arial" action="like" colorscheme="light">

Sunday, March 9, 2014

Volume ကစားနည်းပဲကြိုက်တယ်ဆိုရင်တော့

ကျွန်တော့်အနေနှင့်ကာယဗလလေ့ကျင့်သူများကိုvolume ရော high intensity ဖြင့်ပါလေ့ကျင့်ရန်
အကြံပြုသော်လည်းလေ့ကျင့်မှုလွန်ကဲခြင်းမဖြစ်စေရန်၊တော့သတိထားရန်အမြဲအကြံပေးတတ်သည်။
စတီးရွိုက်လုံးဝမသုံးသူကစားသမားများအနေနှင့်လေ့ကျင့်မှုလွန်ကဲခြင်းကိုအလွယ်တကူကြုံတွေ့ ရ
နိုင်သည်။ထို့ ကြောင့်မိမိတို့ လေ့ကျင့်သောပမာဏနှင့်ပြင်းအားကိုအထူးဂရုပြုရန်လိုအပ်ပါသည်။
ကျွန်တော်အသေအချာသိသည်ကတော့လူငယ်အများစုသည်ပြင်းအားမြင့်လေ့ကျင့်နည်းစနစ် high intensity နည်းစနစ်ကိုသိပ်ဖီလ်းမဖြစ်ဘဲ၊ပမာဏများများလေ့ကျင့်ခြင်း volume training နည်းစနစ်
ကိုတော့အတော်လေးကြိုက်နှစ်သက်စွာလေ့ကျင့်တတ်ကြသည်။ထိုသို့ လေ့ကျင့်သူညီနောင်အားလုံး
ကိုလေ့ကျင့်မှုလွန်ကဲခြင်း over training နှင့်မကြုံရစေရန်နှင့်ထိုအဖြစ်မျိုးကိုကာကွယ်နိုင်မည့်နည်း
စနစ်တစ်ခုကိုလည်းတင်ပြပေးလိုက်ပါသည်။
ဆာနုဘတ်နှင့်အာနိုးရွာဇင်နက်ဂါးတို့ သည်ကားပမာဏများများကစားခြင်းနှင့်GYM ထဲတွင်အချိန်
နှစ်နာရီကျော်လေ့ကျင့်တတ်ကြသူများဟုကမ္ဘာကသိထားကြသည်။လည်းကောင်းတို့ ကဲ့သို့ ဖြစ်လို
သောလူငယ်အများစုသည်ထိုကဲ့သို့ ပင်လေ့ကျင့်ကြသည်။ထိုကဲ့သို့  volume training ကိုခုံမင်ကြ
သောကစားသမားများအတွက်လေ့ကျင့်မှုလွန်ကဲခြင်းမဖြစ်အောင်နှင့်လေ့ကျင့်ချိန်တွင်စွမ်းရည်ပြည့်
လေ့ကျင့်နိုင်ရန်ပြင်သစ်မှသုတေသီများ၏တင်ပြချက်လေးတစ်ခုကိုတင်ပြပေးလိုက်ပါသည်။
သုတေသီများက၊ကဖင်းဓါတ်၊branch chain amino acids နှင့်ကာဗိုဟိုက်ဒရိတ်ကိုလေ့ကျင့်ခန်းမပြု
လုပ်မှီနှင့်လေ့ကျင့်နေချိန်တွင်မှီဝဲအသုံးပြုပါကလေ့ကျင့်ချိန်နှစ်နာရီတွင်သွေးတွင်းအချိုဓါတ်ပမာဏကို
ထိန်းထားနိုင်ပြီးစွမ်းရည်မကျဘဲလေ့ကျင့်နိုင်ကြောင်းကိုတင်ပြပေးခဲ့သည်။ဤဆေးနည်းစနစ်လေးက
တော့ volume training ကြိုက်သူများအတွက်အကောင်းဆုံးဖြစ်သည်။စမ်းသပ်ကြည့်ပါဟုအကြံပြု
လိုက်ပါသည်။
ကျွန်တော့်အကြံအချို့ ---
ထိုနည်းစနစ်ကိုအကောင်အထည်ဖော်ရန်အတွက်-
ကဖင်းဓါတ်အတွက်---ကော်ဖီပြင်းပြင်းလေးတစ်ခွက်
branch chain amino acids အမှုန့် နှင့်
ကာဗိုဟိုက်ဒရိတ်အတွက်-မကစားမှီဌက်ပျောသီးတစ်လုံး၊ကစားနေစဉ်တွင်တော့ကာဗိုဟိုက်ဒရိတ်
ဖျော်ရည်များကိုမှီဝဲပါ။(စက်မှု-၁၊မှကာဗိုဟိုက်ဒရိတ်၊ဂလူးကို့ စ်ဖျော်ရည်အမှုန့် ကိုစက္ကူဗူးအဖြစ်
ဈေးနှုန်းသက်သာစွာထုတ်လုပ်ရောင်းချခဲ့သည်မှာကြာပြီဖြစ်သည်။)


ကန့် သတ်မဲ့ အောင်မြင်မှုများ ဆီသို့ အတူတူလှမ်းတက်ကြပါစို့ ---
Grow without Limits
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com




3 comments:

  1. စိုးဝဏ္ဏထွန်းFriday, March 14, 2014

    အကို​ရေ ကျွန်​​တော်​က နယ်​ကပါ။နယ်​ဆို​တော့
    အကိုသိတဲ့အတိုင်း GYMမရှိဘူး​လေ။နယ်​က ကျွန်တာ်​တို့လိုသူ​တွေအတွက်​ ​ကောင်းတဲ့ body weight workout ​လေး​တွေ တင်​​ပေးပါဦးခင်​ဗျ။

    ReplyDelete
  2. ပိုင်​သူ​ဇေFriday, March 14, 2014

    အကို​​ရေ God bless you ပါ။ကျွန်​​တော့်​သူငယ်​ချင်းက
    ညွှန်​လို့ အကို့် blog ​လေးဆီ​ရောက်​လာတာပါ။
    ဖုန်းနဲ့ သုံး​နေတာပါ။ကျွန်​​တော်​ post ​တွေ ဖတ်​ကြည့်​​တော့ စာအုပ်​​လေး​တွေက ​ဒေါင်းလို့မရဘူးဗျ။ပြန်​တင်​​ပေး
    ပါအုံး။

    ReplyDelete
  3. ကာလူး(မန်း)Monday, March 17, 2014

    အကိုပြောတဲ့ကာဗွန်ဟိုက်ဒရိတ်အမှုန့်ကဘယ် လောက်လဲဘယ်လိုမေးဝ်ရယမလဲ

    ReplyDelete