) ရှိအောင် အေရိုးဗစ် လေ့ကျင့်မှုပြုလုပ်ရမည်။
(၅)    ကျန်းမာကြံ့မှုကိုအထောက်အကူပြုသည့် အစားအသောက်များနှင့် အပိုအင်အားဖြည့်ဗီတာမင် သတ္တုဓာတ်အဟာရများ စားသောက်ရမည်။ အဆိုပါ အချက်အလက်လေးများသည် အားကစားလုပ်ခြင်းဖြင့် ကျန်းမာရေး အတွက် အကျိုးပြုသည့် အချက်အလက်လေးများကို ကိုးကားရေးသားထားခြင်း ဖြစ်၍ အကျိုးရှိမည် ထင်ပါသည်။ ဒီထက်မက အခြားသော အကျိုးကျေးဇူးများလည်း ရှိပါသည်။ထို့ကြောင့် အားကစား တစ်ခုခု ကို စွဲစွဲမြဲမြဲ လုပ်ခြင်းဖြင့် အာရောဂျံ ပရမံ လာဘံ ဆိုသည့် ဆောင်ပုဒ်နှင့် အညီ ကျင့်ကြံနေထိုင်နိုင်ကြပါစေ။


တင်ဆက်သူ---အောင်အောင်
email----aungaung.aung24@gmail.com
www.myanmarfitness.com

No comments:

Post a Comment