arial" action="like" colorscheme="light">
Sunday, March 9, 2014
ရှောင်ရေး၏ကာယဗလ လေ့ကျင့်မှုသဘောတရားများ
    ရှောင်ရေးဟာ ကမ္ဘာ့ကာယဗလလောကထဲကို ၀င်လာတာ ၁၉၈၄-ခုနှမှာစတင်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အငယ်တန်း မောင်ဘွဲ့ကို (၁၉)နှစ်သား အရွယ်မှာစပြီး ဆွတ်ခူးခဲ့ပါတယ်။ ၁၉၈၇-ခုနှစ် နောက်ပိုင်း မှာ တစ်ရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။ ၁၉၉၀-ခုနှစ် သံမဏိမောင်ပြိုင်ပွဲနဲ့ ၁၉၉၁-ခုနှစ် အာနိုးကလပ်ဆစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ ရှောင်ရေးဟာ မောင်အိုလံပီယာ ပြိုင်ပွဲမှာ စပြီး ယှဉ်ပြိုင်ခဲ့တဲ့နှစ်ကစပြီး နှစ်စဉ်ထိပ်တန်း(၆)ဦးထဲမှာ အမြဲဝင်ခဲ့ပါတယ်။ဒါပေမယ့် ရှောင်ရေးဟာ ကောင်းတယ်ဆိုရုံနဲ့ မကျေနပ်နိုင်သူဖြစ်တော့ မောင်အိုလံပီယာပွဲမှာ အကောင်းဆုံးတစ်ယောက်ဆိုတဲ့ နာမည်ကိုရအောင် ကိုယ့်ကိုယ်ကို အမြဲဝေဖန်ဆန်းစစ်ပြီး ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ သူနှင့်ခေတ်ပြိုင်နာမည်ကျော်မောင်အိုလံပီယာ၂ယောက်(ဖလက်ဝှီးလား၊ဒိုရီယန်ရိတ်စိ)တို့၏လေ့ကျင့်ရေး
သဘောတရားများကိုတော့ရေးသားပေးခဲ့ပြီးဖြစ်သည်။မောင်အိုလံပီယတိုင်းတွင်မတူညီသည့်လေ့ကျင့်နည်း
များ၊ခံယူချက်၊အာဟာရစားသောက်ပုံများကိုစာဖတ်သူအနေနှင့်တဖြည်းဖြည်းသိမြင်လာမည်ဖြစ်သည်။သူတို့
သည်ဘ၀တစ်ခုလုံးကိုကာယဗလအားကစားတွင်နစ်မြုပ်ထားပြီးအချိန်နှင့်အမျှကာယဗလအတွက်အောင်မြင်
မှုလမ်းစများကိုတွေးတောရှာကြံနေသူများဖြစ်သည်။သူတို့အတွက်အကျိုးအမြတ်ကလည်းသူတို့ဘ၀အတွက်
အာမခံချက်ရှိလှသည်။အောင်မြင်သောကာယဗလမောင်တစ်ယောက်၏၀င်ငွေသည်သူတို့အတွက်အခြားအ
လုပ်ဆိုတာမလိုအပ်ပေ။ကြော်ငြာဝင်ငွေအမျိုးမျိုး၊ကာယဗလစာအုပ်စာတမ်း၊ဗီဒီယိုအခွေများမှ?င်ငွေများ၊ဂျိုးဝီ
ဒါအုပ်စု၏စာချုပ်စာတမ်းဖြင့်ချုပ်ဆိုပြီးရရှိလာသောဝင်ငွေများ၊ကာယဗလဟောပြောပွဲများ၊သရုပ်ပြပွဲများ၊
အကြံဥာဏ်ပေးခြင်းများစသည်ဖြင့်ဘက်ပေါင်းစုံမှဝင်ငွေများကလက်ကမ်းကြိုနေသည်။မြန်မာနိုင်ငံမှကာယ
ဗလမောင်များ၏၀င်ငွေနှင့်တော့မိုးနှင့်မြေပမာပင်။သို့သော်လည်းကျွှန်တော်သည်မြန်မာနိုင်ငံသားပီပီမြန်မာ
ပြည်မှကာယဗလပြိုင်ပွဲဝင်များကိုလေးစားပါသည်။သူတို့သည်စပွန်ဆာအင်အားမရှိသော်လည်းဝါသနာကို
အရင်းခံပြီးမိမိ၏နည်းပါးလှသောဝင်ငွေကိုရင်းနှီးပြီးပြိုင်ပွဲများယှဉ်ပြိုင်နေခြင်းသည်လေးစားထိုက်ပါသည်။ပြိုင်
ပွဲတစ်ခုအတွက်သေချာပြင်ဆင?ပြီးပြိုင်ပွဲဝင်လျင်စရိတ်စကဆိုသည်မှာကြီးမားလှပါသည်။တစ်နှစ်တာလုံး
ဂျင်မ်အတွင်းတွင်ချွေးနှင့်ပေးဆပ်ပြီးကစားနေရုံနှင့်မပြီးနိုင်ပေ။နောက်ပိုင်းမှအာဟာဆိုသည့်အရာသည်မည်
သူမျှအလကားလာမပေးချေ။ဆေးဝါးဆိုလျင်ပိုဆိုးသည်။နာမည်ကျော်ဆေးဝါး၅ပေါင်ဝင်တစ်ဗူးသည်၂သိန်းနီး
ပါးရှိသည်။ပြိုင်ပွဲဝင်များတွင်ဝယ်သောက်နိုင်သူသည်လက်ချိုးရေလို့ရသည်။ရရှိသည့်ဝင်ငွေနှင့်ဆေးဝါးတစ်ဗူး
သည်ဘယ်လိုမှတွက်ချေမကိုက်ချေ။တစ်ဗူးသောက်လို့လည်းဘာမှဖြစ်လာမှမဟုတ်ချေ။ထို့ကြောင့်ကျွန်တော်
၏လက်ဦးဆရာဦးသာအောင်ပြောသလိုပြောရလျင်ငပိစားပြီးထုတင်ထားတာကွဆိုသလိုပင်ဖြစ်သည်။ြ?န်မာ
ကာယဗလမောင်များ၏ဘ၀သည်တကယ်တွေးကြည့်လျင်သနားစရာပင်ဖြစ်သည်။သူတို့တွင်လုံလောက်
သည့်ထောက်ပံ့မှုဆိုတာမရှိပေ။နိုင်ငံတကာပြိုင်ပွဲနားနီးမှလက်ရွေးစင်ခေါ်ယူ၍ဖုတ်ပူမီးတိုက်ဘ၀ဖြင့်ပြိုင်ပွဲ
တွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အသည်းအသန်ကစားခိုင်းခြင်းခံနေရသည်။ထိုသံသရာသည်ဒီအတိုင်းသွားနေသ
မျှကာလပတ်လုံးမြန်မာ့ကာယဗလပြိုင်ပွဲဝင်တို့သည်ဒီအတိုင်းသာအာရှအဆင့်မှကျော်ထွက်နိုင်မည်မ
 ဟုတ်ပေ။အိမ်နီးချင်းနိုင်ငံများ၏ကာယဗလအဆင့်အတန်းသည်ယခုအချိန်တွင်ရှေ့ဆုံးသို့ရောက်နေပြီးကမ္ဘာ့
အဆင့်ကိုပင်ထိုးဖောက်ရန်ခြေလှမ်းပြင်နေပြီဖြစ်သည်။သူတို့နိုင်ငံတွင်ကာယဗလကိုအား?စားတစ်ခုအနေနှင့်
ကမ္ဘာကျော်နည်းပြများကိုလစာကောင်းကောင်းပေးပြီးခန့်ထားသည်။ဖြည့်စွက်ဆေးဆိုလျင်ကားဆိုဖွယ်ရာမ
ရှိပေ။ခေတ်မှီစက်ကိရီယာများလည်းအပြည့်အစုံပေ။ဘယ်လိုမှတော့လိုက်မမှီသေးပေ။ကာယဗလကိုအားက
စားတစ်ခုအနေနှင့်မမြင်သည့်မြန်မာနိုင်ငံတွင်ကာယဗလအားကစားကိုဝါသနာပါခြင်းသည်သစ်ခြောက်
ပင်အောက်ပန်းကောက်နေသည်နှင့်တူပါသည်။ထိုအကြောင်းဆက်ရေးလျင်ပြီးမည်မထင်ထိုကြောင့်လိုရင်းဖြစ်
သည့်ရှောင်ရေးအကြောင်းကိုသာဦးစားပေးတင်ပြပါမည်။ယခုဆောင်းပါးသည်မောင်အိုလံပီယာရှောင်ရေး
တစ်ယောက်ပြိုင်ပွဲတစ်ခုကိုဘယ်လိုစိတ်မျိုးထားပြီးကြိုတင်ပြင်ဆင်သလဲ၊ဘယ်လိုလေ?ကျင့်သလဲဆိုသည့်
အချက်များကိုဖတ်ရှုရမည်ဖြစ်သည်။ရှောင်ရေးသည်ထိုအချိန်ကသူ့ထက်ကိုယ်အလေးချိန်များသောထုထ
ည်ကောင်းသည့်မောင်အိုလံပီယာ(နာဆာအယ်ဆွန်ဘတ်တီ၊ကီဗင်လက်ဗရုန်းလ်၊ပေါလ်ဒီလေး၊ဒိုရီယန်ရိတ်စ်
)နှင့်အခြားနာမည်ကျော်များကြားတွင်ကွဲပြားပေါ်လွင်မှု၊အချိုးအစားပြေပြစ်မှုဆိုသည့်အချက်များကိုပရိသတ်
များ၏ကောင်းချီးပေးခြင်းခံရသည့်မောင်တစ်ဦးဖြစ်သည်။ခုဆောင်းပါးဟာ ကိုယ့်လက်ရှိ ကိုယ်အလေးချိန်ကိုတင်ပြီး ခွန်အားနဲ့ ကြွက်သားတွေ ဘယ်လောက်ကောင်းအောင် ရှောင်ရေးကစားခဲ့သလဲဆိုတာ
ကာယဗလသမားတွေ လေ့လာ နိုင်ဖို့အတွက် ပြန်လည်ပြောပြလိုက်ရခြင်း ဖြစ်ပါတယ်။
    ၁၉၈၇-ခုနှစ်ဟာ ကျွန်တော့်ဘ၀ရဲ့ “အလှည့်အပြောင်းနှစ် ဖြစ်ခဲ့ပါတယ်။ ၁၉၈၇-ခုနှစ် အမျိုးသား တံခွန်စိုက်ပြိုင်ပွဲ (မောင်အမေရိကန်ပြိုင်ပွဲမှာ) ကျွန်တော် အနိုင်ရခဲ့တဲ့အတွက် ဆုကြေးစားကာယဗလ သမားအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရတယ်” ဆုကြေးစားပြိုင်ပွဲဝင်ခွင့်ကတ်ပြား (Pro Card) ရရှိခဲ့ပါတယ်။
    ကျွန်တော်ဟာ အဲဒီပြိုင်ပွဲမတိုင်မီ (၅)လ အလိုက “ကယ်လီဖိုးနီးယားပြည်နယ် တံခွန်စိုက်ပြိုင်ပွဲ” (California Championships) မှာ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံရပြီး အတန်းပေါင်းစုံ တံခွန်စိုက်မောင်ဘွဲ့ (Overall Title) ကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော့်ရဲ့ ကိုယ်အလေးချိန်ဟာ လိုက်ဟဲဗီးဝိတ်တန်း အလေးချိန်ထက် တစ်ပေါင်ပဲလျော့ပြီး (၁၉၇)ပေါင် ရှိခဲ့ပါတယ်။ ကယ်လီဖိုးနီးယား တံခွန်စိုက်ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်စဉ်က ကျွန်တော်ဟာ အလေးများများထည့်ပြီး အကြိမ် နည်းနည်းကစားတဲ့ ကျင့်စဉ် (Heavy Poundage and Low-rep System) ကို အသုံးပြုခဲ့ပါတယ်။
    အဲဒီတုန်းက ကျွန်တော် တွေးခဲ့မိတာ ရှိတယ်။ ကျွန်တော်က အရပ် ၅ ပေ ၇ လက်မနဲ့ လိုက်ဟဲဗီးဝိတ်အတန်း၊ ကိုယ်ခန္ဓာအနေအထားလောက်ပဲ ရှိတယ်မဟုတ်လား။ ဒီတော့ ကျွန်တော့်အနေနဲ့ ဟဲဗီးဝိတ်တန်းကို တက်စရာမလိုဘူးလို့ ထင်ခဲ့တယ်။ ကျွန်တော့် ကိုယ်ကာယမှာ အလေးချိန်ပေါင်တိုး အောင် ကစားစရာ မလိုဘူး။ ကျွန်တော့်မှာလိုတာက ကြွက်သားတွေ ကွဲပြားလှပဖို့သာ လိုတယ်လို့ပဲ ကျွန်တော် ယူဆခဲ့မိတယ်။ အဲဒါကြောင့် အမျိုးသားတံခွန်စိုက်ပြိုင်ပွဲအတွက် လေ့ကျင့်တဲ့အခါမှာ “အလေးပေါ့ပေါ့ အကြိမ်များများကျင့်စဉ်” (Lighten weight and High-reps System) နဲ့ ကစားခဲ့တယ်။ အယ်ရိုးဗစ်လေ့ကျင့်ခန်း ပိုပြီး လုပ်ခဲ့တယ်။ ကိုယ်အလေးချိန် (၁၉၆-ပေါင်နဲ့ကျွန်တော် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် ကြွက်သားတွေဟာ ကယ်လီဖိုးနီးယားပြိုင်ပွဲထက်ပိုပြီး ကျစ်လျစ်မာကြောပြီး ကွဲပြား ပေါ်လွင်လာခဲ့ပါတယ်။
    အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ အလေးကြီးတွေကိုင်ပြီး ကစားတာမျိုး ကြွက်သားထုတက်အောင် ကစားတာမျိုး မလုပ်တော့ဘူး။ အကြိမ်များများနဲ့ ကစားခဲ့ပါတယ်။ ကြွက်သားတွေ ပေါ်လွင်မှုအတွက် ကစားတဲ့အတွက် ကျွန်တော့်မှာ ပုံမှန်တိုးတက်အောင်မြင်မှု ရှိလာတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ၁၉၉၂-ခုနှစ် အကုန်မှာတော့ ကျွန်တော်ဆက်ပြီး ပိုတိုးတက်လှမ်းချင်ရင် အလေးကြီးတွေကိုင်ပြီး ပြန်ကစားရ လိမ့်မယ်ဆိုတဲ့ အတွေးကကျွန်တော့်ခေါင်းထဲကို ပြန်ဝင်လာခဲ့ပါတယ်။
ပြောင်းလဲရခြင်းအကြောင်းရင်းများ
    အလေးများများနဲ့စကားဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ရခြင်းရဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ပထမဆုံး အချက်ကတော့ အကြိမ်များများနဲ့ ကစားခဲ့တဲ့ ကျွန်တော်ဟာ မြန်သည်ထက်မြန်အောင် အပြေးလေ့ကျင့်တဲ့ အပြေးသမားတစ်ယောက်နဲ့ တူလာတယ်။ နောက်ဆုံးတော့ အဲဒီအပြေးသမားဟာ ပိုပြီးမြန်အောင် ဆက်ပြေးချင်တဲ့စိတ် ကုန်သွားသလို ကျွန်တော်မှာလည်း အဲဒီခံစားချက်မျိုး ၀င်လာခဲ့ပါတယ်။ အလေးလျှောပြီး အကြိမ်များများနဲ့ ကစားနိုင်အောင် လုပ်နေလို့ကတော့ ကျွန်တော်လိုချင်တဲ့ ရည်မှန်းချက် ပြည့်ဝလာမှာမဟုတ်ဘူး။ ကျွန်တော် ကြွက်သားတွေကို ထပ်ပြီးတက်စေရန် အံ့သြတုန်လှုပ်သွားအောင် ရှော့ရိုက်သလိုလုပ်တဲ့ အပြောင်းအလဲနည်းနဲ့ ကစားရလိမ့်မယ်လို့ ကျွန်တော်မြင်လာခဲ့ပါတယ်။ ဒီတော့ ရှင်းနေတာပဲ။ အလေးများများကိုင်ပြီး ကစားဖို့ နည်းလမ်းပဲ ရှိတယ်။
    ဒုတိယအကြောင်းတစ်ချက်ကတော့ ၁၉၉၃-ခုနှစ်မှာ မောင်ပြိုင်ပွဲတစ်ခုအတွက် ကျွန်တော် (၁၀)လ အချိန်ပေးကစားမယ်လို့ ကျွန်တော့်ဘ၀မှာ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၂-ခုနှစ်ကဆိုရင် မောင်အိုလံပီယာပြိုင်ပွဲအတွက် မတ်လကျမှ ကျွန်တော်လေးလေးနက်နက်စပြီး ကစားခဲ့ ပါတယ်။ (၇-လသာ လေ့ကျင့်ခဲ့တယ်။) ၁၉၉၃-ခုနှစ်
 စက်တင်ဘာ မောင်အိုလံပီယာပြိုင်ပွဲအတွက်ကိုတော့ ၁၉၉၂-ခုနှစ် ဒီဇင်ဘာလကုန်ခါနီးလောက်ကတည်းက ကျွန်တော်စပြီး ကစားခဲ့တယ်။ ကျွန်တော့် လေ့ကျင့်ရေး စီမံချက်အရ “ပထမ (၄)လကို  အလေးများများနဲ့ (ဟဲဗီး၊ အစီအစဉ်) ကစားမယ်၊ ဒုတိယ (၃)လမှာ ကြွက်သား အရည်အသွေးကောင်းရေးကို ဆက်ကစားမယ်။ နောက်ဆုံး တတိယ (၃)လမှာ ကြွက်သားတွေ အပြတ်ပေါ်လွင်ကွဲပြား လှပမှုအတွက် ကစားမယ်” လို့ အစီအစဉ် ချမှတ်ခဲ့ပါတယ်။ (၁၀)လ လေ့ကျင့်ရေးအစီအစဉ်မှာ အဲဒီလိုလေ့ကျင့်ရေး ကာလ (၃)ပိုင်း ခွဲခြားကစားတဲ့အတွက် ကြွက်သားတွေ တိုးတက်မှုအတွက် ကာယပိုင်းဆိုင်ရာ အကျိုးအမြတ် ရရှိနိုင်မှာတွေထက် စိတ်ပိုင်းဆိုင်ရာ ညည်းငွေ့မှုကို လည်း ဖြစ်စေနိုင်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။ (၁၀)လတိတိ ပုံသေကစားသွားမယ့် ငြီးငွေ့စရာကောင်းသော လေ့ကျင့်ရေး အစီအစဉ်နဲ့ သိပ်မကွာပေဘူးလား။
    ကျွန်တော့်ရဲ့ ပထမ (၄)လ ဟဲဗီးလေ့ကျင့်မှုကာလအတွင်းမှာ အထူးဧည့်သည်တော်အဖြစ်နဲ့ ပါဝင်သရုပ်ပြမှု (Guest Appearance) တွေကို ကျွန်တော် လုံးဝလက်မခံခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော် အလေးများများနဲ့လည်းကစား၊ ကောင်းကောင်းလည်းစား (ခြိုးခြံမစားဘဲ) နိုင်တာပေါ့။ သရုပ်ပြပွဲတော့ ဆက်တိုက်လက်ခံထားရင် အစားအသောက်အဟာရကို အမြဲတမ်း ခြိုးခြံထိန်းသိမ်းစားရတယ်လေ။ အစားအသောက်ကို ခြိုးခြံထိန်းသိမ်းပြီး လျှော့စားရတာနဲ့အမျှ စားထားတဲ့အာဟာရနဲ့မျှအောင် အလေးပေါ့ပေါ့တွေနဲ့ပဲ ကစားရတော့တာပေါ့ဗျာ။
    တတိယအချက်အနေနဲ့ကတော့ ရှောင်ရေးဟာ အရင်က ရှောင်ရေးမဟုတ်ဘူး။ ရှောင်ရေးအသစ် ဖြစ်နေတဲ့ပုံ ဒိုင်လူကြီးတွေကို ပြချင်တယ်။ ၁၉၉၂-ခုနှစ် မောင်အိုလံပီယာာပြိုင်ပွဲမှာ ကျွန်တော့်အနေအထား ဟာ ကြွက်သားတွေလည်း ထင်ထင်ရှားရှားပေါ်ပြီး အကောင်းဆုံးအခြေအနေမှာ ရှိခဲ့တယ်။ ဒါပေမယ့် ကျွန်တော် စတုတ္ထပဲရခဲ့တယ်။ စတုတ္ထဖြစ်ခဲ့လို့ ကျွန်တော်စိတ်ပျက်ခဲ့ပုံကိုလည်း စားနယ်ဇင်းတွေမှာ ကောင်းကောင်းရေးသား ဖော်ပြခဲ့ကြပါတယ်။
    နောက်ပိုင်း မောင်အိုလံပီယာပြိုင်ပွဲမှာတော့ အရင်ကနဲ့ကိုမတူ လုံးဝတစ်မူထူးခြားတဲ့ အသွင်သစ် ပိုပြီး ကောင်းလာတဲ့အနေအထားနဲ့ ကျွန်တော် ပြရတော့မယ်။ လူတွေကို တစ်ခါလာလည်း ဒီပုံ၊ တစ်ခါ လာလည်း မည်းပြာပုဆိုးပြနေလို့ကတော့ သူတို့ ညည်းငွေ့ကြမှာပဲ။
    ကျွန်တော့်ကိုယ်ကျွန်တော် ရည်မှန်းထားတဲ့ အသွင်သစ် (New Lock) ဆိုတာကတော့ ကျွန်တော့်ရဲ့ အမှတ်အသားဖြစ်တဲ့ ကြွက်သားများ ပြည့်ဝမှုကို တိုးချဲ့ဖြည့်စွက်ပြီး တိုးတက်မှုရှိလာပုံကို ပြချင်တာဖြစ်ပါတယ်။ ကျွန်တော်ဝင်ခဲ့သမျှ ပြိုင်ပွဲတိုင်းမှာ ရှောင်ရေးကြည့်ရတာ သေးလိုက်တာ၊ ချောင်လိုက်တာ၊ ကြွက်သားတွေပါးလိုက်တာလို့ အခုထိ တစ်ခါမှ အပြောမခံရသေးပါဘူး။ ကျွန်တော့် အနေနဲ့ ကြွက်သားတွေ အဖက်ဖက်က ပြည့်ဖြိုးလုံးထစ်နေတာကို ပြသနိုင်ခဲ့ပါတယ်။ အလေးများများနဲ့ ကစားလိုက်ရင် ကျွန်တော့်ကြွက်သားတွေဟာ မနှစ်ကထက် ပိုပြီးထွား၊ တစ်ရစ်ကျစ်လစ်နေမှာ သေချာတယ်။ ကျွန်တော်ကိုယ်အလေးချိန်၊ ပေါင် (၂၀၀) မကျော်ဘဲနဲ့ ကျွန်တော့်ကြွက်သားတွေရဲ့ ထက်ထက်မြက်မြက်ပေါ်လွင်မှုကိုလည်း ဆက်ပြီး ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
    ပြိုင်ပွဲနေ့အထိ ကျွန်တော့် ဟဲဗီးအလေးတွေနဲ့ ကစားသွားမှာတော့ မဟုတ်ပါဘူး။ ကျွန်တော့် ကြွက်သားတွေ ပိုပြီးကြီးထားလာအောင် ကစားမယ်။ အလေးကြီးတွေကစားရင် ခွန်အား ပိုသန်လာမယ်။ ခွန်အားရှိရှိနဲ့ ကစားရင် ကြွက်သားတွေ ပိုကြီးလာမယ်ဆိုတဲ့ အီကွေးရှင်းသဘောတရားနဲ့ ကစားဖို့ ဖြစ်ပါတယ်။
အလေးတိုးရင်ကြွက်သားတိုးမယ်
    အလေးကြီးတွေကိုင်ပြီး ကစားတဲ့ အစီအစဉ်မှာ အာဟာရ ကယ်လိုရီသည် ပိုပြီး ဖြည့်ဖို့လိုမယ်။ ပြီးတော့ နားချိန်နဲ့ အားပြန်ဖြည့်ချိန်လည်း လုံလုံလောက်လောက် ရှိဖို့လိုပါမယ်။ အရင်က ကျွန်တော့် ကြွက်သားပေါ်လွင်မှု ကစားခဲ့တဲ့ အချိန်တွေမှာ ပြိုင်ပွဲဝေးကာလမှာတောင် ကျွန်တော့်ကိုယ်အလေးချိန်ကို ပေါင် (၂၁၀)ထက် မကျော်ခဲ့ရဘူး။ ကျွန်တော့်မှာ ခရီးသွားမပျက်၊ သရုပ်ပြမပျက်၊ အစားမပျက်၊ အအိပ်မပျက်၊ အားကစားမပျက်ခဲ့ဘူး။
    ဒီတစ်ကြိမ်အလေးကြီးတွေနဲ့ ကစားမယ့်အချိန်မှာတော့ အရင်က သရုပ်ပြပွဲတွေဟာ အာဟာရကို ထိန်းချုပ်ခြိုးခြံရတာမျိုး လုပ်စရာမလိုတော့ဘူး။ အလေးကြီးတွေကို ကိုင်နိုင်အောင်လို့ ပိုပြီး အင်အားရှိမယ့် အာစာရကိုတောင် စားရဦးမယ်။ သရုပ်ပြပွဲတွေ ပြစရာမရှိတော့တဲ့အတွက် ကျွန်တော် ကြွက်သားတွေ ကွဲပြားပေါ်လွင်မှုအတွက်ကို အာရုံစိုက်စရာလည်း မလိုတော့ဘူး။ ကျွန်တော် အရင်ကထက်ပိုပြိး စားမယ်။ ကိုယ်အလေးချိန် တက်ချင်သလောက် တက်စမ်းပလေစေ။
    ပြိုင်ပွဲဝေးကာလတွေမှာ ကျွန်တော့်ရဲ့ ကိုယ်အလေးချိန်ကို ပြိုင်ပွဲစံ၊ ကိုယ်အလေးချိန် (၁၉၆) ပေါင် ထက် ဘယ်တော့မှ (၁၅)ပေါင်ထက် ပိုအများမခံခဲ့ဖူးသေဘူး။ ပြိုင်ပွဲပြီးရင် ကျွန်တော့် ကိုယ်ကာယအလှကို လည်း အချိုးမပျက်အောင် ဖောင်းတတ်သွားတာမျိုး အဖြစ်မခံခဲ့ဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ပြိုင်ပွဲဝေး ကာလမှာတော့ ကျွန်တော့်ကိုယ်အလေးချိန်ကို (၂၂၅)ပေါင်အထိ တင်ဖို့ ရည်မှန်းချက်ချခဲ့ပါတယ်။ အရင်နှစ်တွေနဲ့စာရင် ဒီကိုယ်အလေးချိန်ဟာ ကျွန်တော့်ကို ဘီလူးကြီးတွေနဲ့တူသွားတော့မှာပဲ။
    ကျွန်တော်စားသောက်တဲ့ အာဟာရတွေထဲမှာ ကြွက်သားကြီးထွားမှုကို အားပေးတဲ့ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ အာလူးနဲ့ ဂျုံမှုန့်တွေပါပါတယ်။ အာဟာရပြည့်တဲံ အစားအစာကို တစ်နေ့ (၆)ကြိမ် ခွဲစားပါတယ်။ ကယ်လိုရီကိုတော့ အတိအကျတွက်မစားပေမယ့် အလေးကြီးတွေ ကိုင်နိုင်အောင် ခွန်အား ပြည့်ဖို့အတွက် ပိုစားပါတယ်။ တစ်နေ့ ကြက်ဥ (၁၂)လုံးအစား (၂၄)လုံး စားတယ်။ တစ်ခါစားရင် ကြက်ရင်အုပ် (၂)ဖီစားတဲ့အစား (၃) ဖီစားတယ်။
ပြိုင်ပွဲဝေးကာလကိုတော့ ကျွန်တော် ပျော်ပျော်ပါးပါး နားနားနေနေနဲ့ ဖီးတက်လာအောင် သက်တောင့်သက်သာနေရမယ့် ကာလလို့ သဘောမထားတော့ဘူး။ အားကစားရုံထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော် နှိပ်စက်ပြီး တအားကစားနေမိပါတယ်။ ကျွန်တော်ရဲ့ ဒုတိယအဆင့် လေ့ကျင့်ရေးကာလ ကျရင်တော့ အလေးလျှော့ပြီး အကြိမ်များများ ကစားသွားမှာ ဖြစ်ပါတယ်။
ဟဲဗီးလေ့ကျင့်ရေးအစီအစဉ်
    ကျွန်တော်ကစားတဲ့ “ဟဲဗီးလေ့ကျင့်ရေးအစီအစဉ်” (Heavy Load Programme) ကို အောက်ပါ အတိုင်း (၃)ရက်ကစား၊ တစ်ရက်နား ကစားပါတယ်။
ပထမနေ    —    ရင်အုပ်နှင့် ပခုံး
ဒုတိယနေ့    —    ပေါင်နှင့် ခြေသလုံး
တတိယနေ့    —    နောက်ကြောနှင့် လက်မောင်းသားများ (ရှေ့/နောက်)
စတုတ္ထနေ့    —    နားရက်
    ကိုယ်ခန္ဓာကြွက်သားအလှ ထိန်းသိမ်းမှုအတွက် ၀မ်းဗိုက်ကြွက်သားတွေကိုတော့ တစ်ခါတစ်ရံမှပဲ ကစားလာတော့တယ်။ ကျွန်တော်က ကြွက်သားတွေကြီးထွားပြီး ခွန်အားပိုရှိအောင် ကစားနေချိန်မှာ ၀မ်းဗိုက်ကြွက်သားတွေ ဘယ်လိုနေနေ သိပ်တော့မပူမိလှဘူး။ ၀မ်းဗိုက်ကြွက်သားတွေ ထွားလာမှာကို ကျွန်တော် မလိုလားဘူး။ ၀မ်းဗိုက်ကြွက်သားအလှဆိုတာ အစားအသောက်ချင့်ချိန်စားတတ်မှုပေါ်မှာ တည်ပါတယ်။
    အလေးများများနဲ့ ကစားနိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ လေ့ကျင့်ခန်းများ (Exercise)၊ အကျော့များနဲ့ (Sets) နဲ့ အကြိမ်များ (Reps) ကို လျှော့ကစားပါတယ်။ ကျွန်တော့် ကြွက်သားတွေ ကွဲပြား ပေါ်လွင်အောင် ကစားခဲ့တဲ့ကာလ (Refining Phase) နဲ့ အလေးများများ ကိုင်ကစားတဲ့ကာလ (Heavy Phase) မှာ ကျွန်တော်ရဲ့ ရင်အုပ်ကြွက်သားကစားပုံ ကွာခြားမှုကို နှိုင်းယှဉ်လေ့လာကြည့်ပါ။
ကြွက်သားပေါ်လွင်မှု
၁။    ပက်လပ်အိပ်အနှေးမ    ၄ ကျော့ x ၈-၁၂ ကြိမ်
    (Bench, Press)
၂။    ဘားတို၊ ဘေးခွဲမ     ၄ ကျော့ x ၈-၁၂ ကြိမ်
    (Dumbbell flyes)
၃။    ခုံစောင်းမှီအနှေးမ     ၄ ကျော့ x ၈-၁၂ ကြိမ်
    (Incline Presses)
၎။    ထိုင်လျက်ဘေးခွဲမ     ၄ ကျော့ x ၈-၁၂ ကြိမ်
    (Pec-decks)
အလေးများများဖြင့် လေ့ကျင့်မှုကာလ
၁။    ပက်လက်အိပ်အနှေးမှု    ၄ x ၆-၈ ကြိမ်
၂။    ဘားတိုဘေးခွဲမ     ၄ x ၆-၈ ကြိမ်
၃။    ခုံစောင်းမှီအနှေးမ     ၄ x ၆-၈ ကြိမ်
    အလေးများများနဲ့ ကိုင်ကစားတဲ့ ကာလဟာ ကြွက်သားကြီးထွားမှုအတွက် အဓိကကစားတဲ့ လေ့ကျင့်ရေးကာလဖြစ်ပါတယ်။ ကြွက်သားအလှပုံဖော်တဲ့ လေ့ကျင့်ရေး ကာယဗလမဟုတ်ပါဘူး။ ဒါကြောင့် ကြွက်သားအလှဖော်တဲ့ “ပက်စ်ဒက်” ရင်အုပ်ဘေးဆွဲတဲ့လေ့ကျင့်ခန်းနဲ့ စက်သီးကြိုးနဲ့ ဘေးတိုက် ကန့်လန့်ဖြတ်ဆွဲတဲ့ (Cable Crossover) လေ့ကျင့်ခန်းမျိုးကို ကျွန်တော် ထည့်ကစားစရာမလိုပါဘူး။
     အလေးကြီးတွေ ကိုင်တယ်ဆိုပေမယ့် သွက်သွက်လေးတော့ ကစားပါတယ်။ ကျွန်တော့်သက်လုံ ကလည်း တော်တော်လေးကောင်းတော့ ကျွန်တော်နဲ့ ကစားဖက် တစ်ကျော့ကစားပြီးတဲ့အထိသာ တစ်ကျော့နဲ့တစ်ကျော့ကြားမှာ ကျွန်တော်နားပါတယ်။ တစ်ကျော့နဲ့တစ်ကျော့ကြားမှာ အကြာကြီးနားတဲ့ နည်းတွေဟာ ကိုယ်အလေးချိန်များတဲ့ လူတွေနဲ့ အမောခံနိုင်ရန် သက်လုံမကောင်းတဲ့သူတွေသာ ဖြစ်ပါ တယ်။
    ကျွန်တော်ကစားတဲံ အလေးတွေကို တမင်ရည်ရွယ်ချက်နဲ့ တိုးကစားပေမယ့် အရမ်းကာရောတော့ မလုပ်ပါဘူး။ ဗြုန်းခနဲ ဒိုင်းခနဲ တိုးကစားလိုက်တာမျိုးမဟုတ်ဘဲ စနစ်တကျတိုး၊ တိုးကစားသွားတဲ့ သဘော ရှိပါတယ်။ ဥပမာပြောရရင် အောက်ပိုင်းထိုင်ရာမှာ ပုံမှန်အားဖြင့် ပေါင် (၅၀၀) အများဆုံးထည့်ပြီး ကစားခဲ့ ပါတယ်။ အခုအလေးတိုးတယ်ဆိုတာနဲ့ တစ်ခါတည်း ပေါင် (၈၀၀) ကို တန်းထည့်ပြီး ကစားလိုက်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော် ပထမဆုံးကစားခဲ့တဲ့ အလေးက ပေါင် (၅၂၅) ပေါင် (၆-၈)ကြိမ်နဲ့ စပါတယ်။ လေးလအတွင်းမှာ ပေါင် (၆၀၀)အထိ အလေးတိုးသွားပါတယ်။ ရင်အုပ်အတွက် ပက်လပ်အိပ်အနှေးမ လေ့ကျင့်ခန်းမှာ အရင်ကအများဆုံး ၃၁၅ ပေါင်နဲ့ အကြိမ်များများ ကစားခဲ့ပါတယ်။ အလေးတိုးကစားတော့ (၃၆၅)ပေါင်ကို (၈)ကြိမ်ပဲ အများဆုံးကစားပါတယ်။
    ကျွန်တော့်မှာ အထိုက်အလျောက်တော့ ဆင်ခြင်တုံအသိဥာဏ်တရားရှိပါတယ်။ အလေးကြီးတွေနဲ့ ကစားတာနဲ့ ဖြစ်ကတတ်ဆန်း ပစ္စလက္ခတ်မကစားပါဘူး။ ကျွန်တော့်မှာ ရင်အုပ်ကြွက်သားတွေ စုတ်ပြဲ သွားတယ်။ လက်မောင်းကြောတွေ ပြတ်သွားတယ်ဆိုတဲ့ စာလုံးကြီးတွေနဲ့ သတင်းပါလာတာမျိုးကို ကျွန်တော် မလိုလားပါဘူး။ လေ့ကျင့်ခန်းတိုင်းမှာ ပထမတစ်ကျော့ကို သွေးပူသဘောထား ကစားပါတယ်။ ဒုတိယအတစ်ကျော့ကို အလယ်အလတ်အလေးနဲ့ ကစားပါတယ်။ တတိယနဲ့ စတုတ္ထအကျော့တွေကျရင် တော့ အစွမ်းကုန် အလေးနဲ့ မီးကုန်ယမ်းကုန်ဆော်ပြီလို့သာ မှတ်ပေတော့။
စိတ်ဓာတ်ပါအားရှိ
    နှစ်ပေါင်းများစွာအတွင်းမှာ အခုလို အလေးကြီးတွေ များများနဲ့ ကစားဖို့ ကျွန်တော် ပထမဆုံး အကြိမ် ရည်မှန်းချက်ထားကစားခဲ့ခြင်းဟာ ကျွန်တော်ရဲ့ စိတ်ဓာတ် အကြီးအကျယ် မြင့်မားတက်ကြွရေး ကိုလည်း အားပေးခဲ့ပါတယ်။ ကိုယ်ရဲ့ ကာယဗလ ကြည့်ကောင်းရုံကလေးအတွက် ကစားရတာ အတိုင်းအတာအရ လွယ်ပါတယ်။ ဒါပေမယ့် အားကစားရုံကို သွားပြီး ကိုယ်ရဲ့ ခွန်အားသန်မှု အခြေအနေ ကို အမြဲတမ်းစိန်ခေါ်ရတဲ့ အလုပ်အတွက် စိတ်ဓာတ်အများကြီး လိုပါတယ်။ တစ်ကြိမ်ကစားတိုင်း ကိုယ်တိုင်ကစားရမယ့် အလေးကြီးတွေကို စိန်ခေါ်ရတဲံ အလုပ်က စိတ်တက်ကြွစရာ ကောင်းလှပါတယ်။
    အမှန်ပြောရရင် ကျွန်တော်ရဲ့ စိတ်ဓာတ်ထက်မြက်ရေးအတွက် ကျွန်တော့်ထက် ခွန်အားပိုပြီး သန်တဲ့လူတွေနဲ့ ကစားရတာကို ပိုပြီး သဘောကျပါတယ်။ ကိုယ့်ထက်ခွန်အားနည်းတဲ့သူနဲ့ အတူကစား ရရင် ကိုယ်က အစွမ်းကုန်အားမထုတ်တော့ပဲ ကိုယ်နိုင်သလောက် အလေးအတိုင်းအတာနဲ့ နှစ်သိမ့်နေ တတ်ပါတယ်။ ကိုယ့်ထက်ခွန်အား ပိုသန်တဲ့လူနဲ့အတူ ကစားရတော့လည်း ကြွက်သားထုနဲ့ ခွန်အားကို အငမ်းမရ ကစားချင်တဲ့လူဖြစ်မှန်း ကျွန်တော်သိပါတယ်။ ကျွန်တော်ကလည်း သူ့လိုလူစားပဲဆိုတာ သူသိရင် အကြိတ်အနယ် ပြိုင်ကစားလို့ အလွန်ကောင်းတာပေါ့။ ဥပမာ - နှစ်ယောက်သား အောက်ပိုင်း အစွမ်းကုန်ထိုင်ပြီး ခဏနားရမယ့် နေရာကို ရှာကြရပြီသာမှတ်တော့။
    ကျွန်တော်တို့ နှစ်ယောက်သား သက်တောင့်သက်သာနဲ့ ဂျော်ဂင် ဖြည်းဖြည်းအတူပြေးနေကြတဲ့ သဘောမျိုးမှမဟုတ်တာ။
    ကိုယ်ခန္ဓကလည်း ပုံမှန်စိတ်ဖိစီးမှုအခြေအနေကို အလိုက်သင့်ဖြစ်အောင် လုပ်ဆောင်တတ်တဲ့ သဘောရှိပါတယ်။ တစ်ခုခုကို ပုံသေလုပ်နေရင် ဒီအခြေအနေက ဘယ်ရောက်တော့မလဲ။ အလေးကြီးတွေနဲ့ အပြောင်းအလဲကစားခဲ့တဲ့အတွက် ကျွန်တော်ကိုယ်ခန္ဓာဟာ အသစ်အဆန်းဖြစ်ပြီး ရှော့မိသလို တုန်လှုပ်သွားခဲ့ပါတယ်။ မောင်အိုလံပီယာအတွက် ကျွန်တော့ ဆောင်ပုဒ်ကအားကုန်စား၊ အားကုန်ကစား၊
အားကုန်နားပါ။ကျွန်တော့်အတွက် ကြွက်သားတွေလည်း ကြီးထွား ခွန်အားလည်းပိုရှိ အဖက်ဖက်က အစွမ်းကုန် တိုးတက်ရေးအတွက် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီးစိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ ခွန်အားရှိရှိနဲ့ ကစားနိုင်ရင် ကျွန်တော့်ကြွက်သားထုထည် ပိုပြီးကြီးထွားပြီး ပိုပြီးထူလာမှာ ဖြစ်ပါတယ်။ကျွန်တော်ဟာ ပေါင် (၂၀၀) မကျော်ပဲနဲ့ ပိုပြည့်ပြီး ကြွက်သားတွေ ပိုပြီးပေါ်လွင်လာလိမ့်မယ်။ဒီလောက်ဆိုရင်သင့်အနေနှင့်ရှောင်ရေး၏လေ့ကျင့်ရေးသဘောထားကို
ဖတ်ပြီးတော့တစ်ခြားမောင်အိုလံပီယာတွေနှင့်ကွာခြားသည့်အချက်အလက်အချို့နှင့်သဘောတရားအချို့၊
ခံယူချက်အချို့ကိုတွေ့မြင်နိုင်မည်ဖြစ်သည်။ထိုအချက်အလက်များသည်ပင်ချန်ပီယံတို့၏မတူညီသောလေ့
ကျင့်မှုသဘောတရားများပင်ဖြစ်သည်။ကာယဗလဖခင်ကြီးဟုတင်စားခေါ်ဝေါ်သည့်ဆရာကြီးဂျိုးဝီဒါ၏လေ့
ကျင့်မှုသီအိုရီမြောက်များစွာသည်အဆိုပါချန်ပီယံများ၏မတူညီသည့်အချက်များကိုအခြေခံ၍ပေါ်ပေါက်
လာခြင်းဖြစ်ကြောင်းတင်ပြလိုက်ပါသည်။မောင်အိုလံပီယာရှောင်ရေးသည်အနားယူချိန်အထိမောင်အိုလံပီ
ယာဆုတ?ဆိပ်ကိုမဆ်ွခူးနိုင်ခဲ့သော်လည်းကမ္ဘာ့ကာယဗလပရီသတ်၏အကြိုက်ဆုံးမောင်များတွင်တော့
ဘယ်တော့မှကွယ်ပျောက်မှာမဟုတ်ပေ။သူ၏အလယ်အလတ်အဆင့်ကာယဗလသမားများအတွက်အကြံပေး
တင်ပြထားသောလေ့ကျင့်မှုပရိုဂရမ်လေးကိုတင်ပြပေးလိုက်ပါတယ်။
         အလယ်အလတ်အဆင့် ကာယဗလသမားများ
ကြွက်သားကြီးထွားရေး
လေ့ကျင့်မှုအစီအစဉ်ဇယား      
    အင်္ဂါ/စနေ                      
    ကြွက်သား    လေ့ကျင့်ခန်း    အကျော့    အကြိမ်          
    ၁။    ခြေသလုံး    အလေးထမ်း
ခြေဖျားထောက်ကြွ
(Calf Raises)    ၄    ၁၀          
    ၂။    ပေါင်    ပေါင်ဆန့်ထုတ်ခြင်း
(Leg Extensions)    ၃    ၆-၈          
        ထိုင်ထ (Squats)    ၅    ၆-၈          
    ၃။    နောက်ကျော    ခါးကိုင်ဆွဲတင်
(Dead Lifts)    ၃    ၆-၈          
        ခါးကုန်းမ
(Bent Rows)    ၄    ၆-၈          
    ၄။    လက်မောင်းရှေ့သား    ဘားရှည်ကွေးမ
(Barbell Curts)    ၃    ၆-၈          
    ကြာသပတေး/တနင်္ဂနွေ                      
    ကြွက်သား    လေ့ကျင့်ခန်း    အကျော့    အကြိမ်          
(Crunches)    ၃    ၁၂          
    ရင်အုပ်    ပက်လက်အိပ်အနှေးမ
(Bench Press)    ၅    ၆-၈          
        ခုံစောင်းမှီ/ဘေးခွဲမ
(incline Flyes)    ၃    ၆-၈          
    ပုခုံး    မတ်တပ်ရပ်၊ မေးဆွဲတင်
(Upright Rows)    ၃    ၆-၈          
    လက်မောင်းနောက်သား    လက်မောင်းနောက်ကွေးဆန့်
(Triceps Extension)    ၃    ၆-၈       
  အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com
No comments:
Post a Comment