arial" action="like" colorscheme="light">
Tuesday, July 16, 2013
A ပုံစံခန္ဓာကိုယ်ပိုင်ရှင်အမျိုးသမီးများအတွက်လေ့ကျင့်ခန်းများ
ကျွန်တော်အရင်တစ်ခေါက်ကအိုပုံစံအမျိုးသမီးတွေရဲ့လေ့ကျင့်ခန်းအကြောင်းဆောင်းပါးလေး ရေးသားပေး
ခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့အေပုံစံအမျိုးသမီးတွေအတွက်တစ်နည်းအားဖြင့် ပိရမစ်ပုံစံခေါ်တဲ့ခန္ဓာကိုယ်အောက်ပိုင်းကားပြီးအထက်ပိုင်းကျဉ်းနေတဲ့ အမျိုးသမီးလေးတွေအတွက်၊အပေါ်အောက်ညီညွတ်မျှတအောင်ဆောင်ကျဉ်းပေးနိုင်တဲ့ လေ့ကျင့်ခန်း(၃)
မျိုးနဲ့တွဲဖက်ပြီးလေ့ကျင့်ပေးရမယ့်လေ့ကျင့်ခန်း(၃)မျိုးကိုတင်ပြသွားမှာ ဖြစ်ပါတယ်။အီဂျစ်နိုင်ငံဖာရိုဘု
ရင်တွေရဲ့ဂူသင်္ချိုင်းတွေကိုရာဇ၀င်သမိုင်းစာအုပ်တွေထဲမှာ မြင်တွေ့ဖူးကြမှာဖြစ်ပါတယ်။အဆောက်
အအုံတစ်ခုရဲ့ပုံသဏ္ဍာန်ကိုဗိသုကာတစ်ဦးရဲ့ မျက်စိနဲ့ကြည့်ရင်ကြည့်လို့ရပေမဲ့၊မနုဿလူသားတစ်ဦးရဲ့ပုံ
သဏ္ဍာန်ဟာအောက်ပိုင်းကားပြီးအပေါ်ပိုင်းကျဉ်းနေရင်မညီမညွတ်ဖြစ်နေတဲ့ခန္ဓာကိုယ်ပိုင်ရှင်၊အချိုးအဆစ်
မကျတဲ့ကိုယ်လုံးရှိသူမို့ အလွန်မှ အကျည်းတန်အရုပ်ဆိုး လှပါတယ်။
    လူသားတစ်ဦးအနေနဲ့ကတော့ခန္ဓာကိုယ်ဟာအထက်အောက်ညီညွတ်မျှတပြီးအချိုးကျ နေရင်၊ခန္ဓာကိုယ်
အချိုးအစားပြေပြစ်လှပသူတစ်ဦးလို့ခေါ်ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ခုပတ်မှာတော့PYRAMID TYPE
 ခေါ်တဲ့အောက်ပိုင်းကားပြီးအထက်ပိုင်းကျဉ်းနေတဲ့အမျိုးသမီး လေးတွေအတွက်အမေရိကန်နိုင်ငံ TEXAS TECH UNIVERSITY ကခန္ဓာဗေဒပညာရှင် LYNNE STOESSEL ROSS ရဲ့လေ့ကျင့်ရေးဇယား
ထဲကကာယအလှလေ့ကျင့်ခန်း(၃)မျိုးနဲ့တွဲဖက် လေ့ကျင့်ခန်း (၃)မျိုးကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
    ကိုယ်ခန္ဓာအပေါ်ပိုင်းကျဉ်းနေတဲ့အမျိုးသမီးတွေအတွက်အလေးနဲ့တွဲဖက်ကစားရတဲ့ လေ့ကျင့်ခန်း (၃)ခုအနက်ပထမလေ့ကျင့်ခန်းကတော့SQUAT/PRESS COMBOဖြစ်ပါတယ်။ အလေးကိုပခုံးထက်ထမ်း
လျက်အနေအထားနဲ့ခန္ဓာကိုယ်ကိုမတ်မတ်ရပ်ပါ။ခြေထောက်တွေကို ပခုံးအကျယ်အတိုင်းချဲထားပါ။
ဒူးခေါင်းတွေကိုသက်သောင့်သက်သာအနေအထားရှိနေပါစေ။ ၀မ်းဗိုက်ကြွက်သားတွေကိုညှစ်ထားပါ။
မြီးညောင်းရိုးကိုကြမ်းပြင်နဲ့တည့်တည့်အနေအထား ရှိနေပါစေ။အလေးသံချောင်းကိုလက်ဖျားများနဲ့
အုပ်လျက်ဆုပ်ကိုင်ထားပါ။ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေဟာပခုံးအကျယ်ထက်အနည်းငယ်ချဲပြီးကိုင်ပါ။
အဲဒီအနေအထားမှ ဆောင့်ကြောင့်ထိုင်ချပါ။ပေါင်တွေဟာကြမ်းပြင်နဲ့တစ်ပြေးညီအထိထိုင်ချပါ။
ဆောင့်ကြောင့်ထိုင်အနေအထားမှခြေထောက်တွေကိုကန်အားပြုပြီးပြန်ထလိုက်ခြင်းဖြင့်မူလနဂိုအနေအထား
ကို ရောက်ရှိတဲ့အခါပခုံးပေါ်မှာထမ်းထားတဲ့အလေးကိုဦးခေါင်းလက်တဆန့်တွန်းတင်လိုက်ခြင်းဖြင့်
 လေ့ကျင့်ခန်းကိုပြီးဆုံးသွားစေမှာဖြစ်ပါတယ်။(ဒီလေ့ကျင့်ခန်းဟာဒူးခေါင်းထိပ်ရှိကြွက်သားစု၊
 ပေါင်နောက်ကြွက်သား၊တင်ပါး၊ကျောအထက်ပိုင်းနဲ့ပခုံးသားတွေကိုသန်စွမ်းစေပါတယ်။(၁၀ကြိမ်
 ဆောင့်ကြောင့်ထိုင်၊၈ကြိမ် ဦးခေါင်းပေါ် လက်တစ်ဆန့်တွန်းပါ။)
    ဒုတိယလေ့ကျင့်ခန်းကတော့WEIGHTED SIDE STEP-UP WITH A PRESS (ဒမ်ဘယ်လ်အလေးတစ်စုံကိုပခုံးပေါ်ထမ်းပြီးဘေးတိုက်ခုံပေါ်တက်ကာအလေးတွန်းတင် ခြင်း(လေ့ကျင့်ခန်း)၊ ၈လက်မဒါမှမဟုတ် ၁၂လက်မ အမြင့်ရှိခုံတစ်ခုရဲ့နံဘေးမှာမတ်တတ်ရပ်ပါ။ ဒမ်ဘ်လ် အလေးတစ်စုံကို ပခုံးပေါ်မှာ တင်ထားပါ။ ဆုပ်ကိုင်ထားတဲ့ လက်သီးဆုပ်ကို အတွင်းဘက် လှည့်ထားပေးပါ။ တံတောင်ဆစ်များကို ခန္ဓာကိုယ်နဲ့ အနီးဆုံးကပ်ထားပါ။ ဒီအနေ အထားမှ ညာခြေကို ခုံအလယ်ပေါ်သို့ ဖော်ပြပါပုံအတိုင်းတက်ပါ။ ဘယ်ခြေထောက်ဟာ အလို အလျောက် ခုံနံဘေးမှ အထက်သို့ပါလာပါမယ်။ ခုံပေါ်သို့ မိမိရရ တက်မိတဲ့အခါမှာ  ဒမ်ဘယ်လ် ကို ဦးခေါင်းလက်တစ်ဆန့် တွန်းတင်ပါ။ ညာခြေဖြင့် ခုံပေါ်သို့တက်ပြီး လေ့ကျင့်ခန်း ပြုလုပ်ပြီးရင် ဘယ်ခြေဖြင့် ခုံပေါ်သို့တက်ပြီး ညာခြေအတိုင်း လေ့ကျင့်ပေးပါ။ ဒါမှသာ လေ့ကျင့်ခန်းတစ်စုံပြီးမှာ ဖြစ်ပါတယ်။ ဦးခေါင်းလက်တစ်ဆန့်  တွန်းတင်ရာမှ အလေးကို ပခုံးပေါ်သို့ပြန်ချခြင်း၊ ကြမ်းပြင်သို့ ဆင်းခြင်းများ ပြုလုပ်တဲ့အခါမှာ ညင်ညင်သာသာ ဆင်းသက်ပါ။ ခပ်လောလောပြုလုပ်ရင် ခြေချော် ကျခြင်း၊ ခြေခေါက်ခြင်းများ ဖြစ်တတ်သည်ကို သတိပြုပါ။ (ဒီလေ့ကျင့်ခန်းဟာ ပခုံးကြွက်သား၊ တင်းပါးနဲ့ ခြေသလုံးကြွက်သားများကို သန်မာစေပါတယ်။) ၈ကြိမ် x ၃ ကျော့ပြုလုပ်ပါ။
တတိယလေ့ကျင့်ခန်းကတော့ WALKING LUNGE WITH DUMBELL (ဒမ်ဘယ်လ်ဖြင့် ခြေဒူးညွတ်
 လေ့ကျင့်ခန်း) တင်းပါးအကျယ်အတိုင်း ဒမ်ဘယ်လ်တစ်ကို ဖော်ပြပါပုံအတိုင်း ကိုင်ထားပါ။ ၀မ်းဗိုက်ကြွက်သားများ  ညှစ်ထားပြီး နံအိမ်ကို မြှင့်တင်ထားပါ။အဲဒီအနေအထားမှ ခြေလှမ်းခပ်ကျယ်ကျယ်
လှမ်းပြီး ဒူးကိုညွှတ်ချလိုက်ပါ။ ရှေ့သို့ထုတ်လိုက်တဲ့ခြေဟာ ကြမ်းပြင်နဲ့ ဒေါင်လိုက်အနေအထားရှိနေရ
ပါမယ်။ နောက်ခြေမှာ ကန်အားအဖြစ်ထားရှိပြီး ကြမ်းပြင်ကို ထောက်ထားပါ။အဲဒီအနေအထားမှ ရှေ့ခြေကို
 ပြန်ဆန့်ပြီး နောက်သို့ရုပ်လိုက်တဲ့အခါ မူလ အနေအထားကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ညာခြေရှေ့ထုတ်ပြီးရင် နောက်ခြေကို တစ်လှည့် ရှေ့ထုတ်ပြီး လေ့ကျင့်ပေးရင် လေ့ကျင့်ခန်းတစ်စုံ ပြီးဆုံးသွားမှာဖြစ်ပါတယ်။ (ဒီလေ့ကျင့်ခန်းဟာ ပေါင်နောက်ကြွက်သား၊ ဒူးခေါင်းထိပ်ရှိကြွက်သား၊ တင်ပါးနဲ့ ခြေသလုံးကြွက်သားတွေကို သန်မာ စေပါတယ်။) ၆ကြိမ် x ၃ကျော့ ပြုလုပ်ပါ။
အထက်က ဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေအပြင် တွဲဖက်လေ့ကျင့်ပေးရမယ့် လေ့ကျင့်ခန်း (၃)ခုကတော့ BEHIND THE NECK PRESS (မတ်တပ်ရပ်လျက် ပခုံးပေါ်တင်ထားတဲ့ ဘာဘယ်လ်ကို ဦးခေါင်းလက်တစ်ဆန့် တွန်းတင်ခြင်း) ABDOMINAL CRUNCH WITH A TWIST (ခါးလိမ်ပြီး အိပ်ထမတင် လေ့ကျင့်ခန်း)နဲ့ BASIC ABDOMINAL CRUNCH (အခြေခံ အိပ်ထမတင် လေ့ကျင့်ခန်း
တွေပါ၊ ပူးတွဲလေ့ကျင့်ပေးရန် လိုအပ်ပါတယ်။ ပထမလေ့ကျင့်ခန်း ကို ၁၀ကြိမ် x ၃ကျော့ ပြုလုပ်ပါ။ ဒုတိယလေ့ကျင့်ခန်းကို ၁၅ကြိမ် x ၃ကျော့ ပြုလုပ်ပါ။ တတိယ လေ့ကျင့်ခန်းကို ၂၅ကြိမ် x ၃ကျော့ ပြုလုပ်ပါ။ဖော်ပြပါ လေ့ကျင့်ခန်းများဟာ လွယ်ကူရှင်းလင်းပြီးအမျိုးသမီးများအတွက် လေ့ကျင့်မှုမှာ လွယ်ကူရှင်းလင်းမယ်လို့ မျှော်လင့်မိပါတယ်။အားလုံးသော ဝင်ရောက် ဖတ်ရှုသူ အပေါင်း ကိုယ်စိတ်နှစ်ပါး
ချမ်းမြေ့နိုင်ကြပါစေ ။ ယခု လပိုင်းအတွင်း ကျွန်တော်နှင့်ကိုနိုင်ဦးတို့ ဆောင်းပါးရေးသားမှုများ
 နောက်ကျခဲ့ရင် နားလည်ခွငိ့လွတ်ပေးကြပါလို့ ပြောကြားလိုပါတယ်။
  တင်ဆက်သူ----အောင်အောင်(လှိုင်)
email----aungaung.aung24@gmail.com
www.myanmarfitness.com
Sunday, July 14, 2013
လူပိန်များထွားကျိုင်းစေသောအချက်-၅ချက်
ကျွန်တော်တို့ လူသားအားလုံးသည်အသက်ရှင်ရန်အတွက်အသက်ရှုနေကြသည်ကတူသော်လည်း၊
ဘ၀အပေါ်မြင်သောအမြင်များ၊ခံယူချက်၊ကျေနပ်မှုများကားမတူနိုင်ကြပေ။ထိုသို့ မတူညီကြသော
ဘ၀အမြင်များထဲတွင်မှပိန်ညှောင်သေးကွေးနေသောလူငယ်အများစုသည်မိမိအသက်ရှင်သန်နေထိုင်
နေရသောဘ၀ကိုမိနစ်တိုင်းတွင်ကျေနပ်မှုမရသလောက်ဖြစ်နေတတ်ကြသည်။ထုံးတမ်းအစဉ်အလာ
သည်နေရာဒေသအလိုက်၊မည်မျှပင်မတူညီစေကာမူ၊ကျန်းမာသန်စွမ်းခြင်းကိုတိုင်းတာသတ်မှတ်ရာ
တွင်မူထွားကျိုင်းသန်မာခြင်းဖြင့်သာတိုင်းတာလေ့ရှိသည်ကအမြဲတမ်းအမှန်တရားဖြစ်သည်။
လူအများသည်တစ်ယောက်နှင့်တစ်ယောက်စတွေ့ တွေ့ ခြင်း၊အကဲခတ်ရာတွင်အဓိကအားဖြင့်ထို
လူ၏ကိုယ်ကျင့်တရားမည်သို့ ရှိသည်၊အရည်အချင်းမည်မျှရှိသည်ဆိုတာထက်ထိုသူ၏ပြင်ပပုံပန်း
နှင့်ရုပ်ပိုင်းဆိုင်ရာအမြင်ကိုသာကြည့်ပြီးဆုံးဖြတ်တတ်ကြပေသည်။ထို့ ကြောင့်လည်းခေတ်အဆက်
ဆက်မှလူသားမျိုးဆက်များသည်၊မိမိတို့ ၏ရုပ်ပိုင်းဆိုင်ရာအပြင်ပန်းကိုလည်းအတွင်းပိုင်းဆိုင်ရာ
အရည်အချင်းကိုယ်ကျင့်တရားများကဲ့သို့ ပင်ဂရုတစိုက်ထိန်းသိမ်းပြုပြင်ထားတတ်ကြသည်။
ယနေ့ ခေတ်ဆယ်ကျော်သက်များနှင့်လူငယ်များသည်အားကစားခန်းမများသို့ သွားရောက်လေ့ကျင့်
ရာတွင်၎င်းတို့ ၏ပင်မရည်ရွယ်ချက်မှာကာယဗလမောင်များကဲ့သို့ အဖုအထစ်များနှင့်ကြွက်သားများ
ပိုင်ဆိုင်ရန်မဟုတ်ဘဲ၊ယောက်ျားပီသသောခန္ဓာကိုယ်မျိုးလောက်ကိုသာအာသီသထားမျှော်မှန်း
တတ်ကြသည်ကိုကျွန်တော့်အတွေ့ အကြုံအရများစွာကြုံတွေ့ ခဲ့ရသည်။လေ့ကျင့်ခန်းလုပ်သော်
လည်းထွားကျိုင်းမလာဘဲပိန်ချုံးချည့်နဲ့ အားမလိုအားမရခံစားနေကြရသောညီငယ်များအတွက်ဤ
လေ့ကျင့်နည်းအကြံပြုဆောင်းပါးကိုတင်ဆက်လိုက်ရခြင်းဖြစ်သည်။
၁---လေ့ကျင့်ချိန်တစ်ချိန်လျင်တစ်နာရီထက်မကျော်ပါစေနှင့်။
The more,the better ဟူသောအယူအဆသည်ဘ၀၏နေရာများစွာတွင်အသုံးဝင်သော်လည်း၊
ဂျင်မ်ထဲတွင်ဘာမှသုံးမရတတ်သည်ကိုမှတ်သားထားပါ။လေ့ကျင့်ခန်းပြင်းထန်စွာပြုလုပ်ချိန်သည်
မိနစ်ခြောက်ဆယ်ထက်ကျော်လာပါကခန္ဓာကိုယ်သည်ထိုဝန်ကိုလက်ခံနိုင်စွမ်းမရှိတော့သည့်အတွက်
ကိုယ်တွင်းမှကော်တီဆောလ်ဟူသောဟိုမုန်းထွက်လာလေသည်။ဟိုမုန်းဟုဆိုသည်နှင့်ကောင်းသည်
ဟုမထင်လိုက်ပါနှင့်။ကော်တီဆော်လ်သည်သင့်ကိုယ်တွင်းမှတန်းဖိုးရှိသောကြွက်သားမျှင်များအပြင်၊
အခြားသောကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုလောင်ကျွမ်းစေကာပြင်းထန်သောလေ့ကျင့်ခန်းများ
အတွက်လိုအပ်သောအင်အားကိုထုတ်ပေးလေတော့သည်။ဤအချက်ကြောင့်လေ့ကျင့်ခန်းပြုလုပ်
ကြသော်လည်းမသန်စွမ်းကြခြင်းပင်ဖြစ်သည်။တန်းဆေးလွန်ဘေးဖြစ်သည်ကိုဂရုပြုကြပါ။
၂---အမြဲတမ်းအပြောင်းအလဲပြုလုပ်ပါ။
လူခန္ဓာကိုယ်၏ဆန်းကျယ်ပုံမှာစာဖွဲ့ ပင်မရနိုင်၊သိပံ္ပပညာလည်းလက်မှိုင်ချရလောက်အောင်စမတ်ကျ
လှပါသည်။သင်မည်သို့ ပင်လေ့ကျင့်စေကာမူထိုသက်ရောက်မှုများကိုခန္ဓာကိုယ်ကကြိုးစားလက်ခံ
သွားသည်ချည်းသာဖြစ်သည်။ထိုသို့ မဖြစ်အောင်ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုတော့အသေအချာရှိ
ပါသည်။၎င်းမှာအမြဲတမ်းအပြောင်းအလဲပြုလုပ်နေခြင်းပင်ဖြစ်သည်။လေ့ကျင့်ခန်းနည်းပရိုဂရမ်များကို
နှစ်လတစ်ခါပြောင်းသင့်ပါသည်။အလေး၊အကြိမ်၊အကျော့နှင့်ကစားသည်အကြိမ်တစ်ကြိမ်၏မြန်နှုန်း
ကိုနှစ်ပါတ်သုံးပါတ်လျင်တစ်ကြိမ်ပြောင်းလဲသင့်ပါသည်။
၃---လေးရက်ထက်ပို၍မလေ့ကျင့်ပါနှင့်။
ပင်ကိုယ်ခန္ဓာကိုယ်အချိုးအစားကောင်းလှသူများ၊ကိုယ်တွင်းဟိုမုန်းတုံ့ ပြန်မှုကောင်းသူများသည်တစ်
ပါတ်လျင်ငါးရက်၊ခြောက်ရက်ကစားသော်လည်းပြသနာမပေါ်နိုင်သော်လည်း၊လူပိန်လေးများသည်ထို
မျှကစားပါက၊အရေးပေါ်ကားအသင့်ခေါ်ထားပါ။ထွားကျိုင်းလိုသောလူပိန်များသည်ကြွက်သားများ
ပြန်လည်အားပြည့်ရန်၊ဟိုမုန်းစနစ်မှန်ကန်စေရန်အတွက်တစ်ပါတ်လျင်သုံးရက်လောက်မဖြစ်မနေနား
ရပါမည်။
၎---အရေးပါသောအချိန်သုံးချိန်ကိုဂရုပြုပါ။
ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက်အင်အားနှင့်အာဟာရကိုအလိုအပ်ဆုးံအချိန်များမှာ၊လေ့ကျင့်ခန်းမပြုလုပ်
မှီမိနစ်-90၊နှင့်လေ့ကျင့်ပြီးပြီးခြင်းမိနစ်-90အတွင်းကာဗိုဟိုက်ဒရိတ်များ၊ပရိုတိန်းများနှင့်၊ဗိုက်တာမင်နှင့်
သတ္တုဓါတ်များကိုဖြည့်တင်းပေးရန်အရေးကြီးပါသည်။လေ့ကျင့်ပြီးပြီးချင်း၊ဆယ့်ငါးမိနစ်အတွင်းပရိုတိန်း
ရှိတ်တစ်ခွက်လောက်သောက်ဖြစ်အောင်သောက်ပါ။နံနက်စာကိုလည်းအထူးဂရုပြုပါ။
ကာဗိုဟိုက်ဒရိတ်=အင်အားအတွက်လိုအပ်သောလောင်စာ/ကြွက်သားများမလောင်ကျွမ်းအောင်တား
ဆီးပေးခြင်း။
ပရိုတိန်း=ကြွက်သားမျှင်များပြန်လည်တည်ဆောက်ခြင်း
 ၅---တစ်နေ့ ကို၈-နာရီရအောင်ယူပါ။
ခန္ဓာကိုယ်ကိုကြီးထွားလိုလျင်၊တစ်နေ့ ကိုအနည်းဆုံးရှစ်နာရီရအောင်အိပ်ပါ။နေ့ လည်ပိုင်းသို့ မဟုတ်၊
လေ့ကျင့်ခန်းပြုလုပ်ပြီးချိန်တွင်နာရီဝက်လောက်အိပ်ဖြစ်အောင်အိပ်ပါ။
အထက်ပါအချက်လေးများသည်လွယ်လွန်းသော်လည်း၊ကျင့်ကြံရန်ခက်ခဲသောအချက်လေးများဖြစ်
သည့်အတွက်အထူးဂရုပြုလိုက်နာပါဟုတိုက်တွန်းအကြံပြုရင်း---
လေးစားလျက်--
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com
IRON MAN MAGAZINE ၏လေ့ကျင့်နည်းပရိုဂရမ်-2-3-4
ယခုတင်ဆက်ပေးထားသောဆောင်းပါးသည်ကိုသီဟကျော်ဆန်းရေးသားထားသော IRON MAN MAGAZINE ၏လေ့ကျင့်နည်းပရိုဂရမ်-၁ ၏အဆက်ဖြစ်ပါသည်။ကိုသီဟအနေနှင့်ဤဆောင်းပါး
ကိုပို့ ထားသည်မှာကြာပြီဖြစ်သော်လည်းကျွန်တော်မအားလပ်၍အတင်နောက်ကျခြင်းဖြစ်ပါသည်။
ဤပရိုဂရမ်သည်ကာယဗလပရိုဂရမ်ကောင်းတစ်ခုဖြစ်သည့်အတွက်လိုက်နာလေ့ကျင့်သင့်ပါကြောင်း
ကိုတင်ပြအပ်ပါသည်။
WORKOUT (2) BACK, FOREARM
ဒုတိယနေ. နောက်ကျောကြွှက်သား နှင်. လက်ဖျံ
နောက်ကျောကြွှက်သားထောင်.စုံထိရောက်စေသော ဘားရှည်၊ဘားတို၊ကြိုးစသည်တို.နှင်.လက်အဖြောင်.ဆွဲ၊လက်အကျဉ်းဆွဲသောလေ.ကျင်.ခန်းများ
လက်ဖျံလေ.ကျင်.ခန်းများ ပါဝင်ပါသည်။
PULLDOWN (Xrep)
ရင်ဘတ်သို.ဆွဲချ (၃ကျော.။ ၁၀×၈×၆)
PARAELL GRIP CHIN (X REP)
မျဉ်းပြိုင်ဘားဆွဲ  (၂ကျော.၊ ၁၅×၁၂)
DUMBELL PULLOVER
ဘားတိုပူးဆွဲ ( ၁ကျော.၈-၁၀)
UNDERGRIP PULLDOWN
    လက်အကျဉ်းကိုင်ဆွဲချ (၁ကျော. ၈-၁၀)
MACHINE PULL DOWN
စက်ဖြင်.ဆွဲချ (၁ကျော. ၈၊၁၀)
ROPE ROW
ကြိုးနှင်.လှေလှော် ( ၁ ကျော. ၈၊၁၀)
STIFF ARM PULLOVER
လက်အဖြောင်.ပူးဆွဲ (၁ကျော. ၈၊၁၀)
ROPE ROWS
ကြိုးနှင်.လှေလှော် ( ၁ ကျော. ၈၊၁၀)
MACHINE ROWS (X REP)
  စက်ဖြင်.    လှေလှော် ( ၃ ကျော. ၈၊×၁၀×၊၆)
BEHIND THE NECK PULLDOWN
လည်ပင်းနောက်သို.ဆွဲချ ( ၁ကျော. ၈-၁၀)
BENT ARM BENT OVER LATERAL
               ( ၁ကျော. ၈-၁၀)
WIDE GRIP CABEL ROW (X REP)
လက်အကျဲကေဘယ် လှေလှော် ( ၁ကျော. ၈-၁၀)
SHRUG( X REP)
ပုခုံး(ဆုံ)ကျုံ. ( ၂ကျော. (၁၂×၉)
CABEL UPRIGHT ROW
ကေဘယ် ကြိုးနှင်.အပေါ်သို.ဆွဲ တင် ( ၁ကျော. ၈-၁၀)
CABEL HIGH ROW
                    ( ၁ကျော. ၈-၁၀)
CABEL UPRIGHT ROW
ကေဘယ် ကြိုးနှင်.အပေါ်သို.ဆွဲ တင် ( ၁ကျော. ၈-၁၀)
ALTERNATE DUMBELL FRONT RAISES
ဘားတိုအရှေ.သို.မြှောက် ( ၁ကျော. ၈-၁၀)
DUMBELL REVERSE WRIST CURL
ဘားတိုနှင်.နောက်ပြန်လက်ဖျံကွေး ( ၁ကျော.၁၂)
FOREARM BAR REVERSE WRIST CURLS
ဘားတိုနှင်. လက်ဖျံကွေး( ၁ကျော. ၈-၁၀)
FORE ARM ROCKERS
( ၂ကျော.၁၇)
FOREARM BAR REVERSE WRIST CURLS
ဘားတိုနှင်. လက်ဖျံကွေး( ၁ကျော. ၈-၁၀)
WORKOUT (3) QUADS, HAMSTRING LOWER BACK
 ပေါင်ေ၇ှ.သား၊ပေါင်နောက်သားနှင်.ခါးအောက်ပိုင်းကြွှက်သား များအတွက်လေ.ကျင်.ခန်းများကို ပြန်ကျော.ကစားပြီးအနည်းငယ်ကွဲပြားသောလေ.ကျင်.ခန်းများပါ
ဝင်ပါသည်။
LEG EXTENSION (WARM UP)
ပေါင်ရှေ.သားဆန်.( ၁ကျော. ၁၈-၂၀)
MACHINE HACK SQUATS 
စက်ဖြင်.ဟတ်အောက်ပိုင်းထိုင် ( ၃ကျော. ၁၀-၈-၇)
OLD STYLE HACK SQUATS
ပုံမှန် ဟတ်အောက်ပိုင်းထိုင် (၂ကျော. ၁၅-၁၂)
LEG EXTENSIONS(X REP)
ပေါင်ရှေ.သားဆန်.( ၁ကျော. ၉-၁၂)
LEG EXTENSIONS
ပေါင်ရှေ.သားဆန်.( ၁ကျော. ၉-၁၂)
DUMBELL WALKING LUNGES
ဘားတိုကိုင်လမ်းလျှောက် ( ၁ကျော. ၁၂)
HYPER EXTENSIONS (X REP)
မှောက်လျှက် ကိုယ်အပ်ါပိုင်းကြွှ ( ၃ကျော. ၁၀၊၁၂)
HYPER EXTENSIONS
မှောက်လျှက် ကိုယ်အပ်ါပိုင်းကြွှ (၂ကျော. ၁၅၊၁၂)
LEG CURLS (X REP)
မှောက်လျက်ပေါင်ကွေးတင်( ၁ကျော.၉။၁၂)
WIDE –STANCE LEG CURLS (XREP)
အကျယ် မှောက်လျက်ပေါင်ကွေးတင် (၁ကျော. ၈၊၁၀)
LEG CURLS (DROP)
မှောက်လျက်ပေါင်ကွေးတင် (၁ကျော. ၉ (၆))
WORK OUT (4) DELTS, TRICEPS, BICEPS
ပုခုံး၊ လက်မောင်းနောက်သား၊ လက်မောင်းရှေ.သား
လေ.ကျင်.ခန်းတစ်မျိုးလျှင်၁ကျော.၂ကျော. သာကစားသော်လည်းလေ.ကျင်.ခန်းအမျိုးအမည်များများပါဝင်ပါသည်။
DUMBELL UPRIGHT ROW (X REP)
ဘားတိုမေးစေ.သို.ဆွဲတင် (၃ကျော. ၈-၁၀)
LATERAL RAISES
ဘားတိုဘေးဘက်မြှောက် (၂ကျော. ၈-၁၀)
SMITH MACHINE BEHIND THE NECK PRESS
စမစ်စက်ဖြင်.ပုခုံးနောက်တွန်းတင် ( ၂ကျော. ၈-၁၀)
INCLINE ONE ARM LATERAL RAISES
ခုံစောင်းမှီလက်တစ်ဘက်ဘေးတိုက်ပုခုံးမြှင်. ( ၁ကျော.၁၀-၁၂)
LEANING ONE ARM LATERAL RAISES
လက်တစ်ဘက်ဘေးတိုက်ပုခုံးမြှင်. ( ၁ကျော.၈-၁၀)
ONE ARM CABEL LATERAL RAISES
ကေဘယ်ဖြင်.ဘေးတိုက်ပုခုံ့းမြှင်.  (၁ကျော.၈-၁၀)
LEANING ONE ARM LATERAL RAISES
လက်တစ်ဘက်ဘေးတိုက်ပုခုံးမြှင်. ( ၁ကျော.၉-၁၂)
OVERHEAD LATERAL RAISES
(ခေါင်းပေါ်ထိ)ဘေးတိုက်ပုခုံးမြှင်. (၁ကျော. ၁၂-၁၅)
BENT OVER LATERAL RAISES
ခါးကိုင်းဘေးတိုက်ပုခုံးမြှင်.( ၂ကျော. ၁၀-၁၅)
DUMBELL CLOSE –GRIP BENCH PRESS (X REP)
လက်အကျဉ်းဘားတိုအိပ်လျက်တွန်း (၃ကျော.၁၀-၈-၆)
DECLINE EXTENSION (X REP)
ခုံဒီဂလိုင်း လက်မောင်းနောက်သားဆန်. (  ၂ကျော. ၁၅-၁၂)
ROPE PUSHOUT(  DROP),(XREP))
ကြိုးနှင်.လက်မောင်းနောက်သားဆွဲချ (၁×၈(၆))
REVERSR GRIP KICK BACKS
နောက်ပြန် လက်မောင်းနောက်သားဆန်. (၁ကျော. ၈-၁၀)
BENCH DIPS
ခုံရှည်ဒိုက်ထိုး ( ၁ကျော.၈-၁၀)
KICK BACKS
 လက်မောင်းနောက်သားဆန်. (၁ကျော. ၈-၁၀)
ELBOW FLARED PUSHDOWNS
    လက်မောင်းနောက်သားဆွဲချ ( ၁ကျော. ၈-၁၀)
PREACHER CURL OR UNDERGRIP CHIN
CABEL CURL
ခုံစောင်းလက်မောင်းရှေ.သားကွေး(သို.) မျဉ်းပြိုင်ဘားလက်မောင်းရှေ.သားဆွဲ ( ၃ကျော.၈-၁၀)
CONCENTRATION CURLS (DROP)
လက်မောင်းရှေ.သား ကွန်ဆန်ထရေးရှင်း ဆွဲ ( ၂ကျော. ၉(၆))
INCLINE HAMMER CURLS
ခုံစောင်းနှင်. ဟမ်းမားလက်မောင်းးဆွဲ ( ၁ကျော. ၈-၁၀)
CABEL HAMMER CURLS
ကေဘယ်နှင်. ဟမ်းမားလက်မောင်းးဆွဲ ( ၁ကျော. ၈-၁၀)
ဖော်ပြပါလေ.ကျင်.ခန်းပရိုဂရမ်ကိုစမ်းသပ်ကစားသူများကြီးထွားတိုးတက်မှုရှိကြောင်းတောက်ခံမှုများစွာရရှိ
သောလေ.ကျင်.နည်းအတွဲဖြစ်သည်ဟု iron man သုတေသန မှညွှန်းဆိုပါသည်။
 REFERENCE -
(  IRON MAN TRAINING & RESEARCH CENTRE)
for program no.one read here-
စိုင်းသီဟကျော်စန်း
email---thihakyawsan@gmail.com
phone----၀၉-၅၂၄၀၁၄၅
http://www.facebook.com/thihakyawsan
Sunday, July 7, 2013
အစ္စလာမ်အားကစားသမားများနှင့်Ramadan
ကမ္ဘာတစ်ဝှမ်းလုံးမှလူဦးရေသန်းတစ်ထောင့်သုံးရာကျော်သည်မိမိတို့ သက်ဝင်ယုံကြည့်အစ္စလာမ်
သာသနာ၏အမိန့် ပညတ်ချက်တစ်ခုဖြစ်သည့်ဥပုဒ်သီလစောင့်တည်ရမည့်Ramadan ဥပုဒ်လဆိုက်
ရောက်လာမည့်အချိန်ကိုဝမ်းမြောက်ပျော်ရွင်စာစောင့်စားနေကြသည်။ထိုအစၥလာမ္ဘာသာ၀င္မ်ား
တွင်ကမ္ဘာ့နယ်ပယ်အသီးသီးမှအထင်ကရပုဂ္ဂိုလ်များပါဝင်သလို၊အာဏာရှင်များ၊ပညာရှင်များ၊အခြေ
ခံဝန်ထမ်းလူတန်းစားနှင့်နယ်ပယ်အသီးသီးမှအားကစားသမားများလည်းပါဝင်ကြပေသည်။
ထိုအစ္စလာမ့်ဥပုဒ်သည်နံနက်နေမထွက်မှီမှစတင်၍ညနေနေ၀င်ပြီးသည်အထိတစ်နေ့လျင်ဆယ့်သုံး
နာရီမှဆယ့်လေးနာရီနီးပါးကြာမြင့်သည့်အတွက်ထိုမျှကာလအတွင်းမည်သည့်အရည်၊အဖတ်မှမမှီ
ဝဲရခြင်းကြောင့်အားကစားသမားများ၏အားကစားစွမ်းရည်နှင့်သက်လုံ၊ခွန်အားအပေါ်သက်ရောက်မှု
အချို့ တော့ရှိပေသည်။အထူးသဖြင့်အာဟာရအားကိုအထူးပြုထားသောကာယဗလအားကစားသမား
များအတွက်အတော်လေးအကျပ်ရိုက်နိုင်သည့်အနေအထားပင်ဖြစ်သော်လည်းထင်သလောက်ဆိုး
ကျိုးမရှိကြောင်းကိုမြန်မာဖစ်တနက်စ်တွင်ကျွန်တော်ဆောင်းပါးများကိုအထောက်အထားများနှင့်တင်
ဆက်ခဲ့ပြီးဖြစ်သည်။
 ပထမဦးစွာအာဟာရအကြောင်းကိုအနည်းငယ်ပြောလိုပါသည်။ဤဥပုဒ်လတွင်နံနက်ဥပုဒ်ထမင်းစား
သုံးချိန်တွင်ကာယဗလမောင်တစ်ယောက်အနေနှင့်၊တဖြည်းဖြည်းချင်းကြေညက်သော၊အမျှင်ဓါတ်များ
သည့်အာဟာရများ၊အရွက်များနှင့်ပရိုတိန်းများအနေနှင့်တော့ကြက်သား၊ဥ၊အမဲသားစသည်တို့ ကိုအ
ထူးပြုမှီဝဲသင့်သည့်အပြင်ဖြည့်စွက်ကာယဗလဆေးအနေနှင့်မူ Ceasin protein ကိုရွေးချယ်မှီဝဲပါ။
အဆီကိုတော့အထူးရှောင်ရှားသင့်ပါသည်။ဥပုဒ်လွှတ်ချိန်တွင်တော့အလျင်အမြန်ကြေလွယ်သောအာဟာရ
များ၊နှင့်whey protein နှင့် creatine များကိုပေါင်းစပ်မှီဝဲသင့်ပါသည်။နောက်ထပ်သုံးနာရီအကြာ
တွင်တော့ပရိုတိန်းများများပါသောအစားများနှင့်ကာဗိုဟိုက်ဒရိတ်ကိုမှီဝဲပါ။အကယ်၍လေ့ကျင့်ခန်းပြု
လုပ်လိုပါကဥပုဒ်လွှတ်ချိန်နှင့်ထိုအာဟာရမမှီဝဲမှီကြားတွင်ပြုလုပ်ပါ။ရေများများသောက်ပါ။ကျွန်တော့်
အမြင်တွင်တော့ဤဖော်မြူလာသည်ကြွက်သားများလောင်ကျွမ်းခြင်းမှကာကွယ်ရန်အကောင်းဆုံးဖြစ်
သည်။
လေ့ကျင့်ခန်းများနှင့်ပါတ်သက်ပြီး၊အလ်ဂျီးရီးယားမှပရော်ဖက်ရှင်နယ်အစ္စလာမ်ဘောလုံးကစားသမား
55-ဦးကိုလေ့လာကြည့်ရာအောက်ပါအတိုင်းတွေ့ ရသည်။ထိုဘောလုံးသမားများသည်၊Ramadan တစ်လအတွင်းတွင်၊လျင်မြန်မှုစွမ်းရည်၊0.05သာကျဆင်းသွားသည်ကိုတွေ့ ရသော်လည်းအားကစား
သမား 70%ကမူ၎င်းတို့ ၏စွမ်းရည်မှာသိသိသာသာလျော့ကျသွားသလိုခံစားရကြောင်း၊ပြောခဲ့ကြ၏။
သို့ သော်ထိုတစ်လအပြီးနောက်ပိုင်းတစ်ပါတ်အတွင်းမှာပင်မိမိတို့ ၏စွမ်းရည်များပိုမိုတိုးတက်လာ
ကြောင်းကို၎င်းတို့ ကိုယ်တိုင်ဝန်ခံကြသည်။ထိုသို့ ဖြစ်ရသည့်အခြေခံအကျဆုံးသောအချက်မှာအိပ်ချိန်
နည်းပါးသွားခြင်းကိုဂရုမမူမိခြင်းပင်ဖြစ်သည်။အားကစားသမားများသည်ထိုလတွင်အိပ်ချိန်ကိုအထူးဂရုပြု
ပါမူရလဒ်ကောင်းနိုင်ပါသည်။ထို့ အပြင်ထိုဥပုဒ်လတွင်တစ်လလုံးလေ့ကျင့်ခန်းမပြုလုပ်သင့်ပါ။
ပထမနှစ်ပါတ်ကိုသာလေ့ကျင့်ခန်းပြုလုပ်ပါ။ထိုသို့ မဟုတ်ပါက၊ပထမပါတ်နှင့်တတိယပါတ်ကိုလေ့ကျင့်
ပြီးဒုတိယပါတ်နှင့်စတုတ္ထပါတ်ကိုအနားယူပါ။
REFERENCES
Sweileh N, Schnitzler A, Hunter GR, et al. Body composition and energy metabolism in resting and exercising Muslims during Ramadan fast. J Sports Med Phys Fit 1992;32:156–63.
Rosch D, Godgson R, Peterson TL, et al. Assessment and evaluation of football performance. Am J Sports Med 2000;28 (Suppl 5) :S29–39.
Martin BJ. Effect of sleep deprivation on tolerance of prolonged exercise. Eur J Appl Physiol Occup Physiol1981;47:345–54.
Bangsbo J, Mohr M, Krustrup P. Physical and metabolic demands of training and match-play in the elite football player. J Sports Sci2006;24:665–74.
Roky R, Houti I, Moussamih S, et al. Physiological and chronobiological changes during Ramadan intermittent fasting. Ann Nutr Metab 2004;48:296–303.
Roky R, Iraki L, Hajkhlifa R, et al. Daytime alertness, mood, psychomotor performances, and oral temperature during Ramadan intermittent fasting. Ann Nutr Metab 2000;44:101–7.
ကျွန်တော်မြန်မာဖစ်တနက်စ်တွင်တင်ဆက်ခဲ့ဖူးသော၊ဆောင်းပါးနှစ်ပုဒ်ကိုပြန်လည်ဖတ်ရှုနိုင်ရန်
တင်ဆက်ပေးလိုက်ပါသည်။
 အစ္စလာမ် ကာယဗလသမားများ ဥပုဒ်လအတွင်း ကာယဗလ လေ့ကျင့်သင့်ပါသလား?
ကျွန်တော် နိုင်ဦး-119 သည် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် အားလျော်စွာ၊ ကျွန်တော့်
အား သိရှိကြကုန်သော နိုင်ငံတစ်ကာရောက် အစ္စလာမ်ဘာသာဝင် ကာယဗလ လေ့ကျင့်လိုက်
စားကြသော သူငယ်ချင်းများ၊ ကျွန်တော်တို့ ဆိုက်မှ မင်ဘာများနှင့် ကျွန်တော့် တပည့်လေးများက
ယခုကဲသို့ အစ္စလာမ် ဘာသာဝင်များ အထွတ်အမြတ်ထားသော ဥပုဒ်လရောက်သည်နှင့် မေး
တတ်ကြသည်မှာ၊ ဥပုဒ်လအတွင်း ကာယဗလ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါသလား။ မိမိတို့ 
၏ဘော်ဒီကျမသွားအောင်မည်ကဲ့သို့ ပြုမူနေထိုင်သင့်သနည်းစသောအများကြားဖူးနေကြ
မေးခွန်းလေးများအပြင်ဘာသာရေးအနည်းငယ်လေးစားသူများကလည်းအစ္စလာမ်သာသနာတွင်
ကာယဗလလေ့ကျင့်လိုက်စားခြင်းကိုခွင့်ပြုပါသလားဟုမေးလေ့ရှိကြပါသည်။ထိုသူများ
အားလုံးကိုတပြိုင်တည်းအဖြေပေးရန်ကျွန်တော့်တွင်အခက်အခဲလေးများရှိခဲ့သောကြောင့်
မျက်နှာခြင်းဆိုင်မေးသူများကိုသာအလျဉ်းသင့်သလိုဖြေကြားခဲ့ပါသည်။အဝေးရောက်သူငယ်
ချင်းများအတွက်ကိုကားများစွာအခက်အခဲရှိခဲ့ပါသည်။ကမ္ဘာကျော်ကာယဗလဆိုက်များတွင်တောင်မှ
ဘာသာရေးနှင့်နွယ်သောကာယဗလဗဟုသုတကိုပေးနိုင်စွမ်းမရှိကြပါ။
ကဲ-အခုတော့အမေးများကိုတစ်ခုစီစတင်ဖြေကြားသွားပါမည်။
 ပထမဦးဆုံးအနေနှင့်နောက်ဆုံးမေးခွန်းကိုစတင်ဖြေကြားပါမည်။အစ္စလာမ်သာသနာသည်
လူသားများ၏ကိုယ်နှင့်စိတ်ကိုကျန်းမာစေသောမည်သည့်လေ့ကျင်ခန်း၊ကစားနည်းကိုမဆိုခွင့်ပြု
ပါသည်။လုံးဝခွင့်ပြုပါသည်။ဥပမာ-ရေကူး၊မြင်းစီး၊မြှားပစ်၊လက်ဝှေ့ ဘောလုံးနှင့်ကာယဗလ
တို့ ဖြစ်သည်။အထူးသဖြင့်ကာယဗလသမားများမှတ်သားထားရမည်မှာကျွန်တော်တို့ ၏သာသ
နာသည်လူသားအကျိုးပြုသာသနာဖြစ်သောကြောင့်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်
သောစတီးရွိုက်(တားမြစ်ဆေး)သုံးခြင်းကိုတော့လုံးဝခွင့်မပြုပါ။ထို့ အပြင်ကာယဗလလေ့ကျင့်
ပြီးနောက်ရရှိလာသောဘော်ဒီအားကိုးဖြင့်လူအများကိုစော်ကားမော်ကားပြုမူခြင်း၊အနိုင်အ
ထက်ပြုခြင်းများကိုလည်းလုံးဝခွင့်မပြုပါ။ထို့ ထက်ပို၍ရှင်းမပြတော့ပါ။အကျယ်တ၀င့်ရှင်းပြပါ
ကအားကစားဆောင်းပါးမှဘာသာရေးဆောင်းပါးဖြစ်သွားပါလိမ့်မည်။ထို့ ကြောင့်နောက်
အမေးတစ်ခုကိုထပ်မံရှင်းပြပါမည်။
—ကျွန်တော့်အမြင်ကိုပြောရလျင်အစ္စလာမ်ဘာသာဝင်များအနေဖြင့်ဥပုဒ်လအတွင်းကာယဗ
လလုံးဝမလေ့ကျင့်သင့်ပါ။အဘယ်ကြောင့်ဆိုသော်ကျွန်တော်အမြဲပြောခဲ့ဖူးသည်မှာကာယဗ
လ၏အသက်မှာအာဟာရဖြစ်သည်။အာဟာရသည်ရှစ်ဆယ်ရာခိုင်နှုန်းအရေးပါပြီးလေ့ကျင့်
ခန်းသည်နှစ်ဆယ်ရာခိုင်နှုန်းသာအရေးပါသည်ကိုတင်ပြခဲ့ပြီးဖြစ်ပါသည်။ဥပုဒ်လသည်နေ
ထွက်မှနေ၀င်အစာအငတ်ခံရသောကြောင့်သင့်ကိုယ်တွင်းဇီဝဖြစ်ပျက်မှု များနှေးကွေးနေပြီး၊
ကြွက်သားများအနေဖြင့်အပြည့်အ၀အားပြန်လည်မပြည့်နိုင်ပါ။လေ့ကျင့်ခန်းများပြုလုပ်ခြင်း
ကြောင့်သင့်ကိုယ်တွင်းဇီဝဖြစ်ပျက်မှု့ များသာမာန်ထက်ပိုမြန်လာသောကြောင့်ကိုယ်တွင်း
ဇီဝယန္တရားလည်ပတ်နိုင်စေရန် အတွက်လောင်စာအဖြစ်သင့်ကိုယ်တွင်းသိုလှောင်ထားသော
ဂလိုက်ကိုဂျင်ဓါတ်နှင့်အသားဓါတ်များကိုအသုံးပြုရသည်။ထိုဖြစ်စဉ်ဖြစ်ပျက်ချိန်တွင်သင်သည်
ဥပုဒ်စောင့်ထားပါကထိုဓါတ်များကိုမထောက်ပံ့ပေးနိုင်ပေ။ထိုအခါသင့်ကြွက်သားများကို
လောင်စာအဖြစ်အသုံးပြုရပေတော့မည်။ထို့ ကြောင့်သင်ခက်ခက်ခဲခဲကြိုးစားရှာဖွေထားသော
ကြွက်သားထုထည်မှာပျောက်ကွယ်သွားပြီးသင့်ဘော်ဒီမှာလည်းအာနိုးဘော်ဒီမှဘရုစ်လီဘော်ဒီသို
့အသွင်ပြောင်းသွားရပေတော့သည်။ထိုအခါသင်ကဥပုဒ်စောင့်ခြင်းကြောင့်ဘော်ဒီတော့
သွားပါပြီဟုငြီးတွားကောင်းငြီးတွားပေလိမ့်မည်။အမှန်မှာဥပုဒ်စောင့်ခြင်းကြောင့်လုံးဝမဟုတ်ပါ။
ဥပုဒ်လအတွင်းအရင်အချိန်ကအတိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်သောကြောင့်ဖြစ်သည်။အမှန်
မှာဥပုဒ်လတွင်သင်သည်သာမာန်အချိန်ထက်ကယ်လိုရီလျော့ပြီးစားသုံးရသောကြောင့်ထိုအ
ချိန်တွင်လေ့ကျင့်လိုပါကယခင်ကလေ့ကျင့်ခဲ့သောအလေး၊အကြိမ်၊အကျော့၏လေးပုံတစ်ပုံသို့ 
မဟုတ်သုံးပုံတစ်ပုံဖြင့်သာလေ့ကျင့်သင့်ပါသည်။ကစားရက်ကိုလည်းတစ်ပါတ်လျင်သုံးရက်
လောက်သာကစားသင့်ပါသည်။ထို့ ကြောင့်သင်သည်ဥပုဒ်လတွင်ထုတင်ရန်မကြိုးစားသင့်ပါ။
ထို့ အတူလက်ရှိဘော်ဒီကိုထိန်းထားရန်ကတော့ဖြစ်နိုင်ပါသည်။အကယ်၍သင်သည်တစ်နှစ်
ပါတ်လုံးပြင်းပြင်းထန်ထန် လေ့ကျင့်ထားသူဖြစ်ပါကဤလမြတ်တွင်လုံးဝအနားယူခြင်းကြောင့်
သင့်ကြွက်သားများကိုလုံးဝအနားပေးရာရောက်ပါသည်။ထို့ အပြင်တစ်လလောက်နားခြင်း
ကြောင့်သင့်မှာကြွက်သားထုထည်မည်မျှမှဆုံးရှုံးသွားမည်မဟုတ်ပါ။စိတ်သာအဓိကဖြစ်ပါသည်။ထို
့အပြင်သင်သည်ပြိုင်ပွဲဝင်ကာယဗလသမားလည်းမဟုတ်ပေ။ဒါပေမဲ့လူစိတ်သည်ပြောရ
ခက်ပါသည်။ဥပုဒ်လည်းစောင့်ချင်သည်။ဘော်ဒီလည်းမကျလိုပေ။မိတ်ဆွေလူ့ လောကတွင်
အရာနှစ်ခုကိုတစ်ပြိုင်တည်းရယူရန်မှာမဖြစ်နိုင်ပေ။တစ်ခုကိုအားသာလျင်တစ်ခုကအားနည်း
သွားမြဲဖြစ်သည်။သို့ သော်မကစားရလျင်မနေနိုင်သူများနှင့်ဘော်ဒီကိုထိန်းထားလိုသူများအ
တွက်လာမည့်ပြည်နယ်တိုင်းကာယဗလပြိုင်ပွဲတွင် ၆၀ -ကီလိုတန်းမှဝင်ပြိုင်မည့်ကျွန်တော့်၏
အစ္စလာမ်သူငယ်ချင်းတစ်ဦးအတွက်ကျွန်တော်ရေးဆွဲပေးထားသောဘော်ဒီအထိန်းပရိုဂရမ်ကို
တင်ပြပေးလိုက်ပါသည်။သင်တို့ အနေနှင့်ကတော့ကစားနည်းတစ်မျိုးကိုနှစ်ကျော့သာကစား
ပါဟုအကြံပြုလိုက်ပါသည်။ကျွန်တော်ပရိုဂရမ်နှစ်ခုပေးလိုက်ပါသည်။
ပရိုဂရမ်-၁
လေ့ကျင့်ခန်း                                                                အကြိမ်                         အကျော့
ပေါင်ရှေ့ ကန် (leg extension)                                        -12 ကြိမ်                      2ကျော့
ဘားတိုရင်အုပ်ဖလိုင်း                                                   -12 ကြိမ်                      2ကျော့
(dumbbell fly)
ဘားတိုဘေးတိုက်ငှက်ပျံ-12 ကြိမ်                      2ကျော့
(dumbbell lateral raise)
ခေါင်းနောက်တန်းခို                                                      -12 ကြိမ်                      2ကျော့
(chin up behind the neck)
စက်သီးကြိုးလက်မောင်းရှေ့ ကွေး                                    -12 ကြိမ်                      2ကျော့
(cable curl)
ဘားတိုလက်မောင်းနောက်တစ်ဖက်ချင်းဆန့်                    -12 ကြိမ်                      2ကျော့
(single arm dumbbell extension)
အလေးလွတ်မတ်တပ်ရပ်ခြေဖျားထောက်ကြွ                    -12 ကြိမ်                       2ကျော့
(free weight bench calf raise)
အိပ်ထမတင်                                                                -25ကြိမ်                       2ကျော့
(crunch)
ပရိုဂရမ်-၂
လေ့ကျင့်ခန်း                                                 အကြိမ်                                     အကျော့
ပက်လက်အိပ်ကန်                                            12                                            2
(leg press)
ဘားတိုရင်အုပ်တွန်း                                         12                                            2
(dumbell press)
ဘားရှည်စုံနောက်တွန်း                                     12                                            2
(behind the neck press)
စက်သီးကြိုးခေါင်းနောက်ဆွဲချ                            12                                            2
(lat pulldown )
ပက်လက်အိပ်ဘားရှည်နဖူးပေါ်ချ                        12                                            2
(barbell tricep extension)
ဘားတိုခုံစောင်းမှီလက်မောင်းရှေ့ ကွေး               12                                            2
(dumbell peacher curl)
လက်ဖျံကွေး                                                    12                                            2
(wrist curl)
စက်ဖြင့်ခြေသလုံးကြွ                                        12                                            2
(smith machine calf raise)
v- up                                                             25                                            2
(v –up ဆိုသည်မှာပက်လက်အိပ်ပြီးခြေဖျားများ
နှင့်ကိုယ်အပေါ်ပိုင်းကိုတပြိုင်တည်း v ပုံစံဖြစ်အောင်
ကြွခြင်း။ဝမ်းဗိုက်သားတစ်ပြင်လုံးကိုထိစေသည်။)
ကဲအခုပရိုဂရမ်ပေးပြီးပြီ။ဘယ်ရက်တွေမှာကစားရမလဲဆိုတာနမူနာပုံစံလေးချပြမယ်။
ပထမ—ပရိုဂရမ် -1
ဒုတိယနေ့ — နား
တတိယနေ့ —ပရိုဂရမ်-2
စတုထ္တနေ့ —နား
ပဉ္စမနေ့ —-ပရိုဂရမ် -1
ဆငှမနေ့ —နား
သတ္တမနေ့ —-နား
အငှမနေ့ —ပရိုဂရမ် -2
ပရိတ်သက်ကြီးခင်ဗျားတို့ သိချင်တာလေးတွေမေးနိုင်ပါတယ်။ပြီးတော့ပြန်ဖြေတာနောက်ကျ
ရင်ဆောရီးပါဗျာ။ကျွန်တော်သိပ်မအားလို့ ပါ။ဒါပေမဲ့စိတ်မပူပါနဲ့ ။ခင်ဗျားတို့ ကိုကျွန်တော်အ
သေအချာပြန်ဖြေမှာပါ။
တစ်နေ့ ခြောက်နပ်မှဖြစ်မှာလား?
 ယနေ့ ခေတ်ကာယဗလနှင့်ကြံ့ခိုင်မှုအကြောင်းလေ့လာလိုက်စားကြသူတိုင်းသည်၊တစ်နေ့ လျင်ငါးနပ်
မှခုနှစ်နပ်အထိအနပ်ငယ်တိုင်းကိုပရိုတိန်းများ၊အမျှင်များသောကာဗိုဟိုက်ဒရိတ်များနှင့်ကောင်းသော
အဆီများကို ပါဝင်မျှတအောင်မှီဝဲသင့်ကြောင်းကိုကြားဖူးကာယဉ်ပါးနေပြီဖြစ်သည်။တစ်ချို့ ကလည်း
အငတ်ခံမှသာအဆီကျမည်ဟုလက်ခံကာထင်သလိုအငတ်ခံနေကြသည်။အချို့ ကတော့တစ်ပါတ်ကို
နှစ်ရက်လောက်အာဟာရကိုအလွန်အကျူးထိန်းချုပ်ပြီး၊အချို့ ကတော့တစ်နေ့ တာ၏နောက်ဆုံးနှစ်နပ်
ကိုအငတ်ခံတတ်ကြသည်။
ယခုတင်ပြပေးမည့်ဆောင်းပါးလေးသည်ကားအငတ်ခံခြင်းသည်မည်သည့်ပုံစံဖြင့်သာကောင်းသည်၊
အငတ်ခံခြင်းကသင့်ကျန်းမာရေးနှင့်အားကစားစွမ်းဆောင်ရည်အပေါ်မည်သို့ သက်ရောက်စေသည်ကို
သိပ္ပံနည်းကျအထောက်အထားများနှင့်တင်ပြပေးမည်ဖြစ်သည်။အငတ်ခံခြင်းကိုလူအမျိုးမျိုးကခံယူ
ချက်အမျိုးမျိုးဖြင့်ဘာသာပြန်ကာကျင့်သုံးနေကြသော်လည်းအငတ်ခံခြင်းသည်အစားကိုကယ်လိုရီ
သုံးသည့်အငတ်ခံခြင်းသည်ကားပြတ်တောင်းပြတ်တောင်းအငတ်ခံခြင်းမျိုးဖြစ်ပြီးအချို့ ကားအာဟာ
ရလုံးဝဖြတ်ထားခြင်းဖြစ်သည်။
International Journal of Obesity ကပြတ်တောင်းပြတ်တောင်းအငတ်ခံခြင်းသည်ကိုယ်အလေးချိန်
လျော့ချခြင်း၊ကိုယ်တွင်းအင်ဆူလင်နိုးကြားမှုနှင့်ဇီဝဖြစ်စဉ်ဆက်စပ်မှုကိုအောက်ပါအတိုင်းအတိအကျ
အသေးစိတ်သုတေသနပြုလုပ်တင်ပြခဲ့သည်။သုတေသီများကစမ်းသပ်မှုတွင်ပါဝင်သူများကိုအုပ်စုနှစ်စုခွဲ
ကာထိုသူများကိုခြောက်လကြာအောင်စမ်းသပ်ရာတွင်ပထမအုပ်စုကိုနေ့ စဉ်ကယ်လိုရီအနည်းငယ်
စီအငတ်ခံစေပြီး၊ကျန်အုပ်စုတစ်ကိုတော့တစ်ပါတ်လျင်နှစ်ရက်လောက်ကယ်လိုရီများဖြတ်စေကာစမ်း
သပ်ကြည့်ခဲ့သည်။ပထမအုပ်စုကိုတော့နေ့ စဉ်စားသုံးသည့်ကယ်လိုရီပမာဏ၏နှစ်ဆယ့်ငါးရာခိုင်နှုန်း
ကိုလျော့ပြီးစားသုံးစေကာ၊ဒုတိယအုပ်စုကိုမူအငတ်ခံသောနှစ်ရက်တွင်တစ်နေ့ တာကယ်လိုရီ၏ 75%
အထိလျော့ချကာစားသုံးစေသည်။ရလာဒ်အနေနှင့်ကတော့ထိုအုပ်စုနှစ်ခုလုံးသည်ကိုယ်အလေးချိန်
လျော့ကျမှုနှုန်းသည်အတူတူပင်ဖြစ်ကာ၊ leptin, free androgen index, high-sensitivity
C-reactive protein, total and low-density-lipoprotein cholesterol, triglyceridesနှင့်သွေးပေါင်
ချိန်ကျပြီး sex-hormone-binding globulin, IGF-binding proteins 1 and 2 တို့ တိုးပွားလာသည်
ကိုတူညီစွာတွေ့ ရသော်လည်း၊ပြတ်တောင်းပြတ်တောင်းတစ်ပါတ်နှစ်ရက်အငတ်ခံသည့်ဒုတိယအုပ်စု
တွင်မူအင်ဆူလင်လျော့ကျမှုပိုများကြောင်းကိုတွေ့ ရသည့်အတွက်ပြတ်တောင်းပြတ်တောင်းအငတ်ခံ
ခြင်းကပိုကောင်းမွန်ကြောင်းကိုတွေ့ ခဲ့ရသည်။ (၁)။သို့ သော်ထိုစမ်းသပ်ချက်သည်အ၀လွန်သူ
များတွင်သာဖြစ်သည့်အတွက်လေ့ကျင့်ခန်းပြုလုပ်သူများတွင်မည်သို့ သောသက်ရောက်မှုရှိနိုင်
သည်ကိုသိလိုပါသေးသည်ဟုစောဒကတက်လိုကြပါကထပ်မံတင်ပြပေးပါဦးမည်။
ထိုသို့ ပြတ်တောင်းပြတ်တောင်းအငတ်ခံခြင်းသည်အစ္စလာမ်ဘာသာဝင်များဥပုဒ်အာရုဏ်တက်ချိန်မှ
နေ၀င်သည်အထိအငတ်ခံခြင်းနှင့်ထပ်တူပင်ဖြစ်သည့်အတွက်ဤဆောင်းပါးသည်ဥပုဒ်လတွင်ကာယဗ
လလေ့ကျင့်လိုသောလူငယ်များ၊မည်သို့ သောရလာဒ်များဖြစ်ပေါ်လာနိုင်သည်ကိုသိလိုသူများအတွက်
သိပ္ပံနည်းကျတင်ပြလို၍ရေးသားထားခြင်းဖြစ်သော်လည်း၊ဘာသာရေးနှင့်မဆိုင်သည့်အဆီချလိုသူများ
အတွက်လည်းအသုံးဝင်သည့်ဆောင်းပါးဖြစ်ကြောင်းကိုအာမခံပါသည်။သိပ္ပံပညာရှင်များကလေ့လာမှု
တွင်ပါဝင်သူများကိုဥပုဒ်လမတိုင်မှီနှင့်ဥပုဒ်လ၏နောက်ဆုံးအပါတ်တွင်စမ်းသပ်ကြည့်ြ့ခင်းဖြစ်သည်။
သုတေသီများက၊ကောင်းစွာလေ့ကျင့်သက်ရှိသူတာလတ်အပြေးသမားဆယ့်ရှစ်ဦးကို၊စမ်းသပ်ကြည့်
ခြင်းဖြစ်ပြီး၊ဥပုဒ်လ၏နောက်ဆုံးအပါတ်တွင်မူလည်းကောင်းအားကစားသမားများ၏နဂိုမူလခွန်အား
ထက်အနည်းငယ်ကျဆင်းသွားပြီး၊အားကစားစွမ်းဆောင်ရည်လည်းငါးရာခိုင်နှုန်းလောက်လျော့ကျ
သွားသည်ကိုတွေ့ ရသော်လည်း၊အမြင့်ဆုံးသောအေရိုးဗစ်ပါဝါနှင့်ကျွမ်းကျင်မှုကားလျော့ကျမသွား
ကြောင်းကိုအံ့သြဖွယ်ရာတွေ့ ရပေသည်။ထိုသုတေသနပြုချက်အရထိုကဲ့သို့ ပြတ်တောင်းပြတ်တောင်း
အငတ်ခံခြင်း(ဥပုဒ်စောင့်ခြင်း)သည်၊စွမ်းဆောင်ရည်မှအပကျန်မည့်သည့်ဆိုးကျိုးမျှမရှိကြောင်းကိုသိ
နိုင်ပါသည်။(၂)
ထို့ ကြောင့်ဤဆောင်းပါးသည်သင်ဥပုဒ်စောင့်၊ခြောက်နပ်မစားသော်လည်းဘာမှမဖြစ်ကြောင်းကိုအစ္စ
လာမ်ဘာသာဝင်များအတွက်တင်ပြသလိုအခြားသောအ၀လွန်သူများအတွက်လည်းဘာသာရေးမနွယ်
ဘဲအားကစားဘာသာရပ်အနေနှင့်သာမိမိတို့ လိုသလိုကောက်ယူထုတ်နှုတ်အသုံးပြုတတ်ပါကအကျိုး
ပြုနိုင်ပါကြောင်းကိုတင်ပြလျက်—–
Peace Be Upon You!
Ref: 1 Harvie, M.N., et al. (2011). The effects of intermittent or continuous energy restriction on weight loss and metabolic disease risk markers: a randomized trial in young overweight women. Int J Obes (Lond). 35(5):714-27.
2 Brisswalter, J., et al. (2011). Effects of Ramadan intermittent fasting on middle-distance running performance in well-trained runners. Clin J Sport Med. 21(5):422-7.
  လေးစားလျက်--
နိုင်ဦး---၁၁၉                         
Email---intensemuscle@gmail.com     
Email---muscleprofessor@gmail.com     
Email---myanmarfitnesstrainer@gmail.com
www.myanmarfitness.com