arial" action="like" colorscheme="light">

Saturday, February 2, 2013

ကိုယ့်သမိုင်းကိုယ်ရေးမယ်

ကျွန်တော်သည် ၀ါသနာ အရင်းခံပြီးကာယဗလအားကစားဆောင်းပါးများကိုမိမိလေ့လာမိသလောက် ပြန်လည်ဝေဌခံသည်မှာ ယခုဆိုလျင် တော်တော်လေးကြာခဲ့ပြီ ဖြစ်သည်။ ဝေဖန် ကဲ့ရဲ့သူများ ၊ ချီးမွမ်းစကားဆိုသူများ ၊ အမြဲတမ်းအားပေးနေသူစသည်ဖြင့် လူအမျိုးမျိုးလည်း ကြုံခဲ့ရပါသည်။ အဆိုပါ အသံမျိုးစုံကို ဖြတ်သန်းပြီးလျှောက်လှမ်းလာသည်မှာယနေ့အချိန်ထိ ဖြစ်သည်။အပြင်ပန်းမှ ၀ါသနာမပါသူများက ကျွှန်တော်တို့ကိုကုလီထမ်းဖို့မတာလား ၊ ညစောင့်လုပ်ဖို့မတာလား ၊ အစားနင်းကန်စားသည့် ပြိတ္တာတွေ ၊ အိပ်လိုက်စားလိုက် ငပျင်းတွေ အစရှိသဖြင့် အမျိုးမျိုးလှောင်ပြောင်နေကြသည်။ဒါတွေကိုဂရုစိုက်နေရင်တော့ အတားအဆီးပါပဲ။ လူဆိုတာကိုယ့်အကြောင်းကိုယ် အသိဆုံးပင် ။ ခဏတာလူဖြစ်ရသည့် အခိုက်တွင် ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုကိုလုပ်နေရခြင်းသည်လည်းအကုသိုလ်နည်းသည့်  အရာပင်ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင် တော့ မထိခိုက်ပါစေနှင့်။ ကျွန်တော်တို့ အားကစားသည် ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ပါ ၊ အိပ်ရေးလည်းမပျက်စေပါ ၊ အလောင်းကစားလည်းမပါသောအင်မတန်မှ သိုသိပ် စည်းကမ်းရှိပါသည်။ ကမ္ဘာကျော် အားကစားမဟုတ်ပေ့မယ် ကျွန်တော် ပျော်ပါသည်။ ဘယ်သူတွေ ဘာပြောပြော ကျွန်တော် အားရင် ကာယဗလအကြောင်းသာစဉ်းစားသည်။ ၀ါသနာပါသူတွေ့ရင် စကားဖောင်ဖွဲ့သည်။ ဒါ ကျွန်တော် ၀ါသနာ ပါ ကျွန်တော် ဘယ်သူကိုမှ မထိခိုက်ပါ။
နားမထောင်ချင်သူတစ်ယောက်ကိုလည်းကာယဗလအကြောင်းမပြောသလို ကျွန်တော် ကာယဗလဆိုက်တွင် ဆောင်းပါးရေးကြောင်းလည်းယနေ့ အချိန်ထိမမေးပဲမပြောပါ။ အခုချိန်ထိလည်း ကျွှန်တော်အိမ်ကဆောင်းပါးရေးမှန်းမသိပါ။ ကာယဗလစာအုပ်တွေ အခွေတွေ ကြည့်ရင် ပြောပါသည် အားနေရင် အဲဒီအလုပ်ပဲလုပ်နေတာလားတဲ့ ဘာဖြစ်လာမှာလဲတဲ့။ ဒါ ကျွှန်တော်အတွက် အားပေးတဲ့ အားဆေးပါ။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် ဆက်လက်ချီတက်နေပါသည် အချိန်ပေးနိုင်တဲ့ တစ်နေ့ အထိပေါ့ ကျွှန်တော်လိုမျိုးကာယဗလအားကစားခရေစီ(ကိုနိုင်ဦး )တစ်ယောက်လည်းရှိနေတော့ အားရှိတာပေါ့ဗျာ။ ဘာပဲပြောပြော ကျွန်တော်တို့ (၂)ယောက်စလုံးမှာတူညီတဲ့ ခံယူချက်လေးတွေ တော့ရှိကြပါတယ်။ ယနေ့ ကာလကဲ့သို မြန်မာနိုင်ငံတွင် ကာယဗလ နှင့် ပတ်သက်သည့် စာအုပ်စာပေများ ၊ ဗဟုသုတ ရှာမှီးစရာ ၊ ကိုးကားစရာမရှိသည့် အချိန်မျိုးတွင် ကျွှန်တော်တို့သည့် လက်လှမ်းမှီသလောက် စုဆောင်းဖတ်ရှုထားသည်မှ တတ်သလောက် မှတ်သလောက် များကိုမိမိကဲ့သိုကာယဗလ ၀ါသနာရှင်များကို ပြန်လည်ဖြန့်ဝေ ခဲ့သည်မှာတော်တော်လေးခရီးပေါက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လည်းကာယဗလအားကစားမှာလေ့လာ၍ ကုန်နိုင်မယ်လို့ မထင်ပါ။ သို့ပါ၍ ကျွန်တော်တို့သည် တစ်ဖက်မှလည်းမိမိ ၀ါသနာပါရာ လေ့လာရင်းတစ်ဖက်ကလည်း ပြန်လည် ဖြန့်ဝေ ပေးနေရသည်မှာ ကျွန်တော်တို့ အတွက်လည်းပီတိ ဖြစ်ရပါသည်။ ကျွန်တော်တို့သည် မည်သည့် နည်းပြသင်တန်းဆင်းလက်မှတ်မှလည်းမရဖူးသလို ၊ မည့်သည့် ပြိုင်ပွဲမှလည်းမတက်ဖူးခဲ့ပါ။ ထို့ကြောင့်လည်း ကျွှန်တော်တို့ကိုယနေ့ ငွေကြေးတတ်နိုင်သည့် ဂျင်မ်ပိုင်ရှင် ၊ ပြိုင်ပွဲဝင် ၊ ၀ါသနာရှင်များကလည်း ဂရုမထားပါ ။ သူတို့ ဂရုမထားလည်း ကျွှန်တော် ဂရုမစိုက်ပါ။ အသိမှတ်ပြု ခံချင်၍ ပြောနေခြင်းလည်းမဟုတ်ပါ။ ငွေကြေးတတ်နိုင်သည့် လူတစ်စုကတော့ နိုင်ငံခြားမှ ကာယဗလအားကစားဂျာနယ်များ ၊ စာအုပ်များ ၊ အခွေများကိုလေ့လာပြီးမိမိတစ်ဘို့တည်းအတွက် ၊ မိမိကောင်းစားဖို့ အတွက်သာမျှော်ကိုးပြီးဘာဘာဘာမှ မသိသည့် ပုံစံမျိုး ဖြင့်  ဗီရိုထဲမှာသိမ်းဆည်းကာသေရွာသို့ ယူဆောင်သွားလိမ့်မည်။ သို့သော် ထိုကဲ့သို့  လူစားမျိုးသည် သူများဆီကတော့ ရအောင်ယူတတ် ကြသည်။ ပြီးရင် မေ့ချင်ယောင်ဆောင်ပြီးအရှုးကွက်နင်းတတ်သည် မှာသူတို့ဧ။် အကျင့်လားဆိုတာ ဝေခွဲမရပေ။ အလိုရှိလျင်တော့ ကလေးထမင်းဆီဆမ်းတောင်းသလိုတငိုငိုပုံစံမျိုးဖြင့် ဂျီကျတတ်သည်။ ရပြီးလျင်တော့ လမ်းတွေ့ရင်တောင် ရှောင်ဖယ်သွားချင်တတ်ကြသည်။ ကျွန်တော်ကလည်းကုသိုလ် ကံဆိုးလို့လားကိုယ်တိုင်ကပဲမနေတတ်လို့လားမသိခဏခဏခံရပါသည်။
ထိုအဖြစ်မျိုးကိုခံရပါများလာတော့ နောက်ပိုင်းတွင် လူသားထဲကလူသားတစ်ယောက်အနေနှင့်  မာနနည်းနည်းထားပြီး ကျွန်တော် မေးထူးခေါ်ပြောသာနေပါသည်။ ဆန်ပေးမှ ဆီရသည့် ခေတ်ကြီးတွင် ကျွန်တော် အရင်လိုမျိုးလူတစ်ယောက် ကိုတွေ့တိုင်းသဘောမကောင်းနိုင်တော့ပါ။ ကိုယ့်အပေါ် ဘယ်လောက် စေတနာထားသလဲဘယ်လောက် တုန့်ပြန်မှု ရှိသလဲအပေါ် မူတည်ပြီး ကျွန်တော် အလိုက်သင့်သာနေထိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်တော် ကိုမင်ဘာတွေ စိတ်ဆိုးချင် ဆိုးကြလိမ့်မည် မတတ်နိုင်ပါ။ အကြောင်းရင်းက ကျွန်တော်တို့ ရေးသားပြီးသမျှ သည် တော်တော်လေး ပြည့်စုံနေပါသည်။ အခြေခံကာယဗလသမားများအတွက် ကိုနိုင်ဦးဆိုရင် စာအုပ်တွေ တောင် အပင်ပန်းခံပြီးေ၇းသား ပေးခဲ့သည်မှာမင်ဘာအားလုံးအသိပင်ဖြစ်သည်။ ကျန် လိုအပ်သည့် အာဟာရအပိုင်း ၊ ဆေးဝါးပိုင်း ၊ လေ့ကျင့်ခန်းအပိုင်းအားလုံးသည် ရှာဖွေ ဖတ်ရှု နိုင်ပါသည်။ အချိန်လေးတော့ ပေးကြပေါ့ဗျာ။ သို့သော်လည်းတစ်ခါတစ်ရံအွန်လို်င်းတွင် ဆုံခိုက်  တစ်နေ့ ဘယ်နှစ်ကြိမ် ကစားရမလဲ ၊ ဘယ်နှစ်ရက်တစ်ခါ နားရမလဲ ၊ ဘာဆေးသောက်သင့်သလဲ ၊ စတီးရွိုက် ဘယ်မှာ ၀ယ်ရမလဲ အစရှိသည့် မေးခွန်းများကိုအဖန်တလဲလဲမေးနေကြသည့် (၁) ကြိမ် (၂)ကြိမ် ဆိုတော်ပြီပေါ့ ဗျာ။ ပြီးတော့ ဒီလူကပဲနောက်နေ့တွေ့လည်းဒီမေးခွန်း ကြာတော့ ကျွန်တော်ကဆိုက်ထဲမှာရှာဖတ်ဆိုတော့ မဖတ်နိုင်ဘူးအချိန်မရဘူးမဖြေချင်နေဗျာဆိုပြီးဘုဆတ်ဆတ် ဖြင့်  ပြောသွားကြသည့် မင်ဘာတွေလည်း ကြုံရသည်။ စကားပုံတစ်ခုနှင့် နှိုင်းပြီးပြောရလျင် ရိုင်းမည်ဟုလည်းထင်မိပါသည်။ အမေဘယ်လိုချော့သိပ်သိပ် ကိုယ်တိုင်အိပ်မှ အိပ်ပျော်မှာ ပါ။  ကျွန်တော်တို့ ပေးနိုင်တာအင်ဖော်မေးရှင်းသက်သက်ပါ။ထိုအင်ဖော်မေးရှင်းအပေါ် အခြေခံပြီးမိမိ ဧ။် ဇြတ်ထိုးညဏ် ၊ စဉ်းစားတွေးခေါ်မှုလေးတွေလည်းသုံးကြပါ။ အင်ဖော်မေးရှင်းအပေါ်မှာပဲမှီခိုပြီးတစ်လမ်းမောင်းလုပ်မနေပါနဲ့။ ကိုယ်တိုင်လည်းလေ့လာပါ သူများပြောတိုင်းယုံတတ်တာလည်းမကောင်းပါဘူး။ မိမိ ဧ။် ညဏ်ရည်ညဏ်သွေးကိုလည်းထက်မြက်စေရန် လေ့လာပေးပါ။ ကျွန်တော် ဆရာလုပ်နေခြင်းမဟုတ်ပါ။ ကျွန်တော် ကိုယ်တိုင်လည်းယနေ့အချိန်ထိအားနည်းချက်များစွာနဲ့ပါ။ ကျွန်တော် ကာယဗလနဲပတ်သက်လို့ အကုန်အစင် မသိသေးပါ။ သိနိုင်အောင် လည်းမနည်း ကြိုးစားနေ၇ပါသည်။  အမှီလိုက်နိုင်ဖို့ ဆိုသည်မှာလည်းမလွယ်ကူပါ။ ကျွန်တော်တွင် ကိုယ်ရေးကိုယ်တာအတွက် အချိန်တပိုင်း ၊ ၀မ်းစားအတွက် တစ်ပိုင်း ပေးနေ၇သည့်အတွက် အချိန်ဆိုတာအင်မတန် တန်ဖိုးရှိသည်မှာမှန်ပါသည်။ ရသည့် အချိန်လေးတွင် ရှာဖွေ ဖတ်ရှု နေရပြီးမသိနားလည်သည့် စကားလုံးများတွေ့လျင် ယောင်ချာချာ ဇြစ်ရသည်မှာလည်းယနေ့အချိန်ထိပါ။ မေးစရာဆရာကလည်းကာယဗလ ဝေါဟာရ ဆိုခပ်စိမ်းစိမ်း ဖြစ်နေသည်မှာအပြစ်မဆိုသာပေ။ အဘိဓာန်တွင် ရှာမတွေ့နိုင်သည့် စကားလုံးများရှိပါသည်။ထို့ ကြောင့် ကာယဗလဗဟုသုတများကိုရှာမှီးရသည်မှာလည်းမလွယ်ကူပါ ။ ၀ါသနာတူ ဆရာလိှု့ဆိုနိုင်သည့် ကိုနိုင်ဦးကလည်းအနားမှာရှိလျင်တော့ အကောင်းသားတစ်ခါတစ်လေတွေးမိပါသည် ကိုနိုင်ဦး နှင့်သာအိမ်နီးလျင် ညဘက် အိပ်ဖြစ်မည် မထင်ပါ ။ ကျွန်တော် ကာယဗလအကြောင်းသာပြောနေမိမည်ထင်ပါသည်။

သူဧ။် ကျေးဇူးကြောင့်လည်း ကျွန်တော် အင်တာနက် နှင့် ကွန်ပျူတာသုံးတတ်ရန် သင်တန်းတက်ဖြစ်သည်။ ကာယလေကိုစတင် ပိုးဝင်ကတည်းက ဆရာဦးသာအောင်ဆီရောက်သည် ဆရာ့ ပြောစကား ၊ သင်တန်းမှ သူများပြောစကားများ ၊ နောက်ကိုယ်ထင်ရာကိုယ်တွေးပြီးကစားခြင်းများဖြင့်သာ နှစ်တော်တော်များများကုန်လွန်ခဲ့ပြီးတစ်ခုသောနေ့မှာအမ်စီစီမင်းဓမ္မ လမ်းမှာကိုနိုင်ဦးနဲ့ တွေ့ပြီး အခွေဝယ် ရင်းနှီးရာမှ မင်္ဂလာဈေးအနီးရှိကိုနိုင်ဦး ` ဆိုင်သို့ ကျွန်တော် ရောက်ရှိခဲ့ပါတယ် ။ ကိုနိုင်ဦးကလည်းဖော်ရွေစွာ ကြိုဆိုပြီးအနီးရှိအင်တာနက် ဆိုင်မှာသူဧ။် မန်မိုရီစတစ်ထဲမှ အခြေခံကစားနည်းတစ်ခုကိုပရင့်ထုတ်ပြီးရှင်းပြခဲ့ပါတယ်။ ထိုအချိန်ထိ ကျွန်တော် လေ့ကျင့်ခန်း အခေါ်ဝေါ်များကို ကိုနိုင်ဦးရှင်းပြ ၍သာခေါင်းညိမ့်နေရသည် ဘာမှတော့မသိပါ။  ကိုနိုင်ဦး က အင်တာနက်သုံးလားမေးတော့ ကျွန်တော် ခေါင်းခါပြယုံမှလွဲ၍ ဘာမှ မတတ်နိုင်ပေ။ မသုံးတတ်၍ ခေါင်းခါ ခဲ့ခြင်းသာဖြစ်သည် ။ ထိုအချိန်သည် ကျွန်တော် တက္ကသိုလ် ပင် ဒုတိယနှစ် ရောက်နေပြီ ဖြစ်သည်။ ကွန်ပျူတာသုံးတတ်ဖို့ ဆိုသာဝေး မန်မိုရီစတစ် ကိုကိုနိုင်ဦးညီကလာပေးတော့ ဒီအချောင်းလေးထဲမှာဒါတွေ ဘယ်လိုသိမ်းသလဲဆိုသည့် အတွေးမျိုး ကျွန်တော် တွေးခဲ့သည်။  ကိုနိုငဦးကလည်းအင်တာနက် မှ လေ့လာကြည့်ပါ တိုက်တွန်းခဲ့သည်။ (ကိုနိုင်ဦးမှတ်မိမယ်ထင်ပါတယ် မန်မိုရီစတစ် အကို့ညီဆိုငိကိုလာပို့ပေးရတာကို)။ ထိုအချိန်မှ စပြီးကွန်ပျူတာသင်တန်းတက်ဖြစ်သည် အခြားဆက်စပ်မိသည့် ကွန်ပျူတာဗဟုသုများလည်းရသလောက် လေ့လာပြီးအင်တာနက်သုံးတတ်ခဲ့သည်။ အင်တာနက်မှ ရသလောက် မှတ်သည် ၊ သိမ်းသည် ကြာတော့ သူငယ်ချင်းတွေက ၀ိတ်ရှုး ဟုပင် ခေါ်ကြသည့်အထိနောက်ပြောင်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အရှုးထခဲ့သည်  အကျိုးရလဒ်သည် ယနေ့အချိန်အခါတွင်  ကျွှန်တော်တို့တုန်းကလိုကာယဗလ နှင့် ပတ်သက်လျင် ယောင်ဝါးဝါး  နားမလည်သည့် ဘ၀မျိုးမှ လူငယ်တစ်ချို့ကိုအင်တာနက်မှ တဆင့် ပြန်လည်ပြီး အသိပညာဝေပေးနေ နိုင်သည်။ အခုလိုအင်တာနက် သုံးတတ် အောင်  တစ်နည်းပြောရလျင် ကာယဗလအကြောင်းအင်တာနက်မှာလေ့လာလို့ ရတယ်ပြောလို့ ကျွန်တော် အင်တာနက် သုံးတတ် ၊ ကွန်ပျူတာသုံးတတ်သာပါ။ နောက်မို့ဆိုသင်ဖြစ်မယ်မထင်ပါဘူး။  ကိုနိုင်ဦးရဲ့ ပြောစကားတစ်ခွန်းကြောင့် ဒီနေ့ ဒီလိုသုံးတတ် နေတာဆိုရင် မမှားပါဘူး။ ဒါကြောင့် ဒီအကြောင်းကို ကျွန်တော့် အကြောင်းဆောင်းပါးရေးတုန်းကလည်းထည့်ရေးခဲ့ပါတယ်။ ကိုနိုင်ဦးရေကျေးဇူးပါဗျာ။ နောက် ဖတ်ရှု အားပေးတဲ့ ပရိသတ်လည်းကျေးဇူးပါ ။ဒီနေ့အထိရေးနိုင်အောင် တွန်းအားပေးအားဆေးတိုက်နေတဲ့ ပရိသတ်ကြီးရဲ့ ကော့မင့် တွေကိုလည်းအသိမှတ်ပြုပါတယ်။တစ်ခါတစ်ရံမှာကော့မင့် ပြန်မရေးနိုင်တာခွင့်လွတ်ပေးပါလို့ ပြောကြားရင်းလူအချင်းချင်းလှည့်ပတ်ခြင်းမှ ကင်းဝေးနိုင်စေရန် ဆန္ဒပြုပါတယ်။

                               
 တင်ဆက်သူ---အောင်အောင်
email-----aungaung.aung24@gmail.com

5 comments:


  1. ကိုအောင်အောင်ရေ-လက်ရှိအခြေအနေနှင့်ဆောင်းပါးကကွက်တိပါဗျာ။အွန်လိုင်းပေါ်ကမင်ဘာတွေ
    တွေရဲ့ အကြောင်းလေးရော၊လက်ရှိပါတ်ဝန်းကျင်ကလူများအကြောင်းရော၊ကိုယ့်ရှိဖွက်ထားကြသော
    တစ်ကိုယ်ကောင်းသမားကာယဗလမောင်များအကြောင်းရောအားလုံးဟာဒက်ထိကွက်တိသွေးထွက်
    အောင်မှန်နေပါတယ်ဗျာ။ကိုအောင်အောင်ရေ---ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်လူပေါင်းများစွာကို
    ကူညီခဲ့ပေမဲ့၊အချိန်တန်ရင်မေ့တတ်လိုက်ကြတာမျိုး၊ရူးချင်ယောင်ဆောင်နေကြတာမျိုးနဲ့ မိမိရလိုတဲ့
    အကူအညီရပြီးရင်ထွက်ပြေးသွားကြတဲ့သူတွေပေါင်းများစွာထဲမှာအောင်မြင်လာသည်အထိကျွန်
    တော့်ရဲ့ အသေးအဖွဲ့ အကူအညီလေးကိုမှတ်မှတ်ရရကျေးဇူးတင်တတ်တဲ့ခင်ဗျားရဲ့ လူကြီးလူကောင်း
    ဆန်တဲ့စိတ်ဓါတ်ကိုလေးစားပါတယ်ဗျာ။ခင်ဗျားရဲ့ စိတ်ဓါတ်ကိုအဲဒီအချိန်ကသိခဲ့ရင်ခင်ဗျားကိုပိုပြီးတော့တောင်ကူညီလိုက်ချင်ပါရဲ့ ဗျာ။ဘာပဲဖြစ်ဖြစ်ဗျာ၊ကျွန်တော်တို့ မှာလူတွေသိပ်အထင်ကြီးတဲ့ဆုတံဆိပ်
    တွေ၊ဘွဲ့ ကြီးကြီးတွေနဲ့ ဓနဥစ္စာတွေမရှိပေမဲ့ကျွန်တော်တို့ ရဲ့ နှလုံးသားတွေကကြီးမားကျယ်ပြန့် ပါ
    တယ်ဗျာ။ရှေ့ ကိုလည်းကြုံလာမည့်အခက်အခဲတွေကိုကျွန်တော်တို့ ရဲဖော်ရဲဖက်နှစ်ယောက်လက်တွဲကျော်ဖြတ်ရင်း၊မြန်မာ့ကာယဗလအဆင့်အတန်းမြင့်မားအောင်ကြိုးစားကြပါစို့ ။
    ***စေတနာကောင်းရင်ကံကောင်းတတ်ပါတယ်ဗျာ****အဲဒါကျွန်တော့်ဆောင်ပုဒ်ပဲဗျ။
    လေးစားလျက်----
    နိုင်ဦး---၁၁၉

    ReplyDelete
  2. မခိုင်အေးသက်ရေ---
    ညီမမေးတဲ့မေးခွန်းမျိုးပဲလူတွေအမေးများတယ်ဗျ။တစ်ခုချင်းဆီဖြေရယင်တော့မြန်မာဖစ်တနက်စ်မှာ
    ကောမင့်ရေးပြီးမတတ်တာကတော့တစ်ခုခုလွဲနေလို့ ဖြစ်မယ်ထင်တယ်ဗျ။ဆိုဒ်ပိုင်ရှင်ကျွန်တော်တို့ 
    ရဲ့ ဒေါက်တာကြီးကိုဆက်သွယ်မေးကြည့်လိုက်ပါလားဗျ။သူအလုပ်ရှုပ်နေတာလည်းဖြစ်နိုင်တယ်ဗျ။
    နောက်မေးခွန်းတစ်ခုဖြစ်တဲ့မာဆယ်ပရော်ဖက်ဆာမှာကောမင့်ဘယ်လိုရေးရမလဲဆိုတာကတော့
    ကျွန်တော်ရှင်းပြပေးပါ့မယ်။
    ပထမဦးစွာကောမင့်ဘောက်ထဲမှာကောမင့်ရေးလိုက်ပါ။
    ပြီးရင်၊ Comment As ထဲမှာ Google Account ကိုရွေးပါ။
    ပြီးရင်အောက်က publish ကိုနှိပ်လိုက်ပါ။
    အဲဒီအခါကျရင်ကျွန်တော်တို့ အီးမေလ်း Sign in ၀င်သလိုမျိုး email address ဖြည့်ရမဲ့နေရာရယ်၊
    Password ဖြည့်ရမည့်နေရာရယ်ပေါ်လာမယ်။ပြီးရင် Sign in လုပ်လိုက်ပါ။ကောမင့်တင်ပြီးသားဖြစ်
    သွားပါလိမ့်မယ်။သိချင်တာလေးတွေရှိယင်မေးလို့ ရပါတယ်ခင်ဗျ။
    လေးစားလျက်----
    နိုင်ဦး---၁၁၉


    ReplyDelete
  3. အကို အောင်အောင် နှင့် ကိုနိုင်ဦး တို့ရေ အပေါ်က အမ ကြီး ပြောသလိုပဲ မြန်မာ ဖစ်တနက်မှာ ကျွှန်တော် ကော်မင့်တွေလည်း မတက်တာ ကြုံဖူးတယ်။ ဘယ်လို ဇြစ်တယ်ဆိုတာတော့ မပြောတတ်ပါဘူး။ အခု ဆောင်းပါးလေးလည်း မိုက်တယ်ဗျာ။ ကျွန်တော်လည်း ဒါမျိုး လေးတွေ ကြုံဖူးပါတယ်။ ကျေးဇူးပါ အကိုတို့ ကို့။

    ReplyDelete
  4. ကိုအောင်အောင်ရဲ့ဖုန်းနံပါတ်လေးပေးပါလားခင်ဗျာကျေးဇူးပြုကာအကိုအောင်အောင်နဲ့အပြင်မှာတွေ့ခွင်ရရင်ကျွန်တော်အရမ်းဝမ်းသာမိမှာပ်ခင်ဗျာ အမြဲလေးစားလျက်

    ReplyDelete
  5. ကိုအောင်အောင်ရဲ့ ဖုန်းနံပါတ်ကတော့ 09420-117668 ပါ။
    လေးစားလျက်---
    နိုင်ဦး---119

    ReplyDelete