လူသားတိုင်းတွင် တစ်ဦးနှင့် တစ်ဦးမတူညီသော စိတ်နေစိတ်ထား ၊ ခံယူချက် ၊ နှင့် အတွေးအခေါ် စိတ်ကူးစိတ်သန်းတို့ရှိသကဲ့သိုပင် ယနေ့ နာမည်ကျော် ကမ္ဘာ့ကာယဗလ ချန်ပီယံတိုင်းတွင်လည်း မတူညီသည့် အယူအဆများ လေ့ကျင့်မှု အပေါ်တွင် ထားရှိသည့် ခံယူချက်များ ၊မတူညီသည့် ကွဲပြားခြားနားသော လေ့ကျင့်ပုံများ အသီးသီးရှိကြလေသည်။ထိုသို့သောကွဲပြားခြားနားသည့် လေ့
ကျင့်စဉ်များမှ မတူညီသည့် လေ့ကျင့်မှု သီအိုရီအများအပြားပေါ်ထွက်လာခြင်းဇြစ်သည်။ချန်ပီယံ တစ်ဦး နှင့် တစ်ဦး လေ့ကျင့်မှု သီအိုရီချင်းကွာခြားသလို ခံယူချက်ခြင်းသည်လည်း ကွာခြားနေမည်သာဖြစ်သည်။တစ်ဦးအတွက်အကျိုးပြု သော လေ့ကျင့်မှုသီအိုရီသည်အခြားတစ်ယောက်
အတွက်အကျိုးပြုချင်မှပြုမည်ဖြစ်သည်။ယခုဆောင်းပါးတွင် လည်း ၆ထပ်ကွမ်းချန်ပီယံ ဒိုရီယန်ရီတ်စ်ဧ။် ခံယူချက် သဘောထားနှင့် လေ့ကျင့်မှုသီအိုရီများကို လေ့လာသူ ၀ါသနာရှင်များ သိရှိကြစေရန်ရည်ရွယ်၍ ကြိုးစားတင်ဆက်ပေးလိုက်ပါသည်။မိမိနှင့်ကိုက်ညီသော မှတ်သားဖွယ်အချို့ပါရှိပါက မှတ်ယူလိုက်နာ၍ မိမိနှင့် အကျိုးမပြုသော်လည်း ဗဟုသုတ အဖြစ် သိထားသင့်သည်အကြောင်းအရာများပါရှိပါကလည်း အကျိုးယုတ်မည်မထင်ပါ။ဒိုရီယန် သည် ကမ္ဘာ ကာယဗလ နယ်ပယ်တွင် အောင်မြင်မှုအစဉ်အလာကို ထိန်းသိမ်းနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ သူ့ခေတ်သူ့အခါက ပြိုင်ဘက်များကို စိတ်ဓာတ်ပိုင်းဆိုင်ရာ နှင့်အများဆုံး အနိုင်ယူခဲ့သူဖြစ်သည်။ တစ်နှစ်ပတ်လုံးတွင် မောင်အိုလံပီယာပွဲနှင့် အခြားပွဲ ၂ပွဲ လောက်မှလွဲ၍ ပရိသတ်ကြားတို့ သိပ်မထွက်ပေ။ သူဘာလုပ်သည် ဘယ်လိုလေ့ကျင့်သည် ၊ ဘယ်လောက်ထိကြီးထွားလာပြီ ဆိုသည်ကို သိရှိဖို့အင်မတန်မှ ခဲယဥင်္းသည်ဟု ကာယဗလမောင်များကို သီးသန့် ဓာတ်ပုံရိုက်သည့် နာမည်ကျော် ဓာတ်ပုံပညာရှင်တစ်ဦးက ပြောကြားဖူးသည်။ မလိုအပ်ပဲ အားအကုန်မခံနိုင်ဟု ဆိုသည့်အတိုင်း ပြိုင်ပွဲများ ခရီးစဉ်ထွက်တိုင်း အများနှင့်မတူ အိတ်တစ်လုံးတောင်မှ ကိုယ်တိုင်မကိုင်ပေ။အဲဒီလောက်အထိ ဒိုင်လျိုသလို အပြောနှင့် လက်တွေ့ ညီအောင်လည်း ပြုမှု ကျင့်ကြံသည်။ တစ်နှင့် နှင့် တစ်နှစ် မတူအောင်လည်း မိမိဧ။် ကာယဗလ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ပြိုင်ပွဲမှ အနားယူချိန်အထိ ပြိုင်ဘက်တို့ဧ။် ပါးစပ်ဖျားတွင် အကောင်းဆုံးသော ဒိုရီယန် ဆိုသည့် ဘွဲထူးကို ပိုင်ဆိုင်ထားနိုင်ခဲ့သည်။အဆိုပါ ချန်ပီယံ ဒိုရီယန်ဧ။် ပြောစကားအချို့ကို ကျွှန်တော်တို့ လေ့လာကြည့်ကြပါစို့။
အစဉ်အလာသမာရိုးကျနည်းအတိုင်း“ကြွက်သားတစ်ခု”ကို(၁၅)ကျော့ကနေအကျော့(၂၀)အထိ (၁၅-၂၀ကျော့)ကစားတာဟာများလွန်းပါတယ်။ကျွန်တော်ကတော့အဲဒီလိုကစားတဲ့အစား“လေ့ကျင့်ခန်း တစ်ခု”ကို(၁)ကျော့က(၂)ကျော့အထိပဲကစားပါတယ်။မကစားဖူးသေးရင်တော့အကျိုးထူးတာကိုတွေ့ဖူးဦး မှာမဟုတ်ဘူး။
မောင်စကြ၀ဠာ“မိုက်ခ်-မင့်ဇာ”(Mike Mentzer)ကပြောလေ့ပြောထရှိခဲ့ပါတယ်။
ဒိုင်းနမိုက်တစ်စည်းကိုခဲတန်ကလေးတစ်ချောင်းနဲ့ခေါက်နေလို့ကတော့တစ်နေ့လုံးခေါက်တောင် ပေါက်မှာ
မဟုတ်ဘူး။တူတစ်ချောင်းနဲ့နာနာလေးတစ်ချက်တည်းထုကြည့်လိုက်ပါလား။“ဒိုင်း”ခနဲပေါက်ကွဲ သွားမှာပေါ့။
အဲဒီလိုပေါ့။(၁)ကျော့(၂)ကျော့လောက်ကိုမီးကုန်ယမ်းကုန်ရာခိုင်နှုန်းပြည့်အားထုတ်ကစားလိုက် မယ်။နောက်ထပ်တစ်ကြိမ်တောင်ထပ်မတွန်းနိုင်တော့တဲ့အထိအပြည့်အ၀တိတိကျကျ၊မှန်မှန်ကန်ကန် (Strict Style)နဲ့ကစားလိုက်စမ်းပါ။နောက်ထပ်တစ်ကျော့ထပ်ကစားစရာဘာလိုဦးတော့မလဲ။အခြားတစ် ဖက်မှာလည်း...အားသွန်ခွန်စိုက်မရှိဘဲဖြစ်စေ...နည်းနည်းနဲ့ဖြစ်စေ...(၅)ကျော့ကိုကစားလို့ရနိုင်ပါတယ်။ဒါ ပေမဲ့...ကြွက်သားကြီးထွားမှုများများတော့ဘယ်ရနိုင်မလဲ။
ဥပမာတစ်ခုပြောပြမယ်။
ရင်အုပ်လေ့ကျင့်ခန်းတွေကို(၁၅)ကျော့ကစားမယ်ဆိုပါတော့။(၃)ကျော့ကစားပြီးပြီထား။နောက် ထပ်ကစားဖို့(၁၂)ကျော့ကျန်သေးတယ်ဆိုတာသိနေတော့...စတုတ္ထအကျော့ကို...မီးကုန်ယမ်းကုန်အားသွန်
ဖာမှောက်ကစားဖို့စဉ်းစားနိုင်ပါ့မလား။ဘယ်ဖြစ်နိုင်ပါ့မလဲ...ပထမ(၂)ကျော့(၃)ကျော့ကိုအားထုတ်ထည့် ကစားလိုက်မှတော့ကျန်တဲ့အကျော့ကိုအားသွန်ခွန်စိုက်နဲ့ဆက်ထိန်းကစားဖို့ဘယ်ဖြစ်နိုင်မလဲ။ကြွက်သား ကြီးထွားဖို့အတွက်လိုအပ်တဲ့“အားသွန်ခွန်စိုက်ကစားမှု”(Intensity)ကိုနိုးဆွလှုံ့ဆော်ပေးပြီးပြီပဲ။အဲဒီထက်ပိုပြီး... လိုတာထက်ပိုပြီးလုပ်ရင်...ကိုယ့်ရဲ့“ခွန်အားပြန်လည်ပြည့်မှုစွမ်းရည်”(Recuperative Ability)ကို လျော့သွားစေပါလိမ့်မယ်။မမေ့ဖို့အချက်တစ်ခုရှိပါတယ်။
“ကြွက်သားကြီးထွားမှုအတွက်နှိုးဆွလှုံ့ဆော်ပေးမှုကိုလေ့ကျင့်မှုအားကစားရုံထဲမှာပြုလုပ်ပေးပါ တယ်။ဒါပေမဲ့..ကြွက်သားကြီးထွားမှုကအားကစားရုံအပြင်ဘက်မှာဖြစ်ပျက်ပါတယ်။
“You stimulate growth in the gym but you grow outside the gym.”
နှစ်ပေါင်းများစွာအတွင်းမှာအတွေ့အကြုံပညာတစ်ခုကျွန်တော်ရခဲ့ပါတယ်။
ရာနှုန်းပြည့်ခွန်စိုက်အားစိုက်နှုန်းနဲ့အမြဲတမ်းကစားသွားလို့မရနိုင်ပါဘူး။
(You can't train with 100% intensity all the time)
ခန္ဓာကိုယ်ကြီးဟာစက်ရုပ်တစ်ခုမဟုတ်ပါဘူး။နားဖို့အချိန်တွေပေးဖို့လိုပါတယ်။ပြန်ပြီးအားပြည့်ဖို့ ရယ်...ပြီးတော့နောက်တစ်ခါလေ့ကျင့်ရေးအစီအစဉ်အတွက်တုံ့ပြန်အားကောင်းဖို့တို့အတွက်ရယ်...ခွန်အား
စိုက်မှုကိုလျှော့ပြီးကစားရမယ့်ကာလမျိုးတွေလိုအပ်ပါတယ်။ကျွန်တော်ဆိုရင်...တစ်လခွဲလောက်ပြင်းပြင်း
ထန်ထန်ကစားပြီး...နှစ်ပတ်လောက်နည်းနည်းလျှော့ကစားပြီးတော့သုံးလေးရက်လောက်လုံးလုံးလျားလျား
အနားယူလိုက်ရင်...ကျွန်တော်ကိုယ်ခန္ဓာရဲ့တုံ့ပြန်မှုဟာပိုပြီးကောင်းလာတာမျိုးတွေ့ရပါတယ်။မကြာသေးမီ
ကပဲ...ကျွန်တော်လေ့ကျင့်မှုကိုလျှော့ချခဲ့ရာမှာ...ကြွက်သားတစ်ခုကိုခြောက်ရက်၊ခုနစ်ရက်မှတစ်ခါလောက်ပဲ
ကစားခဲ့တယ်။ကျွန်တော်ခွဲကစားခဲ့တဲ့လေ့ကျင့်ရေးဇယားနမှုနာပုံစံကိုကြည့်လေ။
၁။ ပထမနေ့...။ပခုံးနှင့်လက်မောင်းနောက်သားများ
၂။ ဒုတိယနေ့...။နောက်ကျော
၃။ တတိယနေ့...။နားရက်
၎။ စတုတ္ထနေ့...။ရင်အုပ်နှင့်လက်မောင်းရှေ့သားများ
၅။ ပဌ္စမနေ့...။ပေါင်နှင့်ခြေသလုံး
၆။ ဆဌမနေ့...။နားရက်
၇။ သတ္တမနေ့...။အစီအစဉ်အတိုင်းပြန်ကစား (သို့မဟုတ်)လိုအပ်လျှင်ဆက်နား
ခွန်အားပြန်ပြည့်ရေးနဲ့ပတ်သတ်လို့ကြွက်သားအုပ်စုတွေအားပြန်ပြည့်ဖို့လိုတယ်လို့အတော်များများကစဉ်
စားတတ်ကြပါတယ်။ကြွက်သားအုပ်စုတွေအားပြန်ပြည့်ပုံဟာအထိုက်အလျောက်အားဖြင့်မြန်ပါတယ်။ဒါပေ
မယ့်....အလေးများများနဲ့ဟဲဗီးကိုင်နေတဲ့အခါမျိုးမှာ......ဆိုပါစို့အလေးကြီးတွေများများနဲ့အောက်ပိုင်းအ
တွက်“အောက်ပိုင်းစကွတ်”ထိုင်တဲ့အခါ...“လက်ခ်-ပရက်စ်”ခြေကန်တဲ့အခါ၊ရင်အုပါအတွက်ပက်လက် အိပ်အနှေးမ“ဘင့်ခ်ျ-ပရက်စ်”တွန်းတဲ့အခါမျိုးတွေမှာ...အဲဒီကြွက်သားစုအတွက်သာပင်ပင်ပန်းပန်းဖိကစား ရုံမကတော့ဘူး...အာရုံကြောအဖွဲ့အစည်းစနစ်ကြီးတစ်ခုလုံးကိုပါပြင်းပြင်းထန်ထန်အများကြီးအလုပ်ပေးတဲ့
သဘောပါ...ပါလာတယ်။အောက်ပိုင်းထိုင်ရင်...ပေါင်တစ်ခုတည်းမကဘဲ...တစ်ကိုယ်လုံးလိုက်ပြီးအလုပ်
ပေးရတယ်မို့လား။အဲဒီတော့...အောက်ပိုင်းကစားနေမျိုးဆိုရင်...တစ်ကိုယ်လုံးအားပြန်ပြည့်ဖို့အတွက်လုံးဝ
အနားယူလိုက်ရတာမျိုးလိုအပ်တာပေါ့။
ဒီနေရာမှာလည်း...သင်ခန်းစာတစ်ခုကိုသတိပြုဖို့လိုပါတယ်။ကြွက်သားတွေကြီးထွားလာလေ...ခွန်အားပို
သန်လာလေ...လေ့ကျင့်မှုဟာပြန်အားပြည့်မှုအတွက်ဖိအားပိုပေးလာလေပဲ။အစွမ်းကုန်အားထုတ် လေ့ကျင့်
မှုကာလမှာ...လုံးဝအားပြန်ပြည့်ရေးအတွက်...အကြိမ်ကိုလျှော့ကစားဖို့လိုပါတယ်။
လေ့ကျင့်မှုလုပ်တဲ့နေရာမှာလည်းအတိုးအလျှော့လုပ်ကစားတတ်ဖို့လိုပါတယ်။“ရာခိုင်နှုန်းပြည့်ခွန်အားစိုက်က
စားနေတဲ့လေ့ကျင့်ရေးကာလ”ပင်ဖြစ်လင့်ကစား...အခြေအနေကိုကြည့်ပြီးအတိုးအေလျှာ့လုပ်ကစားတတ်
ရပါမယ်။တစ်ခါတစ်ရံကြုံရတတ်တယ်။ကျွန်တော်အားကစားရုံထဲရောက်ပြီးသွေးပူလေ့ကျင့်ခန်း သာစလုပ်နေတယ်ဘာကြောင့်မှန်းမသိဘူး။စိတ်ကမပါ၊အားလည်းမပြည့်သလိုပဲ။အဲဒါဆိုသိလိုက်တော့။အ ချက်ပြသတိပေးနေပြီ။အဲဒီနေ့အတွက်သက်သောင့်သက်သာနဲ့လျှော့သာကစားလိုက်ပါ။
အမှန်ကိုရင်ဆိုင်ကြရမှာပေါ့။တချို့ရက်တွေမှာအားပိုကောင်းတတ်တယ်။ကိုယ်ခန္ဓာကြီးကစက်ရုပ်တစ်ခုမှမ
ဟုတ်တာ။သူ့ကိုစက်ရုပ်လိုသဘောထားလုပ်လို့ဘယ်ဖြစ်ပါ့မလဲ။ကျွန်တော်တော့...ကိုယ့်ကိုယ်ခန္ဓာကိုပြန်
နားထောင်တယ်။အားပိုကောင်းတဲ့နေ့မှာပိုပြီးဖိကစားတယ်။အဲဒါကြောင့်...ကျွန်တော့်မှာ...ထိခိုက် ဒဏ်ရာရမှုကင်းကင်းရှင်းရှင်းနဲ့ကစားနိုင်တယ်။ကြွက်သားတွေ“တိုးတက်ပုံလည်းမှန်တယ်။သိသာတယ်။
ကြွက်သားတစ်ခုကိုကြီးထွားစေအောင်....အဲဒီကြွက်သားကို“၀န်ပိုလှုံ့ဆော်မှု” (Overload Stimulus)ဆိုတဲ့နည်းနဲ့လုပ်ပေးရပါတယ်။အလေးဝန်ပိုခုခံအားနဲ့ကစားနိုင်ရပါတယ်။ကျွန်တော်အလေးနဲ့စ,
ကစားခါစကပက်လက်အိပ်အနှေးမမှာ(၁၃၀)ပေါင်ပဲမနိုင်ခဲ့ပါတယ်။အခုဆိုကျွန်တော်ပေါင်(၅၀၀)နဲ့
တွန်းနိုင်နေပြီ။ကျွန်တော်သာပေါင်(၁၃၀)၀န်ကိုပဲဆက်တွန်းနေမယ်ဆိုရင်...ကျွန်တော်ကိုယ်ခန္ဓာဟာလည်းစ
,ကစားခါစကပုံအတိုင်းရှိနေမှာပဲ။ပေါင်(၁၃၀)၀န်ကိုပဲတွန်းနေတဲ့ရင်အုပ်၊ပခုံးနဲ့လက်မောင်းနောက်သားတွေ
ဟာလည်းမူလအတိုင်းရှိနေမှာပဲ။ပေါင်(၁၃၀)ထက်ပိုပြီးလိုတဲ့“၀န်ပို”ခုခံအားကိုနိုင်အောင်ကျွန်တော်အားမ
ထုတ်ခဲ့ရင်ကြွက်သားတွေဘယ်လိုလုပ်ကြီးထွားလာနိုင်ပါ့မလဲ။သဘောတရားကရိုးရိုးလေးပါ။
ကြွက်သားတစ်ခုကို....သူလုပ်နေကျအလုပ်ထက်ပိုပြီးအလုပ်လုပ်ခိုင်းလိုက်ရင်....အဲဒီဝန်ကိုနိုင်ဖို့အတွက်
ကြွက်သားဟာပိုပြီးကြိးထွားအားရှိလာအောင်....အကျင့်ရအောင်လုပ်ယူရတော့တာပဲ။အခုခတ်မှာ ခေတ်
စားနေတဲ့လေ့ကျင့်စဉ်အမျိုးမျိုးကြောင့်လွယ်လွယ်လေးနဲ့ခေါင်းရှုပ်သွားနိုင်ပါတယ်။ကျွန်တော်ကတော့လက်
ရှိကာယဗလချန်ပီယံတွေရဲ့အမျိုးမျိုးသောလေ့ကျင့်မှုဒသာနတွေကိုအာရုံမစိုက်ဘူးဗျ။ဗီဇမျိုးစေ့ ကောင်း
ပါရမီပါလာတဲ့သူတစ်ယောက်ဟာဖြစ်သလိုကြုံသလိုနည်းနဲ့ကစားရင်းနဲ့လည်းဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။
ဒါပေမယ့်....အဲဒီပုဂ္ဂိုလ်ဟာကျွန်တော်ထောက်ခံတဲ့နည်းနဲ့လေ့ကျင့်မယ်ဆိုရင်....အဲဒီအမျိုးသားသို့မဟုတ်
အမျိုးသမီး ဟာအတက်မြန်နိုင်ဖို့နဲ့မြန်မြန်ကြီးထွားနိုင်ဖို့ပိုပြီးလမ်းများနိုင်ပါလိမ့်မယ်။
အမှန်တော့ကိုယ်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်စတဲ့အချက်တွေကိုထည့်သွင်းစဉ်း
စားပြီး....ကိုယ်နဲ့အကောင်းဆုံး၊အကိုက်ဆုံးဖြစ်မယ့်လေ့ကျင့်မှုကိုလက်တွေ့စမ်းသပ်ကြည့်ရမယ်။ တွေ
့အောင်ရှာယူရမယ်။ကျွန်တော်လေ့ကျင့်ရေးစနစ်ဟာကျွန်တော်အတွက်အကောင်းဆုံးဖြစ်လို့ကျွန်တော်
လက်ခံအတည်ပြုထားတာပဲ။ဘယ်လေ့ကျင့်ရေးနည်းကိုပဲရွေးရွေးမပစ်ပယ်ဘဲလိုက်နာကျင့်သုံးရမယ့်
အခြေခံသဘောတရားတစ်ခုရှိပါတယ်။
ကြွက်သားကို....တစ်ဆင့်ပြီးတစ်ဆင့်တိုးသွားတဲ့ဝန်ပိုအားနဲ့လေ့ကျင့်သွားပါ။ကြွက်သားခွန်အားပိုမိုတိုးပြီး
ပိုမိုကြီးထွားမှု၊ကြွက်သားပြုပြင်တည်ဆောက်မှုနဲ့အားပြန်ပြည့်မှုတို့အတွက်အချိန်များများအနားပေးပါ။ထပ်မံ၍ ဒိုရီယန်၏ လေ့ကျင့်မှု သဘောတရားများ အကြောင်းကို သီးသန့်ရေးသားပေးပါမယ်။နောက် တင်မဲ့ ဆောင်းပါးတွင် စောင့်မျှော်ပါ။
တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com

No comments:
Post a Comment