arial" action="like" colorscheme="light">

Thursday, September 26, 2013

အားကစားနှင့် ကျန်းမာရေး

သင်.အနေနဲ. ဒီပိုစ်.လေးကိုဖတ်ပြီးတဲ.အခါမှာအားကစားလုပ်ခြင်းရဲ. အကျိုးကျေးဇူးလေးတွေကိုသိရှိနိုင်ြ့ပီဆိုရင် ကျွန်တော်ကြိုးစားရကျိုးနပ်ပါပြီ။.။ မိမိသိရှိသလောက်မျှဝေတဲ. အပေါ်မှာအမှားပါခဲ.ရင် ခွင်.လွတ်ကြပါလို. ပြောကြားရင်းအားကစားလုပ်လို. ရရှိလာတဲ. အကျိုးကျေးဇူးလေးတွေကိုတင်ပြသွားပါမယ်။ ကိုယ်လက်လှုပ်ရှားအားကစားပြုခြင်းသည် ကျန်းမာရေးအတွက်များစွာအကျိုးပြုတယ်လို. ကျွန်တော်တို. သိပြီးသားပါ။ ဒါပေမယ်. ဘယ်လိုအကျိုးပြုတယ် ဆိုတာမိတ်ဆွေ သင်မသိသေးရင် မှတ်ထားပါလို.။
လေ.ကျင်.ခန်းလုပ်ခြင်းကြောင်. တစ်ချို.ရောဂါတွေကိုသက်သာစေတယ် တစ်ချို.သောလူနာတွေကိုရောဂါကနေပျောက်ကင်းစေပါတယ်။ ဒါကြောင်.လည်း ဆ၇ာဝန်တွေအနေနဲ. လူနာတွေကို လေ.ကျင်.ခန်းလေးတစ်ခုလောက် မှန်မှန်လုပ်ကြဖို. အဖက်ဖက်ကနေတိုက်တွန်းနေတာမိတ်ဆွေတို.လည်းသိရှိလေ.လာဖူးမှာပါ။ နောက်ဆုံးအနေနဲ. လမ်းလေးမှန်မှန် လျှောက်ဖို.အထိတိုက်တွန်းကြပါတယ်။ ဒီလိုဘာဖြစ်လို. တိုက်တွန်းနေရသလဲဆိုတာမိတ်ဆွေအနေနဲ. အောက်ကအချက်(၆)ချက်ကိုဖတ်ကြည်.လိုက်ရင် နားလည်မယ်လို. ထင်ပါတယ်။
(၁)သွေးလှည်.အဖွဲ.(Cardio Vascular System)
နှလုံးခုန်နှုံးဟာဆိုရင် သာမန်လူတစ်ယောက်မှာဆိုတစ်မိနစ် (၇၅)ကြိမ်ခန်. ခုန်ပါတယ်။ အားကစားသမားတစ်ယောက်ဟာဆိုရင် သာမန်လူထက် နှလုံးခုန်နှုံးအနည်းငယ် လျော.ပါတယ်။ ဥပမာတစ်မိနစ်အကြိမ် (၆၀)ခန်.သာရှိပါတဲ. အတွက် သာမန်လူထက် မောပန်းမှုဒဏ် ကိုခံနိုင်ပါတယ်။ နှလုံးသည် တစ်ကြိမ်တွန်းညှစ်ခြင်းကြောင်. သွေးပမာဏ ၇၀မှ ၈၀ မီလီမီတာအထိထွက်စေပါတယ်။ အားကစားလေ.ကျင်.မှုကြောင်. ယင်းပမာဏကိုများစေတဲ.အတွက် ကိုယ်တွင်းသွေးလှည်.မှု ကောင်းပြီးရောဂါ ကင်းရှင်းစေပါတယ်။ ကျွန်တော်တို.လို. ၀ိတ်မ အားကစားဆိုရင် ကျန်းမာရေးကိုဘယ်လောက်အကျိုးပြုတယ်ဆိုတာမိတ်ဆွေ တွေးကြည်.လိုက်ပါ။
(၂)အသက်ရှုအဖွဲ.(RespiratorySystem)
သာမန်လူတစ်ယောက်ရဲ့ နားနေစဉ် အသက်ရှုနှုံးဟာတစ်မိနစ်ကိုလေပမာဏ ၆လီတာဖြစ်ပြီးအားကစားပြုလုပ်ချိန်မှာဆို ၁၂၀မှ၁၅၀လီတာထိ အောင်မြှင်.တက်လာပြီးအောက်ဆီဂျင် အသုံးပြုနှုံးလည်း ၁၀ဆမှ၁၅ဆ အထိမြှင်.တက်လာကာအသက်ရှုနှုံးဟာဆိုရင်လည်းပုံမှန်၁၀နှင်.၁၈ကြိမ်ကြားကနေပိုမြန်လာပါတယ်။ တစ်ကြီမ်ရှုသွင်းတဲ. လေပမာဏ ၀.၅လီတာလည်း ထိုထက်များလာပါတယ်။ ဒါကိုကြည်.ခြင်းအားဖြင်. ကိုယ်တွင်းအောက်ဆီဂျင်ကိုပိုမိုရရှိစေပါတယ် ဆိုတာအားကစားရဲ.အကျိုးကျေးဇူးပါပဲ။
(၃)ကိုယ်အပူချိန်(Body Temperature)
သာမန်အပူချိန်အနေနဲ. ၃၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီးအားကစားလုပ်ရှားမှု ပြုနေစဉ်မှာကိုယ်အပူချိန် အနည်းငယ်တက်လာပြီးလုပ်ငန်းအားလုံးကောင်းမွန်စွာလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
(၄)ဟော်မုန်းပြောင်းလဲမှု(HormonalChanges)
အားကစားလုပ်ခြင်းကြောင်. ကြီးထွားဟော်မုန်းဂလူကာဂွန်။ ကက်တီကောအေမင်း နှင်.ကော်တီကိုစတီးရွိုက် ဟော်မုန်းများသွေးတွင်းများစေပါတယ်။
(၅)သွေးတွင်းပြောင်းလဲခြင်း(Blood Change)
သွေးနီဥများ ၊သကြားဓာတ်ပါဝင်မှုများ၊ဖက်တီးအက်ဆစ်များဟာ ဆိုရင် အားကစားလုပ်ခြင်းကြောင်. သွေးတွင်းမှာများလာစေပြီးအောက်ဆီဂျင် သယ်ယူပို.ဆောင်မှု ပိုကောင်းလာကာစွမ်းအင်တွေကိုရရှိစေပါတယ်လို. မိတ်ဆွေမှတ်လိုက်ပါ။
(၆)ဇီဝဓာတုဖြစ်စဉ်(Biochemical Change)
အားကစားပြုလုပ်စဉ် ဂလူးကို.စ်ပိုလာပြီးအသည်းနှင်.ကြွက်သားများတွင် သိမ်းထားသောဂလိုင်ကိုဂျင် ဖြိုခွဲမှုများလာပါတယ်။ အားကစားသမားတွေဟာသာမန်လူတွေထက် အသည်းနှင်.ကြွက်သားမှာဂလိုက်ကိုဂျင် ပိုထိန်းသိမ်းနိုင်ပါသည်။ ဒါတွေကိုကြည်.ခြင်းအားဖြင်. အားကစားလုပ်တယ် ဆိုတာဘယ်လောက်ကောင်းတယ်ဆိုတာသဘောပေါက်မယ်လို. ထင်ပါတယ်။
နောက်ထပ်မတူတဲ. အချက်တွေကတော. သာမန်လူတွေနှင်. နှိုင်းယှဉ်လိုက်ရင် အားကစားသမားတွေဟာ (၁)နှလုံးခုန်နှုံးလျော.ပါတယ် (၂)နှလုံးညှစ်အားကောင်းပါတယ် (၃)သွေးလည်ပတ်စီးဆင်းမှု ကောင်းခြင်း (၄)ရှုသွင်းသောလေပမာဏများပါတယ် (၅)ကြွက်သားတွေ သန်မာတယ် (၆)သွေးနီဥ အေ၇အတွက်များပြီး သွေးအားကောင်းစေခြင်း (၇)စွမ်းအင်သိမ်းဆည်းမှု ပမာဏပိုကောင်းခြင်း(၈)အချိန်ကြာမြှင်.စွာအားကစား ပြုလုပ်နိုင်ခြင်း (၉)သွေးတွင်းအဆီဓာတ် လျော.နည်းစေခြင်း (၁၀)စိတ်ဓာတ် ခိုင်မာခြင်းဇွဲရှိခြင်း၊ စီတ်ရှည်ခြင်း၊ သည်းခံခွင်.လွတ်ခြင်းစသည်. စိတ်ပိုင်းဆိုင်ရာတွေပါ တိုးတက်စေတာကြောင်. သင်.ကောသင်.မိသားစုကိုပါ အကျိုးရှိစေဖို. သင်.အနေနဲ. သင်.မိသားစုကိုလည်းအားကစားတစ်ခုခုလောက်လုပ်ပါလို. တိုက်တွန်းကြည်.ပါလားဗျာ။
တင်ဆက်သူ---အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com

2 comments:

  1. ဒေါရန်းရိတ် လို တေန့တာစားး သောက် ပုံကို ဖီးဟိ ရော်နီကိုးမန်း

    တို့ရဲ့စားသောက် ပုံလဲရေးပါဦး

    ReplyDelete
  2. ကျေးဇူးပါဗျာ - mmtechzone.blogspot.com

    ReplyDelete