arial" action="like" colorscheme="light">

Sunday, August 10, 2014

နေမကောင်းဖြစ်ချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်သင့် သလား

အမေရိကန်မှ လေ့ကျင့်ရေးနည်းပြအမေရိကန်မှ လေ့ကျင့်ရေးနည်းပြ ဆရာဝန်တွေ ရဲ့ လေ့လာချက်တွေ အရ နေမ ကောင်းဖြစ်နေချိန်မှာ အားကစား ဒါမှ မဟုတ် လေ့ကျင့်ခန်းပြု လုပ်သင့် မသင့်ဆိုတာ ဟာ သင်ဖြစ်ပေါ်နေ တဲ့ ရောဂါအခြေအနေ နဲ့ ခံစားချက်ပေါ်မှာ မူတည်နေပါတယ် လို့ဆိုပါတယ်။ လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်တော့ နာမကျန်း ဖြစ်ဖူးကြမှာ ပါ။ တစ်ချို့ဆိုရင်တစ်နှစ်ကိုနှစ်ကြိမ်ဒါမှမဟုတ် သုံးကြိမ်လောက် နေမကောင်းဖြစ်တတ် ကြပါတယ်။ သင် ခံစားနေရတဲ့ဝေဒနာအမျိုး အစားပေါ်မူတည်ပြီး လေ့ကျင့်ခန်းပြု လုပ်သင့်မသင့် ဆုံးဖြတ်နိုင်ပါတယ်။

၁။ ပခုံးအထက်ပိုင်း နာမကျန်းမှုမျိုးအနေ နဲ့ ဥပမာ နှာစေးတာမျိုး၊ လည်ချောင်း နာတာ လိုမျိုး၊ ချောင်းဆိုးတာ လိုမျိုး၊ ခေါင်းကိုက်တာလိုမျိုးလောက်ဆိုရင် တော့ လေ့ကျင့်ခန်းပြုလုပ်လို့ အဆင်ပြေ တဲ့ အခြေအနေမျိုးပါ။ ပုံမှန်လေ့ကျင့် ခန်းပြုလုပ်ရင်း သင့်ခန္ဓာကိုယ်ကဖြစ်ပေါ် လာတဲ့ ခံစားမှုနဲ့အကျိုးရလဒ်ကောင်း တွေကြောင့် ခံစားမှုကို ပိုပြီးကောင်းစေ နိုင်ပါတယ်။

၂။ သင်ပင်ပန်းနွမ်းနယ်ပြီး အားအင်ချည့် နဲ့နေသလို

ခံစားနေရတယ်ဆိုရင်လည်း လေ့ကျင့်ခန်းပြုလုပ်ပေးတာက သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။ လမ်းလျှောက် တာ၊ စက်ဘီးစီးတာမျိုးတွေကြောင့် သွေး လည်ပတ်မှုကို ကောင်းစေပြီး ပုံမှန်လှုပ် ရှားမှုရှိတဲ့ လေ့ကျင့်ခန်းတွေကြောင့် စိတ် ကို ပြန်လည်လန်းဆန်းစေကာ စွမ်းအင် တွေရရှိစေပါတယ်။

၃။ သင့်ပခုံး အောက်ဘက်က ပြဿနာ ဥပမာ ဗိုက်အောင့်တာ၊ ရင်ဘတ်ထဲက စူးပြီးအောင့်တာမျိုး၊ အော့အန်နေတာ မျိုးတွေဆိုရင်တော့ သင်ဖြစ်နေတဲ့ ရောဂါ ဝေဒနာကိုအရင်ဆုံးသက်သာအောင်ဖြည်း ဖြည်းချင်းအချိန်ယူပေးဖို့လိုပါတယ်။ လေ့ ကျင့်မှုကို မစတင်သင့်ပါဘူး။ ကိုယ်ပူပြီး အဖျားတက်တာမျိုးဆိုရင် (တခြားဘာ ရောဂါ ရာဇဝင်မှမရှိဘဲ) တော့ ပုံမှန်လေ့ကျင့် ခန်းပြုလုပ်ပြီးချိန်မှာအဖျားပြန်ကျသွား နိုင်ပါတယ်။
၎။ သင်ဟာ လူအများစုလေ့ကျင့်ခန်း ပြုလုပ် တဲ့ အားကစားလေ့ကျင့်ခန်းမတွေနဲ့လူအ များစုရှိတတ်တဲ့နေရာမျိုးတွေမှာ လေ့ကျင့် ခန်းပြုလုပ်တာဆိုရင်တော့ လေထဲမှာပျံ့နှံ့ တတ်တဲ့ရောဂါပိုးတွေဖြစ်တဲ့ အအေးမိ နှာစေးတာလိုနဲ့ အဖျားရောဂါမျိုးတွေ ကိုကာကွယ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပြီးလို့ ပြန်လာချိန်မှာလက်ဖက် ရညတ် စခ် ကွေ် လာကေ် သာကတ်ာကြောင့် လည်း စွမ်းအင်ကိုပိုမိုရရှိအောင် အထောက် အကူပြုစေတယ်လို့ဆိုပါတယ်။

၅။ လေ့ကျင့်ခန်းပြုလုပ်ပြီး ပိုမိုကျန်းမာစေ ဖို့ တခြားဂရုစိုက်မှုတွေလည်း လိုအပ်ပါ တယ်။ သင့်လက်ကိုမကြာခဏဆေးကြော သန့်စင်ပေးတာမျိုး၊ အာဟာရပြည့်ဝတဲ့ အစားအစာပုံမှန်စားတာမျိုး၊ ရေလုံ လောက်အောင်သောက်သုံးတာမျိုးနဲ့ လုံလောက်တဲ့ အိပ်စက်အနားယူမှုတွေရှိဖို့ လိုပါတယ်။ နောက်ပြီး အလုပ်တွေဘယ် လောက်များများ သင့်အတွက် အနားယူ ဖို့အချိန်ကိုတော့ သတ်မှတ်ထားပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်ကို အနားမပေးဘဲ ခိုင်းနေမယ်ဆိုရင်တော့ လေ့ကျင့်ခန်း ဘယ် လောက်ပဲလုပ်လုပ် သင့်ခန္ဓာကိုယ် အတွက် အကျိုးရလဒ်ကောင်းမှာမဟုတ် ပါဘူး။ ဒါကြောင့် ကျန်းမာကြံ့ခိုင်နေစေ ဖို့ညီညွတ်မျှတတဲ့ဘဝနေထိုင်မှုပုံစံက အရေးကြီးပါတယ်

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)
email-aungaung.aung24@gmail.com

No comments:

Post a Comment