arial" action="like" colorscheme="light">

Sunday, September 22, 2013

2013-မောင်အိုလံပီယာပြိုင်ပွဲဝင်ခွင့်ရကြသူများ

ကမ္ဘာ့အဆင့်အမြင့်ဆုံးဆုကြေးစားကာယဗလပြိုင်ပွဲကြီးဖြစ်သည့်မောင်အိုလံပီယာပြိုင်ပွဲကြီးကိုနှစ်စဉ်
နှစ်တိုင်းကျင်းပမြဲအတိုင်းအမေရိကန်နိုင်ငံ၊လပ်စ်ဗီးဂတ်စ်တွင်၊ယခုလ၂၆-ရက်မှ ၂၉ ရက်အထိပုံမှန်
ခမ်းနားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သော်လည်း၊ပုံမှန်မဟုတ်သည့်အချက်အချို့ ကယခုနှစ်မောင်
အိုလံပီယာပြိုင်ပွဲကိုစိတ်ဝင်စားသူပိုများစေသည်။မောင်အိုလံပီယာပြိုင်ပွဲနှင့်ဆုကြေးစားကာယဗလ
ပြိုင်ပွဲများကိုစတင်တည်ထောင်ဖန်တီးခဲ့သူကာယဗလဖခင်ကြီးဂျိုးဝီဒါးကွယ်လွန်သွားပြီဖြစ်သည့်အ
တွက်ယခုနှစ်မောင်အိုလံပီယာချန်ပီယံကိုမည်သူကဂျိုးဝီဒါအစားဆုတက်ရောက်ချီးမြှင့်မည်နည်းဆို
သည့်အချက်သည်လူအများစိတ်ဝင်နေစားသည့်အချက်များထဲမှတစ်ခုဖြစ်သည်။ပြိုင်ပွဲ၏ထူုးခြားချက်
များမှာ-ယခုနှစ်အိုလံပီယာပြိုင်ပွဲတွင်အမျိုးသားfitness model ပြိုင်ပွဲကိုစတင်ထည့်သွင်းကျင်းပခြင်း
ပင်ဖြစ်သည်။IFBB ၏ပထမဆုံးသောအမျိုးသားကြံ့ခိုင်မှုချန်ပီယံဖြစ်နိုင်ရေးအတွက်ကမ္ဘာတစ်ဝှမ်းမှ
ဒိတ်ဒိတ်ကြဲအမျိုးသားကြံ့ခိုင်မှုမော်ဒယ်လ်များဝင်ရောက်အစွမ်းပြယှဉ်ပြိုင်မည့်အတွက်ပွဲကြီးပွဲကောင်း
ဖြစ်သည်။ထို့ အပြင်ကာယဗလမောင်ပြိုင်ပွဲကိုကြည့်ပါကလည်းရာဇ၀င်၏အခမ်းနားဆုံးသောပြိုင်ပွဲဟု
ပင်တင်စားနိုင်ပါသည်။
                         
ယခုနှစ်မောင်အိုလံပီယာပြိုင်ပွဲတွင်လက်ရှိချန်ပီယံဖီလ်းဟိသ်၊စင်မြင့်ထက်မှအနားယူသွားပြီဟုကြေငြာ
ပြီးသော်လည်းယခုပြန်လည်အစွမ်းပြရန်ပါဝင်လာသည့်လေးထပ်ကွမ်းမောင်အိုလံပီယာဂျေးကတ်လာ၊
နှင့်2008-မောင်အိုလံပီယာနှင့်ယခုနှစ်အာနိုးကလပ်စစ်ချန်ပီယံဒက်တာဂျက်ဆင်စသည့်မောင်အိုလံ
ပီယာချန်ပီယံသုံးဦးပါဝင်သည့်အပြင်ဒိတ်ဒိတ်ကြဲကာယဗလချန်ပီယံအသစ်အသစ်များလည်းပါဝင်
လာသည့်အတွက်ယခုနှစ်မောင်အိုလံပီယာပြိုင်ပွဲသည်ချန်ပီယံအတိအကျခန့် မှန်းရန်မဆိုထားနှင့်
ပထမဆယ်ဦးကိုမှန်းရန်ပင်မလွယ်ကူသည့်အတွက်၊ပြိုင်ပွဲဝင်များ၏စာရင်းကိုသာတင်ဆက်ပေးလိုက်
ပါသည်။စာရှုသူကိုယ်တိုင်သာခန့် မှန်းပြီးကောမင့်ရေးပေးခဲ့ပါလေ။
 ဖီလ်းဟိသ်
ကိုင်ဂရီန်း
ရှောင်းရိုဒန်
ဒင်းနစ်ဝုဖ်
ဒက်တာဂျက်ဆင်
ဂျေးကတ်လာ
ဗစ်တာမာတီးနက်စ်
Mamdouh Elssbiay
ဘရန့် ခ်ျဝါရန်
စီဒရစ်မက်မီလန်
ဘင်ဂျမင်ပေါလ်စကီး
ရိုလီဝင်ကလာ
အီဗင်စင်တိုပနီ
စတီဗ်းကုလ်ကို
ဘိုင်တွလ္လာဟ်အဘ္ဘာစ်ပူးရ်
တိုနီဖရီးမင်း
ဂျော်နီဂျက်ဆင်
အပ်ဒ၀ပ်နမ်း
အီစာအိုဘေဒ့်   စသည့်ဒိတ်ဒိတ်ကြဲများအပြင်အခြားသောမောင်များလည်းပါဝင်သေးသည်။
ထို့ ကြောင့်ပထမမည်သူဖြစ်မည်ကိုသာခန့် မှန်း၍ကောမင့်ပေးခဲ့ကြပါ။ရှစ်ထပ်ကွမ်းမောင်အိုလံပီ
ယာချန်ပီယံဟောင်းရွန်နီကိုလ်းမန်းပင်လျင်ပထမသည်မည်သူမဆိုဖြစ်နိုင်သည့်အတွက်ပထမခြောက်
ဦးကိုသာအောက်ပါအတိုင်းထင်ကြေးပေးခဲ့သည်။ယခုတင်ပြမည့်ခြောက်ဦးထဲမှသာချန်ပီယံဖြစ်နိုင်
သည်ဟုလည်းသူကပြောခဲ့သေးသည်။
ရှောင်းရိုဒန်
 ဖီလ်းဟိသ်
ကိုင်ဂရီန်း
ဂျေးကတ်လာ
 ဒက်တာဂျက်ဆင်
Mamdouh Elssbiay
 သင့်အထင်မည်သူချန်ပီယံဖြစ်နိုင်သနည်း?
 
 လေးစားလျက်---နိုင်ဦး-၁၁၉
email-intensemuscle@gmail.com
email-muscleprofessor@gmail.com
email-myanmarfitnesstrainer@gmail.com

3 comments:

  1. 1. Phil Health
    2. Kai Greene
    3. Shaun Rodan
    4. Dexter Jackson
    5. Dennis Wolf
    6. Jay Cutler (he had been injuried and retired almost year)

    ReplyDelete
    Replies
    1. Hello mr.anonymous, i can agree your statement that phil heath is a champion,
      but i think jay is better than shaun and dexter jackson .In my opinion he can threat phil.by the way thanks for your comment.welcome from our society.
      Have a nice day.
      with respect,
      Naing oo 119

      Delete
  2. ကိုင်းဂရိန်းရနိုင် ပါ တယ်

    ReplyDelete