arial" action="like" colorscheme="light">

Sunday, May 19, 2013

အားကစားနှင့်သက်လုံကောင်းစေသည့်အာဟာ၇များ


သင်အနေနှင့် မည်သည့် အားကစားပင် ပြုလုပ်စေကာမှု အားကစား သမားတစ်ယောက်အတွက် သက်လုံကောင်းမှု ကလည်း အရေးပါတဲ့ နေရာ တစ်ခု မှ ပါဝင်နေပါတယ်။ သက်လုံကောင်းသော အားကစား သမားတစ်ယောက်သည် ပြိုင်ဘက် အားကစား သမားတစ်ယောက်ကို အနိုင်ယူရာတွင် တစ်ပမ်းသာသည်မှာ အမှန်ပင်ဖြစ်သည်။ အပြေးအားကစား သမားမှ မဟုတ် မည့်သည် အားကစား သမားမဆို သက်လုံကောင်းနေဖို့လိုသည်။ သက်လုံကောင်းစေရန် လေ့ကျင့်ခန်းနှင့် လေ့ကျင့်ယူရသလို တစ်ဖက်မှလည်း အစားအသောက် ဖြင့် ထိန်းသိမ်းနိုင်ကြောင်း လေ့လာသူ တစ်ချို့က တင်ပြရေးသားကြရာမှာ သက်လုံ ကောင်းစေသည့် အစားအစာ ( ၅ )မျိုးကို ဖော်ထုတ်လာကြသည်။
( ၁ )။ သစ်သီးသစ်ဥများ
လူတိုင်းသိထားပြီး ဖြစ်သည့် အတိုင်း သစ်သီး သစ်ဥများသည် လူတစ်ယောက်ဧ။် အာဟာရ အပိုင်းတွင် အရေးပါသော နေရာမှ ပါရှိနေသည်။ ဆေးပညာရှင်တိုင်းကလည်း တစ်ညီတစ်ညွတ်ထဲ လက်ခံထားကြသည်မှာ အသီးအနှံ စားသုံးသူများသည် သားငါး စားသုံးသူများထက် ကျန်းမာရေးတွင် ပိုမို ကောင်းကြောင်း ဖြစ်သည်။ အထောက်အထားမျိုးစုံဖြင့် ယနေ့ ဆေးပညာလောကတွင် သူထက်ငါ အမျိုးမျိုး အသီးအနှံ ကောင်းကြောင်း များကိုဖော်ပြနေကြသည်။ သစ်သီးတွေမှာ ကျန်းမာရေး နှင့် ညီညွတ်တဲ့ သကြားဓာတ် အများအပြား ပါဝင်သလို ကာဗိုဟိုက်ဒရီတ်ဓာတ်ကိုလည်း အနည်းငယ်ပေးစွမ်းပါတယ်။ ငှက်ပျောသီး နှင့် ပန်းသီးတို့လို လတ်ဆတတ်တဲ့ သစ်သီးတွေမှာ  ဗီတာမင် စီနှင့် အင်တီ အောက်ဆီးဒင့် ၊ အမျှင်ဓာတ်များ ပါဝင်သည့် အတွက် လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်တွင် စားပေးခြင်းက များစွာ အကျိုးရှိပါတယ်။ဒါ့အပြင် ကြေညှက်လွယ်တဲ့ သစ်သီးတွေ စားသုံးပေးခြင်းကလည်း ကြွက်တက်ခြင်းကို ကာကွယ်ပေးသလို သက်လုံကောင်း အမောခံစေနိုင်ပါတယ်။

( ၂ )။ ဒိန်ချဉ်
    ဒိန်ချဉ် ကို လေ့ကျင့်ခန်းပြုလုပ်ပြီးချိန် စားသုံးပေးခြင်းကလည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူး ကို ရရှိစေပါတယ်။ အကြောင်းရင်းက ပရိုတင်းဓာတ်နဲ့ ကာဗိုဟိုက်ဒရီတ် ဓာတ်ကို ရရှိစေလိုပါ။ လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန် ပရိုတင်း ဓာတ်နှင့် ကာဗိုဟိုက်ဒရီတ်ဓာတ် ဖြည့်စွမ်းပေးခြင်းက ထူးခြားတဲပ တိုးတက်မှု ကို ပေးစွမ်းပါတယ်။ ဒိန်ချဉ် ထဲတွင် စတော်ဘယ်ရီ အသီးလို အရသာ ရှိတဲ့ အသီးများ ထည့်စားခြင်းကလည်း ကောင်းမွန် ပြည့်စုံတဲ့ အဟာရ ကိုပေးစွမ်းပါတယ်။
                       
( ၃ )။ဖွဲနုကွေကာ
    သက်လုံကောင်းစေတဲ့ အစားအသောက်တွေ ထဲမှာ ဖွဲနု ကွေကာ လည်း ပါဝင်ပါတယ်။ အမျှင်ဓာတ် ပါဝင်မှု များတာကြောင့် ရုပ်ပိုင်းဆိုင်ရာ သက်လုံကောင်းစေပြီး ဇီဝ ဖြစ်ပျက်မှုနှုန်းကို တိုးစေပါတယ်။ ရေဓာတ်ခမ်းခြောက်မှု ကို ကာကွယ်ပေးပြီး ဆဲလ်တွေရဲ့ လုပ်ငန်း ဆောင်တာများကို ကောင်းမွန်စေပါတယ်။
( ၄ )။ကြက်သား
    လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန် ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည် အစားထိုးဖို့ အတွက် အာဟာရ ဓာတ်လိုအပ်ပါတယ်။ ကြွက်သားပြန်လည် တည်ဆောက်မှု ဖြစ်စဉ်များ ပြုလုပ်နိုင်ရန် လိုအပ်သော အသားဓာတ်များ ဖြည့်တင်းရမည် ဖြစ်သည်။ ကြက်သား ၊ သားငါးနှင့် ဥ အမျိုးမျိုးသည် ပရီုတင်း ကြွယ်ဝ သောအစားအစာများ ဖြစ်သည်။ကြွက်သားကြီးထွား သန်စွမ်းမှုနှင့် သက်လုံကောင်းစေရန် အသားဓာတ်ကိုလည်း ဖြည်ပတင်းပေးရန် မမေ့ပါနှင်။

( ၅ )။ စွပ်ပြုပ်
    စွပ်ပြုပ်နှင့် အာဟာရ ဓာတ်ပါသော  ပရိုတင်း မစ်ရှိတ်ကဲ့သို့ အစားအသောက်များကို လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန် စားသုံးပေးပါက ကာယဗလ အားကစား သမားများအတွက် လိုအပ်သော အကျိုးထူး များကို ပေးစွမ်းနိုင်ပါသည်။
(၆ )။ ဂျုံမှုန့်အကြမ်း
    ကြွက်သားသန်စွမ်း ကျန်းမာ စေရန်အတွက် ဂလူးကိုစ့် ဓာတ်လည်း လိုအပ်ပါတယ်။  ၈ျုံမှုန့် အကြမ်း တွင် အဆိုပါ ကြွက်သား အားဖြစ်စေမယ့် ဂလူးကိုစ့် ပါဝင်တဲ့အပြင် အဆီလောင်ကျွမ်းမှု မြန်စေ တာကြောင့် လေ့ကျင့်ခန်း မပြုလုပ်မီ တစ်နာရီ နှစ်နာရီ ကြိုပြီး စားသုံးသင့်ပါတယ်။
                                                
တင်ဆက်သူ----အောင်အောင်(လှိုင်)
email----intensemuscle@gmail.com
www.myanmarfitness.com

2 comments:

  1. စိုင်းသီဟကျော်စန်းSunday, May 19, 2013

    အလွန်ကောင်းတဲ.အာဟာ၇များအကြောင်းဖြစ်ပါတယ်၊ ဖွဲနုကွေကာနဲ.ဂျုံမှုန့်အကြမ်း စတာတွေဟာ စားသောက်ရာမှာအမှတ်တမဲ.ကျန်နေတတ်မယ်.အာဟာ၇များကိုဖော်ပြပေးတဲ.ကိုအောင်အောင်ကိုမန်ဘာတွေတော.မသိဘူး။ကျနော်ကတော.ကျေးဇူးပါဗျာ။

    ကာယဗလနှင်.ကာယအလှလေ.လာလိုက်စားသူများကို
    အစဉ်လေးစားလျက်


    စိုင်းသီဟကျော်စန်း

    ReplyDelete
  2. ကိုအောင်အောင် ရေ မှတ်သားထိုက်ပါတယ်ဗျာ။ အသေးအဖွဲ ဂရု မပြု မိတ့် အချက်လေးတွေ ပါနေတာ အမှန်ပါပဲ။ ကျေးဇူး ပါ။

    ReplyDelete