arial" action="like" colorscheme="light">

Sunday, January 27, 2013

မရှိမဖြစ်ကြီးထွားဟိုမုန်း

 

ကာယဗလလေ့ကျင့်ရာတွင် ကျွန်တော်တို့အတွက် များစွာလိုအပ်သည်မှာ ကြွက်သားကြီးထွားမှု အတွက်လိုအပ်သောဟော်မုန်းဓာတ်များမှန်မှန်ကန်ကန် ထွကိရှိစေဖို့လည်းအဓိက ပါဝင်သည်။ ထိုဟော်မုန်းဓာတ်များတွင် ကြွက်သားကြီးထွားမှုအတွက် ကာယဗလသမားတိုင်းအလိုအပ်ဆုံးဟောမုန်းဓာတ်တစ်မျိုး ဖြစ်သည့် ကြီးထွားဟော်မုန်းသည်လည်း ပါဝင်ပါသည်။ ကြီးထွားဟော်မုန်းကိုလူ့ဦးနှောက်ဧ။် အတွင်းပိုင်းရှိသေးငယ်သောအကိုင်းလေးထဲတွင်တည်ရှိသည့် ပန်းနုရောင် ချယ်ရီသီးသဏ္ကန် အလုံးတစ်ခု ဖြစ်သောပီကျူထရီဂလင်းမှ ထုတ်လွတ်ပေးသည်။ တစ်အောင်စဧ။် ၁/၅၀ ပုံမျှသာအလေးချိန်ရှိ၍ ၈၅% ခန့်သည် ရေ ဖြစ်သည်။ လူခန္ဓာကိုယ် တစ်ခုဧ။် လူကောင် အကြီးအသေး ၊ အပုအရှည် ၊ ထွားကျိုင်းသန်မာမှု စသည့် အချက်အလက် အချို့သည် လူတစ်ယောက်ဧ။် ကြီးထွားဟော်မုန်းအပေါ်တွင် မူတည်နေသည်။ ပီကျူထရီဂလင်းတွင်  အဖုလုံး(၂)လုံးပါဝင်ပြီးသေးငယ်သောအပြင်အဖုလုံးတွင် ဟိုက်ပိုသားလမတ်ကထုတ်ပေးသောဟော်မုန်း(၂)မျိုးကိုထိန်းသိမ်းထားပြီး ကြီးမားသောအဖုလုံးကဟော်မုန်း (၁၀)မျိုးခန့်ကိုထုတ်ပေးသည်။ပီကျူထရီဂလင်း ဧ။် လုပ်ဆောင်ချက်များကိုရှင်းပြလျင် တော်တော်ကျယ်ပြန့်နိုင်ပါသည်။ ထို့ကြောင့် ကျွှန်တော်တို့ ကာယဗလလေ့ကျင့်သူတွေအတွက် အကျိုးပြု ဟော်မုန်းတစ်မျိုးဖြစ်သော ကြီးထွားဟော်မုန်း ဧ။် အသုံးဝင်ပုံနှင့် ကြီးထွားဟော်မုန်းထွက်ရှိစေနိုင်သည့် နည်းလမ်းတစ်ချို့ကိုသာလေ့လာမိသလောက် တင်ပြပေးလိုက်ပါသည်။အားလုံးသိကြပြီး ဖြစ်သည့်အတိုင်းကာယဗလလေ့ကျင့်မှုသည် ကြွက်သားကြီးထွားလှပဖို့ သည် အခြေခံအကျဆုံးဖြစ်ရာကမ္ဘာပေါ်ရှိကာယဗလလေ့ကျင့်သူအားကစားသမားတိုင်းသည် ထိုအရာကိုမက်မက်မောမောလိုချင်ကြသည်။ မှန်ကန်သောနည်းလမ်းများဖြင့် ကြွက်သားကမ္ဘာတွင် အောင်မြင်မှု ရရှိခဲ့ကြသူများရှိသလိုအောင်မြင်မှု ဧ။် နောက်သို့ ထပ်ကြပ်မကွာလိုက်ပါရင်းစိတ်အလိုလိုက်ပြီးလွယ်လွယ်ကူကူအောင်မြင်မှု ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းရင်းအသက်စတေးလိုက်ရသူကာယဗလသမားများ၊ ကိုယ်တွင်းကလီစာ ဇြတ်တောက်လိုက်ရသည့် ကာယဗလသမားများ ၊ လူရုပ်မမှတ်မိလောက်အောင် အိုစာသွားကြသည့် ကာယဗလသမားများကိုသင်လေ့လာ ကြည့်လျင် သိနိုင်ပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ကြွက်သားကြီးထွားချင်ဇောဖြင့် ဖြတ်လမ်းမှနေ၍ တားမြစ်ဆေးများ ၊ စတီးရွိုက်များ ၊ ကြီးထွားဟော်မုန်းများအဆမတန် သုံးစွဲပြီးမနုဿ လူ့ဘီလူးကြီးများအဇြစ် အတင်း ကြိုးပမ်းကာ ပြိုင်ပွဲဝင်နေကြသော ကမ္ဘာ့ ကာယဗလလောကမှ အားကစားသများတစ်ချို့ နှင့် အနားယူသွားကြသောအားကစားသမားတစ်ချို့ပင်ဖြစ်ပါသည်။ သင်သည်လည်းသူတို့လို တားမြစ်ဆေးဝါး သုံးပြီး ကြွက်သားကြီးထွားချင်စိတ်ကိုဖျောက်လိုက်ပါ။ ကျွန်တော်တို့အတွက် ပုံမှန်ကစားဖို့ သည့် အရေးကြီးဆုံးဖြစ်သလိုမှန်ကန်သောအစားဒအသောက်၊ အနေအထိုင်  နှင့် တစ်ဖြည်းဖြည်းချင်းအောက်ခြေမှ တက်လှမ်းသွားပါကသင်လိုချင်သောထိပ်ဆုံးကိုတစ်နေ့တော့ သင်ရောက်နိုင်မှာပါ။ချန်ပီယံတွေကိုအားကျပါ ဒါပေ့မယ် အတုမခိုးပါနဲ့ သူတို့ဧ။် စည်းစနစ်ကျနမှု ၊ အနေအထိုင်အစားအသောက်  ချင့်ချိန်တတ်မှု ၊ မှန်ကန်သောအင်ဖော်မေးရှင်းများကိုလေ့လာတတ်မှု ၊ ဇွဲ ၊ လုံ့လ ၊၀ီရီယ ဒါတွေကိုအားကျပါ အတုခိုးပါ ။၊ ချန်ပီယံတွေရဲ့ ကစားနည်းတွေ ၊ ချန်ပီယံတွေ ဘာဆေးဝါးသောက်တယ် ၊ ဘာဆေးသုံးတယ် ဒါတွေကိုအားမကျ အတုမခိုးသင့်ပါဘူး ၊လေ့လာသိရှိထားရင်တော်ပြီလို့ထင်ပါတယ်။ ချန်ပီယံတွေ ကစားသလိုလိုက်ကစားပြီးချန်ပီယံ ဖြစ်နိုင်မယ်လို့ သင်ထင်နေရင် မှားသွားပါမယ်။ အခုဒီဆောင်းပါးမှာချန်ပီယံတစ်ချို့ဧ။် ကြီးထွားဟော်မုန်းထွက်ရှိဖို့ ဘယ်လိုကစားသင့်တယ် ဆိုတဲ့ အချက် တစ်ချို့ တင်ပြထားတာကို ကျွန်တော် ရေးသားတင်ဆက်လိုက်ပါတယ်။ကာယဗလ နှင့် အာဟာရပညာရှင် DrHatifiedပြောဆိုသည်မှာ ကြီးထွားဟော်မုန်းသည် ကာယဗလသမားများအတွက် ကြွက်သားကြီးထွားသန်မာမှု ကိုပေးစွမ်းနိုင်ကြောင်းကိုအကြိမ်ကြိမ် သုတေသနပြုလုပ်ပြီးအခိုင်အမာပြောကြားခဲ့သည်။ သူဧ။် ပြောကြားမှုအပေါ် ဇီဝဆေးပညာရှင် (၂)ဦးဖြစ်သည့် Durk Pearson နှင့် Sandy Shaw တို့ကလည်းထပ်မံအတည်ပြု ထောက်ခံပေးခဲ့ကြသည်။ အဆိုပါ သုတေသနပညာရှင်တို့ဧ။် ပြောကြားမှုအရအချို့သောကာယဗလမောင်တို့သည် ပြိုင်ပွဲများတွင် အောင်မြင်မှုများဆက်လက်ရှင်သန်နေစေရန် ကြီးထွားဟော်မုန်းအတုများကိုထိုးသွင်းနေကြသည်မှာ အန္တရာယ်များလှကြောင်း ခန္ဓာကိုယ်ထဲသို့ အဆိပ်ရည်များထိုးသွင်းနေသည်နှင့်မခြားကြောင်းလိုအပ်သည်ထက်ပိုများလှသော ကြီးထွားဟော်မုန်းသည် ခန္ဓာကိုယ်အတွက် ကြီးထွားမှု လွန်ကဲခြင်း နှင့်  ရောဂါ လက္ခဏာစုဟုခေါ်ဆိုသောအရီုးအဆစ်များတုတ်လာခြင်း ၊ခါးကိုင်းခြင်း ၊ မေးရိုးများကြီးလာခြင်း နှင့် အရပ်အမောင်းများလိုအပ်သည်ထက် ပိုရှည်လာခြင်းခြေဆစ်လက်ဆစ်များ ကြီးထွားပြီးအခန့်မသင့်ပါကအသက်အန္တရာယ်အတွက်ပင် ဆိုးကျိုးပေးနိုင်ကြောင်းရေရှည် စွဲသုံးပါကလည်းကိုယ်တွင်းကြီးထွားဟော်မုန်းထွက်ရှိမှု တန့်သွားနိုင်ကြောင်းထောက်ပြပြောဆိုခဲ့ကြသည်။ ကြီးထွားဟော်မုန်းသည် ခန္တာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ အတွက် တန်ဆေးလွန်ဘေးဆိုသကဲ့သို့ပင် ကြီးထွားဟော်မုန်းမှန်မှန်ကန်ကန် ထွက်ရှိစေနိုင်သည် နည်းလမ်းတစ်ချို့ကိုလည်းသုတေသနပညာရှင်များနှင့် ၀ါရင့် ကာယဗလမောင်တစ်ချို့က အောက်ပါအတိုင်းလမ်းညွှန်ပေးခဲ့ကြသည်။
                                            
၁။တစ်နေ့လျင် အချိန်နည်းနည်းစီဖြင့် လေ့ကျင့်ချိန်(၃)ပိုင်းခန့်ခွဲပြီးလေ့ကျင့်ခြင်းသည်လည်း ကြီးထွားဟော်မုန်းထွက်ရှိမှုကိုများစွာအထောက်အကူဖြစ်ကြောင်းကမ္ဘာကျော် ကာယဗလချန်ပီယံလည်းဖြစ်သူ ၊ နည်းပြလည်းဖြစ်သူမိုက်မင်ဇာ က အကြံပေးလမ်းညွှန်ထားသည်။ အာနိုး ၊ မိုက်ခရစ္စရှန် ၊ တွမ်ပလပ်စ် ၊ စသောကမ္ဘာကျော် ကာယဗလမောင်များသည် အဆိုပါ နည်းလမ်းများ ဖြင့်လည်းအောင်မြင်မှု များကိုရယူနိုင်ခဲ့ကြသည်။ ကမ္ဘာကျော် အတွေ့အကြုံရင့် ကာယဗလနည်းပြတစ်ဦးဖြစ်သူ Vince Girondaကလည်းသူဧ။် တပည့်တစ်ဦးဖြစ်သူ မိုဟာမက်မက္ကာဝီ အားတားမြစ်ဆေးသုံးစွဲပြီး ကြီးထွားဟော်မုန်းရယူမည့်အစားအဆိုပါ အတိုင်းတစ်နေ့ (၃)ကြိမ်ခွဲပြီးကာယဗလပရိုပြိုင်ပွဲများအတွက်လေ့ကျင့်စေခဲ့ကြောင်း

၂။တစ်နေ့လျင် အကြိမ်ရေနည်းနည်းစီဖြင့် (၆)ကြိမ်ခန့်ခွဲပြီးစားသောက်ခြင်းသည်လည်းကာယဗလသမာူးများအတွက် များစွာအကျိုးရှိပြီး ကြီးထွားဟော်မုန်းထွက်ရှိမှု အားလည်းကောင်းစေကြောင်းကာယဗလ နှင့် အာဟာရပညာရှင် DrHatifiedကပြောကြားရာမှာလေ့လာမှုတွေအရတစ်နေ့လျင် ၅ ကြိမ် ၆ကြိမ်ခန့် ခွဲပြီးစားသောက်ခြင်းသည် ကြီးထွားဟော်မုန်းထွက်ရှိမှုအတွက်လည်းအထောက်အကူဖြစ်သလိုလိုအပ်သောအာဟာရအတွက်လည်း မျှတပြီး ခန္ဓာကိုယ်အတွင်းကယ်လိုရီအဆီပိုကိန်းအောင်းခြင်း ဖြစ်စဉိမှလည်းရှောင်ရှားရာရောက်ကြောင်းဖော်ပြထားပါတယ်။

၃။ နံနက်ခင်းနေရာင်ခြည်ကိုလည်းခံယူပေးဖို့လည်းလမ်းညွှန်ထားပြီးနံနက်စောစော ၈း ၃၀ နာရီမတိုင်ခင် နေရောင်ခြည် ကို နာရီဝက်ခန့် ထိတွေ့စေခြင်းဖြင့် သင်ဧ။် အရေပြားမှ တစ်ဆင့် ခရမ်းလွန်ရောင်ခြည် ထိုးဖောက်ဝင်ရောက်ပြီးအဆိုပါ ကုန်ကြမ်းမှတစ်ဆင့် ဗီတာမင် ဒီ ဖြစ်သောcholecalciferolအဖြစ်ကိုပြောင်းလဲပြီးအသည်းနှင်းကျောက်ကပ် တို့မှ တစ်ဆင့် ဗီတာမင် ဒီကိုရရှီစေပါတယ်။ထို့အပြင် ပျက်စီးနေသောဆဲလ် များကို ပြုပြင်ပေးပြီးကောင်းသောဆဲလ် များကိုလှုံ့ဆော် ပေးနိုင်ပါတယ်။

                                             

၎။ထို့အပြင် local nerve ending ကိုလှုံ့ဆော်ပေြး့ပီးဦးနှောက်အတွင်းရှိEndophineဟော်မုန်းထွက်ရှီစေနိုင်သဖြင့် ကြွက်သားနာကျင်မှုကိုသက်သာစေနိုင်သလို ၊ ကျွန်တော်တို့ အတွက်အရေးကြီးသောဟော်မုန်းတစ်ခု ဖြစ်သည် ကြီးထွားဟော်မုန်းထွက်ရှိစေရန်အတွက်ညဘက် နှစ်ခြိုက်စွာအိပ်ပျော်စေရန်လည်းအရေးကြီးသည်။ ထိုအတွက် လိုအပ်သောဟော်မုန်းတစ်မျိုးဖြစ်သည့် Melatonin ဟော်မုန်းထွက်ရှိမှု အားကောင်းစေရန်လည်းလိုအပ်သည်။ အဆိုပါ ဟော်မုန်းသည်လည်းပီကျူထရီဂလင်းမှပင်ထွက်ရှိသည်။
၅။ထိုဟော်မုန်းဧ။် သဘာဝအရ နေ့ခင်းဘက်တွင် နည်းနည်းသာထွက်ရှီပြီးညပိုင်းတွင် ပိုမိုထွက်ရှိသည်။ သို့သော် လူတစ်ယောက်နှင့် တစ်ယောက် ဟော်မုန်းထွက်ရှိမှု ဖြစ်စဉ် မတူညီမှုအရနေ့လည်ဘက်တွင် အအိပ်များပြီးညဘက် အိပ်မပျော်ခြင်းသည် အဆိုပါ ဟော်မုန်းထွက်ရှိမှု ကမော်ကမ ဇြစ်နေခြင်းကြောင့် ဖြစ်သည်။
၆။ ကျွန်တော်တို့ ကာယဗလလိုက်စားသူလူသားများအနေနှင့် ညဘက် အိပ်မပျော်ခြင်းသည် သဘာဝ အရထွက်ရှိသော ကြီးထွားဟော်မုန်းထွက်ရှိမှုကိုလက်လွတ်ဆုံးရှုံးရလိုက်သလိုဂျင်မ်ထဲတွင် ပင်ပင်ပန်းပန်းဖြင့် လေ့ကျင့်ယူထားခြင်းဧ။် နောက်ကွယ်မှ တိုးတက်မှု များကိုမိမိကိုယ်တိုင်ဖျက်ဆီးလိုက်သည်နှင့် တူသည်။ ငွေနှင့် ၀ယ်ယူပြီး ဘေးထွက်ဆိုးကျိုးရနိုင်သည့် ဟော်မုန်းအတုထက် သဘာဝက ပေးအပ်သည် ဟော်မုန်းကိုအလွယ်တကူရရှိစေရန် နည်းလမ်းမှန်ဖြင့် ရယူပါ။ နံနက်ခင်းနေရောင်ခြည်ကိုခံယူပါ။ သင် အတွက် ညဘက် အိပ်ပျော်စေရန် နေရောင်ခြည်ကများစွာအကျိုးပြု ပါသည်။

                                  

       ၇။ ချွေးထုတ်ပေးပါ။ ခန္ဓာကိယ်အတွင်းမှ မကောင်းသောအဆိပ်အတောက် အညစ်အကြေးများသည် အရေပြားချွေးဂလင်းများမှတဆင့် အပြင်သို့ စွန့်ထုတ်စေနိုင်သလို ဇီဝကမ္မဖြစ်စဉ် အပြောင်းအလဲကလည်းသင်ကိုများစွာအထောက်အကူဖြစ်စေသည်။
၈။ မရှိမဖြစ် အမိုင်နိုအက်ဆစ်ဆေးဝါးများကိုလည်း မှီဝဲပါ။ အမိုင်နိုအက်ဆစ်ဓာတ် တစ်မျိုးဖြစ်သော niacin သည် ကြွက်သားနာကျင်မှု သက်သာစေခြင်း ၊ ကြွက်သားတစ်သျူးများတည်ဆောက်ရာတွင် အထောက်အကူပြု သကဲ့သို့ ကြီးထွားဟော်မုန်းထုတ်လွတ်မှုတွင်လည်းများစွာအရေးပါ ဆက်စပ်နေသည်။ ထို့ကြောင့် လေ့ကျင့်ပြီးချိန်တွင် အမိုင်နိုအက်ဆစ် ဆေးဝါးများ တွဲဖက်ပြီးသောက်သုံးခြင်းသည်လည်းကာယဗလသများလိုချင်သော ကြွက်သားထုထည် နှင့် ကြီးထွားဟော်မုန်းအတွက် များစွာအကျိုးရှိပါသည်။အဆိုပါ အချက်အလက်များသည် ဘာမှမပြောပလောက်သော ၇ိုးစင်းသည့် မှတ်သားလွယ် အချက်လေးများဖြစ်၍ ကာယဗလ ၀ါသနာရှင်များ အတွက် အကျိုးပြုမည်ထင်ပါသည်။ ထို့ကြောင့် လွယ်လွယ်နဲ့ ရယူနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သောအိပ်စက်ခြင်းကိုအလေးထားပါ။.အိပ်စက်မှု အကြွေးတင်ခြင်းသည် ကျွန်တော်တို့လိုချင်သောတိုးတက်မှု အတွက် အဓိကရန်သူ ဖြစ်သည်။ တစ်ညလျင် အိပ်စက် ချိန် အနည်းဆုံး (၇) နာရီခန့်ရအောင် ကြိုးစားလိုက်ပါ။

တင်ဆက်သူ---အောင်အောင်
email---aungaung.aung24@gmail.com                                 

4 comments:

  1. ကိုအောင်အောင်ရေ-ကြိုက်ပြီဗျ၊ခင်ဗျားဆောင်းပါးတွေကတစ်ပုဒ်ဆိုတစ်ပုဒ်
    ဆိုသလိုပါပဲထိထိရောက်ရောက်အကျိုးရှိတယ်ဗျ။နောက်လည်းကောင်းတာ
    လေးတွေမျှော်နေဦးမယ်ဗျာ။
    လေးစားလျက်----
    နိုင်ဦး---၁၁၉

    ReplyDelete
  2. ကိုနိုင်ဦးရေ အစ်ကိုလည်း ကျဲနေတယ်နော်....အစ်ကို့ဆောင်းပါးတွေလည်း မျော်နေမိတယ်ဗျာ...

    ReplyDelete
  3. ပီလီရေ-အလုပ်အရမ်းရှုပ်နေလို့ ပါဗျာ။မကြာမှီလာမည်ပေါ့ဗျာ။
    လေးစားလျက်---
    နိုင်ဦး---119

    ReplyDelete
  4. အကိုရေ ကျေးဇူး ပါ ဗျာ။ မတူညီတုပ အရေးအသားလေးတွေကိုလည်း ကျေးဇူး ပါ။ အရ်မ်းကောင်းတဲ့ ဆောင်းပါးတစ်ပုဒ် ပါ။

    ReplyDelete