arial" action="like" colorscheme="light">

Sunday, January 26, 2014

အမျိုးသမီးများ၊အလေးများဖြင့်၊လေ့ကျင့်ခန်းပြုလုပ်သင့်သော၊အချက်-၈ချက်

အမျိုးသမီးများပြုလုပ်သင့်သောအားကစားဟုဆိုလိုက်လျင်၊ယောဂနှင့်ပြေးခြင်း၊စက်ဘီးစီးခြင်း၊
ရေကူးခြင်းများလောက်သာ၊သိတတ်ကြသူအများစုဖြစ်သည်။တစ်ကယ်တော့၊အမျိုးသမီးများအတွက်
အကောင်းဆုံးသော၊လေ့ကျင့်ခန်းများမှာ၊အလေးများဖြင့်လေ့ကျင့်သော၊fitness လေ့ကျင့်ခန်းများသာ
ဖြစ်သည်။***အလေး***ဟူသောဝေါဟာရကိုကြားလိုက်လျင်ပင်မြန်မာအမျိုးသမီးများနားကြောစိမ့်
သွားတတ်ကြသည်မှာဓမ္မတာပင်ဖြစ်သည်။ထိုသို့ ဖြစ်ရသည်မှာ၊***အမျိုးသမီးများအလေးများဖြင့်
လေ့ကျင့်လျင်၊အန္တရာယ်များသည်၊အမျိုးသားများကဲ့သို့ ကြွက်သားများဖြင့်ပုံပျက်ပန်းပျက်ဖြစ်သွား
မည်၊အဆစ်အမြစ်များဒဏ်ရာရမည်၊အလေးများဖြင့်လေ့ကျင့်ခန်းမပြုလုပ်တော့ပါကကြွက်သားများ
သည်အဆီအဖြစ်သို့ ပြောင်းသွားမည်***စသည်ဖြင့်ယုတ္တိမတန်၊လက်တွေ့ မဆန်သော၊ယုံတမ်း
စကားပေါင်းများစွာကိုဖန်တရာတေအောင်ကြားနေကြရ၍ဖြစ်သည်။ဤဆောင်းပါးသည်၊ထိုယုံတမ်း
စကား၊ပုံပြင်များကိုအထောက်အထားများနှင့်တစ်ကွအပြီးအပိုင်တိုက်ဖျက်ပစ်မည်ဖြစ်သည်။ဤ
ဆောင်းပါးတွင်၊အမျိုးသမီးများ၊အလေးများဖြင့်လေ့ကျင့်ပါက၊ရရှိနိုင်သောအကျိုးကျေးဇူးများကို
အထောက်အထားနှင့်တကွဖော်ပြထားသည်။
-အလေးဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်အောက်ဖော်ပြပါအကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။
၁-အဆီကျနှုန်းကိုမြန်ဆန်တိုးတက်စေသည်
အလေးမခြင်းသည်၊အမျိုးသားများအတွက်သီးသန့် လုံးဝမဟုတ်ပါ။သာမန်ကိုယ်လက်လှုပ်ရှားမှုလေ့
ကျင့်ခန်းများသည်ကယ်လိုရီလောင်ကျွမ်းစေနိုင်သည်မှန်သော်လည်းထိုရလာဒ်မှာလေ့ကျင့်ခန်းပြုလုပ်
နေစဉ်တွင်မှာသာဖြစ်နိုင်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်ပါကလေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင်
ရော၊လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်များတွင်ပါကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းကိုမြန်စေကာခန္ဓာကိုယ်တွင်းမှ
မလိုအပ်သောအပိုကယ်လိုရီများကိုလောင်ကျွမ်းစေနိုင်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြီးလျင်
လည်း၊(EPOC-Excess Post Exercises Oxygen Consumption)ဟုခေါ်သော၊လေ့ကျင့်ခန်း
ပြီးနောက်အောက်ဆီဂျင်အပိုအသုံးပြုခြင်းစနစ်ဖြစ်ပေါ်သဖြင့်၊ကယ်လိုရီလောင်ကျွမ်းမှုများလာခြင်းဖြစ်သည်။ခန္ဓာကိုယ်ကအောက်ဆီဂျင်အသုံးပြုမှုပိုလာလေလေ၊ကယ်လိုရီလောင်ကျွမ်းမှုများလာလေလေ
ဖြစ်ပြီးကိုယ်တွင်းဇီဝဖြစ်ပျက်မှုနှုန်းလည်းမြန်လာလေလေဖြစ်ကာအဆီလောင်ကျွမ်းမှုလည်းတစ်ဟုန်
ထိုးတိုးတက်လာခြင်းဖြစ်သည်။
၂-ကြွက်သားပမာဏများလေလေအဆီလောင်ကျွမ်းမှုများလေလေ
အလေးများဖြင့်စနစ်တကျ၊လေ့ကျင့်ခြင်းကြောင့်၊ခန္ဓာကိုယ်တွင်ကြွက်သားပမာဏများလာလေလေ၊
အဆီလောင်ကျွမ်းမှုများလာလေလေဖြစ်သည်။နေ့ စဉ်လှုပ်ရှားနေထိုင်မှုဘ၀နယ်ပယ်တွင်၊မတ်တပ်
ရပ်နေခြင်းသည်ထိုင်နေခြင်းထက်ပို၍ကယ်လိုရီလောင်ကျွမ်းစေနိုင်သလို၊လမ်းလျောက်ခြင်းသည်၊မတ်
တပ်ရပ်နေခြင်းထက်၊ပြေးခြင်းသည်လမ်းလျောက်နေခြင်းထက်၊အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်
ခြင်းသည်ပြေးခြင်းနှင့်အခြားသော၊ကာဒီရိုအားကစားနည်းများထက်ပို၍ကယ်လိုရီလောင်ကျွမ်းစေနိုင်
သည်။တစ်နေကုန်ကြွက်သားများ၊လှုပ်ရှားမှုများလေလေ၊အဆီပိုကျနိုင်လေလေဖြစ်သည်။
၃-ခါးသေးရင်ချီ
အမျိုးသမီးများ၊အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့်၊ကြွက်သားများအပိုတည်ဆောက်လာ
နိုင်လေလေ၊ခန္ဓာကိုယ်မှပိုလျံသောအဆီများကျလာလေလေဖြစ်ကာ၊ခန္ဓာကိုယ်အချိုးအစားကို၊ကျစ်
လစ်တင်းရင်းလှပစေပါသည်။ထို့ ကြောင့်အမျိုးသမီးများ၊အလေးများဖြင့်၊လေ့ကျင့်ခန်းပြုလုပ်သင့်ပါ
သည်။
၎-အိပ်မက်လှလှ
အိပ်ရေးမ၀ပါက၊တစ်နေ့ တာနိစ္စဓူဝ၊လုပ်ငန်းဆောင်တာများအပေါ်၊မည်မျှဆိုးကျိုးသက်ရောက်စေနိုင်
သည်ဆိုသည့်အချက်အပြင်၊ခံတွင်းပျက်ခြင်း၊ကိုယ်တွင်းဇီဝဖြစ်စဉ်နှေးကွေးကာအဆီတက်လာခြင်း
စသောဆိုးကျိုးများကြုံတွေ့ နိုင်ကြောင်းကိုကျန်းမာရေးဗဟုသုတ၊ရှိသူတိုင်းသိရှိထားပြီးဖြစ်သည်။
International SportMed Journalတွင်ဖော်ပြထားသော၊သုတေသနတစ်ခုက၊အလေးများဖြင့်
လေ့ကျင့်ခန်းပြုလုပ်ခြင်းသို့ မဟုတ်ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းက၊ညတွင်
အလွယ်တကူအိပ်ပျော်စေနိုင်ခြင်း၊နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ခြင်း၊အိပ်စက်ချိန်တိုးလာနိုင်ခြင်း
စသောအကျိုးကျေးဇူများကိုတင်ပြထားပါသည်။
၅-အားအင်ပြည့်ဖြိုး၊စွမ်းဆောင်ရည်တိုး
အထက်တွင်၊တင်ပြခဲ့သော၊အချက်များအတိုင်းပင်၊National Institute of Health မှထပ်မံတင်ပြ
သည့်သုတေသနတစ်ရပ်မှာ၊သာမန်အလေးမလေ့ကျင့်ခန်းများသည်ပင်လျင်၊ကယ်လိုရီလောင်ကျွမ်း
မှုအထူးအားကောင်းစေကာ၊ကိုယ်တွင်းခွန်အားညီမျှစေပြီးအဆီဆဲလ်များကိုလောင်ကျွမ်းစေမှုလည်း
မြင့်မားလာခြင်းဖြစ်ကြောင်းကိုရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ထို့ ကြောင့်အားအင်ပြည့်ဖြိုးစွမ်းအင်တိုး
စေလိုပါက၊သင်ကြိုက်သောကိုရီးယားဇာတ်ကားတစ်ကားကိုကြည့်မည့်အချိန်တွင်လေ့ကျင့်ခန်းပြုလုပ်ပါဟု
တိုက်တွန်းအပ်ပါသည်။
၆-နှလုံးကျန်းမာ၊ကိုယ်ချမ်းသာ
နှလုံးရောဂါခံစားနေရသူများအတွက်၊အကောင်းဆုံးသော၊နှလုံးကျန်းမာစေသောလေကျင့်ခန်းမှာ
အလေးများဖြင့်fitness လေ့ကျင့်ခြင်းပင်ဖြစ်ကြောင်း၊ American Heart Association ကထောက်ခံ
တင်ပြခဲ့သည်။ Journal of Strength and Conditioning Research ကလည်း၊အလေးမသူများသည်
နှလုံးရောဂါ၏ဆိုးကျိုးများ၊သွေးတွင်းအချိုဓါတ်များခြင်း၊သွေးတိုးခြင်းစသောရောဂါဆိုးများ၏ဒဏ်မှ
လွတ်ကင်းသက်သာကြောင်းတင်ပြခဲ့ပါသည်။အလေးမခြင်းကြောင့်၊နှလုံးရောဂါသည်များရောဂါအ
ခြေအနေတိုးတက်ကောင်းမွန်လာခြင်းနှင့်သွေးဖိအားမှန်ကန်လာခြင်းကိုဘရာဇီးလ်မှသုတေသီများ
ကတင်ပြခဲ့ပြန်ပါသေးသည်။
၇-အမျိုးမှန်တဲ့မမတို့ အရိုးသန်ဖို့ 
အမျိုးသမီးများ၊အသက်အရွယ်ရလာသည်နှင့်အမျှ၊အရိုးသိပ်သည်းဆလျော့နည်းလာပြီး၊အရိုးပွရော
ဂါဖြစ်လာနိုင်ကြောင်းကိုကျန်းမာရေးဗဟုသုတရှိသောအမျိုးသမီးတိုင်းသိရှိပြီးဖြစ်သည်။ကိုယ်တွင်းမှ
အီစထရိုဂျင်မထုတ်လုပ်နိုင်တော့သောသွေးဆုံးပြီးအမျိုးသမီးအများစုသည်အရိုးပွရောဂါ၏ဒုက္ခပေး
ခြင်းကိုဆိုးရွားစွာခံစားရတတ်သည်။ McMaster University မှသုတေသီများက၊သွေးဆုံးပြီးမှအလေး
ဖြင့်လေ့ကျင့်ခန်းပြုလုပ်သောအမျိုးသမီးကြီးများ၏အရိုးသိပ်သည်းဆသည် ၉%ခန့် ပိုမိုတိုးတက်
ကောင်းမွန်လာနိုင်ကြောင်းကိုတင်ပြခဲ့သည့်အပြင်၊အရွယ်ကောင်းစဉ်ကလေ့ကျင့်ခန်းပြုလုပ်သော
ပျိုမေတို့ ၏အရိုးကျန်းမာရေးအထူးကောင်းမွန်နိုင်ကြောင်းကိုလည်းကောက်ချက်ချတင်ပြခဲ့သည်။
၈-စိတ်ဖိစီးမှုကင်းဝေစေဖို့ 
မည်သည့်လေ့ကျင့်ခန်းအမျိုးအစားမဆို၊စိတ်ဖိစီးမှုဟူသမျှကိုလျော့ချပေးနိုင်ကြောင်းကို၊အားလုံးသိရှိ
ကြပြီးဖြစ်သည်။အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်သူများသည်၊လေ့ကျင့်ခန်းလုံးဝမပြုလုပ်သူများနှင့်
သာမန်လေ့ကျင့်ခန်းပြုလုပ်သူများထက်၊ပို၍စိတ်ဖိစီးမှုများကိုခံနိုင်ရည်ရှိကြောင်းကိုသုတေသီများက
အသေအချာ၊ထောက်ခံတင်ပြပေးထားသည်။ထို့ အပြင်၊လူလတ်ပိုင်းများနှင့်လူကြီးပိုင်းအရွယ်များ
သည်အသင့်အတင့်ပြင်းထန်သောကြံ့ခိုင်မှုလေ့ကျင့်ခန်းများကိုလေ့ကျင့်ပေးပါက၊မှတ်ဥာဏ်နှင့်အမြင်
အာရုံကိုလည်းတိုးတက်ကောင်းမွန်စေနိုင်ပါသည်။
ထို့ ကြောင့်ကျန်းမာ၊သန်စွမ်းပြီး၊စွမ်းဆောင်ရည်မြင့်မားကာဘ၀တွင်အဖက်ဖက်မှအောင်မြင်လိုသော
အမျိုးသမီးတိုင်းသည်အလေးများဖြင့်လေ့ကျင့်ခန်းပြုလုပ်သင့်ပါကြောင်းကိုစေတနာကောင်းဖြင့်
ထပ်လောင်းတိုက်တွန်းအပ်ပါသည်။
References
1.    Roveda, Eliana, et. Al. Effects of endurance and strength acute exercise on night sleep quality." International SportMed Journal. 2011; 12(3): 113-124.
2.    Kirk, Erik P., et. Al. Minimal resistance training improves daily energy expenditure and fat oxidation" Med Sci Sports Exerc. 2010; 41(5): 1122-1129.
3.    Magyari PM, Churilla JR. Association between lifting weights and metabolic syndrome among U.S. Adults: 1999-2004 National Health and Nutrition Examination Survey. J Strength Cond Res. 2012 Nov; 26(11): 3113-7.
4.    Cardoso, Crivaldo Gomes, et. Al. "Acute and chronic effects of aerobic and resistance exercise on ambulatory blood pressure." Clinics (Sao Paulo). 2010; 65(3):317-325.
5.    Muir JM, Ye C, Bhandari M, Adachi JD, Thabane L. The effect of regular physical activity on bone mineral density in post-menopausal women aged 75 and over: a retrospective analysis from the Canadian multicentre osteoporosis study. BMC Musculoskelet Disord. 2013 Aug 23; 14: 253.
6.    Stone M, Stone Meg, Sands W. Psychological Aspects of Resistance Training. In: Principles and Practice of Resistance Training. Champaign, IL: Human Kinetics; 2009. p. 229-241.
ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits -
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com



No comments:

Post a Comment