arial" action="like" colorscheme="light">

Sunday, September 1, 2013

ချန်ပီယံတို့ ၏လက်မောင်းကြီးထွားမှု့ လျို့ ဝှက်ချက်များ

ဆောင်းပါးခေါင်းစဉ်က***လျို့ ဝှက်ချက်များ***ဆိုလို့ အထူးအဆန်းမဟုတ်ကြောင်းကိုတော့အလျင်
ပြောပါရစေ။ယနေ့ ကာယဗလမျိုးဆက်တို့ သည်ထူးထူးဆန်းဆန်းအသုံးအနှုံးမြင်လျင်အလွယ်တကူ
ပစ်ယုံတတ်ကြသည့်ရောဂါတစ်မျိုးဝင်နေသည့်အတွက်နည်းစနစ်အသစ်များစွာပြောရင်းဤနယ်ပယ်
အတွင်းနေရာဝင်ယူလာကြသော၊စီးပွားရေးသမားများ၊နည်းပြများကိုမြင်တွေ့ နေရခြင်းဖြစ်သည်ဟု
ကျွန်တော်ထင်မိပါသည်။ကျွန်တော်အသေအချာစိန်ခေါ်၍ပြောရဲပါသည်။တစ်ကယ့်အောင်မြင်မှုတွင်
ဖြတ်လမ်းမရှိ၊လျို့ ဝှက်ချက်များများမရှိကြောင်းကိုဤဆောင်းပါးငယ်ဖြင့်သက်သေပြပါအံ့။
***လက်မောင်း***ဟူသောကြွက်သားအုပ်စုသည်၊ကြွက်သားအုပ်စုလေးသာဖြစ်သော်လည်း၊
ကာယဗလနယ်ပယ်တွင်မူလူစိတ်ဝင်စားမှုအများဆုံးသောပေါ်ပြူလာကြွက်သားအုပ်စုဖြစ်သည်။ထို
လက်မောင်းတစ်စုံကြီးထွားရေးကို၊လူသစ်ကာယဗလသမားများမှသည်၊ချန်ပီယံများအထိလောဘတ
ကြီးလေ့ကျင့်တတ်ကြသည့်အတွက်ကမ္ဘာကျော်ကာယဗလမောင်များ၏လေ့ကျင့်နည်းများကို၊တင်ပြ
ပေးလိုက်ပါသည်။
၁---ရိုးရှင်းစွာရှုမြင်ပါ။
ခြောက်ထပ်ကွမ်းမောင်အိုလံပီယာ၊ဒိုရီယံရိတ်စ်သည်ပရော်ဖက်ရှင်နယ်ဖြစ်ကာစတွင်သူ၏လက်မောင်း
ရှေ့ သားများအတော်လေးအားနည်းခဲ့၏။ဒိုရီယံသည်မိမိကိုယ်ကိုသေချာစွာဆန်းစစ်ပြီး၊နောက်အား
နည်းချက်ကိုအားသာချက်အဖြစ်ပုံပြောင်းရန်အတွက်သူသည်ဖန်စီစက်ပစ္စည်းများအစား၊ဘားရှည်၊
ဘားတိုနှင့်နော်တီးလပ်စ်စက်ဖြင့်လက်မောင်းရှေ့ ကြွက်သားများကိုပြင်းထန်စွာလေ့ကျင့်ခဲ့သည်။
ထိုသို့ မိမိကိုယ်ကိုရိုးရှင်းစွာရှုမြင်နိုင်ခြင်းကသူ့ ကိုကာယဗလအားကစားနယ်ပယ်တွင်၊ခြောက်နှစ်ကြာ
လွှမ်းမိုးထားနိုင်ခဲ့ခြင်းဖြစ်သည်။ဒိုရီယံ၏လက်မောင်းလေ့ကျင့်နည်းအယူအဆကတော့အလေးများ
များ၊လေ့ကျင့်ခန်းအကျော့နည်းနည်းနှင့်ပြင်းထန်စွာလေ့ကျင့်ခြင်းပင်ဖြစ်သည်။ဤသို့ ပြင်းထန်စွာ
လေ့ကျင့်ခြင်းကကြောင့်လည်းသူ့ အားကစားသမားဘ၀တွင်လက်မောင်းရှေ့ သားစုတ်ပြတ်၊ခြင်းအပြင်
အခြားသောဒဏ်ရာကြီးများစွာရခဲ့ကြောင်းကိုလည်းသတိပြုပါ။
၂---တစ်ပါတ်၊နှစ်ခါလုပ်ပါ။
နှစ်ထပ်ကွမ်း၊အာနိုးကလပ်စစ်၊ချန်ပီယံဘရန့် ခ်ျဝါရန်သည်ပေါင်ကြွက်သားများအားကောင်းလွန်းသော်
လည်းသူ့ လက်မောင်းကြွက်သားများကားအပေါ်အောက်မမျှနိုင်အောင်သေးငယ်၍၊ကြည့်ရဆိုးလှ၏။
ထို့ ကြောင့်ခန္ဓာကိုယ်အထက်အောက်ညီမျှစေရန်အတွက်ဘရန့် ခ်ျဝါရန်သည်၊သူ့ လက်မောင်းကြွက်
သားများကိုတစ်ပါတ်လျင်နှစ်ကြိမ်စတင်လေ့ကျင့်လေတော့သည်။သူသည်တစ်ပါတ်လျင်နှစ်ကြိမ်လေ့
ကျင့်ရာတွင်သမားရိုးကျမဟုတ်ဘဲ၊ပထမလက်မောင်းလေ့ကျင့်သည့်နေ့ တွင်၊လက်တစ်ဖက်ခြင်းပြု
လုပ်ရသည့်လေ့ကျင့်ခန်းများကို၊အလေးများများဖြင့်လေ့ကျင့်ပြီး၊လက်မောင်းကြွက်သားကိုနောက်တစ်
ကြိမ်လေ့ကျင့်ရာတွင်မူ၊အလေးသင့်ရုံဖြင့်ဆူပါဆက်၊ထရိုင်ဆက်၊ဂျိုင်းယင့်ဆက်များဖြင့်ပြင်းထန်စွာ
လေ့ကျင့်ပြန်၏။ဤလေ့ကျင့်နည်းစနစ်၏အကျိုးကျေးဇူးကြောင့်သူသည်၊2009-ခုနှစ်မောင်အိုလံပီ
ယာပြိုင်ပွဲတွင်၊ဒုတိယဆုတစ်ကြိမ်နှင့်အာနိုးကလပ်စစ်ချန်ပီယံနှစ်ကြိမ်တိတိအပါအ၀င်ပရော်ဖက်ရှင်
နယ်ပြိုင်ပွဲပေါင်းများစွာ၏ချန်ပီယံဖြစ်လာခဲ့ခြင်းဖြစ်သည်။
၃---တစ်ခါတစ်ရံအလေးလျော့ပါ။
ယနေ့ ခေတ်ကာယဗလစင်မြင့်ထက်တွင်လက်မောင်းရှေ့ ကြွက်သားအလှပဆုံးသော၊ကာယဗလ
မောင်တစ်ဦးဖြစ်သည့်အဒ်ဝပ်နမ်း၏လက်မောင်းသည်သွေးအေးသည့်အချိန်တွင် 22-လက်မခန့် ရှိ
သော်လည်း၊သူလက်မောင်းရှေ့ ကွေးလေ့ကျင့်ခန်း(EZ-Bar curl)လေ့ကျင့်ရာတွင်အလေးမည်မျှအသုံး
ပြုမည်ဟုသင်ထင်ပါသနည်း။ပေါင်နှစ်ရာ၊ကျော်သုံးမည်ဟုသင်ထင်မည်မျှအသေအချာပင်ဖြစ်ပါသည်။
ဤသို့ ဆိုလျင်သင့်အထင်တက်တက်စင်အောင်လွဲပေပြီ။အဒ်ဝပ်ကအသေအချာကျိန်ပြောသည်က
တော့သူ EZ-Bar curl လေ့ကျင့်ရာတွင်တစ်ဖက်လျင် 25-ပေါင်နှစ်ဖက်ပေါင်းပေါင် 50 ဖြင့်သာလေ့
ကျင့်ကြောင်း၊လေ့ကျင့်သည့်နည်းစနစ်မှာ 21s ဖြစ်သည်။21s ဆိုသည်မှာ၊လေ့ကျင့်ခန်းတစ်ကျော့ကို
နှစ်ဆယ့်တစ်ကြိမ်အစအဆုံးမဟုတ်ဘဲ၊ပထမခုနှစ်ကြိမ်ကိုလက်ဆန့် တန်းထားရာမှ၊လက်ကောက်ဝတ်
နှင့်ကြမ်းပြင်မျဉ်းပြိုင်ဖြစ်သည်အထိ၊ဒုတိယခုနှစ်ကြိမ်ကိုလက်ကောက်ဝတ်နှင့်ကြမ်းပြင်မျဉ်းပြိုင်မှ
လက်ကောက်ဝတ်ပခုံးနားရောက်သည်အထိခုနှစ်ကြိမ်၊တတိယခုနှစ်ကြိမ်ကိုတော့သမားရိုးကျအစ၊
အဆုံးလေ့ကျင့်ခြင်းဖြစ်သည်။ဤနည်းစနစ်သည်အလွန်ကောင်းမွန်သည့်အတွက်စမ်းသပ်လေ့ကျင့်
ကြည့်ပါဟုအကြံပြုပါသည်။သို့ သော်နာကျင်ခြင်းကိုတော့သင်ခံနိုင်ရမည်ဖြစ်သည်။
၎---isolate လုပ်ပါ။
ကာယဗလလေ့ကျင့်နည်းစာအုပ်တိုင်း၊ဆောင်းပါးတိုင်းလိုလိုမှာတော့လက်မောင်းနောက်သားလေ့
ကျင့်နည်းနှင့်ပါတ်သက်လာလျင်၊compound movement များဖြစ်သော၊လက်မောင်းနောက်သား
အကျဉ်းတွန်း၊(close grip bench press)နှင့်၊အလေးချိတ်လက်ထောက်တွန်းတင်(weighted parallel bar dip)စသည့်လေ့ကျင့်ခန်းများကိုသာဇောင်းပေးတင်ပြထားသည်ကိုတွေ့ ရမည်ြ့ဖစ်သည်။
သို့ သော်၊ဒိုရီယံရိတ်စ်ကထိုအယူအဆကိုပြောင်းပြန်လှန်ခဲ့သည်။လက်မောင်းနောက်သားသည်ရင်
အုပ်လေ့ကျင့်ရာတွင်၎င်း၊ပခုံးလေ့ကျင့်ရာတွင်၎င်းသွယ်ဝိုက်သောအားဖြင့်ပါဝင်ပါတ်သက်ခဲ့ပြီးဖြစ်
သည့်အတွက်ကြွက်သားအုပ်စုအသေးစားဖြစ်သောလက်မောင်းနောက်သားအတွက် compound movement များမလိုအပ်ဟုယူဆခဲ့ခြင်းဖြစ်သည်။ဒိုရီယံကလက်မောင်းနောက်သားများအတွက်၊
Isolation movement များဖြစ်သော၊ကေဘယ်ကြိုးဖိချ၊ပက်လက်အိပ်နှဖူးပေါ်ချ(skull crusher)၊နှင့်
နော်တီးလပ်စ်လက်မောင်းနောက်သားဆန့် စသည့်လေ့ကျင့်ခန်းများကိုသာလမ်းညွှန်ထားသည်။
၅-အညတရကေဘယ်လ်များ
ကာယဗလနယ်ပယ်တွင်လက်မောင်းကြွက်သားအလှဆုံးစာရင်းဝင်သော်လည်း၊လူသိနည်းသောကာယဗလချန်ပီယံတစ်ဦးမှာဗင့်စ်တေလာပင်ဖြစ်သည်။ဗင့်စ်သည်၁၉၈၀၊၁၉၉၀ ပြည့်နှစ်များ၏စူပါစတား
ဖြစ်သည်။***ဖရီးဝိတ်များသာကြွက်သားထုတက်ရန်အကောင်းဆုံး***ဟူသောဆိုရိုးသည်ဗင့်စ်၏
ရှေ့ မှောက်တွင်ဒူးထောက်ရလေသည်။အဘယ်ကြောင့်ဆိုသော်ဗင့်စ်သည်သူ၏ကြီးမားလှပ၊ကျစ်လစ်
အကြောဖြိုင်ဖြိုင်ထနေသောလက်မောင်းတစ်စုံရရှိအောင်ကေဘယ်များဖြင့်သာလေ့ကျင့်ခဲ့ခြင်း
ကြောင့်ဖြစ်သည်။
၆---မလိုအပ်ဘဲအချိန်မဖြုန်းပါနှင့်။
အချို့ သောသူများသည်မွေးရာပါ၊လက်မောင်းအားကောင်းတတ်၏။အလွယ်ကြီးထွားတတ်ကြ၏။
အထူးသဖြင့်ကိုယ်ခန္ဓာညှပ်ရိုးကျဉ်းသူများသည်ယေဘူယျလက်မောင်းအားကောင်းတတ်၏။ဥပမာ၊
မယ်လဗင်အန်တိုနီ၊ဖလက်စ်ဝှီးလား၊ဒက်တာဂျက်ဆင်၊ထရစ်ကီဂျက်ဆင်၊လီးပရက်စ်နှင့်ဖီလ်းဟိသ်
စသူတို့ ဖြစ်သည်။ထိုကဲ့သို့ အလွယ်တကူလက်မောင်းကြီးထွားနိုင်သူများသည်လက်မောင်းလေ့ကျင့်
မှုကိုချည်းအားမပြုသင့်ပါ။အခြားသောအားနည်းသည့်ကြွက်သားအစိတ်အပိုင်းများကိုအားဖြည့်သင့်ပါ
သည်။လက်ရှိမောင်အိုလံပီယာဖီလ်းဟိသ်သည်ပြိုင်ပွဲနီးရက်သတ္တပါတ်အနည်းငယ်အလိုမှသာလက်
မောင်းကြွက်သားများကိုလေ့ကျင့်ပြီး၊ကျန်တစ်နှစ်လုံးတွင်ပစ်ထားသည်။နယူးယောက်ပရိုနှင့်ဖလက်စ်
ပရိုချန်ပီယံအီဗင်ဆန်တိုပီနီသည်လည်း၊ရင်အုပ်ကျယ်ကျယ်နှင်အကောင်ကြီးသလောက်လက်မောင်း
လည်းအကြီးမြန်လှသည်ဖြစ်ရာ၊လက်မောင်းမလေ့ကျင့်သလောက်ပင်ဖြစ်သည်။သို့ သော်တစ်ခု
မှတ်သားထားရမည်မှာ၊ထိုသူများသည်သာမန်အဆင့်ကလက်မောင်းကိုပြင်းထန်စွာလေ့ကျင့်ခဲ့မည်အ
သေအချာပင်ဖြစ်သည်။ထို့ ကြောင့်ယခုအကြံပြုချက်လေးကိုဖတ်ပြီး၊လက်မောင်းမလေ့ကျင့်ဘဲမနေပါ
နှင့်။မိမိခန္ဓာကိုယ်၏တုံ့ ပြန်ပုံကိုကြည့်ပြီးတန်ဆေးလွန်ဘေးလေ့ကျင့်ရန်အကြံပြုခြင်းဖြစ်ပါသည်။
ဤဆောင်းပါးအရကျွန်တော်တို့ သိရသည်မှာ၊လက်မောင်းကြီးထွားမှု၏အဓိကလျို့ ဝှက်ချက်မှာ၊
ရိုးရှင်းသောလေ့ကျင့်ခန်းများ၊ပြင်းထန်သောလေ့ကျင့်ခန်းများနှင့်၊တစ်ပါတ်နှစ်ကြိမ်လေ့ကျင့်ခြင်း၊
အလေးလျော့ခြင်း၊isolations နှင့် cables များအသုံးပြုခြင်း၊ချင့်ချိန်လေ့ကျင့်ခြင်းများကိုမိမိတို့ နှင့်
သင့်လျော်သလိုထုတ်နှုတ်သုံးစွဲရန်သာဖြစ်ပါသည်။
လေးစားလျက်---

နိုင်ဦး---၁၁၉
www.myanmarfitness.com

1 comment: