အားကစားနယ်ပယ်အသီးသီးမှ၊ကမ္ဘာကျော်ပရော်ဖက်ရှင်နယ်အားကစားသမားတိုင်းအသုံးပြုသည့်၊
ဖြည့်စွက်အာဟာရတစ်မျိုးမှာ၊Creatine ဖြစ်သည်။အထူးသဖြင့်ခွန်အားနှင့်ကာယရုပ်သန်စွမ်းအား
ပြည့်ရေးကိုအဓိကပြုသည့်ကာယဗလအားကစားသမားများသည်အခြားသောအားကစားသမားများ
ထက်Creatine ကိုပိုမိုအသုံးပြုတတ်ကြသည်။ယခုအခါတွင်မြန်မာပြည်ကာယဗလဖြည့်စွက်ဆေးများ
ဈေးကွက်တွင်လည်း၊Creatine ကိုအလွယ်တကူဝယ်ယူရရှိနိင်သည့်အတွက်မြန်မာ့ကာယဗလမောင်
များလည်းဝယ်ယူသုံးစွဲလာကြနေပြီဖြစ်သလို၊နည်းပြများကလည်းမိမိတို့ ဂျင်မ်ရှိအားကစားသမားများ
ကိုထိုဖြည့်စွက်ဆေးကိုဝယ်ယူသုံးစွဲကြရန်တိုက်တွန်းနေကြပြီဖြစ်သည်။သို့ သော်Creatine၏အကျိုး
ကျေးဇူးများကိုကားအတိအကျပြောပြနိုင်သည့်နည်းပြမြန်မာပြည်တွင်ရှားပါးနေသေးသည်။ထို့ ကြောင့်
Creatine ၏အကျိုး၊အကြောင်း၊အကောင်း၊အဆိုးကိုသိလိုသူများအတွက်ဤဆောင်းပါးကိုတင်ဆက်
ပေးလိုက်ရခြင်းဖြစ်ပါသည်။
Creatine သည်ဆဲလ်တွင်းလုပ်ဆောင်မှုများ၏အဓိကဖြစ်သောအင်အားထုတ်လုပ်မှုအတွက် Adenosine tri phosphate –ATP ကိုထုတ်လွှတ်ပေးသောမော်လီကျူးဖြစ်သည်။Creatine ၏အဓိ
ကစွမ်းဆောင်ရည်မှာရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်မှုများအပြင်၊အာရုံကြောပိုင်းဆိုင်ရာစွမ်းဆောင်ရည်များ
ကိုလည်းတိုးတက်စေနိုင်သည့်ဆိုးကျိုးအကင်းဆုံးသော၊ကောင်းစွာသုတေသနပြုစမ်းသပ်ပြီးရောင်းချ
သောအားကစားဖြည့်စွက်အာဟာ၇ပင်ဖြစ်သည်။
Creatine ဘာတွေလုပ်နိုင်သလဲ?
Creatine သည်သာမာန်လူသုံးများသည့်၊ဖြည့်စွက်အာဟာရဖြစ်သော်လည်း၊ကြွက်သားများကြီးထွားမှု
နှုန်းကိုတိုးတက်စေနိုင်ပြီး၊ခွန်အားတိုးတက်မှုကိုအထောက်အကူဖြစ်စေနိုင်သည့်အပြင်ကြွက်သားများ၏
သက်လုံကိုလည်းတိုးတက်ကောင်းမွန်စေသောဘေးကင်းသည့်ဖြည့်စွက်ဆေးဖြစ်သည်။Creatine အသုံးပြုသူများသည်သာမန်ကစားသမားများထက်ပို၍ပြင်းထန်စွာလေ့ကျင့်နိုင်သည့်အပြင်၊သက်သက်
လွတ်စားသုံးသူများ၏အာရုံကြောစနစ်ကိုကောင်းမွန်စေသည်။ကိုယ်တွင်းဆဲလ်များ၏သက်တမ်းကိုပို
ရှည်စေသည့်အပြင်ဆဲလ်များကိုအင်အားပိုမိုဖြည့်တင်းပေးကာ၊စွမ်းဆောင်ရည်များကိုပိုမိုတိုးတက်စေ
နိုင်သည့်အပြင်ကောင်းကျိုးများစွာပြုသောဆေးဖြစ်သည်။Creatine သည်၊ ADP (adenosine diphosphate) မော်လီကျူးများကိုအချိန်ကြာရှည်စွာဖြိုချစရာမလိုဘဲ၊ခန္ဓာကိုယ်တွင်းရှိဆဲလ်များ၊အ
တွက်အင်အားအဖြစ်အသုံးပြုရန် ATP (adenosine triphosphate)အဖြစ်သို့ အလျင်အမြန်ပြောင်းလဲ
ပေးနိုင်သည်။
Creatine -အန္တရယ်ကင်းသလား?
Creatine သည်အသည်း၊ကျောက်ကပ်များအပြင်ခန္ဓာကိုယ်ကိုမည်သည့်ဆိုးကျိုးမှမသက်ရောက်စေ
နိုင်ကြောင်းကိုဓါတ်ခွဲခန်းပေါင်းများစွာ၊သုတေသနပေါင်းများစွာမှအထောက်အထားအပြည့်ဖြင့်တင်ပြ
ထားပြီးဖြစ်သည်။အကယ်၍ Creatine ကိုလွန်လွန်ကျူးကျူးအတိုင်းအဆမရှိအသုံးပြုမိပါက၊၀မ်းလျော
ခြင်းနှင့်၊အစာအိမ်ကိုထိခိုက်စေနိုင်ပါသည်။ထိုသို့ သောဘေးထွက်ဆိုးကျိုးများမဖြစ်စေရန် Creatine ကိုရေများများနှင့်တွဲဖက်အသုံးပြုခြင်း၊တစ်ထိုင်တည်းတွင်များများအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။
ပမာဏဘယ်လောက်သုံးရမလဲ?
အားကစားသမားမဟုတ်သူများ၊အနည်းငယ်သာလေ့ကျင့်ခန်းပြုလုပ်သူများသည်၊တစ်နေ့ ကို Creatine 2-3ဂရမ်သာအသုံးပြုရန်လိုအပ်ပါသည်။ကာယလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်ပြုလုပ်သူများ
သည်တစ်နေ့ ကိုအနည်းဆုံး 5-ဂရမ်အသုံးပြုရန်လိုအပ်ပါသည်။Creatine Loading အချိန်များတွင်မူ
စတင်ကာစတွင်တစ်ခါသုံးလျင်-3ဂရမ်လောက်ကိုသာအကြိမ်ကြိမ်အသုံးပြုပါ။
Creatine ပမာဏကိုဘယ်လိုလှည့်ပြောင်းအသုံးပြုရမလဲ?
Creatine ကိုလူအများပြောသလိုခဏခဏ၊ပမာဏ၊အလှည့်ပြောင်းလုပ်စရာလုံးဝမလိုပါဘူး။ယေဘူယျ
အနေနှင့်ပထမတစ်ပါတ်ကို Loading လုပ်ပါ။ကျန်သုံးပါတ်ကို maintenance လုပ်ပါ။ပြီးလျင် Creatine ကိုနှစ်ပါတ်လောက်အသုံးမပြုပါနှင့်။အမြဲတမ်းစွဲသုံးလိုလျင်လည်းပြသနာမရှိပါ။
Creatine မသုံးဘဲရပ်လိုက်လျင်ဘာဖြစ်နိုင်သလဲ?
Creatine ကိုမသုံးဘဲစရပ်လိုက်သည့်နှစ်ရက်သုံးရက်အတွင်းသင့်ကိုယ်ခန္ဓာ၏သဘာဝ Creatine ထုတ်လုပ်မှုစနစ်မှာပြန်လည်ပါတ်လာမည်ဖြစ်သည်။ယေဘူယျအားဖြင့်ထိုအချက်သည်သင် Creatine
သုံးစဉ်အခါကသင့်ကြွက်သားများအတွင်းCreatine မည်မျှစုဆောင်းသိုလှောင်ထားသည်၊သင်လေ့
ကျင့်ခန်းများကိုမည်မျှပြင်းထန်စွာလေ့ကျင့်သည်ဆိုသည့်အချက်အပေါ်အဓိကမူတည်သည်။ Creatine
အသုံးပြုခြင်းကိုရပ်လိုက်ပါကခန္ဓာကိုယ်အနည်းငယ်သေးသွားသည်မှာကိုယ်တွင်းမှအပိုဖြစ်သောရေ
ဓါတ်များယုတ်လျော့သွားသောကြောင့်ဖြစ်သည်။ကြွက်သားများယုတ်လျော့သွားခြင်းလုံးဝမဟုတ်ပါ။
Creatine သည် DHT(dihydrotestosterone to testosterone ratio) ဟူသောအန်ဒရိုဂျင်ကိုတိုးပွား
စေသည့်အတွက်ခွန်အားကိုတိုးတက်စေနိုင်သလိုတစ်ဖက်တွင်လည်း၊ထို DHTများလွန်းပါက၊အမွေး
ကျွတ်ခြင်း၊ဝှေးစေ့ကင်ဆာစသည်တို့ ကိုဖြစ်စေနိုင်သည်။သုတေသနအမျိုးမျိုးကအထက်ပါအချက်နှင့်
ပါတ်သက်ပြီးစောဒက၊အဖြေအမျိုးမျိုးမေးကြဖြေကြသော်လည်း၊ယေဘူယျပြောနိုင်သည်မှာCreatine
သည့်သင့်ကိုပေါ်မှအမွှေးများအပေါ်သို့ သက်ရောက်မှုအနည်းငယ်ရှိသည်ကိုအတိအကျဆိုနိုင်
ပါသည်။
Creatine ဘယ်အချိန်သုံးရမလဲ?
ဘယ်အချိန်မဆိုသုံးနိင်ပါသည်။အထူးသဖြင့်လိုအပ်ချိန်(လေ့ကျင့်ခန်းပြုလုပ်ချိန်မတိုင်မှီနှင့်ပြုလုပ်ပြီး)၊
တွင်အသုံးပြုပါကပို၍ထိရောက်မည်ဖြစ်သည်။လူအများကအစားနှင့်ဝေးဝေးသုံးလျင်ပိုကောင်းသည်ဟု
အထောက်အထားမရိှပြောကြသော်လည်း၊အစာနှင့်တွဲသုံးမှသာအစာအိမ်ကိုဒုက္ခမပေးမည်ဖြစ်ကြောင်း
ကိုဂရုပြုပါ။လူအတော်များများက creatine loading လုပ်ဖို့ အမြဲမေးတတ်ကြသည်။ကျွန်တော့်အမြင်
မှာတော့အထူးလိုအပ်သူများမှအပသာမန်လူများမှာ loading လုပ်ရန်လုံးဝမလိုအပ်ပါ။Creatine သည်
ကြွက်သားများအတွင်းရေဓါတ်ကိုပြည့်စေနိုင်သည့်အတွက်ရုတ်တရက်စတင်သုံးစွဲသည့်ရက်အနည်း
ငယ်အတွင်းမှာပင်လူကောင်ကြီးထွားစေလာနိုင်ပါသည်။
Creatine ရဲ့ အကောင်းဆုံးအမျိုးအစားက?
အမျိုးအစားအမျိုးမျိုးဥပမာ(creatine HCl သို့ မဟုတ် creatine nitrate)အသစ်ပေါ်ထွက်နေစေကာမူ
Creatine monohydrate သာအကောင်းဆုံးဖြစ်သည်။ရေတွင်ပျော်ဝင်နိုင်သောထို Creatine monohydrate သည်အခြားသောဈေးကြီးသည့်အမျိုးအစားများနည်းတူအစွမ်းထက်ကြောင်းတင်ပြ
လိုက်ပါသည်။
Creatine သည်အဆီကျစေရန်ကူညီပေးနိုင်ပါသလား?
Creatine သည်အဆီကျစေရန်လုံးဝမကူညီပေးနိုင်ပါ။တိကျသောအထောက်အထားမရှိပါ။တစ်ခုပြော
နိုင်သည်ကတော့၊ Creatine ကြောင့်ခွန်အားပိုမိုတိုးတက်သည့်အတွက်ပိုမိုပြင်းထန်စွာလေ့ကျင့်ခြင်း
ကြောင့်အဆီချရာတွင်အနည်းငယ်ကောင်းကျိုးရှိနိုင်သည်။
Creatine ရဲ့ အခြားသောကောင်းကျိုးရှိပါသလား?
ရှိပါတယ်။ Creatine သည်ဦးနှောက်၊မှတ်ဥာဏ်စသည်တို့ ကိုအကျိုးပြုနိုင်ပါသည်။အထူးသဖြင့်အိပ်
ရေးပျက်သူများ၊အသားမစားသူများ၊အားကိုးနိုင်ပါသည်။
Creatine သည်သက်သက်လွတ်ဖြစ်ပါသလား?
ဒါကတော့ကိုယ်တိုင်ပဲဆုံးဖြတ်ပါ။ Creatine ကိုအသားနှင့်ငါးများမှထုတ်ယူခြင်းဖြစ်သည်။သို့ သော်အ
ချို့ သောဈေးခပ်ပေါပေါဆေးဗူးများတွင်အပင်မှထုတ်လုပ်ကြောင်းကိုအညွှန်းများတွင်ရေးသားဖော်
ပြထားတတ်ကြသည်။ဆေးစွမ်းနှင့်သက်ရောက်မှုကတော့လက်တွေ့ သုံးကြည့်မှသိနိုင်မည်ဖြစ်သည်။
Creatine သုံးရမည့်အချိန်?
Creatine သည်လှုံဆော်ပေးသည့်ဆေးဝါးမျိုးမဟုတ်ပါ။ပြည့်ဝစေရန်ဖြည့်စွက်ပေးသည့်ဆေးသာဖြစ်
သည့်အတွက်၊လိုအပ်ချိန်ဥပမာ၊အိပ်ရာထချိန်၊လေ့ကျင့်ခန်ုးမပြုလုပ်မှီနှင့်ညမအိပ်မှီတို့ ဖြစ်သည်။
Creatine စိတ်ကျခြင်းကိုလည်းကာကွယ်ပေးနိုင်သည့်အပြင်၊ကိုယ်ခန္ဓာကိုယ်လည်းရောဂါများမှကာ
ကွယ်ပေးနိုင်သည့်ကောင်းကျိုးများသောဖြည့်စွက်ဆေးဖြစ်သည်။
အချုပ်ဆိုရသော်-
Creatine သည်အကျိုးပြု၏။သို့ သော်သင့်ကိုတစ်ညတည်းမှာစူပါမင်းဖြစ်အောင်မလုပ်ပေးနိုင်ပါ။
သို့ သော်တဖြည်းဖြည်းသင့်ကိုသန်စွမ်းလာစေမည်ဖြစ်သည်။အထက်တွင်တင်ပြခဲ့ပြီးသောအချက်များ
အပြင်သိလိုသည်များကိုလည်းမေးမြန်းနိုင်ပါသည်။
References
1. Wallimann T, Tokarska-Schlattner M, Schlattner U. The creatine kinase system and pleiotropic effects of creatine. Amino Acids. (2011)
2. Rawson ES, et al. Low-dose creatine supplementation enhances fatigue resistance in the absence of weight gain. Nutrition. (2011)
3. Terjung RL, et al. American College of Sports Medicine roundtable. The physiological and health effects of oral creatine supplementation. Med Sci Sports Exerc. (2000)
4. Rawson ES, et al. Effects of repeated creatine supplementation on muscle, plasma, and urine creatine levels. J Strength Cond Res. (2004)
5. Guthmiller P, et al. Cloning and sequencing of rat kidney L-arginine:glycine amidinotransferase. Studies on the mechanism of regulation by growth hormone and creatine. J Biol Chem. (1994)
6. McGuire DM, et al. Repression of rat kidney L-arginine:glycine amidinotransferase synthesis by creatine at a pretranslational level. J Biol Chem. (1984)
7. Brosnan JT, da Silva RP, Brosnan ME. The metabolic burden of creatine synthesis. Amino Acids. (2011)
8. Van der Merwe J, Brooks NE, Myburgh KH. Three weeks of creatine monohydrate supplementation affects dihydrotestosterone to testosterone ratio in college-aged rugby players. Clin J Sport Med. (2009)
9. Benton D, Donohoe R. The influence of creatine supplementation on the cognitive functioning of vegetarians and omnivores. Br J Nutr. (2011)
10. Rawson ES, et al. Creatine supplementation does not improve cognitive function in young adults. Physiol Behav. (2008)
11. McMorris T, et al. Creatine supplementation, sleep deprivation, cortisol, melatonin and behavior. Physiol Behav. (2007)
12. McMorris T, et al. Effect of creatine supplementation and sleep deprivation, with mild exercise, on cognitive and psychomotor performance, mood state, and plasma concentrations of catecholamines and cortisol. Psychopharmacology (Berl). (2006)
13. McMorris T, et al. Creatine supplementation and cognitive performance in elderly individuals. Neuropsychol Dev Cogn B Aging Neuropsychol Cogn. (2007)
14. Lyoo IK, et al. A randomized, double-blind placebo-controlled trial of oral creatine monohydrate augmentation for enhanced response to a selective serotonin reuptake inhibitor in women with major depressive disorder. Am J Psychiatry. (2012)
15. Alves CR, et al. Creatine-induced glucose uptake in type 2 diabetes: a role for AMPK-α. Amino Acids. (2012)
လေးစားလျက်--
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com
ကိုနိုင်ဦး ခင်ဗျာ လိုပ်ဒင်း လုပ်ခြင်းနှင့် မိန်းတိန်းလုပ်ခြင်းဆိုတာ ဘယ်လိုကွဲပြားသလဲ ဘယ်လို မျိုးလဲဆိုတာလေး ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ။
ReplyDeleteဘယ်တံဆိတ်ကောင်းလဲ on muscle tech colour red or blue ဘာပိုကောင်းလဲ
ReplyDeleteကိုနိုင်ဦး ကျနော်ကဆေးမသုံးပဲနဲ့ရိုးရိုးကစားရင်တိုးတက်မူဘယ်လို့ကွာခြားလဲဆိုတာရှင်းပြပေးပါအုံးဥပမာprotine creatin တို့ကို့မသုံးပဲသမရိုးကျစားသောက်မူပုံစံနဲကစားရင်အဆင်ပြေမလားမသိဘူး
ReplyDeleteဟုတ်တယ်ဗျ ...ကျနော်လည်း ကို pong လိုဘဲ ဘာဆေးမှ မသုံးပါဘူး .. သမရိုးကျစားသောက်ပုံပါဘဲ .. ဒါပေမယ့် gym ပြန်လာတာနဲ့ နွားနို့ တစ်ခွက်နဲ့ ငှက်ပျောသီး ၃ လုံးလောက်စားပါတယ်.. အိပ်ယာဝင်ရင် အိုဗာတင်းတစ်ခွက်သောက်ပါတယ် .. ဘာတွေများ လိုအပ်သေးးလဲဗျ .. လိုအပ်တာလေးတွေကို လမ်းညွှန်ပေးစေချင်ပါတယ် ..
ReplyDeleteကျော်ကျော်ရေ-loading လုပ်ခြင်းဆိုတာကတော့creatine စသုံးသုံးခြင်း၊ပထမတစ်ပါတ်မှာတစ်နေ့ 
ReplyDeleteကို5-20 ဂရမ်လောက်အထိသုံးစွဲခြင်းကိုဆိုလိုတာပါ။တစ်ခါသုံးလျင်3-ဂရမ်မှ5-ဂရမ်တစ်နေ့ လျင်လေး
ကြိမ်လောက်သုံးစွဲခြင်းဖြစ်ပါတယ်။maintain လျင်ပုံမှန်3-5ဂရမ်လောက်သာသုံခြင်းဖြစ်ပါတယ်။
ညီလေးမင်းသူအောင်ရေ-ဘယ်တံဆိပ်ကောင်းလဲဆိုတာကတော့ကိုယ့်အနေနှင့်အညွှန်းသိမှဖြစ်မှာပါ။
Pong ရေ-ဖြည့်စွက်ဆေးကိုသာမန်အဆင့်မှာမသုံးတာကရနိုင်ပါတယ်။အဆင့်မြင့်လာရင်တော့မလွဲမ
သွေလိုအပ်လာပါလိမ့်မယ်။အခြေခံနှင့်အလယ်လတ်အဆင့်မှာကိုယ့်အမြင်ဆေးသိပ်မလိုပါဘူး။ကစား
ပြီးပြီးခြင်းတော့ဖြစ်နိုင်ရင်ပရိုတိန်းလေးသောက်တာကောင်းမယ်။ဖြည့်စွက်ဆေးမသုံးရင်တော့သမားရိုး
ကျစားသောက်မှုပုံစံနဲ့ အဆင်ပြေမှာမဟုတ်ဘူး။ကာယဗလစားသောက်မှုပုံစံကအရေးကြီးပါတယ်။
ပရိုတိန်းလေးဆယ်%၊ကာဗိုဟိုက်ဒရိတ်50%နှင့်ကောင်းသောအဆီ၁၀%လောက်ကိုမှီဝဲသင့်ပါတယ်။
ညီလေးသက်ထင်ရေ၊ညီလေးမေးခွန်းကိုကမှားနေတာပါ။ခန္ဓာကိုယ်ကလေ့ကျင့်ပြီးပြီခြင်းမှာအာဟာရကို
အလျင်အမြန်လိုအပ်တာပါ။ဒါကြောင့်ညီလေးပြောသလိုအိမ်ပြန်ရောက်မှစားရင်အလဟသပါပဲ။
လေ့ကျင့်ပြီးပြီးခြင်းဆယ်မိနစ်အတွင်း၊ကရွှေပါပဲ။အဲဒီအချိန်မှာ၊ညီလေးပြောသလိုနွားနို့ တစ်ခွက်
သောက်ရင်တောင်သူနဲ့ အတူကြက်ဥအကာပြုတ်ပြီးသားသုံးခုလောက်၊ပေါင်မုန်အဖြူတစ်ချပ်လောက်
မှီဝဲသင့်ပါတယ်။မာဆယ်ဂလိုက်ကိုဂျင်တွေအတွက်အဲဒီအချိန်မှာအကောင်းဆုံးကပျားရည်၊ထန်းလျက်
ခဲပါပဲ။(ဟာသမဟုတ်ဘူးနော်။တစ်ကယ်ပြောနေတာ)။ညအိပ်ခါနီးအိုဗာတင်းသောက်တာသိပ်မထူးပါ
ဘူး။မနက်အိပ်ရာထသောက်ရင်တော့ကောင်းပါတယ်။အကယ်၍ညီလေးကကိုယ်အလေးချိန်များနေပြီး
အဆီချလိုသူဆိုရင်တော့ညအိပ်ခါနီးအိုဗာတင်းလုံးဝမသောက်ပါနဲ့ ။သူ့ မှာပါတဲ့သကြားဓါတ်ကညီ
လေးကိုထပ်ဝေနေစေမှာပါ။
နောက်ဆုံးပြောချင်တာကတော့၊ကာယဗလလေ့ကျင့်သူတစ်ယောက်အနေနှင့်သမားရိုးကျစားသောက်
မှုပုံစံမှရုန်းမထွက်နိုင်သမျှကာလပါတ်လုံးသမားရိုးကျကိုယ်လုံးမျိုးထက်ပိုပြီးမျှော်လင့်လို့ မရနိုင်ပါဘူး။
လေးစားလျက်---
နိုင်ဦး---၁၁၉
ကျေးဇူးပဲကိုနိုင်ဦးခုလိုစိတ်ရှည်လက်ရှည်ရှင်းပြပေးအတွက်အကိုလဲဒီထက်ပိုပြီးအောင်မြင်ပါစေဗျာကာယဗလလောကမှာကိုနိုင်ဦးလိုလူမျိုးတွေအများကြီးရှိစေချင်တယ်ဗျာလေးစားလျှက်
ReplyDeletepong ညီလေးရေ-ဆက်လက်ကြိုးစားဖို့ အားဖြည့်ပေးလိုက်တဲ့ညီလေးကောမင့်အတွက်ကျေးဇူးပါကွာ။
ReplyDeleteလေးစားလျက်---
နိုင်ဦး--၁၁၉
Creatin ဘယ်မှာဝယ်နိင်ဘာလဲခင်ဗျာ
ReplyDelete