***ယောကျာ်းမှာရင်မိန်းမမှာတင်***ဆိုသောကြားဖူးနေကြမြန်မာ့ဆိုရိုးအတိုင်း၊လူအများစုကယောကျာ်း
တစ်ယောက်၏အခံ့ငြားဆုံးသောကိုယ်အင်္ဂါအစိတ်အပိုင်းကိုရင်အုပ်အဖြစ်သတ်မှတ်ထားကြ
သည်။အထူးသဖြင့်အရှေ့ တိုင်းသားများအကြားရင်အုပ်ကားကား၊များကိုသာအားကိုးချင်စရာဟု
သတ်မှတ်ထားကြသည်။ထို့ ကြောင့်ဗိုက်ပူနံကား၊ကြက်ရင်အုပ်ပိုင်ရှင်ကာယဗလ၀ါသနာရှင်ညီ
နောင်လေးများစိတ်အားမငယ်ကြစေရန်အတွက်၊ဇီးရိုးမှဟီးရိုးသို့ ဖြစ်စေမည့်၊စပါယ်ရှယ်အကြံပြု
ချက်များကိုတင်ပြပေးလိုက်ပါသည်။
၁------ဘယ်တော့မှရင်အုပ်နှင့်ဆုံ(ပခုံးသား)ကိုအတူမလေ့ကျင့်ပါနှင့်။
ထိုကြွက်သားအုပ်စုနှစ်ခုကိုဘယ်တော့မှအတူတွဲမလေ့ကျင့်ပါနှင့်။ဒုတိယလေ့ကျင့်သည့်၊ကြွက်သား
အုပ်စုသည်ထိရောက်မည်မဟုတ်သည့်အပြင်အလွယ်တကူဒဏ်ရာရနိုင်ပါသည်။ဖြစ်နိုင်ပါကထိုကြွက်
သားအုပ်စုနှစ်ခုကိုသုံးရက်လောက်ခြားပြီးလေ့ကျင့်ခြင်းကပိုသင့်လျော်၏။
၂-----ရင်အုပ်ကြွက်သားများနှင့်ညှစ်ကစားတတ်အောင်လေ့ကျင့်ပါ။
ကစားသမားအများစုက၊ရင်အုပ်ကစားရင်အလေးဘယ်လောက်ကစားနိုင်တယ်ဆိုတာကိုသာအာရုံ
စိုက်ပြီးပုံကျပန်းကျကစားခြင်းကိုမေ့ထားတတ်ခြင်းကရင်အုပ်ကြွက်သားတွေကြုံလှီသေးကွေးရခြင်း
၇ဲ့ အဓိကအကြောင်းအရင်းပါပဲ။ရင်အုပ်လေ့ကျင့်စဉ်တွင်အဓိက၊ကတော့အလေးကိုလောဘမကြီး
ဘဲဖြည်းဖြည်းခြင်းကြွက်သားညှစ်အားနှင့်ကစားပါ။သင်ရင်အုပ်လေ့ကျင့်နေစဉ်မှာသင့်ကြွက်သား
တွေအတွင်းမှာဆူပွက်၊ရုန်းကြွနေမှုကိုမခံစားရဘူးဆိုရင်မှတ်လိုက်ပါ။သင်လေ့ကျင့်တာမှားနေပါ
ပြီ။
၃-----ရင်အုပ်အပေါ်သားကိုအထူးပြုလေ့ကျင့်ပေးပါ။
မိန်းမတွေရဲ့ ရင်သားတွေကသာအောက်ကိုတွဲကျနေတာပါ။ယောကျာ်းတစ်ယောက်ရဲ့ ခံ့ငြားတဲ့ရင်
အုပ်အလှဟာမို့ မောက်နေတဲ့ရင်အုပ်အပေါ်သားပါ။ဒါကြောင့်သမားရိုးကျကစားနည်းများအစား၊
ရင်အုပ်အပေါ်သားကိုအထူးပြုလေ့ကျင့်ပေးပါ။ရင်အုပ်အပေါ်ကိုဒမ်ဘယ်၊ဘာဘယ်လ်တွေအပြင်၊
ဖလိုင်းပါထည့်လေ့ကျင့်ပေးပါ။
၎-----သင့်ရင်အုပ်ကိုအဆက်မပြတ်ကြီးထွားလိုလျင်ရင်အုပ်လေ့ကျင့်သည့်ပရိုဂရမ်ကိုခြောက်ပါတ်
တစ်ပါအပြောင်းအလဲပြုလုပ်ကစားပါ။လေ့ကျင့်ခန်းတွေရော၊အကြိမ်၊အကျော့တွေရောအားလုံးကို
အပြောင်းအလဲပြုလုပ်ကစားပါ။
၅-----စက်တွေကိုသိပ်အားမကိုးပါနှင့်။
ဖိုက်တာဖြစ်လိုလျင်၊မိန်းမလှလေးများသုံးသောဖန်စီ၊စက်ပစ္စည်းများနှင့်လေ့ကျင့်ခြင်းကိုရှောင်ပါ။
ဖရီးဝိတ်တွေနဲ့ အရင်ဟဲဗီးဖြိုပါ။ကုန်ပြီဆိုမှကေဘယ်တွေကိုသုံးပါ။ဘယ်ကြွက်သားအစိတ်အပိုင်း
ပဲဖြစ်ဖြစ်ကြီးထွားလိုလျင်1-စနစ်တကျကစားပါ။
2-အလေးလောဘမကြီးပါနှင့်။
3-ဖရီးဝိတ်တွေ၊ဘော်ဒီဝိတ်တွေနဲ့ လေ့ကျင့်တဲ့လေ့ကျင့်ခန်းတွေကို အားပြုကစားပါ။
ကြက်ရင်အုပ်အားလုံးပပျောက်ပါစေသော်ဝ်။
လေးစားလျက်--
နိုင်ဦး---၁၁၉
Email---intensemuscle@gmail.com
Email---muscleprofessor@gmail.com
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com
မွေးရာပါ or ကိုယ်လှုပ်ရှားမူ့ငယ်စဉ်ကနည်းခဲ့သောကြောင့် ပုခုံးကျဉ်းသူများတွေရပါသည် ပုခုံးကြီအောင် ကျယ်အောင်အကောင်းဆုံး workout ပေးပါ
ReplyDeleteမင်းသူအောင်ရေ-မွေးရာပါအချိုးအစားကို၊ကိုယ်တို့ ပြောင်းလဲလို့ မ၇ပေမဲ့အကောင်းဆုံးပြုပြင်လို့ရ
ReplyDeleteပါသေးတယ်။ဥပမာ-လက်ရိှမောင်အိုလံပီယာဖီးလ်းဟိသ်ကိုကြည့်ပါ။ရင်အုပ်သေးသေးလေးပါ။အဲဒါ
ကိုပဲမောက်နေအောင်၊ထောင့်စုံအောင်လုပ်ထားပြီး၊ပခုံးသားကိုရှယ်ဖြည့်ထားတယ်။နောက်တစ်ချက်
က၀မ်းသားတွေကိုအကောင်းဆုံးလုပ်ထားပြီး၊ခါးသေးသေးလေးနဲ့ ဗယ်လီဂရုစိုက်ထားတဲ့အတွက်
ချန်ပီယံဖြစ်တာနှစ်ကြိမ်ရှိပါပြီ။ကိုယ်မကြာခင်ပရိုဂရမ်လေးတွေတင်ဆက်ပေးပါ့မယ်။
လေးစားလျက်---
နိုင်ဦး--၁၁၉