arial" action="like" colorscheme="light">

Sunday, March 30, 2014

တစ်ချိန်က အကြီးထွားဆုံး စံချိန်တင်ခဲ့သည့် မောင်တစ်ယောက်

ကျွန်တော် အခုတင်ပြပေးမဲ. ကာယဗလမောင် ကတော. ၁၉၉၆ ခုနှစ်တုန်းက ကမ္ဘာကာယဗလ လောက ကို တုန်လှုပ်သွား စေလောက်အောင် ထူးထူးခြားခြား စံချိန်တင်သွားခဲ. သူတစ်ဦး ဆိုရင်လည်းမမှားဘူးပေါ.ဗျာ။ သူ အမည်ကတော. ဂရက်ကိုဗက်စ် လို. ခေါ်ပါတယ်။ ၁၉၉၆ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ.မှာ ကျင်းပခဲ.တဲ. ကနေဒါ မောင်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ.ခြင်း ဖြစ်ပါတယ်။ သတင်းထူးကြီး ဇြစ်သွားတယ် ဆိုတာ ကိုဗက်စ် ဟာ ၁၉၉၅ ခုနှစ်မှာ နံပါတ်လုံးဝ မချိတ်ခဲ.ရာက ၁၉၉၆ မှာ ဗြုန်းစားကြီး ဗိုလ်စွဲ ခဲ.လို.လည်း မဟုတ်ပါဘူး။ သူရဲ. ခန္ဓာ ကိုယ်လှပပြေပြစ်မှု နဲ. ကြွက်သား အချိုးအစားကောင်းမှု တွေဟာ သူရှေ.က မောင်တွေဖြစ်တဲ. (၈)ထပ်ကွမ်း လီဟေးနီ နှင်. (၇)ထပ်ကွမ်း အာနိုး  အဲဒီအချိန်က (၄)ထပ်ကွမ်းပဲ ရှိသေးတဲ. ဒို ရီယံရိတ်စ် တို. ထက်သာ လို.လည်း မဟုတ်ပါဘူး။ ဒါဆိုဘာ ကောင်းလို. စံချိန်တင်ခဲ.တာလဲ ဆိုရင် မောင်အိုလံပီယာ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲ ခဲ.တဲ မောင်တွေရဲ. ကိုယ်အလေးချိန် နဲ. ကြွက်သား ထုထည်ကြီးထွားမှုဟာ ကနေဒါ မောင်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ.တဲ.  ဂရက်ကိုဗက်စ် နဲ.တစ်ခြားစီ ဖြစ်ခဲ.ပါတယ်။ ဂရက်ကိုဗက်စ် ၀င်ရောက်ခဲ.တဲ. ကိုယ်အလေးချိန်ဟာ ထိုခေတ်ကာလက ဘယ်သူမှ ၀င်ရောက် မယှဉ်ပြိုင်ရဲတဲ. ကိုယ်အလေးချိန် (၃၁၂) ပေါင် နဲ. ၀င်ရောက် ယှဉ်ပြိုင်ပြီး ဗိုလ်စွဲခဲ. ခြင်းကြောင်.ပါ။ မှန်ပါတယ် ကမ္ဘာ. ကာယဗလ လောက ကြီးဟာ ပြောင်းလဲလာခဲ.ပါတယ်။ ပြိုင်ပွဲ ၀င်တွေရဲ. အရည်အသွေးပေါ.ဗျာ။ တစ်နေ.တစ်ခြား ကြီးထွားလာကြတယ်။ ထိပ်သီး မောင်အိုလံပီယာတွေရဲ. အလေးချိန်ကို ကြည်.ပါ။ လက်ရှိ ချန်ပီယံ ဂျေကက်တလာ ရဲ. ပြိုင်ပွဲဝင် အလေးချိန်ဟာ၂၇၁ပေါင်။ ခြောက်ထပ်ကွမ်း ဒိုရီယံရိတ်စ်က(၂၆၅)ပေါင်။ (၈)ထပ်ကွမ်း မောင်အိုလံပီယာ ရွန်နီကိုးလ်မင်း က (၂၈၇)ပေါင်၊ နာဆာယွန်ဘတ်တီက (၂၈၀)ပေါင်၊ မောင်စကြ၀ဌာဟောင်း လူထွားကြီး လူဖာရစ်နို က ပေါင်၃၀၀ လျော ရုံလေး ယေဘူယျအားဖြင်. ထိပ်သီးမောင်တစ်ချိ.ုရဲ. ကိုယ်အလေးချိန်ဟာ ၂၆၀ အထက် တွေကနေ ၃၀၀ ဆိုတာအလွန်ဆုံးပါပဲ ကိုယ် အလေးချိန်ပေါင် (၂၀၀) ကျော်တယ် ဆိုရုံလေးနဲ. ဆုရရှိခဲ.တာ ဆိုလို. မောင်အိုလံပီယာ ဒုတိယ ရရှိခဲ.ကြတဲ. ရှောင်ရေးနဲ. လီးလာဘရာဒါ တို. နှစ်ဦးပဲရှိပါတယ်။ အဲဒီတော.  ထိပ်တန်းမောင်တွေဟာ ဖော်ပြခဲ.တဲ. အလေးချိန်တွေနဲ. ၀င်ခဲ.တဲ.အချိန်တွေမှာ ဂရက်ကိုဗက်စ် ဟာ အဲဒီ ခေတ်အခါက ကိုယ်အလေးချိန် (၃၁၂) ပေါင်နဲ. ၀င်ခဲ.ပြီး ဗိုလ်စွဲခဲ.တယ် ဆိုတော. အကြီးထွားဆုံး စံချိန်တင် ခဲ.ရတာပေါ.ဗျာ။ ဒါတောင် နောက်ပိုင်း ပြိုင်ပွဲတွေမှာ ဒီထက်များတဲ. အလေးချိန်တွေနဲ. ၀င်ပြိုင်ခဲ.ပါသေးတယ်။ (၃၃၇ ပေါင် ၂၀၀၄ အာနိုးကလပ်စစ်) ဆုမချိတ်ခဲ.ပါဘူး။ ဒိလောက် အလေးချိန်နဲ.ဆိုတော. ဘယ်လောက်တောင် ကြီးထွားနေမလဲဆိုတာ စဉ်းစားကြည်.ပေါ.ဗျာ။ သူဗိုလ်စွဲခဲ.တဲ. ကနေဒါ မောင်ပြိုင်ပွဲမှာ ဒုတိယ ရခဲ.သူက သူထက် ပေါင် (၈၀) နည်းခဲ.ပါတယ်။
ဂရက်ကိုဗက်စ်ဟာ ကိုယ်ခန္ဓာ ကြီးထွားသလို ခွန်အားမှာလည်း ထိပ်သီးမောင်တွေ ထက်တောင် သာပါတယ်။ သူဟာ အင်ကလိုင်းဘင်.ပရက်စ် လို.ခေါ်တဲ. (၄၅)ဒီဂရီ ခုံအစောင်းမှာ မှီအိပ်ပြီး ပေါင်(၇၀၀) ကို အကြိမ်ကြိမ် အနှေးမ ပြနိုင်ပါတယ်။ ဂရက်ကိုဗက်စ်ဟာ အဲဒီနှစ်မှာ အောင်မြင်မှုရခဲ.တာဟာ လွယ်လွယ်နဲ.ရခဲ.တာ မဟုတ်ပါဘူး။ သူဟာ ပြိုင်ပွဲမ၀င်ခင် (၆)လအလိုမှာ သူကိုယ်ခန္ဓာ အလေးချိန်ဟာ (၃၉၀)ပေါင် ရှိပါတယ်။ ဒါပေ.မယ် သူရဲ.ကိုယ်ခန္ဓာက  အဆီတွေကို (၆)လအတွင်းမှာ၂၀ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းထိ လျှော.ချနိုင်ခဲ.ပြီး ကိုယ်အလေးချိန်ပေါင် (၆၈) ပေါင်ချနိုင်ခဲ.ပါတယ်။ သူရဲ. ဒီလိုအောင်မြင်မှုဟာ (၁) လေ.ကျင်.မှု ပြင်းပြင်းထန်ထန် နဲ.(၂) အစားအသောက်ကို ဂရုစိုက် ရွေးချယ် စားသောက်မှုကြောင်.လို့ ကမ္ဘာ့ကာယဗလ ဖခင်ကြီး ဂျိုးဝီဒါ ကတောင် မှတ်ချက်ပေးခဲ.ပါတယ်။ သူရဲ. ကိုယ်အလေးချိန် မချခင်ကဆို၇င် ပြိုင်ဘက်တွေက ဟဲဗီးဝိတ်အလေးမသမား၊ နပန်းသမား စသည်ဖြင်. လှောင်ပြောင်ခဲ.ကြပါတယ်။ ပြီးတော. သူကိုယ်တိုင်ကလည်း အခုလို (၆)လအတွင်းမှာ အလေးချိန် ဒီလောက်ချနိုင်ခဲ.ခြင်းဟာ အပြင်းအထန် လေ.ကျင်.မှုနဲ. အာဟာရ အစားအသောက်ကြောင်. ဆိုတာ ၀န်ခံ့ခဲ.ပါတယ်။ နောက်တစ်ခုက ကြွက်သားအားပေးပြီး အဆီကျစေတဲ. အထောက်အကူပြု ဆေးဝါးကြောင်. လို.လည်း ပြောကြားခဲ.ပြီး ဒါကြောင်.လည်း သူများတွေ (၃)နှစ်လောက် အချိန်ယူခဲ.ရတဲ. အလေးချိန်လျှော.ချမှုကို သူအနေနဲ. (၆)လ နဲ. ရခဲ.တယ်လို. ပြောကြားခဲ.ပါတယ်။
ကိုယ်အလေးချိန် များပြီး ရိုးရိုးလေ.ကျင်.ရုံနဲ. ကိုယ်အလေးချိန်ကျတာ နှေးသူတွေ အတွက် ဗဟုသုတ ရစရာ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ကိုဗက်စ်ဟာ အဆီမပါတဲ. ပရိုတိန်းအသားဓာတ်တွေ များများစားခဲ.ပြီး အကူဆေးဝါး (၃)မျိုး စားခဲ.ပါတယ်။ လေ.ကျင်.မှု ခွန်အားတိုးစေတဲ. ကြီးထွားမှု ဟိုမုန်းဓာတ်တွေပါတဲ. အစက်တာဘိုလန်၊ ကြွက်သားစစ်နဲ. ခွန်အားတိုးစေတဲ.ခရီတင်း၆၀၀၊ အဆီကျစေတဲ. ဟိုက်ဒရိုဇာဂျင်ဓာတ်ပါတဲ့ ဟိုက်ဒရိုဇီကပ်တို. သုံးမျိုးပေါင်းပြီး စားခဲ.တယ်လို.လည်း ပြောကြားခဲ.ပါတယ်။ အဆီကျချင်တဲ. ကာယဗလ သမားတွေ အလေးကိုင်ပြီး အဆီကျနှေးသူတွေ အတွက်တော. အားတက်စရာ အကြောင်းအရာလေးပေါ.. ကိုယ်အလေးချိန် အကျနှေး သူတွေ စိတ်မညစ်ပါနဲ.. ကျွန်တော်လိုမျိုးကစားပါလို့ ဂရက်ကိုဗက်စ်က ရယ်ရယ်မောမော ပြောပါတယ်။ သူရဲ.. ကိုယ်ခန္ဓာ အတိုင်းအထွာတွေနဲ. သူရဲ. ခွန်အားစွမ်းရည် ကိုလည်း ဗဟုသုတ ရစေဖို. ဖော်ပြပေးလိုက်ပါတယ်။
ဂရက်ကိုဗက်စ်ဧ။် အကောင်းဆုံး အတိုင်းအထွာများ
၁။ကိုယ်အလေးချိန်   ။           ။၃၉၀
၂။လက်မောင်း။                    ။(၂၆)လက်မ
၃။ရင်အုပ်။                           ။(၆၈)လက်မ
၎။ပေါင်။                               ။(၃၆) လက်မ
၅။ခြေသလုံး။                         ။(၂၄)လက်မ

ခွန်အားစွမ်းရည်
၁။ပခုံးစောင်းမှီအနှေးမ။           ။   ၆၇၅ပေါင်x၁၂ကြိမ်
၂။ပက်လက်အိပ်ခြေကန်။          ။၁၈၀၀ပေါင်x၂၀ကြိမ်
၃။ပခုံးအနှေးမ။                        ။၄၉၅ပေါင်x၅ကြိမ်
၎။ခါးကိုင်းဆွဲတင်။                     ။၅၄၅ပေါင်x၇ကြိမ်
၅၊။အောက်ပိုင်းအပြည်.ထိုင်။        ။ ၆၀၀ပေါင်x၆ကြိမ်
တို.ဖြစ်ပါတယ်။ ဒီလောက်ဆို အဆီကျချင်သူတွေ လိုက်ကစားဖို. ဖြစ်နိုင်မလား။ ဘယ်လိုဖြစ်မှာလဲဗျာ သူလိုစားနိုင်လားဆိုတာ သူလို ဆေးမှီဝဲနိုင်လားဆိုတာ အရင်ဖြေလိုက်ပါ။ စားနိုင်မှီဝဲနိုင်တယ် ဆိုရင်တော. မှီဖို. နည်းနည်း ဖြစ်မှာပေါ.။ မမှီတော.လည်း ဘာအရေးလဲဗျာ။ ကျွန်တော်တို.က ကမ္ဘာကျော်မဲ. သူတွေမှ မဟုတ်တာနော်။


အောင်အောင်(လှိုင်)
Email---aungaung.aung24@gmail.com



No comments:

Post a Comment