arial" action="like" colorscheme="light">

Sunday, January 19, 2014

မြန်မာ့ကာယဗလ ဖွံ့ ဖြိုးတိုးတက်စေချင်

ယနေ. မြန်မာ နိုင်ငံမှာ သာမက ကမ္ဘာမှာပေါ်မှာပါ ကျွန်တော်တို. ကာယဗလ အားကစားဟာ လူတကာ စိတ်ဝင်စားမှုနည်းတဲ. အားကစားအထဲမှာ တစ်ခု အပါအ၀င် ဖြစ်နေပါတယ်။ အထူးသဖြင်. ကျွန်တော်တို. နိုင်ငံမှာ ဆိုရင်လည်း ကာယဗလ အားကစားဟာ လူအနည်းစု ကစားတဲ. အားကစားတစ်ခုလို ဖြစ်နေပါတယ်။ ဒါတွေကို တစ်ခါတစ်လေ တွေးကြည်.မိရင် အရမ်းကို ၀မ်းနည်းမိပါတယ်။ များသောအားဖြင်. ကာယဗလ လိုက်စားတဲ. ကျွန်တော်တို.လို လူငယ်မျိုးတွေကိုလည်း တစ်ခြားသော သူတွေရဲ.အမြင်မှာ ၀ိတ်ပေါတွေ ၊ ဆန်ကုန်မြေလေးတွေ ဆိုပြီး ပြောဆိုနေကျတာတွေ၊ တက်သစ်စ လူငယ်တွေကိုလည်း မိဘဖြစ်သူတွေက ဘာလုပ်မှာလဲ ဒီအားကစား အရပ်ပုတယ်၊ ကြည်.မကောင်းဘူး စသည်ဖြင်. အမျိုးမျိုး မှားယွင်းတဲ. အယူအဆတွေနဲ. ပြောကြားပြီး ကြီးပြင်းစေတဲ. အခါကျတော. သူတို.တွေဟာလည်း ဒီအားကစားအပေါ်မှာ အမြင်တစ်မျိုး ဖြစ်ခဲ.ပါတယ်။ ဒါတွေဟာ အခုလက်ရှိလည်း ဖြစ်နေတုန်းပါပဲ။ အဲဒီလို အယူအဆတွေ ရှိနေလိုလည်း ကျွန်တော်တို. ကာယဗလ လောကဟာ မီးခဲပြာဖုံးဘ၀နဲ.ပဲ ကျေနပ်နေ၇တာပေါ.ဗျာ။ မျိုးဆက်သစ် လူငယ်ဆိုတာ ပြတ်သလောက် ဖြစ်နေပြီး လက်ရှိ မောင်မြန်မာ ကြီးတွေဟာလည်း မျိုးဆက်သစ်တွေကို နေရာပေးချင် ပေ.မယ်လည်း လူကမရှိ ဆိုသလိုပါပဲ။ အရမ်းကို ၀မ်းနည်းစရာပါ။
ကျွန်တော်တို.တွေ အနေနဲ.လည်း ကိုယ်တိုင်က ၀ါသနာပါတော. တတ်နိုင်သရွေ. တစ်ဖက်တစ်လမ်းက ကူညီနေပါတယ်။ ကျွန်တော်တို. ကာယဗလ လောက ဟာတကယ်တော. အမြင်လွယ်တဲ.လို. ထင်ရပေမယ့် မလွယ်ကူပါဘူးဆိုတာ လက်ရှိ ကစားနေတဲ. သူငယ်ချင်းတို.လည်း သိမှာပါ။ မောင်ကောင်း တစ်ယောက်ဖြစ်ဖို. ဆိုတာ မလွယ်သလို ရရှိလာတဲ. မောင်ဘွဲ တည်မြဲဖို. ဆက်လက် ထိန်းသိမ်းရတာလည်း မလွယ်ကူပါဘူး။ ဇွဲ၊ လုံလ၊ ၀ီရီယ၊ သုံးမျိုးလုံးနဲ.လည်း ဆိုင်သလို နောက်ကွယ်ကနေ အထောက်အပံ. အများကြီး လိုအပ်ပါတယ်။ ရိုးရိုးထမင်းစား၊ ရေသောက်ပြီး ကစားနေလို.ကတော. လူသာ အိုသွားမယ် ထင်သလောက် ခရီးရောက်မှာ မဟုတ်ပဲ လမ်းတစ်ဝက်မှာတင် လှည်.ပြန်ရမှာ သေချာပါတယ်၊ ဆေးဝါး အထောက်အကူ ဆိုတာလည်း လိုအပ်သလို အနေအထိုင် အစားအသောက် အဖက်ဖက်က ဂရုစိုက်နေရတာ ဟာလည်း ကျွန်တော်တို. အားကစားရဲ. ကောင်းမွန်တဲ. လူနေမှု စနစ်တစ်ခု ပေါ.ဗျာ။
ကာယဗလ အားကစားဟာ အခုရေတွင်းတူး အခုရေကြည်သောက်ချင်လို. မရပါဘူး။ နည်းပြဆရာ ကောင်းကောင်းလည်း လိုအပ်သလို ကိုယ်တိုင်ကလည်း နည်းစနစ် မှန်ကန်စွာနဲ. လေ.ကျင်.နိုင်မှ မျှော်မှန်းတဲ. ပန်းတိုင်ကို ရောက်ရှိနိုင်မှပါ။ အားကစားသမား ကိုယ်တိုင်ကလည်း နည်းပြဆရာ စကားကို တသွေမတိမ်း လိုက်နာ အကောင်အထည် ဖော်နိုင်ဖို.လည်း လိုအပ်သော အားကစားတစ်ခုပါ။ ကာယဗလ ဟူသော ဝေါဟာရကို ခွဲခြမ်း စိတ်ဖြာကြည်.လိုက်လျှင် ကာယဆိုသည်ကို အင်္ဂလိပ် ဘာသာဖြင်. Physical   ဟုအဆိုရှိပါသည်။   Physical ဆိုသည်မှာ ရုပ်၊ ဒြပ်၊ အထည်အ၀ါ၊ အကောင်အထည် စသည်ဖြင်.ဆိုင်သော အဖြေရသလို။ တစ်နည်းအားဖြင်. အာရုံငါးပါးနှင်. ထိတွေ. နိုင်သော ကိုယ်ကာယ၊ ကိုယ်ခန္ဒာဟု ဆိုလိုပါသည်။ ဗလဟူသော စကားမှာ   Strength စွမ်းအားဟု ခေါ်ပြီး ထိုနှစ်ခုပေါင်းကို    Physical Strength  ဟု ခေါ်ဆိုနိုင်ပါတယ်။ Physical Culture မှာမှု ကိုယ်လက် ကြံ.ခိုင်ရန်လို. ခေါ်ဆိုပြီး Physical Culture တွင် ကာယအလှ ရောယှက်လာပါတယ်။ထိုကာယဗလနှင်. ကာယအလှတို. ခန္ဓာကိုယ်တွင် ဖြစ်ပေါ်စေရန် စနစ်တကျ တည်ဆောက်ရပါတယ်။ နည်းဆိုသည်မှာ ပါဠိဘာသာအားဖြင်. နယ၊ အင်္ဂလိပ် ဘာသာအားဖြင်. (system) နည်းနာနိသျှ၊ (Method) နည်းစနစ်၊ Process (အဆင်.ဆင်.ဖြစ်ပေါ်လာပုံ)၊ Procedure (လုပ်ပုံလုပ်နည်း) Ways (လိုက်နာရန်စနစ်)၊ Means (ရည်မှန်းချက်)၊ (Technique) အထူးနည်းနာနိသျှဟု အဆိုရှိပါတယ်။နည်းစနစ်ကျနစွာ ဆိုသည်မှာ ပုံ့စံတကျ စနစ်တကျ သတ်မှတ်ထားသော စည်းမျဉ်း ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်စေခြင်းဟု ခေါ်ဆိုနိုင်ပြီး ကာယဗလနှင်. ကာယအလှကို နည်းစနစ် တကျ ပြသနိုင်ရန် နည်းပြဆရာကောင်း တစ်ဦး မဖြစ်မနေ လိုအပ်ပါတယ်။ အဘယ်ကြောင်.ဆိုသော် နည်းပြဆရာဟူသည် နည်းပေးလမ်းပြ ပြုလုပ်သူဟု ခေါ်ဆိုနိုင်ပြီး ကာယဗလ လေ.ကျင်.မှုသည် အာရုံပျံလွင်.မှုကိုပင် မခံနိုင်သည်. အားကစားနည်း ဖြစ်သည်။ နည်းပြနှင်. အားကစားသမားတို.ဟာ ဘာနဲ.တူသလဲဆိုရင် ပန်းပု ဆရာတစ်ယောက်က ယမနေသားကို ပန်းပု ထုလုပ်နေသည်နှင်. ထပ်တူကျပါတယ် ဆိုလိုတာကတော. ပန်းပု ဆရာကလည်း လက်ရာကောင်းမှ ယမနေသားကလည်း အကျိုးအပဲ.မရှိ ခံနိုင်အားကောင်းမှ ပန်းပု ရုပ်ကောင်း တစ်ရုပ် ထွက်လာမှာပါ။ ဒီလိုပါပဲ နည်းပြဆိုတဲ. ပန်းပုဆရာက ဘယ်လောက် ကောင်းကောင်း ယမနေ သားဆိုတဲ. ကစားသမားကလည်း ခံနိုင်ရည်ရှိဖို. လိုပါတယ်။
ကျွန်တော် အမြင် ပြောရလျှင် သွေးသားဖြင်. တည်ဆောက် ထားသော ကျွန်တော်တို. ခန္ဒာကိုယ်ကို ပန်းပုရုပ်ပမာ ဖြစ်အောင် လုပ်ရတယ် ဆိုတာ မလွယ်ကူပါဘူး။ အင်မတန်မှ ခက်ခဲပြီး နူးညံ. သိမ်မွေ.တဲ. ပညာရပ်တွေလည်း ပါဝင်နေပါတယ်။ မြန်မာမှု နယ်ပယ်တွင် ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည် ဆိုတဲ. ဆိုရိုးရှိသလို ကာယဗလ လောကမှာလည်း အသက်ကို ပမာပြု ကာယကိုစုပါ ဆိုတဲ. ကာယဗလ ကာယအလှ အားကစားရဲ. ဆောင်ပုဒ်လည်း ရှိနေတာ သိပြီး ဖြစ်ကြမှာပါ။ ကျွန်တော်တို. ဆရာ ဦးသာအောင် ပြောပြခဲ.တဲ. ချန်ပီယံ ဆိုတာ အလိုအလျှောက် မွေးဖွားလာခြင်း မဟုတ် တည်ဆောက်ယူရခြင်း ဖြစ်သည်။ သင်လည်း ကြိုးစားလျှင် ဘာလို. မဖြစ်နိုင်ရမှာလဲ လိုအပ်သည်မှာ နည်းစနစ် မှန်ကန်ဖို. နှင်. လေ.ကျင်.စဉ်နှင်. မှန်မှန် လေ.ကျင်.နိုင်ဖို. ဆိုတဲ.Champions are not born ,they are built .why not you be a champion ,if you train hard .what you need is regular and correct training only.
အထက်ပါ စာသားလေးကို သတိရမိပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို.တွေလည်း လူသားတွေထဲက လူသားပါပဲ။ တတ်နိုင်သရွေ.တော. ကြိုးစားရင်ရနိုင်မယ်လို.လည်းစိတ်ဓာတ်ရှိရမယ်လို. ပြောကြားခဲ.
တာတွေကလည်း မှတ်သားစရာ တစ်ခုပေါ.ဗျာ။
နည်းစနစ် မှန်ကန်စွာ လေ.ကျင်.လျှင်. ဆရာဇော်ဂျီ ရေးသားခဲ.တဲ. ကဗျာလေး တစ်ပုဒ်လိုပေါ.။
လာစမ်းဟဲ. မေ.သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီး လုံးလုံး
ဗိုလ်မှုးကြီး ရှုံးလောက်ရဲ.
ပခုံးနဲ. လက်ပြင် ကျောပြင်က သံချောင်း
တစ်နှစ်အတွင်းမှာ
ချက်ချင်းပဲပြောင်းရော ဆိုသကဲ.သို. တိုးတက်မှုကို တစ်နှစ်အတွင်း ရရှိနိုင်မယ် ဆိုတာ ယုံကြည်နေမိပါတယ်။
ကျွန်တော်တို. ကာယဗလ လောကကြီး တိုးတက်စေဖို. ဆိုတာပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ၊ စာနယ်ဇင်းများမှ လှုံဆော်ရေး ဆောင်းပါးများ၊ ပြည်သူအများ စိတ်ဝင်စားစေရန် ကာယဗလ တေးဂီတ၊ ကာယဗလ ၀တ္တု၊ ကာယဗလ ရုပ်ရှင်များဖြင်. တိုးမြှင်. စည်းရုံးသင်.တယ်လို. ထင်မိပါတယ်။ ကာယဗလ ပြည်.စုံသူသည် ကျန်းမာ၏ ကျန်းမာသောသူသည် ဥာဏ်လတ်ဆတ်၏ ဥာဏ် လတ်ဆတ်သောသူသည် ဟုတ်တိုင်းမှန်ရာ စဉ်းစားနိုင်၏ ကာယဗလ ကြံ.ခိုင်သူ ပေါများလေ တိုင်းပြည် မဏ္ဍိုင် တောင်.တင်းလေ ကြံ.ခိုင်လေမှာ မလွဲဧကန် ဖြစ်ပါသည်။ ထို.ကြောင်. ကာယဗလ ကာယအလှ အားကစား ပြန်လည် နိုးကြား တက်ကြွလာစေရေး အတွက် အဘက်ဘက်မှ ၀ိုင်းဝန်း ကြိုးစားသင်.ပါကြောင်း တင်ပြရင်း အနာဂတ်မှာ မြန်မာ. ကာယဗလ လောကကြီး ကမ္ဘာအဆင်.ထိ တိုးတက် ရှင်သန်နိုင်ပါစေလို. ဆုမွန်ကောင်း တောင်းရင်း ကျွန်တော့် ပိုစ်လေးကို အဆုံးသတ်လိုက်ပါတယ်။ အပေါင်းအသင်းတို့။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com




1 comment:

  1. ကိုအောင်အောင် ဆောင်းပါးက ဝါသနာတူ ခံစားချက်တူမို့လားမသိဘူး ... ရင်ထဲကို တကယ်ထိတယ်ဗျာ ... ကိုအောင်အောင်ရေးခဲ့သလိုပဲ ... အနာဂါတ်မြန်မာမှာ မြန့်မာကာယဗလ လောက ရွှေခေတ်ကို ရောက်ဖို့ မျော်လင့်မိပါတယ်. ...မြန့်မာကာယဗလလောကကြီး အရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ပါစေ .....

    ReplyDelete