arial" action="like" colorscheme="light">

Saturday, January 18, 2014

T.U.T နှင့် Alcohol

ပြီးခဲ့သော ဒီဇင်ဘာလက ကျွန်တော့်အနေနှင့် *ဘီယာသောက်တာကောင်းလား* ဟူသောအမည်ဖြင့်
ဆောင်းပါးတစ်ပုဒ် တင်ဆက်ခဲ့ပြီးဖြစ်ပါသည်။ထိုဆောင်းပါးအောက်တွင် မင်ဘာတစ်ဦးဖြစ်သော မိုးကုတ်မှ ကိုပီလီ(pily)က အလ်ကိုဟောနှင့်ကာယဗလ အကြောင်းလေးကို ကောမင့်ပေးပြီး မေးမြန်းလာသဖြင့် ယခုတစ်ပါတ် ဘာတင်ဆက်ရမှန်းမသိ ဖြစ်နေသော ကျွန်တော့်အတွက် ကုန်ကြမ်း
လေးတစ်ခု ရသွားခြင်းဖြစ်ကာ၊ အယ်လ်ကိုဟော၏ အခြေခံဆိုးကျိုးအချို့ နှင့် ကာယဗလ အားကစား
သမားများအတွက် အကျိုးအပြုဆုံးသော လေ့ကျင့်နည်း နည်းစနစ်တစ်ခုဖြစ်သည့် ***ကြွက်သားအပေါ် ဖိအားပေးချိန် တိုးမြှင့်သည့် သဘောတရား-Time Under Tension(T.U.T)
*** အကြောင်းကို ရှင်းလင်တင်ပြမည်ဖြစ်သည်။
၁-ကာယဗလနှင့် အလ်ကိုဟော
ဤနေရာတွင် အလ်ကိုဟောကို ကျွန်တော်က ဘီယာ၊အရက်၊ ၀ိုင်၊ရှမ်ပိန် စသည်ဖြင့်မခွဲခြားဘဲ သေရည်၊သေရက်အားလုံးကို ဆိုလိုခြင်းဖြစ်ပါသည်။ ကစားသမား အများစုက ရမ်၊ဘီယာ အစရှိသောသေရည်သေရက်များသည် အပန်းပြေစေသည်ဟု အထင်ရောက်ကြ
 သောကြောင့်၎င်း၊အရက်ကိုကြိုက် သောကြောင့်၎င်း၊ ဆင်ခြေအမျိုးမျိုး ပေးကာအရက် သောက်တတ်ကြ
သည်။ထိုမိတ်ဆွေများကို ကျွန်တော်အသေအချာ ပြောလိုသည်မှာ အပန်းပြေလိုသောကြောင့် အရက်သောက်ခြင်းသည်လုံးဝကြောက်စရာကောင်းသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည် ဆိုသည့်အချက်ပင်ဖြစ်သည်။အရက်သည် အားကစားသမားများ အားလုံးအတွက် စွမ်းဆောင်ရည်ကို ကျဆင်းစေသည် သာမက ခန္ဓာကိုယ် ကြီးထွားမှုကိုပါ ယုတ်လျော့၊ရပ်တံ့ စေသည်မှာအသေအ
ချာပင်ဖြစ်သည်။
အထက်ပါ အဆိုပြုချက်ကို ကျွန်တော် ဝေဒနာဖြင့်ပြောခြင်းမဟုတ်ဘဲ ဒေတာဖြင့်ပြောနေခြင်း ဖြစ်ပါသည်။
သုတေသီများက ကာယဗလ လေ့ကျင့်သူများကို မိမိတို့ တစ်ကြိမ်မလျင် အများဆုံးမနိုင်သည့် အလေးပမာဏ၏ ရှစ်ဆယ် ရာခိုင်နှုန်း ခန့် ရှိသော အလေးဝန်ဖြင့် အလေးထမ်းထိုင်ထ
လေ့ကျင့်ခန်းကို ခြောက်ကျော့ လေ့ကျင့်စေ၏။ထိုသူများကို စမ်းသပ်သော ကစားနည်းနှင့် အလေးပမာဏသည် ခန္ဓာကိုယ်တွင်း ကျားဟိုမုန်းနှင့် ခွန်အားသန်စွမ်းမှု အတွက်အကောင်းဆုံး ဖြစ်သော်လည်း ရလာဒ်မှာ အံ့သြဖွယ်ရာဆန့် ကျင်ဖက်ဖြစ် နေလေသည်။
 ထိုသို့ ဖြစ်ရသည်မှာ၊
ထိုကစားသမား အားလုံး ယမကာမှီဝဲခြင်းကြောင့် ဖြစ်သည်ကို သုတေသီများက ကောက်ချက်ချနိုင်
ခဲ့ကြသည်။ထိုမျှမကသေး ယမကာမှီဝဲသော အားကစား သမားများသည် ကြွက်သားကြီးထွားမှု ဆုတ်
ယုတ်ကာ၊ ကိုယ်တွင်းမှ တက်စတိုစတီရုန်း လျော့ကျသွားသလို၊ ခွန်အားလည်း ဆုတ်ယုတ်သွား
သည့်အပြင် မည်မျှပင် ပြင်းပြင်းထန်ထန် လေ့ကျင့်နေစေကာမူ အဆီကျရန် အလွန်ခဲယဉ်းသွား
ပေသည်။အရက်၏ အခြားသော ကျန်းမာရေး ဆိုးကျိုးများစွာ လည်းရှိသေးသည် မဟုတ်ပါလား။
ထို့ ကြောင့် မိမိ၏ အားကစား စွမ်းရည်နှင့် သန်စွမ်းမှုကို ဂရုမစိုက် လျင်တောင်မှ ဘ၀၏တန်ဖိုး
အမြင့်မားဆုံးသော ရတနာဖြစ်သည့် ကျန်းမာရေး အတွက် အရက်ကို လုံးဝဆန့် ကျင် ကြပါစို့ 
လားဗျာ။
၃-Time Under Tension
ဤကာယဗလ လေ့ကျင့်နည်း ဥပဒေသ အကြောင်းကို တင်ပြရသော် Time Under Tension ဆို
သည်မှာ ***လေ့ကျင့်ခန်း ပြုလုပ်နေစဉ်တွင်၊ ခန္ဓာကိုယ်ပေါ်သို့  သက်ရောက်လာသော ၀န်(၀န် ဟုဆိုရာဝယ် အလေးဝန်ရော မိမိခန္ဓာကိုယ်ဝန် ပါအကျုံးဝင် သည်ကို သတိပြုပါ) ဟူသမျှကို၊ကြွက်
သားများက ခုခံသော တွန်းလှန်သော စုစုပေါင်းကြာချိန်***ကိုခေါ်ပါသည်။
ခန္ဓာကိုယ် ကြွက်သားများ ကြီးထွားစေရေး အတွက်လေ့ကျင့်နည်း ဥပဒေသ ပေါင်းများစွာ ရှိသည့် အနက်တွင် ဤလေ့ကျင့်နည်းစနစ် T.U.T သည်အကောင်းဆုံးသော နည်းဥပဒေသ များထဲမှ တစ်ခု
ဖြစ်သည်ကို မှတ်သားထားပါ။ T.U.T ကိုအတိုဆုံး ပြောရလျင် ကြွက်သားများကို ဖိအားကြာကြာပေး
ခြင်းပင်ဖြစ်သည်။ ကြွက်သားများကို ဖိအားကြာကြာ ပေးရန်နည်းလမ်း များစွာအနက်မှ အကောင်းဆုံး
နှင့်အလွယ်ဆုံး နှစ်ခုမှာ-1---tempo (အရှိန်၊အဟုန်) နှင့်
                            -2---reps (အကြိမ်များများ) တို့ ဖြစ်သည်။
၁-Tempo
Tempo ဆိုသည်မှာ လေ့ကျင့်ခန်း တစ်ကြိမ်ကို ပြုလုပ်သည့် အရှိန်ပင်ဖြစ်သည်။ထို့ ကြောင့်အလွယ်
ဆုံးသော Tempo တိုးကစားရမည့် နည်းမှာ လေ့ကျင့်ခန်း တစ်ခုကို အကြိမ်တိုင်းတွင် အစအဆုံး ဖြည်းဖြည်းခြင်း ညှစ်ကစားခြင်းပင် ဖြစ်သည်။
၂-Reps
Reps ဆိုသည်မှာ လေ့ကျင့်ခန်းများကို ပြုလုပ်သည့် အကြိမ် အရေအတွက် ပင်ဖြစ်သည်။ Reps အားဖြင့် ကြွက်သားများကို ဖိအားပေးလိုပါက အကြိမ်တိုင်းကို ညှစ်ကစား ရမည့်အပြင် အကြိမ်အရေ
အတွက်ကို တိုးတိုးပြီး ကစားသွားပါ။မှတ်ချက်-အကြိမ် အရည်အတွက် တိုးသွားသော်လည်း၊ အလေး
လုံးဝမလျော့သင့်ပါ။
ဤဆောင်းပါးမှ ထုတ်ယူသင့်သော သင်ခန်းစာ အချို့ မှာ-
၁-ဖြစ်နိုင်လျင် အရက်ကိုလုံးဝ မသောက်ပါနှင့်။အကယ်၍ သောက်မိ ပါကလည်း အထူးချင့်ချိန်
ပြီးမှ နည်းနိုင်သမျှ နည်းအောင်လျော့ သောက်ပါ။
၂-ကြွက်သားများ ကြီးထွားလိုပြီး ခွန်အား သန်စွမ်းလိုပါက မိမိလေ့ကျင့်သမျှသော လေ့ကျင့်ခန်း
တိုင်းကို အလေးမလျော့ဘဲ အကြိမ်များများ တိုးကစားသွားခြင်းနှင့် တစ်ကြိမ်နှင့် တစ်ကြိမ် ကိုဖြည်း
ညှင်းစွာ ညှစ်ကစား သွားရန် ပင်ဖြစ်ပါသည်။
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



2 comments:

  1. အခုလို ကျနော့် တောင်းဆိုမူကို တခုတ်တရ တင်ဆက်ပေးတဲ့ ဆရာနိုင်ဦးကို အထူးကျေးဇူးတင်ပါတယ်...ခရီးလွန်နေတဲ့အတွက်ကွန်မန့်နောက်ကျသွားလို့ စိတ်မရှိပါနဲ့ .....ဆရာနိုင်ဦးကို အစဉ်လေးစားလျက် ...
    Pily (Member)

    ReplyDelete
  2. လေးစားလျက်ပါ-
    ကိုပီလီ ကျေးဇူးတင်ပါတယ်ဗျာ။
    နိုင်ဦး---၁၁၉

    ReplyDelete