arial" action="like" colorscheme="light">

Tuesday, February 19, 2013

အ၀မလွန်ပါစေနှင့်

ယနေ့ အချိန်အခါတွင် ကမ္ဘာတစ်ဝန်းလုံး အဖြစ်များဆုံး ရောဂါများစာရင်းတွင် အ၀လွန် ခြင်းကိုလည်း ရောဂါ တစ်ခု အဇြစ် သတ်မှတ်နေကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဖြစ်များနေသော အ၀လွန် ရောဂါသည် ကျွန်တော်တို့ နိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲ နိုင်ငံများ အထိ ကပ်ရောဂါ တစ်ခု ပမာ ပျံ့နှံ့ လာသည်မှာ အားလုံး အသိပင်ဇြစ်သည်။ ခေတ်မှီ နည်းပညာများ ၊ အစားအသောက်များ ၊ စက်ကိရိယာများ သည်လည်း လူသားတို့ဧ။် လှုပ်ရှားမှုတိုင်းကို နှေးကွေးသွားအောင် တစ်နည်းအားဖြင့် ထိုင်ရာမထ စေခိုင်းနိုင်အောင် ဆွဲဆောင် နိုင်စွမ်းရှိလှသည်။ အီလစ်ထရောနစ် စက်ပစ္စည်းများ နည်းပညာ ဖွံ့ဖြိုးလာခြင်းကြောင့် ကာယအား စိုက်ထုတ်မှု နည်းလာခြင်း ၊ အထပ်မြင့် အဆောက်အဦးများတွင် လှေကားဖြင့် မတက်ပဲ ဓာတ်လှေကား ၊ စက်လှေကားများ ပေါများစွာ တပ်ဆင်လာခြင်း ၊ တီဗီရှေ့က ထိုင်ရာမထ နိုင်အောင် အင်တာတိန်းမန့် များဧ။် ဆွဲဆောင်အားကောင်းလာခြင်း ၊ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ဆက်သွယ်နိုင်သည့် ဆက်သွယ်ရေး နည်းပညာများ ထွန်းကားလာခြင်းစသည့်  အဖက်ဖက်က နည်းပညာများများ ထွန်းကားလာမှုသည် အ၀လွန်ခြင်းတွင်  အရေးပါလှသည်။  တစ်ဖက်မှ ကြည့်လျင် အချိန်ကုန် သက်သာပြီး လူသက်သာ သည်မှာ မှန်သော်လည်း တစ်ဖက်တွင် လူသားတို့ဧ။် လှုပ်ရှားမှု မှာ နည်းပါးလာသည်။  အစား အသောက်ဖက်တွင်လည်း အမြန်စား အစားသောက်များ ပေါများလာခြင်း ၊ ကယ်လိုရီ သိပ်သည်းမှုများသော ဒိုးနပ်စ် ၊ ပီဇာ များ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ခြင်း ၊ ဘီယာ စတေရှင်များတွင် တစ်ခွက်တစ်ဖလား အလွယ် သောက်မိခြင်း စသည့် ထိုသို့သော အဖက်ဖက်မှ ဆွဲဆောင်မှုများဧ။် နောက်တွင် မျောပါရင်း ကယ်လိုရီ ကုန်ဆုံးမှု နည်းပါးရာမှ အဆီပို စုဆောင်းမိပြီး အ၀လွန်ခြင်းကို လက်ယပ်ခေါ် မိလေသည်။အ၀လွန်ခြင်းသည် ကျား -မ မရွေး ဖြစ်နိုင်သည်။ အ၀လွန်ခြင်းဧ။် နောက်ကွယ်တွင် အခြားသော ရောဂါဆိုးများ ကပ်ပါလာနိုင်သည် ကိုလည်း အားလုံး သိရှိပြီးဖြစ်သည်။အ၀လွန်ခြင်း အခြေအနေ ရောက်မှ  အစားသောက်ထိန်းဖို့ ၊ ဂျင်မ် သွားပြီး အဆီချဖို့ ၊ ဇြတ်လမ်းကနေ ဆိုးကျိုးပေးသည့် အဆီကျဆေးများသောက်ဖို့ထက် ကနဦး အစကတည်းက အစားအသောက် အနေအထိုင်ဆင်ခြင်ခြင်း ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်းစသည့် ကြိုတင်ကာ ကွယ်မှု သဘောမျိုးဖြင့် ကျန်းမာရေး အသိပညာများနှင့်အညီ ဆင်ခြင်နေထိုင်ြခင်းသည် အကောင်းဆုံးဖြစ် သည်။အ၀လွန်မှ အဆီချခြင်းသည် ခက်ခဲပြီး စိတ်ဓာတ်ကျကာ နောက်ဆုံး  လက်လျှော့လိုက်ရသည့် သာဓက တွေလည်း ရှိပါသည်။ ၀လို့ လှလို့ဆိုသည့် စကားပုံသည် ၀ဖြိုးခြင်းကို လှပခြင်းဧ။် အင်္ဂါရပ်တစ်ခု အဖြစ် မှတ်ယူ သူတို့ အတွက် ကောင်းသော စကားဖြစ်နိုင်သော်လည်း အဆီများခြင်း ၊ အစားအသောက် မဆင်ခြင်နိုင်ခြင်း ကြောင့် အ၀လွန်ခြင်းဆိုသည့်  အတွေးမျိုးရှိသည့် ကျန်းမာရေး လိုက်စားသူတစ်ယောက် အတွက်တော့ ဆန့်ကျင်ဘက် ပင်ဖြစ်သည်။ အ၀လွန်ရာ မှ အလွန်ဝ သွားပြီး အလှပျက်သွားသူတွေ တပုံတပင်ရှိသည်။ ထို့ကြောင် သင်သည် လမ်းလျောက် သွားလို့ရသည့် ခရီး လောက်ကို လမ်းလျှောက်ပါ။  လှေကား တက်လို့ရသည့် အထပ်လောက်ကို လှေကားတက်ပါ  ၊ အမြန်စားများ စားခြင်းထက် အိမ်မှ ထမင်း ဟင်းကို ဦးစားပေး စားပါ ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
အသက်ကြီးလားတဲ့အခါမှာ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် ၀ဖြိုးလာတတ်ခြင်းဟာ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းသူ  တစ်ယောက်ဟာ အင်အား အသုံးပြု မှု နည်းပါးတယ် ဆိုတာ သိပြီး ဖြစ်မှာပါ။ ပုံမှန် ကာယလှုပ်ရှားမှု ၊ အားစိုက်အသုံးပြုမှု ရှိသူ တစ်ယောက်ဟာ အဆီပို ကုန်ဆုံးပြီး အ၀လွန်ခြင်းကို ကာကွယ်ရာ လည်း ရောက်ပါတယ်။ အဆီတက်မြန်သူတွေ အနေနဲ့ သိထားသင့်တဲ့ အကြောင်းအကျိုး တစ်ချို့ကိုလည်း တင်ပြပေးလိုက်ပါတယ်။

(၁)။ အ၀လွန်သူ တစ်ဦးဟာ ကာယလေ့ကျင့်ခန်းပြုလုပ်ပြီး အဆီချဖို့ကို ပျင်းနေတတ်ကြပါတယ်။ အဆိုးဆုံးဖြစ်သော အဆိုပါ အပျင်းစိတ်ကို ဖျောက်ပြီး မိမိပြုခဲ့လို့ မိမိခံစားနေရသည့် အ၀လွန်ခြင်းကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်သည့် မိတ်ဆွေသည် ကာယလေ့ကျင့်ခန်း ပင်ဖြစ်သည်ဆိုသည် စိတ်မျိုးမွေးပြီး လေ့ကျင့်လိုက်ပါ။
(၂)။သင်နည်းနည်းတော့ စိတ်ရှည်ရပါမယ် မည့်သည့် လေ့ကျင်ခန်းမှ နေ့ချင်းညချင်း သင့်ကို စလင်းဘော်ဒီ မဖြစ်စေနိုင်ပါ။ ထိုက်တန်တဲ့ ရင်းနှီးမှု အားစိုက်မှုလေးတော့ ထားပါ။ သင် မသိမသာ အစားအသောက် အနေအထိုင် သေားင်းကျန်းခဲ့သမျှသည် သင့်ကို ဆိုးကျိုးမည်မျှပေးသည်ဆိုတာ ကို အမြဲ မှတ်ထားပါ။
(၃)။လေ့ကျင့်ခန်း ပုံမှန်လုပ်နေသူ တစ်ယေက်ဆိုပြီး သင့်အနေနှင့် ကယ်လိုရီ ကုန်ဆုံးမှု ရှိနေသည်  ငါ စားချင်ရာစားမည် ကယ်လိုရီ မတက်နိုင်ဟုထင်ပြီး ပလိုင်းပေါက်နှင့် ဖားမကောက်ပါနှင့်။ သင်တစ်နေ့တာ ပင်ပန်းကြီးစွာ  ဂျင်မ်ထဲတွင် ပေးဆပ်ခဲ့သမျှ သင်စားသော အစား အသောက်ကြောင့် အကျိုးမရှိ မဖြစ်ပါစေနှင့်။ ဂျင်မ်ထဲတွင် ပင်ပန်းကြီးစွာ ပေးဆပ်ခဲ့သမျှ ညနေပိုင်း ဘီယာဆိုင်တွင် အပေါင်းအသင်းများနှင့် အမြည်း အကြော်အလှော်များ စားသောက်နေသမျှ သင်သည် လုံးလည် ချာလည် လိုက်နေမည်သာ။
(၄)။ခန္ဓာကိုယ် ကြံ့ခိုင်မှ ကာယလေ့ကျင့်ခန်း စလုပ်ရမယ်လို့ သင်မထင်ထားပါနဲ့ သင်လုပ်နိုင်သမျှ လေ့ကျင့်ခန်း လောက်ကို အရင်စလုပ်ပြီး တစ်ဆင့်ချင်း တက်လှမ်းသွားပါ။လုပ်နိုင်သလောက်ကို နေ့စဉ်လုပ်ပေးနေဖို့ အဓိက ပါ။
(၅)။ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် တစ်နေ့ကို ခြေလှမ်း ၇၅၀၀ ကနေ ၁၀၀၀၀ ၀န်းကျင်ခန့်လျှောက်ပေး ခြငိးကလည်း ကယ်လိုရီ၂၅၀ လောက် သုံးပစ်နိုင်ပါတယ်။ နောက်ဆုံးအဆင့် တစ်ကြိမ်တည်း မလျှောက်နိုင်ရင်တောင် သုံးကြိမ်ခန့်ခွဲပြီး လျှောက်ပေးနိုင်ပါတယ်။
(၆)။လမ်းလျှောက်တာပဲဖြစ်ဖြစ် ပြေးတာပဲ ဇြစ်ဖြစ် သတ်မှတ်ချက် တစ်ခု ထားပြီး ပြုလုပ်သင့်ပါတယ်။ ကျင့်သားမရသေးခင်မှာ လမ်းလျှောက်ခြင်းပဲဖြစ်ဖြစ် အနှေးပြေးခြင်းပဲ ဇြစ်ဖြစ် နှေးတာနှင့် မြန်တာ ပဲ ကွာပါမယ် အင်အားအသုံးပြုမှု သိပ်ပြီးမကွာခြားပါဘူး။
(၇)။အရမ်းဝလွန်းသူတွေ အတွက် အစီအစဉ်တစ်ခု ဆွဲပြီး ပြုလုပ်ရသာ အစကနဦးပိုင်းမှာ သိပ်အဆင်မပြေပါဘူး။ အစားအသောက်ကို နည်းနည်းချင်းလျှော့စားပြီး လှုပ်ရှားမှုကို တိုးတိုးပြီး တွဲဖက်ပြုလုပ်ပေးပါ။
(၈)။ ခန္ဓာကိုယ်ရဲ့ အဆီချချင်တဲ့ အပိုင်းကို သီးသန့် ကွက်ပြီးတော့ လေ့ကျင့်ခန်းလုပ်လို့မရနိုင်ပါဘူး။ ယနေ့ အလွယ်ပြောနေကြတဲ့ ဗိုက်သားအဆီကျအောင် ဗယ်လီတစ်မျိုးတည်း ရီုက်တယ်ဆိုတာမျိုးက တကယ်တော့ မမှန်ပါဘူး။ တခြား လေ့ကျင့်ခန်း နှင့် အစားအသောက် ပိုင်းဆိုင်ရာလည်း ဆက်နွယ်နေပါတယ်။

(၉)။ ကိုယ်အလေးချိန် ကျလာပြီး နောက်ပိုင်း လေ့ကျင့်ခန်းပြုလုပ်မှု ကျင့်သားရလာချိန်မှာ  လေ့ကျင့်ခန်း ပြုလုပ်မှု အကြိမ်ရေ ၊ ကြာချိန် ၊အင်အားစိုက်ထုတ်မှု တို့ကို တတ်နိုင်သရွှေ့ တိုးပြီးလုပ်ပါ။ လေ့ကျင့်ခန်း အစီအစဉ် ပြောင်းသင့်ရင်ပြောင်းပါ။
(၁၀)။ အစားအသောက်လျှော့စားခြင်း အလေ့အကျင့်ကို ဖြစ်နိုင်လျင် အမြဲတမ်း ကျင့်သုံးသွားသင့်သည်။  လိုချင်တဲ့ ကိုယ်အလေးချိန်ရောက်အောင် မှန်ကန်နည်းလမ်းကျစွာ အနေအထိုင်ဆင်ခြင် လေ့ကျင့်ခန်း ပြုလုပ်ပြီးကာမှ အရင်အတိုင်းပြန်ပြီး အစားအသောက်သောင်းကျန်းမယ် ဆိုရင်တော့ သင်ပြန်ဝလာမှာ ကျိမ်းသေပါ။ အဲဒါကြောင့်လည်း တစ်ချို့သူတွေ အမြဲပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ လေ့ကျင့်ခန်း မလုပ်တာကြာလို့ ပြန်ဝလာတယ်ဆိုတာပေါ့။
(၁၁)။ မြန်မြန် ပိန်ချင်ဇောနှင့် အစားအသောက် မတရားလျှော့ချခြင်းကလည်း မှန်ကန်တဲ့ နည်းစနစ် တစ်ခု မဟုတ်သလို ကံဆိုးရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။ ရေရှည် လိုက်နာနိုင်မည့် အတိုင်းအထာ တစ်ခု အထိသာ တဖြည်းဖြည်းချင်း လျှော့ချသွားနိုင်သာ အကောင်းဆုံးပါ။
(၁၂)။ သင်အနေနဲ့ အစားအသောက် စားနည်း(၂)မျိုးကို ရွှေးချယ်နိုင်ပါတယ်။ ကယ်လိုရီနည်းသော အစားအသောက် စားမလား။  ကယ်လိုရီ ကိုလျှော့စားမလားဆိုတာ ဖြစ်ပါတယ်။ဒါကတော့ သင့်ရဲ့ စိတ်ဆန္ဒ အပေါ်မှာ မူတည်ပါတယ် ဘယ်နည်းလမ်းကို ရွှေးချယ်ပါစေ အခြား အာဟာရ ဓာတ် စုံလင်အောင် စားသောက် တတ်ဖို့လည်း လိုပါတယ်။
(၁၃)။ အစားအသောက်လျှော့စား နည်းတစ်ခုထဲနဲ့ လေ့ကျင့်ခန်းမလုပ်ပဲ အဆီချခြင်းက မကောင်းပါဘူး။ အဲဒီနည်းက ဆုံးရှုံးသွားတဲ့အပိုင်းမှာ ခန္ဓာကိုယ်ရဲ့ အဆီထု အပြင် အသားထုလည်း ပါဝင်နေပါတယ်။ လေ့ကျင့်ခန်းနှင့် တွဲဖက်ပြုလုပ်ခြင်းက အဆီထု သီးသန့်တစ်မျိုးတည်း ကျစေတဲ့ အတွက် ဇြစ်နိုင်ရင် လေ့ကျင့်ခန်းနှင့် တွဲဖက်ပြီး အဆီချနိုင်ရန် ကြိုးစားပါ။
(၁၄)။ အစားအသောက် တစ်မျိုးတည်း လျှော့စားပြီး အဆီချခြင်းမှာ ရက်သတ္တပတ် အတွင်းမှာ အဆီ (၂) ပေါင်ထက်ပိုပြီး မကျနိုင်ပါဘူး။ ဒီထက်ပိုပြီး ကျသွားတယ်ဆိုရင်တော့ သေချာတာက ဆုံးရှုံးမှုထဲမှာ ပရိုတင်းတွေ ၊ ရေ တွေ ပါနေပြီဆိုတာ မလွဲပါဘူး။ဒါကြောင့် မြန်မြန်ကျချင်ဇောနဲ့ အစားကြီးပဲ လျှော့စား နေတာ မကောင်းတဲ့ အကြောင်းရာ တစ်ခု ဆိုတာ မမေ့ပါနဲ့။အဆီရော အသားပါေ ရာပြီး ကိုယ်အလေးချိန်ကျ သွားတာထက် အဆီသီးသန့် ကျသွားတာ ပိုကောင်းမယ်ထင်ပါတယ်။ အချိန်လေးတော့ ကြာပါမယ် ဒါပေ့မယ် အန္တရာယ်ကင်းဖို့က အဓိကပါ။
(၁၅) အ၀လွယ်သူ တစ်နည်းအားဖြင့် ကိုယ်အလေးချိန် အတက်မြန်သူ တစ်ယေ.ာက်ဟာ နည်းနည်းလေး သတိလက်လွတ်ဖြစ်ပြီး နဂို အတိုင်း အစားအသောက်ပြန်သောင်းကျန်းလိုက်တာနှင့် အလေးချိန် ပြန်တက်လာနိုင်ပါတယ်။လူတစ်ယောက် အစားအသောက်များတိုင်း ၀ တယ် မထင်ပါနှင့် တစ်ချို့ ဘယ်လောက်စားစား ကိုယ်အလေးချိန်မတက်သူတွေလည်း ရှိပါတယ်။ အဓိက လူတစ်ယော်ဧ။် ဗီဇ ၊ ဟော်မုန်းအပြောင်းအလဲ ၊ဓာတုပစ္စည်းတွေနဲ့လည်း ဆိုင်ပါတယ်။ လူကသာ အဆီချဖို့ ကြိုးစားနေပေမယ့် ခန္ဓာ ကိုယ်ကလည်း အဆီတက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။ အစားလျှော့စားရုံ တစ်ခုထဲနဲ့ အလေးချိန်ချဖို့ ကြိုးစားသူတစ်ယောက်ဟာ အစားအသောက်ပြန်ပြီး နဂိုအတိုင်းစားတဲ့အခါ ပြန်လည် တက်လာတဲ့ ကိုယ်အလေးချိန်ဟာ နဂို အလေးချိန်ထက်ပိုပြီး ဆိုးနေတတ်ပါတယ်။
(၁၆)။ကိုယ်အလေးချိန် လျှော့ချပေးနိုင်သည် ဆိုသော အာမခံ အပြည့်အ၀ပေးပြီး ကြော်ငြာနေသည့် ဒိုင်းယက်စ် များကိုလည်း မျက်စိမှိတ် မယုံကြည်လိုက်ပါနှင့်။ တစ်ချို့ ဒိုင်းယက်စ်များဆိုလျှင် အသက်အန္တရာယ်ပင် နီးစပ်နေပါသည်။ ၁၉၉၉ ခုနှစ် အမေရိကန် စိတ်ပညာ အသင်းဧ။် လေ့လာမှု တစ်ခု အရ ဆယ်ကျော်သက် မိန်းကလေးများတွင် ကိုယ်အလေးချိန်လျှော့ကျစေရန် ဒိုင်းယက်စ် များ၊ လေ့ကျင့်ခန်းများ ၊ခံတွင်းပျက်ဆေးဝါးများ ၊ ၀မ်းနုတ်အဆီကျဆေးများ အဆမတန်ပေးပြီး အဆီကျစေခြင်းသည် နောင် အသက်ကြီးလာသည့်အခါတွင် ပိုမို ၀ဖြိုးလာကြသည်။
(၁၇)။များပြားလှစွာသော ဒိုင်းယက်စ် စားသုံးခြင်းသည် နှလုံးရောဂါ ၊သည်းခြေအိတ်ကျောက်တည်ရောဂါ ၊ ကင်ဆာ ၊ အရိုးပွ ရောဂါတို့ ဖြစ်ပွားအောင် နီးစပ်စေသကဲ့သို့ ကိုယ်ခန္ဓာကိုလည်း ကြည့်မကောင်းအောင် ဖြူပပ် ဖြူရော် ဖြင့် လူမမာ ပုံစံ ပေါက်လာစေသည်။ထို့ကြောင့် ဒိုင်းယက်စ် နည်းလမ်းများသည်လည်း စိတ်မချရပေ။ ထို့ကြောင့် သင့်အနေနှင့် ဖြတ်လမ်းမှနေပြီး နည်းလမ်းမျိုးစုံဖြင့် မက်လုံးပေး ကြော်ငြာနေသော အဆီကျဆေး ၊ ခံတွင်းပျက်ဆေး ၊ အစားစားချင်စိတ်ထိန်းချုပ်ဆေး ၊နည်းလမ်းမမှန်သည့် စားသောက်နည်းများ ကို ယုံစားပြီး သင့် အန္တရာယ်ကို  ပိုက်ဆံပေးပြီး မ၀ယ်ယူမိပါစေနှင့် ။ အကောင်းဆုံးသော နည်းမှာ အစားအသောက် ဆင်ခြင်ပြီး လေ့ကျင့်ခန်းဖြင့် တွဲဖက်ပြီး တဖြည်းဖြည်းချင်း လိုချင်သော ပန်းတိုင်ကို လျှောက်လှမ်းခြင်း သည်သာ အကောင်းဆုံးပါလို့တင်ပြလိုက်ပါတယ်။

တင်ဆက်သူ----အောင်အောင်
email----aungaung.aung24@gmail.com

1 comment:

  1. အခုခေတ်မှာ အဝလွန်သူတွေ/ အရမ်းပိန်ချင်တဲ့ မိန်းကလေးတွေ များလာတာ နဲ့... ကိုအောင်အောင်ဆောင်းပါးက ကွက်တိပါပဲ ဗျာ...

    ReplyDelete