arial" action="like" colorscheme="light">

Sunday, September 15, 2013

ကာယဗလဥာဏ်စမ်းလေးများ

Knowledge is power ဆိုသောဆိုရိုးလေးသည်၊အသိပညာ၏စွမ်းပကား၊အရေးပါပုံကိုတင်ပြထား
သည့်စကားလေးဖြစ်သည်။သို့ သော်ကာယဗလနှင့်ကြံ့ခိုင်မှုအားကစားသမားများအတွက်မူ၊ကျွန်
တော်အနေနှင့် The more you know, the more you grow ဟူသောစကားလေးကိုပိုမိုနှစ်ခြိုက်
မိပါသည်။ကျွန်တော့်ဘလော့ဂ်မင်ဘာများသည်၊ငါးနှစ်တာပါတ်ဝန်းကျင်အတွင်းကျွန်တော်တို့ 
တင်ဆက်ထားသမျှသောဆောင်းပါးလေးများမှမည်မျှအထိမှတ်သားပြီးအကျိုးရယူခံစားနိုင်သည်
ကိုသိလိုသည့်အတွက်ဤအစီအစဉ်လေးကိုတင်ဆက်ပေးလိုက်ပါသည်။
ယခုမေးထားသည့်မေးခွန်းလေးများသည်ခက်ခဲလွန်းသောမေးခွန်းများမဟုတ်သော်လည်း၊သာမန်
အမှုမဲ့အမှတ်မဲ့၊ထင်ယောင်ထင်မှားဖြစ်စေသည့်မေးခွန်းများဖြစ်သည့်အတွက်၊သူငယ်ချင်းများ၏
ကာယဗလဗဟုသုတကိုစမ်းသပ်ကြည့်ခြင်းဖြစ်ပါသည်။
၁-ကြွက်သားကြီးထွားမှုအတွက်လေ့ကျင့်ရမည့်အကြိမ်အရေအတွက်သည်-
(၁)။၁-ကြိမ်မှ၆-ကြိမ်
(၂)။၆-ကြိမ်မှ၈-ကြိမ်
(၃)။၈-ကြိမ်မှ၁၂-ကြိမ်
(၄)။၁၃-ကြိမ်မှ ၂၀-ကြိမ်
 ၂-ကြွက်သားကြီးထွားမှုအတွက်တစ်ကျော့နှင့်တစ်ကျော့ကြားအကောင်းဆုံးသောနားချိန်မှာ-
(၁)။၃၀-၆၀ စက္ကန့် 
(၂)။၆၀-၁၂၀ စက္ကန့် 
(၃)။၁၂၀-၂၄၀ စက္ကန့် 

(၃)-မည်သည့်လေ့ကျင်နည်းစနစ်ပုံစံကကြွက်သားကြီးထွားမှုအတွက်အကောင်းဆုံးဖြစ်သနည်း။
(၁)။ကြွက်သားများကိုဖိအားပေးချိန်ကိုအထူးပြုခြင်း(Time under tension)
(၂)။အလေးဝန်အထူးပြုစနစ်(Load)

(၄)-လူ့ ခန္ဓာကိုယ်သည်သဘာဝအတိုင်း၊တားမြစ်ဆေးများမသုံးဘဲတစ်ပါတ်လျင်၊ကြွက်သားပေါင်မည်
မျှတက်နိုင်သနည်း။
(၁)။၃-ပေါင်
(၂)။၂-ပေါင်
(၃)။၁-ပေါင်
(၄)။ဝ.၅-ပေါင်
(၅)-လေ့ကျင့်ချိန်မည်မျှကြာလျင် Catabolic stage ကိုရောက်သနည်း။
(၁)။၁၀-၃၀ မိနစ်
(၂)။၂၀-၄၀ မိနစ်
(၃)။၄၀-၆၀ မိနစ်

(၆)-၀မ်းဗိုက်၊လက်ဖျံ၊ခြေသလုံးစသောကြွက်သားအုပ်စုလေးများသည်၊ကြွက်သားအုပ်စုကြီးများထက်
ပိုပြီးလေ့ကျင့်နိုင်သည်။
(၁)။မှန်
(၂)။မှား
(၇)-အားနည်းသောကြွက်သားအစိတ်ပိုင်းများကို၊အားကောင်းသောကြွက်သားအစိတ်အပိုင်းများထက်
ပို၍လေ့ကျင့်နိုင်သည်။
(၁)။မှန်
(၂)။မှား

(၈)-လူပိန်များသည်ခန္ဓာကိုယ်ကြီးထွားစေရန်အတွက်၊compound movement များကိုသာလေ့ကျင့်
သင့်ပြီး၊ isolations movement များကိုမလေ့ကျင့်သင့်ပါ။
(၁)။မှန်
(၂)။မှား
(၉)-မည်သည့် intensity နည်းစနစ်သည်၊ကြွက်သားတည်ဆောက်မှု၏ intensity အဖြစ်ကိုယ်စား
ပြုမတင်ပြသင့်သနည်း။
(၁)။ဆူပါဆက်
(၂)။ဂျိုင်းယင့်ဆက်
(၃)။Rest pause
(၄)။Circuit training

(၁၀)-အကယ်၍သင်သည်ကြွက်သားကြီးထွားမှုအတွက်လေ့ကျင့်ရန်ကိရိယာတန်ဆာပလာတစ်မျိုး
တည်းသာရွေးချယ်ရမည်ဆိုပါကသင်မည်သည်ကိုရွေးချယ်မည်နည်း။
(၁)။ဘော်ဒီဝိတ်
(၂)။ဒမ်ဘယ်
(၃)kettle bell

(၁၁)-တားမြစ်ဆေးဝါးမသုံးစွဲသောရိုးရိုးကာယဗလသမားများအတွက်တစ်ပါတ်လျင်ကစားချိန်
မည်မျှလေ့ကျင့်ခြင်းကအကောင်းဆုံးဖြစ်သနည်း။
(၁)။၁-၂ကြိမ်
(၂)။၂-၃ကြိမ်
(၃)။၃-၄ကြိမ်
(၄)။၎-၅ကြိမ်

(၁၂)-လူသစ်များလုံးဝမလေ့ကျင့်သော intensity နည်းစနစ်မှာ-
(၁)။force reps
(၂)။negative reps
(၃)။partials reps
(၁၃)-ကစားသက်မည်မျှကြာလျင်တစ်ကြိမ်တစ်ပါတ်လောက်နားသင့်သနည်း။
(၁)။၈-ပါတ်တစ်ခါ
(၂)။၁၂-ပါတ်တစ်ခါ
(၃)။၁၆-ပါတ်တစ်ခါ

(၁၄)-ကာယဗလစတင်လေ့ကျင့်သူလူသစ်၊များသည်မည်သည့်ပုံစံဖြင့်လေ့ကျင့်သင့်သနည်း။
(၁)။တစ်ကိုယ်လုံးလေ့ကျင့်ရသည့် Full body routine
(၂)။ရက်ခွဲကစားသည့် split routine

(၁၅)-အသက်အရွယ်ကြီးလာသည်နှင့်အမျှကြွက်သားကြီးထွားမှုတွင်အဟန့် အတားဖြစ်စေနိုင်
သည်ဆိုတာမှန်ပါသလား။
(၁)။မှန်
(၂)။မှား

အထက်ပါမေခွန်းလေးများ၏အဖြေကိုကျွန်တော်အီးမေလ်းလိပ်စာဖြစ်သည့် myanmarfitnesstrainer@gmail.com သို့ ပေးပို့ ဖြေဆိုနိုင်ပါသည်။မှားသည်မှန်သည်အဓိကမဟုတ်
ပါ။သင့်ဗဟုသုတကိုစမ်းသပ်လိုရင်းဖြစ်ပါသည်။ဖြေဆိုသောသူငယ်ချင်းများကိုကျွန်တော့်ဖက်ကလည်း
လက်ဆောင်လေးများပြန်လည်ပေးရန်စီစဉ်ထားပါသည်။
လေးစားလျက်---
နိုင်ဦး---၁၁၉
www.myanmarfitness.com


3 comments:

  1. question1 to 15 answer 1 1 2 3 1 1 2 1 1 1 4 1 2 1 1

    ReplyDelete
  2. အကိုရေ ကျွန်တော်လည်း မေးလ် ပို့ပြီးဖြေထားတယ်နော်။နောက်သိချင်တာလေးဖြေပေးပါအုံး စလိုးဖိုင်ဘာတွစ် နှင့် ဖတ်စ် ဖိုင်ဘာတွစ် မာဆယ် ၂ မျိုးက လူတိုင်းမှာပါတာလား အနည်းအများကွာလား တစ်ဦးနှင့်တစ်ဦး။နောက်ပြီး အဲဒီမာဆယ်နှစ်မျိုးက အကိုစာအုပ်မှာရေးထားသလို အတင်းနှင့် အလျော့ ပိုင်းတွေကိုပဲ ခေါ်တာလားဆိုတာပါ

    ReplyDelete
  3. ခန့် မင်းညီလေးရေ-ဥာဏ်စမ်းဖြေထားတဲ့အတွက်မကြာမှီစာအုပ်လက်ဆောင်လေးပို့ ပေးလိုက်ပါမယ်။ muscle fibre types တွေကလူတိုင်းမှာမတူကွဲပြားကြပေမဲ့အဲ့ဒီနှစ်မျိုးလုံးကလူတိုင်းမှာပါပါတယ်။အနည်းအများပဲကွာ
    တာပါ။သိချင်တာလေးတွေကိုအတိကျမေးပေးပါ။လေးစားလျက်--
    နိုင်ဦး---၁၁၉

    ReplyDelete