arial" action="like" colorscheme="light">

Sunday, January 19, 2014

ပြိုင်ပွဲဝင်နှင့်အကဲဖြတ်မှုစည်းကမ်း

    ကာယဗလမောင်ပြိုင်ပွဲများနေဖြင့်မိမိတို့ပြိုင်ပွဲဝင်နေစဉ်ကာလတွင်မိမိအပေါ်အကဲဖြတ်မည့်ဒိုင်လူ ကြီးများ၏အခန်းကဏ္ဍသည်မည်မျှကြီးမားသည်ဆိုသည့်အချက်ကိုသိရှိသဘောပေါက်နားလည်ထားမှ
သာလျှင်ဆောင်သင့်သည့်အချက်များကိုဆောင်ပြီးရှောင်သင့်သည့်အချက်များကိုဖြစ်ပါသည်။ဒိုင်လူကြီးများ သည်ပြိုင်ပွဲဝင်များအပေါ်တွင်အကဲဖြတ်သည့်အခါအဓိကအချက်ကြီး(၃)ခုဖြင့်အကဲဖြတ်လေ့ရှိပါသည်။
၁။    ကာယဖွံ့ဖြိုးမှုအပိုင်း (Physical Development)
၂။    ကိုယ်ဟန်ပြခြင်းစွမ်းရည် (Posing Ability)
၃။    စိတ်ပိုင်းဆိုင်ရာချဉ်းကပ်မှု (Mental Approach)
    ကာယဖွံ့ဖြိုးမှုအပိုင်းအပိုင်းကိုထပ်မံ၍ကဏ္ဍခွဲခြားပြီးအကဲဖြတ်သည့်အခါ...
    ၁။ကြွက်သားများ၏ထုထည်ကောင်းမွန်မှု (MUSCLE SIZE) ကိုအကဲဖြတ်ပါသည်။ပြိုင်ပွဲဝင်မောင် လောင်းတွင်ကြွက်သားဖွံ့ဖြိုးမှုဘယ်လောက်ရှိသလဲ၊သူရဲ့ကြွက်သား
ဖွံ့ဖြိုးမှုဟာထုထည်ကောင်းရဲ့လား၊ လျော့ရဲရဲဖြစ်နေသလား၊ကျစ်လစ်သိပ်သည်းမှုအားကောင်းရဲ့လား
ဆိုသည့်အချက်များဖြင့်အကဲဖြတ်ပါသည်။
    ၂။ကြွက်သားကျစ်လစ်မှု၏ပေါ်လွင်မှုအား (MUSCULAR DIFINITION) ကောင်းရဲ့လား၊ပြိုင်ပွဲဝင် ရဲ့ကြွက်သားပေါ်လွင်မှုဟာပြတ်ပြတ်သားသားရှိရဲ့လား၊ကိုယ်ဟန်မပြသေးဘဲရပ်နေစဉ်ကိုယ်ဟန်အနေအ
ထားမှာကြွက်သားတွေရဲ့ပေါ်လွင်မှုဟာမြင်သာထင်သာအနေအထားရှိရဲ့လားဆိုသည့်အချက်ကိုလည်း ထည့်သွင်းအကဲဖြတ်ပါသည်။
    ၃။ခန္ဓာကိုယ်တစ်ခုလုံးအပေါ်အချိုးအစားပြေပြစ်မှု (OVERALL PROPORTION) နဲ့ပတ်သတ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးဟာဟန်ချက်ညီညီအချိုးအစားကျကျရှိရဲ့လား၊မျက်စိပသာဒအနေနဲ့စွဲမက် လောက်တဲ့ခန္ဓာကိုယ်အချိုးအစားရှိရဲ့လားဆိုသည့်အချက်ဖြင့်လည်းအကဲဖြတ်ပါသည်။
    ၄။အရိုးအဆစ်တည်ဆောက်မှုအပိုင်း (BONE STRUCTURE) မှာကိုယ်ဟန်အနေအထားကောင်း လောက်အောင်ယောက်ျားပီသတဲ့ပုခုံးကားကား၊ရင်အုပ်ထွားထွားရှိရဲ့
လား၊လက်ကောက်ဝတ်၊ဒူးဆစ်၊ခြေကျင်းဝတ်၊တင်ပါးဆုံများကြီးနေခြင်း၊သိမ်နေခြင်း၊အချိုးအစားမ
ကျဖြစ်နေခြင်း၊ခြေခွင်နေခြင်းစတဲ့အပြစ်အနာအဆာများနဲ့ရောငြိစွန်းနေခြင်းရှိမရှိအကဲဖြတ်ပါသည်။
    ၅။ကြွက်သားကျစ်လစ်မှု၏ပြည့်စုံမှု (MUSCULAR COMPLETENESS) ကိုလည်းအကဲဖြတ်ပါသည်။ ဖော်ပြပါအချက်(၅)ချက်သည်ကာယပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီးဒိုင်လူကြီးများ
၏ဆုံးဖြတ်ချက်များတစ်နည်းအားဖြင့်ပြောရလျှင်အကဲဖြတ်ခြင်းများဖြစ်ပါသည်။
    ကိုယ်ဟန်ချက်ပြခြင်းစွမ်းရည် (POSING ABILITY) နှင့်ပတ်သက်၍ဒိုင်လူကြီးများအနေဖြင့်အပိုင်း (၂)ပိုင်းခွဲခြားပြီးအကဲဖြတ်ပါသည်။ပြိုင်ပွဲဝင်တစ်ဦးဟာကိုယ်ဟန်ပြနေစဉ်အတွင်းမှာမပင်ပန်းဘဲသက်
 သောင့်သက်သာအနေအထားနဲ့ကိုယ်ဟန်ပြချက်တိုင်းကိုပြသနိုင်စွမ်းရှိသလား၊သတ်မှတ်ထားတဲ့အချိန်အ
တိုင်းအတာအတွင်းမှာကိုယ်ဟန်ပြကွက်များကိုပြသနိုင်ရဲ့လား၊ကိုယ်ဟန်ပြချက်တိုင်းဟာလည်းဒိုင်လူကြီး များရဲ့ပေးမှတ်ကိုရနိုင်စွမ်းရှိရဲ့လားဆိုသည့်အချက်များပါဝင်နေပါသည်။
    ကိုယ်ဟန်ပြကွက်ရွေးချယ်မှုအပိုင်း (CHOICE OF POSES) တွင်ပြိုင်ပွဲဝင်တစ်ဦးဟာအကောင်းဆုံး အမှတ်များရအောင်အထိရောက်ဆုံးပြသနိုင်စွမ်းရှိရဲ့လား၊ပြိုင်ပွဲဝင်တစ်ဦးဟာတိုတောင်းလှတဲ့အချိန်အ တောအတွင်းမှာကိုယ်ဟန်ပြကွက်တွေတစ်ခုပြီးတစ်ခုညက်ညက်ညောညောပြသနိုင်စွမ်းရှိရဲ့လား၊မိမိရဲ့ ကိုယ်ဟန်ပြကွက်တွေဟာပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊သတ်မှတ်ချက်များနဲ့ကိုက်ညီမှုခွင့်ပြုထားရှိမှုတွေနဲ့
 ရောလိုက်လျောညီထွေရှိရဲ့လားဆိုသည့်အချက်တွေကိုအကဲဖြတ်ပါသည်။အရေးကြီးသည့်အချက်မှာခွင့်ပြု
သတ်မှတ်ချိန်အတွင်းတွင်ပြသမည့်ကိုယ်ဟန်အမျိုးအစားနှင့်အရေအတွက်ကိုပြသနိုင်စွမ်းရှိရပါမည်။ဖော်ပြ
ပါအချက်အလက်များသည်ပြိုင်ပွဲဝင်တိုင်းမလွှဲသာမရှောင်သာကြုံတွေ့ရမည့်စင်မြင့်ပေါ်စွမ်းဆောင်မှုအချက်များကိုဒိုင်လူကြီးများအနေဖြင့်အကဲဖြတ်ခြင်းဖြစ်ပါသည်။
    ဒိုင်လူကြီးများအနေဖြင့်အကဲဖြတ်ခြင်းအပေါ်စိတ်ပိုင်းဆိုင်ရာချဉ်းကပ်မှု (MENTALAPPROACH) ဖြင့်
လည်းအကဲဖြတ်ကြပါသည်။စိတ်ပိုင်းဆိုင်ရာချဉ်းကပ်မှုဖြင့်အကဲဖြတ်ရာတွင်ပထမအချက်အနေဖြင့်ပြိုင်ပွဲဝင်
တိုင်းသည်မိမိအပေါ်မိမိယုံကြည်စိတ်ချမှုအပိုင်း (CONFIDENCE) ဖြစ်ပါသည်။ပြိုင်ပွဲဝင်တစ်ဦးသည်ပြိုင် ပွဲဝင်နေစဉ်တစ်လျှောက်တွင်သူ၏မျက်နှာသွင်ပြင်အမူအရာတွင်မိမိကိုယ်ကိုစိတ်ချယုံကြည်မှု၊နှစ်သက်
ဖွယ်ကောင်းသည့်စိတ်နေစိတ်ထားရှိမှုများရှိ/မရှိကိုဒိုင်လူကြီးများကအကဲဖြတ်ကြပါသည်။ပြိုင်ပွဲစင်မြင့်ပေါ်
တွင်သာမန်ရပ်နေစဉ်ကာလ၌လှလှပပသေသေသပ်သပ်ရပ်နိုင်ခြင်းရှိသည့်ကိုယ်ဟန်အနေအထားရှိရဲ့လား
၊ပြိုင်ပွဲအပေါ်စိတ်ဝင်စားမှုမရှိသည့်ပုံသဏ္ဍာန်မျိုး၊ဒိုင်လူကြီးများနှင့်ပရိသတ်များအပေါ်ဂရုမစိုက်၊အရေးမထား ပမာမခန့်နေတဲ့ပုံစံမျိုးရှိနေသလား၊တချို့ပြိုင်ပွဲဝင်များကျပြန်တော့လည်းပရိတ်သတ်မျက်စိဆံပင်မွှေးစူး
 လောက်အောင်လုပ်ဆောင်ပြသနေခြင်းများကိုပါအကဲဖြတ်ကြပါသည်။ နောက်ဆုံးအချက်မှာသေသပ်မှု၊
သပ်ရပ်မှု၊(NEATNESS)ကိုအကဲဖြတ်ပါသည်။ဆံပင်ကိုသေသေသပ်သပ်ညှပ်ထားမှုရှိ/မရှိ၊သပ်သပ်ရပ်
ရပ်ခေါင်းဖြီးထားခြင်းရှိ/မရှိ၊ကိုယ်ဟန်ပြရန်သတ်မှတ်ထားသည့် ဘောင်းဘီ (POSING TRUNK) ဟာလည်းပြိုင်ပွဲဝင်နေနဲ့လိုက်လျောညီထွေရှိ/မရှိ၊သေသပ်မှုရှိ/မရှိ၊ ဘောင်း ဘီချောင်နေသလား၊ဒါမှမဟုတ်အမြင်မတော်လောက်အောင်ကျပ်နေသလားစသည့်အချက်များကိုပါထည့်
သွင်းအကဲဖြတ်ကြပါသည်။အဆိုပါအချက်များသည်စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့်အချက်များအပေါ် တွင်ဒိုင်လူကြီးများ၏အကဲဖြတ်မှုများပင်ဖြစ်ပါသည်။သို့အတွက်ကြောင့်ဒိုင်လူကြီးများသည်မိမိတို့အပေါ်အ
ကဲဖြတ်မည့်ဒိုင်လူကြီးများ၏အဆုံးအဖြတ်များကိုကြိုတင်သိထားပါကဆောင်သင့်သည်များကိုဆောင်၍
 ရှောင်သင့်သည့်များကိုရှောင်နိုင်ကြမည်ဖြစ်ပါသည်။
 ပြိုင်ပွဲဝင်များအနေဖြင့်အထူးသတိပြုရမည့်အချက်တစ်ချက်ကိုတင်ပြလိုပါသည်။ပြိုင်ပွဲဝင်မည့်မောင်လောင်းတစ်ဦးအနေဖြင့်တစ်နှစ်ပတ်လုံးငွေအား၊လူအားဖြင့်ပင်ပင်ပန်းပန်းလေ့ကျင့်ထားရသည့်ခန္ဓာကိုယ် တစ်ခုလုံးအပြစ်ပြောဖွယ်မရှိ၊ခြောက်ပြစ်ကင်းသဲလဲစင်၊အနေအထားမျိုးပင်ရှိပါစေ၊တကယ့်ပြိုင်ပွဲကျရောက်
သည့်အခါမိမိရဲ့ခန္ဓာကိုယ်အချိုးအစားလှပပြေပြစ်မှုခန္ဓာကိုယ်တစ်ခုလုံးရှိကိုယ်အင်္ဂါအစိတ်အပိုင်းများကို
 ပြတ်ပြတ်သားသားပေါ်လွင်ထင်ရှားနေအောင်ပြသတတ်ရန်အလွန်အရေးကြီးပါသည်။ (POSES THAT MAKE THE CHAMPIONS FAMOUS)ဆိုတဲ့စကားကိုကိုယ်ဟန်ပြခြင်းအတတ်ပညာသည်ချန်ပီယံများအား ထင်ရှားကျော်ကြားစေမှုကိုဖြစ်ပေါ်စေပါသည်လို့ဆိုရိုးစကားရှိသကဲ့သို့ "POSING IS A MEANS OF CORMUNICATION USING THE ENTIRE BODY TO TELL A STORY THE JUDGES WON'T FORGET" ဆိုတဲ့စကားလည်းရှိပါတယ်။အဓိပ္ပာယ်ကတော့ကိုယ်ဟန်ပြခြင်းအတတ်ပညာဆိုတာမိမိခန္ဓာ ကိုယ်တစ်ခုလုံးရဲ့အကြောင်းအရာတွေကိုဒိုင်လူကြီးများအားပုံပြင်သဖွယ်မေ့ပျောက်လို့မရနိုင်သေးအောင် ကြားခံဆက်သွယ်ရေးလမ်းကြောင်းအဖြစ်ပြောပြခြင်းဖြစ်သည်။ဒါဟာဘာလည်းဆိုရင်ပြိုင်ပွဲဝင်တစ်ဦးအနေ
နဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းအလိုက်ဖွံ့ဖြိုးမှု၊လှပမှု၊အချိုးအစားပြေပြစ်မှုအတွက်
ကိုနှုတ်ဖြင့်မပြောသော်လည်းပြောဘိအလား၊ကိုယ်ဟန်ပြခြင်းအတတ်ပညာကိုဒိုင်လူကြီးများနှင့်ပွဲကြည့်ပရိ သတ်အားပိုင်ပိုင်နိုင်နိုင်ပြသနိုင်ခြင်းဖြစ်ပါသည်။ခန္ဓာကိုယ်တစ်ခုလုံးရှိကြွက်သားစိုင်များကိုလှုပ်ရှားပြသနေ
 ခြင်းဟာစီကာပတ်ကုံးစကားပြောနေသလိုဖြစ်နေရပါမည်။အကဲဖြတ်ဒိုင်လူကြီးများနှင့်ပရိသတ်ရှေ့မှောက်
တွင်မိမိခန္ဓာကိုယ်တစ်ခုလုံး၏ဖွဲ့စည်းတည်ဆောက်ထားပုံကိုရှေ့ဘက်၊၀ဲဘက်၊ယာဘက်နှင့်နောက်ဘက် များကိုကိုယ်ဟန်လှည့်ပြီးပြသသည့်အချိန်တွင်ညက်ညက်ညောညောညင်ညင်သာသာနဲ့မိမိရဲ့ကာယအလှ
ကိုမျက်စိပသာဒစွဲမက်လောက်အောင်ပြသနိုင်စွမ်းရှိရပါမယ်။
 တစ်နှစ်ပတ်လုံးကြိုးကြိုးစားစားပြင်းပြင်းထန်ထန်လေ့ကျင့်ထားပြီးပန်းပုရုပ်လိုထုလုပ်ထားရသည့်မိမိခန္ဓာ
ကိုယ်အချိုးအစားပြေပြစ်မှုကိုစင်မြင့်ပေါ်တွင်ရရှိတဲ့တိုတောင်းလှတဲ့အချိန်ကာလအတွင်းမှာကိုယ်ဟန်
 ပြကွက်အမျိုးမျိုးဖြင့်စီကာစဉ်ကာတစ်ကွက်ပြီးတစ်ကွက်ကျယ်ကျယ်ပြန့်ပြန့်ပြသတတ်ရန်အထူးလိုအပ်
လှပါသည်။
 အခမ်းအနားမှူးကမိမိရဲ့ပြိုင်ပွဲဝင်နံပါတ်ကိုခေါ်ယူလိုက်သည့်အချိန်ကျရောက်မှဘယ်လိုပြသရမယ်ဆိုတဲ့အ
ချက်ကိုစဉ်းစားနေရန်အချိန်ရရှိနိုင်မည်မဟုတ်ပါ။မိမိအတွက်အခွင့်အရေးတစ်ရပ်အဖြစ်အချက်ကို စဉ်းစားနေရန်အချိန်ရရှိနိုင်မည်မဟုတ်ပါ။မိမိအတွက်အခွင့်အရေးတစ်ရပ်အဖြစ်ရရှိလိုက်သည့်အချိန်ကာလ
ကလေးတွင်အကျိုးရှိရှိအသုံးချသွားတတ်ရန်လိုအပ်ကြောင်းသတိပြုကြမှာဖြစ်ပါသည်။
    ပြိုင်ပွဲဝင်မောင်လောင်းများအနေဖြင့်သတိပြုရမည့်အချက်တစ်ချက်ရှိပါသည်။၎င်းအချက်မှာပြိုင်ပွဲ ၀င်မောင်လောင်းတစ်ဦးသမိုင်းနောက်ခံပြိုင်ပွဲများ၏အောင်မြင်မှုရလဒ်များကိုဒိုင်လူကြီးများအနေဖြင့်အသိ
အမှတ်ပြုမည်မဟုတ်ပါချေ။မည်မျှလောက်ပင်မောင်ဘွဲ့များတစီတတန်းကြီးရရှိနေပါစေလက်ရှိယှဉ်ပြိုင် သည့်နေ့ပြိုင်ပွဲတွင်၎င်းအရည်အချင်းကိုသာအကဲဖြတ်ပြီးအဆုံးအဖြတ်ပေးသွားမည်ဖြစ်ပါသည်။ပြိုင်ပွဲဝင်
 မောင်လောင်းတစ်ဦး၏စည်းရုံးထားသည့်ပရိသတ်များ၏လက်ခုပ်သြဘာသံများ၊တုံ့ပြန်မှုများအပေါ်တွင်ဒိုင်
လူကြီးများအနေဖြင့်ယောင်မှားပြီးအဆုံးအဖြတ်ပေးမည်မဟုတ်ကြောင်းပြိုင်ပွဲဝင်တိုင်းသိရှိသဘောပေါက် ထားဖို့လိုပါသည်။ပြိုင်ပွဲဝင်တစ်ဦး၏အရပ်အမောင်းကောင်းမှုအသားရောင်တင်ဆေးလိမ်းခြယ်မှုနှင့်ရုပ်ရည်
 ချောမောလှပမှုများကိုဒိုင်များအနေဖြင့်ထည့်သွင်းစဉ်းစားကြမည်မဟုတ်ကြောင်းကိုလည်းနားလည်သဘောေ

ပါက်ထားရန်လိုအပ်မည်ဖြစ်ပါသည်။သင်သည်မည်မျှပင်ကြွက်သားအလှကိုယ်ကာယနှင့်ပြည့်စုံပါစေမိမိ၏ ကိုယ်ကာယအလှကိုပ၇ိသတ်နှင့်ဒိုင်လူကြီးများအတွက်မျက်စိပသာဒဖြစ်အောင်စွဲကျန်စေရန်ပြိုင်ပွဲဝင်အချင်း
ချင်းအားကျလောက်သည့် ကိုယ်ဟန်ပြမောင်ကောင်းတစ်ဦးဖြစ်ရန်သည်ကားမလွဲမသွေလိုအပ်သည်။ ကစားနေရုံ ၊အာဟာရ ဂရုစိုက်နေရုံမျှနှင့်လည်းထူးချွန်သည့်မောင်လောင်းတစ်ဦးဖြစ်ရန်မလွယ်ပေ။ ကိုယ်ဟန်ပြအတတ်ပညာသည်လည်းအရေးကြီးသလိုပြိုင်ပွဲဝင်သူတစ်ယောက်အနေနှင့်သိထားသင့်သည် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်းလေ့လားသင့်သည်ဟုယူဆမိ၍ကြိုးစားရေးသားပေးလိုက်ခြင်းဖြစ်
သည်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com



No comments:

Post a Comment