arial" action="like" colorscheme="light">

Tuesday, September 24, 2013

မောင်အိုလံပီယာပေါ်ပေါက်လာပုံအကျဉ်းချုပ်


မြန်မာ့ကာယဗလ၀ါသနာရှင်မင်ဘာသူငယ်ချင်းများခင်ဗျား၊ကျွန်တော်ငါးနှစ်နီးပါးကာယဗလ
ဆောင်းပါးပေါင်း-400 လောက်နှင့်စာအုပ် ၁၁-အုပ်တင်ဆက်ထားသည့် www.myanmarfitness.com ၀ဘ်ဆိုက်ကိုဆိုက်ပိုင်ရှင်ဒေါက်တာနိုင်ေ၀၀င်းသည်ကျွန်တော်
တို့ ကိုအကြောင်းမကြားဘဲ၊မည်သည့်အကြောင်းကြောင့်မှန်းမသိဖျက်သိမ်းလိုက်ပြီဖြစ်သည့်အ
တွက်၊ကျွန်တော့်ကြိုးစားမှုများနှင့်ကိုအောင်အောင်ကြိုးစားမှုများပါသဲထဲရေသွန်ဖြစ်သွားခဲ့ပါပြီ။
ဝမ်းနည်းစရာကောင်းသည်က၊ကျွန်တော်တင်ဆက်ထားသမျှကိုသေသေချာချာမသိမ်းဆည်း
ထားမိခြင်းပင်ဖြစ်သည်။ယခုဆောင်းပါးသည်ကိုအောင်အောင်မြန်မာဖစ်တနက်စ်တွင်တင်
ဆက်ခဲ့ပြီးသောဆောင်းပါးဖြစ်သော်လည်း၊သူသိမ်းထားနိုင်သည့်အတွက်ယခုတစ်ဖန်ပြန်လည်
တင်ဆက်လိုက်ရခြင်းဖြစ်ပါသည်။
နိုင်ဦး---၁၁၉
ကျွန်တော် အခုတင်ပြမှာကတော. ယနေ.ကမ္ဘာပေါ်မှာကာယဗလနှင်. ပတ်သက်ရင် အကြီးကျယ်ဆုံး ပြိုင်ဘက်မရှိတဲ. မောင်အိုလံပီယာ (MR.Olympia) ပေါ်ပေါက်လာပုံ၊ အောင်မြင်မှု ရရှိလာပုံလေးကိုပါ။ သင်တို.အနေနဲ.သိပြီးသားဖြစ်လည်းထပ်မှတ်ထားလိုက်ပေါ.ဗျာမသိသေးတော.လည်းဗဟုသုတတစ်ခုပေါ.
ဗျာယနေ.အချိန်ထိဆိုရင် မောင်အိုလံပီယာ ပြိုင်ပွဲကျင်းပလာတာ နှစ်ပေါင်းလေးဆယ် ကျော်လာပါပြီ။ ၁၉၆၅ ခုနှစ်ကစတင်ကျင်းပလာတာပါ ကမ္ဘာကာယဗလဖခင်ကြီးလို. တင်စားခံရတဲ.မစ္စတာဂျိုးဝီဒါ (JoeWeider) ဧ။် ဦးဆောင်လမ်းပြမှုနှင်.စတင်ကျင်းပခဲ.တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော. မောင်အိုလံပီယာပြိုင်ပွဲဟာအိုင် အက်ဖ် ဘီဘီ (I.F .B.B)ဆိုင်ရာ (၀ါ) ကမ္ဘာကာယဗလအဖွဲ.ချုပ် (InternationaL Federation of Body Building) ဧ။် အဆင်.အမြင်.ဆုံးနဲ. အကြီးကျယ်ဆုံးကာယဗလပြိုင်ပွဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ.အစည်းကမှ အံမတုနိုင်တဲ.ပြိုင်စံကင်းကာယဗလ ပြိုင်ပွဲတစ်ခုဆိုရင်လည်းမမှားပါဘူးစတင် ပေါ်ပေါက် လာတာကလည်းအဖွဲ.အစည်းအချင်းချင်း
ယှဉ်ပြိုင်ရာမှ ပေါ်ပေါက်လာတာဆိုရင်မမှားပါဘူးသမိုင်းကြောင်းအတိုချုပ်ကို ကျွန်တော် သိသလောက်
 တင်ပြပေးပါမယ်။
ကမ္ဘာမှာကာယဗလအားကစားနည်းစတင် ပေါ်ပေါက်လာတာ ၁၉၂၀ ပြည်.နှစ် လောက်မှ ဖြစ်ပြီး ၁၉၃၇ ခုနှစ် ဗြိတိန် မောင်ပြိုင်ပွဲနှင်. ၁၉၃၉ မောင်အမေရိကပြိုင်ပွဲတွေ ဟာဆိုရင် ပထမဦးဆုံးနှင်. ထင်ရှားခဲ.တဲ. ပြိုင်ပွဲတွေ ဖြစ်ပါတယ် ။ဒီနေရာမှာ ကြားဖြတ် ကြော်ငြာတစ်ခု ၀င်ချင်ပါတယ် တခြားတောမဟုတ်ပါဘူး မြန်မာနိုင်ငံမှာပထမဆုံးကာယဗလမောင်ပြိုင်ပွဲ ၁၉၃၇ခုနှစ်ကိုဗြိတိန်မောင်ပြိုင်ပွဲထက် စောပြီးကျင်းပနိုင်ခဲ.
ပုံလေးပါ ရှားရှားပါးပါးဂုဏ်ယူစရာလေးပေါ.ဗျာအဲဒီတုန်းကမောင်မြန်မာလို. မခေါ်သေးပါဘူးမောင်ပြိုင်ပွဲလို. ဘဲခေါ်ပါတယ်။ မြို.မ ကျောင်းသားကိုမောင်မာင် (ကွယ်လွန်သူစစ်သံမှုးဗိုလ်မှုးကြီးမောင်မောင် ရေ) ကရရှိခဲ.ပါတယ်။ နောင်မှာတော. ဦးမောင်မောင် ဟာ မြန်မာပြည်ရဲ. ပထမဦးဆုံးမောင်ဖြစ်ခဲ.ပါတယ်။ ဗြိတိန်နှင်. အမေရိကဦးဆောင် ဒုတိယကမ္ဘာစစ် အပြီးမှာတော. ကမ္ဘာ. ကာယဗလအားကစားနည်းဟာ ဗြိတိန်နှင်. အမေရိကန်နီုင်ငံတွေမှာစတင် ရေပန်းစားလာခဲ.ပြီး ၁၉၄၇ မှာပထမဦးဆုံး မောင်စကြ၀ဠာ ပြိုင်ပွဲကိုအမေရိကန်နိုင်ငံမှာစတင်ကျင်းပခဲ.ပါတယ်။ အေအေယူ (AAU)လို.ခေါ်တဲ. အမေရိကအပျော်တမ်းအဖွဲ.အစည်းတစ်ခု (National Amateur Body Builders Association)ကဦးဆောင်ကျင်းပခဲ.တာပါ အဆင်.အတန်း မြှင်.ပေမယ့် ကမ္ဘာကသိပ်မသိခဲ.ပါဘူး။
ဗြိတိန်နိုင်ငံမှာနာဘာ (NABBA)လို. ခေါ်တဲ. ကာယဗလအဖွဲ.ချုပ်က ၁၉၄၈ ခုနှစ် လန်ဒန် အိုလံပစ် အားကစားပြိုင်ပွဲနှင်. အတူပူးတွဲကျင်းပပေးခဲ.တဲ. အပျော်တမ်း မောင်စကြ၀ဠာ ပြိုင်ပွဲ (Amature Universe)ဟာ ၁၉၄၇ အမေရိကန် မောင်စကြ၀ဠာ ပြိုင်ပွဲထက် လူသိများထင်ရှားခဲ.ပြီးအမေရိကန်မှ ကာယဗလမောင်တွေ လာရောက်ယှဉ်ပြိုင်ခဲ.ပြီး ၁၉၄၀-၄၁ အမေရိကန်မောင် ၂ထပ်ကွမ်းရ ဂျွန်ဂရင်းမက (John Grimek)်က ဗိုလ်စွဲခဲ.ပါတယ်။ ၁၉၄၉ ခုနှစ်မှာတော. မကျင်းပဖြစ်ခဲ.ပါဘူးနောင်မှာဟာကြူလီမင်းသားဖြစ်လာမယ်. လူချောလေးစတီးရိဗ် (Steeve Reeves)ကဗိုလ်စွဲခဲ.ပါတယ်။ ၁၉၅၁ မှာအင်္ဂလန်မှ ရက်ခ်ျပတ်ခ် (Regpark)ဟာပထမဦးဆုံး ဗြိတိန်နိုင်ငံမှာ မောင်စကြ၀ဠာဆုကို ရရှိခဲ.ပါတယ်။ ရက်ခ်ျပတ်ခ် ဟာစတီးရိဗ်ကို ၁၉၅၀ မှာရှုံးခဲ.ပြီးမှ ဗိုလ်စွဲခဲ.တာဆိုတော. ဗြိတိန်နိုင်ငံအတွက် ဂုဏ်ယူစရာဇြစ်ခဲ.ပါတယ်။ အဲဒီနောက်မှာအမေရိကန်မောင်တွေ ဗိုလ်စွဲခဲ.ပါသေးတယ်။ ၁၉၅၃ခုနှစ်မှ စပြီးနာဘား မောင်စကြ၀ဠာ ပြိုင်ပွဲကိုအပျော်တမ်း (Amateur )နဲ. ဆုကြေးစား (Professional) ပြိုင်ပွဲဆိုပြီး နှစ်မျိုးခွဲခြားခဲ.ပါတယ်။ အီဂျစ်နိုင်ငံမှ မိုဟာမက်နာဆာဟာပထမဦးဆုံးဆုကြေးစား မောင်စကြ၀ဠာ ဖြစ်လာခဲ.ပါတယ်။ ဒါပေမယ်.၁၉၅၇ ခုနှစ်မှာအင်္ဂံလန်မှ ဂျွန်လီး(John lees)နှင်. ပြင်သစ်မှ အာသာရော်ဘင် (Arthur Robbins)တို. နိုင်ခဲ.ချိန်မှ စတင်ကာကမ္ဘာကာယဗလဖခင်ကြီးလို. တင်စားခံရတဲ.မစ္စတာဂျိုးဝီဒါက နာဘားကို ပြင်းပြင်းထန်ထန် စတင် ထိုးနှက်ဝေဖန်ခဲ.ပါတယ်။
 ထိပ်တန်းမှ(၂)ဦးသားယှဉ်ပြိုင်မှု
ဂျိးဝီဒါဟာ အဲဒီအချိန်က (Muscle Power) နဲ(Mr Universe). ကာယဗလဂျာနယ်ကို ထုတ်ဝေနေတဲ. ၀ီဒါအလေးနဲ. အင်အားမြှင်. ကာယဗလအာဟာရကုမ္ပဏီပိုင်ရှင် ဖြစ်ပြီးခေတ်မီကာယဗလသုတေသနနဲ. နည်းစနစ်အသစ်တွေကိုဖော်ထုတ်ပေးနေတဲ. ကာယဗလဆရာကြီးတစ်ယောက် ဖြစ်နေချိန်ပါ။ သူနဲ.မဟာပြိုင်ဘက်ကတော.ဘော.ဗ်ဟော.ဖ်မင်(Bob Hofmann) ဖြစ်ပြီးယော.ခ် အလေးမပစ္စည်းများနဲ. အာဟာရထုတ်လုပ်သူတစ်ဦးဖြစ်သလိုယော.ခ် အလေးမပစ္စည်းကုမ္ပဏီ (York barbell company)ရဲ. ပိုင်ရှင်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ. စွမ်းအား (Health and Strength)၊အလေးနဲ.ကာယဗလဂျာနယ်တွေကို ထုတ်ဝေနေတဲ. အမေရိကန် အိုလံပစ် အလေးမအသင်းရဲ. ပင်တိုင်နည်းပြဆရာ ဖြစ်သလို ၁၉၅၆ခုနှစ်မှာ မြန်မာပြည်ကိုအမေရိကန်အလေးမအဖွဲ.နှင်.အတူ လာေ၇ာက်ဖူးပါတယ်။ သူတို.နှစ်ဦးရဲ.ကြီးမားတဲ. ကွာခြားမှုက ဂျိုးဝီဒါက ကာယဗလကိုဦးစားပေးတယ် ဟော.ဖ်မင် က အလေးမအားကစားကိုဦးစားပေးတယ်။ ဒါကြောင်. သူတို.နှစ်ဦးဟာအဘက်ဘက်မှာတန်းတူလို.တူနေတဲ. ပြိုင်ဘက် ရန်သူတွေဖြစ်ခဲ.ပြီး ဂျိုးဝီဒါနဲ.ဲ. ညီဖြစ်သူ ဘင်ဝီဒါ (Ben Weider)တို.ဟာ ဗြိတိန်အပျော်တမ်းအားကစားအဖွဲ.နဲ. ယှဉ်ပြိုင်ဖို.အတွက် ရည်ရွယ်ပြီး ၁၉၄၇ ခုနှစ်မှာအိုင်အက်ဖ်ဘီဘီအဖွဲ.ကိုစတင် တည်ထောင်ခဲ.တယ်။ အစပိုင်းမှာအမေရိကန်နဲ. ကနေဒါ နှစ်နိုင်ငံတည်းသာ အဖွဲ.၀င် ဖြစ်ခဲ.ပြီးတစ်ဖက်က ကြည်.မယ်ဆိုရင် ဒီအဖွဲ.အစည်းဟာအစ္စရေး အနွယ်ဖွားကနေဆင်းသက်လာကြတာ ဖြစ်လို.မ၀င်ကြဘဲကိုယ်သဘောနဲ. ကိုယ်ဖွဲ.တဲ. အဖွဲ.အစည်းလို. ဝေဖန်ခဲ.ကြပါတယ်။
အိုင်အက်ဖ်ဘီဘီအဖွဲ.ကသီးခြားကာယဗလမောင် ပြိုင်ပွဲတွေ ကျင်းပပေးခဲ.ပေမယ် နာဘားနဲ. အေအေယူအဖွဲ.တွေကိုမကျော်လွား နိုင်ခဲ.ပါဘူး။ ထိုအချိန်တွင်းမှာပဲအေအေယူ မှ ကျင်းပသောမောင်အမေရိက ပြိုင်ပွဲတွေဟာအပြစ် ပြောစရာတွေ ဖြစ်လာခဲ.ပြီး။ တစ်ဖက်မှာလည်း ၀ီဒါ ညီအစ်ကို နှစ်ယောက် ဟာကာယဗလသမားတွေကိုစည်းရုံးရေးအင်အားပိုကောင်းလာပြီး နိုင်ငံတစ်ကာသို.လည်းလှည်.လည် စည်ရုံးမှုတွေကြောင်. အိုင်အက်ဖ်ဘီဘီအဖွဲ.မှာအမေရိကတိုက်တွေက အဖွဲ.၀င်နိုင်ငံတွေ များလာခဲ.ပါတယ်။ ၁၉၅၉ခုနှစ်မှာတော.  အိုင်အက်ဖ်ဘီဘီက ကြီးမှုးပြီးနာဘားနဲ. အေအေယူတို.နဲ. အပြိုင် သီးခြားမောင်အမေရိကနှင်. ပြိုင်ပွဲတွေကိုကနေဒါနိုင်ငံမှာစတင်ပြုလုပ်ခဲ.ပြီး ပြိုင်ပွဲကျင်းပပုံကတော. အဆင်.မြှင်.ပေမယ် ပြိုင်ပွဲဝင်တွေရဲ. အရည်အသွေးကတော. သိပ်မကောင်းခဲ.ပါဘူး။ အဆိုပါပွဲမှာမက္ကဆီကို နိုင်ငံသားအက်ဒီဆီလ်ဖက်စတားကဗိုလ်စွဲခဲ.တော့ ကာယဗလအားကစားနည်းဟာလက်တင် အမေရိက နိုင်ငံတွေမှာခေတ်စားလာခဲ.သည်။ အိုင်အက်ဖ်ဘီဘီမောင်အမေရိကဘွဲ.ရလယ်ရီစကော. ၊ ဟာရိုးပူလ်နဲ. မောင်စကြ၀ဠာ ချပ်ဆိုက်စ် စတဲ.ကာယဗလမောင်တွေ ပေါ်ထွန်းလာခဲ.ပြီးအိုင်အက်ဖ်ဘီဘီရဲ. ပြိုင်ပွဲတွေကို နိုင်ငံတကာကအသိအမှတ်ပြုခဲ.ပြီးလယ်ရီစကော. ဟာဆိုရင် ဒုတိယစတီးရိဗ် လို. ထင်ရှားတဲ. လူချောမောင် တစ်ဦးဖြစ်ခဲ.ပါတယ်။
  တစ်ဖက်မှာလည်းအေအေယူ က ကျင်းပတဲ. မောင်အမေရိကပြိုင်ပွဲတွေ ဟာ ၀ီဒါ ညီနောင် လိုငွေကြေးမသုံးစွဲနိုင်တဲ. အတွက် တစ်နှစ်ထက် တစ်နှစ် အားနည်းလာပြီးနောက်ထပ်တစ်ဖွဲ.ဖြစ်တဲ. နာဘာ မောင်စကြ၀ဠာပြိုင်ပွဲကတော. အဆင်.အတန်းမြှင်.တဲ. ရက်ခ်ျပတ် နှင်. ဘီလ်ပါးလ် လိုကမ္ဘာအကောင်းဆုံးကာယဗလမောင်တွေကဆုဆက်ရခဲ.ပေမယ် ဂျိုးဝီဒါ ဟာ ၁၉၅၆ ခုနှစ်မှာကမ္ဘာကာယဗလလောကအတွက် စွန်.စားမှုတစ်ခုဖြစ်တဲ. မောင်အိုလံပီယာ ပြိုင်ပွဲကိုစတင်ကျင်းပပေးခဲ.သည်။ သူမွေးထုတ်ပေးခဲ.တဲ. လယ်ရီစကော.နဲ. ဟာရိုးလ်ပူလ် တို.ကိုလာရောက်ယှဉ်ပြိုင်ကြပါလို. နာဘား မောင်စကြ၀ဠာအဖွဲ.နှင်. အေအေယူမောင်အမေရိကန်တွေ ကိုစိန်ခေါ်ခဲ.ပြီးဖိတ်စာတွေပေးခဲ.ပါတယ်။ ဒါပေမယ့်လည်းကမ္ဘာအကောင်းဆုံးမောင်တွေကဘာမှမတုံ.ပြန်ပဘဲဘာသိဘာသာနေခဲ.ကြပါတယ်။ လယ်ရီစကော.ဟာမောင်အိုလံပီယာ (၂)ထပ်ကွမ်းရခဲ.ပြီးအနားယူခဲ.ပေမယ် ဂျိုးဝီဒါက သူကိုဆက်မွေးခဲ.ပြီး ၀ီဒါရဲ. ကာယဗလသံတမန် အဖြစ် နိုင်ငံတကာသို. စေလွတ်ခဲ.ပါတယ် လယ်ရီစကော. အနားယူသွားပေမယ် မောင်အိုလံပီယာ ပြိုင်ပွဲအဓွန့် ရှည်.ဖို. ချန်ပီယံအသစ်တွေ ပေါ်ထွန်းခဲ.ပါတယ်။ အကျဉ်းချုပ် ရေးပြရရင်တော. ၁၉၆၅ ခုနှစ်မှ လက်ရှိဂျေကက်တလာခေတ်အထိမောင်အိုလံပီယာ ၁၁ ဦးပေါ်ထွန်းခဲ.ပါတယ်။ ခ၇စ္စကာဒင်၊ လက်ဘနွန်နိုင်ငံသားဆင်မီယာဘန်နူး၊ ဒက်စတာဂျက်ဆင် တို.သုံးဦးကလွဲရင် ကျန်တဲ.မောင်တွေကအနည်းဆုံး ၂ထပ်ကွမ်းနှင်. အများဆုံး (၈)ထပ်ကွမ်းတွေဘဲ ဖြစ်ပါတယ် ရရှိခဲ.တဲံ. ခုနှစ်တွေကိုတင်ပြပေးလိုက်ပါတယ်။
မောင်အိုလံပီယာ (၁၃)ဦး
၁။လယ်ရီစကော. — ၁၉၆၅-၁၉၆၆ (၂)ကြိမ်
၂။ဆာဂျီယိုအော်လီဗာ — ၁၉၆၇-၆၈-၆၉(၃)ကြိမ်
၃။အာနိုးလ် — ၁၉၇၀-၁၉၇၅၊ ၁၉၈၀ (၇)ကြိမ်
၎။ဖရင်.ဇိန်း — ၁၉၇၇-၁၉၇၈-၁၉၇၉-(၃)ကြိမ်
၅။ဖရန်ကိုကိုလံဘူ —  ၁၉၇၆၊၁၉၈၁(၂)ကြိမ်
၆။ခရစ္စဒစ်ကာဆင် — ၁၉၈၂(၁)ကြိမ်
၇၊ဆင်မီယာဘာနူး — ၁၉၈၃(၁)ကြိမ်
၈။လီဟန်းနိး — ၁၉၈၄-၁၉၉၁(၈)ကြိမ်
၉။ရွန်နီကိုးလ်မင်း — ၁၉၉၈-၂၀၀၅(၈)ကြိမ်
၁၀။ဂျေကက်တလာ — ၂၀၀၆-၂၀၀၇၊၂၀၀၉(၃)ကြိမ်
၁၁။ဒက်တာဂျက်ဆင် — ၂၀၀၈ (၁)ကြိမ်
၁၂။ဂျေကက်တလာ ---၂၀၁၀
၁၃။ဖိးလ်ဟိသ်----၂၀၁၁   ၊ ၂၀၁၂

မိတ်ဆွေ သင်တို.အနေနဲ. ဒီဆောင်းပါးလေးကိုဖတ်ပြီးမောင်အိုလံပီယာဘယ်လိုပေါပေါက်လာတယ် ဆိုတာအကျဉ်းချုပ်လောက်တော. သိသွားမယ်လို.ထင်ပါတယ်။ ကျွန်တော်တို.ဆီမှာလည်းဒီလိုမျိုးအားပေးတဲ. အဖွဲ.အ.အစည်းတွေ ပေါ်ပေါက်လာရင် ဘယ်လောက် ကောင်းမလဲဗျာ။ ကျွန်တော်ကတော. ကွယ်လွန်သွားတဲ.ဆရာကျောက်ဘီလူးဦးတင်မောင်ဆွေ သာရှိရင် အရမ်းကောင်းမယ်လို. ထင်ပါတယ်။ ဆ၇ာ ကောင်းရာဘုံ ဘ၀ရောက်ပါစေလို.ဆုတောင်းလိုက်ပါတယ်။


 တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com

3 comments:

  1. ဒေါရန်းရိတ် လို တနေ့တာစားး သောက် ပုံကို
    ဖီးဟိ ရော်နီကိုးမန်း ဂျေးကတ်တေလာ တို့ရဲ့စားသောက် ပုံလဲရေးပါဦး

    ReplyDelete
  2. ဟုတ်ပ အကိုတို့ရေ ကျွန်တော်လည်း ဟိုတစ်နေ့က စာအုပ်တွေ သိမ်းမယ် ဆိုပြီးဝင်ရှာတာ ၀င်လို့ကိုမရဘူး။ အေးပေါ့ ကိုနိုငဦး ပြောသလိုဆို ကိုအောင်အောင်က လူလည်ပဲဗျ။ ဒီလူက ဒီအချိုးတွေကို ကြုံဖူးတယ်နဲ့တူတယ် ။ စိတ်မဆိုးနဲ့နော် အကိုတို့ကို နောက်တာ။ဒီလိုပါပဲဗျာ စေတနာတွေက သဲထဲ ရေသွန်ပေါ့။ ဆက်လက်ကြိုးစားပါဗျာ။

    ReplyDelete