arial" action="like" colorscheme="light">

Saturday, January 19, 2013

လေ့ကျင့်ခန်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ယနေ့အချိန်အခါသည်နည်းပညာများအံ့မခန်းတိုးတက်လာသည်မှာကျွန်တော်တို့ အသိပင်ဖြစ်သည်။တိုးတက်လာသောနည်းပညာဧ။်အရသာပေါ်တွင်မက်မောတမ်းတစွာခံစားရင်း  ကျွှန်တော်တို့သည်နည်းပညာများဧ။်သားကောင်များဖြစ်ပြီးထိုနည်းပညာများနှင့်သာပျော်မွေ့နေရင်း
ကျွန်တော်တို့ဧ။်ကျန်းမာရေးကိုလျစ်လျူရှု၍အနေအထိုင်အစားအသောက်များ ပျက်ယွင်း
လာကြသည်။စက်မှုပညာနှင့်နည်းပညာတို့ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့်မော်တော်ကားများ၊ ကွန်ပျူတာများ၊ရုပ်မြင်သံကြား၊အထိုင်များပြားသောဘ၀နေမှုပုံစံတစ်ခုနှင့်အလုပ်အပေါ် လျော့ပါးသော
ခွန်အားစိုက်ထုတ်မှုတို့ဖြစ်ပေါ်လာကြသည်။ယနေ့ခေတ်အခါတွင်ယင်းတို့အားလုံး
သည် ကျွန်ုပ်တို့ကို လှုပ်ရှားမှုနည်းပါးအောင် ပြုလုပ်ပေးကြ သည်။
The American Journal of Public Health တွင်ဖော်ပြ အစီရင်ခံခဲ့သည့်များမကြာမီက
 လေ့လာမှုတစ်ခုတွင်နိုင်ငံအများစုတွင်လူများရယူနေကြသည့်ကိုယ်အလေးချိန်ပမာဏသည် ပျမ်းမျှအပိုဆောင်းထားသည့် ၁၀၀ ကယ်လို ရီ နေ့စဉ် ရယူခြင်းနှင့် ညီမျှနေသည်ဟု တွေ့ရှိခဲ့သည်။
တစ်စုံတစ်ဦးသည်ခပ်သွက်သွက်လမ်းလျှောက်ခြင်းကိုနေ့စဉ်မိနစ်၃၀အချိန်ပေး၍မပြုလုပ်ခဲ့ပါလျှင်
(အကယ်၍သင်သည်အနှေးလမ်းလျှောက်ခဲ့မည်ဆိုပါလျှင်မိနစ်၆၀)စားသုံးသည့် အပိုပမာ
ဏသည်တဖြည်းဖြည်းနှင့်စုဝေးလာပြီးအပိုခန္ဓာကိုယ်အဆီမလွဲမသွေ ဖြစ်လာပေလိမ့်မည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင်ကျွန်ုပ်လူအများစုသည်လေ့ကျင့်ခန်းကိုမပြုလုပ်ကြပါ။ ထိုထက်ပို၍ဆိုးရွားသည်မှာအခြားတစ်ဖက်တွင်ကျွန်ုပ်တို့သည်အဆီအများပြားစွာပါရှိသည့်အစား
အစာများကိုစားသုံးကြလေ့ ရှိခြင်းဖြစ်သည်။ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းသည်ကျန်းမာရေးကိုဆိုးရွား
စွာထိခိုက်ပျက်ပြားစေနိုင်သည်။ ဥပမာပေးရလျှင်အမေရိကန်ပြည်ထောင်စုတွင်ကျန်းမာရေးနှင့်မ
ညီညွတ်သည့်နေ့စဉ်အစားအစာနှင့်လေ့ကျင့်ခန်းမပြုလုပ်ခြင်းတို့သည်လူဦးရေ ၄၀၀၀,၀၀၀
ကို နှစ်စဉ်သေကြေစေကြသည်။


လေ့ကျင့်ခန်း၏ကျန်းမာရေးအကျိုးကျေးဇူးများ
အကယ်၍သင်သည်နိုးကြားဖျတ်လတ်စွာလှုပ်ရှားသွားလာနေလေ့ရှိသည်ဆိုပါလျှင် သင်သည်သင်၏ကျန်းမာရေးကိုမြှင့်တင်နိုင်ပြီးနှလုံးရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါနှင့် အူမကြီးကင်ဆာတို့ ဖြစ်ပွားမည့် သင်၏ အန္တရာယ်ကိုလျော့ပါးစေနိုင်သည်။
နေ့စဉ်ပုံမှန်ပြုလုပ်သည့်ကိုယ်လက်လှုပ်ရှားမှုသည်ခန္ဓာကိုယ်အဆီကိုလျော့နည်းစေသည်။ ကောင်းမွန်သော
ကျန်းမာရေးအတွက်ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းကိုလည်းအထောက်အ
ကူပေးသည်။ထိုမျှသာမကကိုယ်လက်လှုပ်ရှားမှုသည်ကိုယ်အလေးချိန်လျော့ရန်မည်သည့် ကြိုးစား
အားထုတ်မှုအတွက်မဆိုအဓိကကျသောအစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
လေ့ကျင့်ခန်း၏အကျိုးကျေးဇူးအချို့ကိုစဉ်းစားဆင်ခြင်ပါ။အမျိုးသမီးများတွင်အပန်းဖြေရေးနှင့်
သက်ဆိုင်သောလေ့ကျင့်ခန်းသည်သည်းခြေအိတ်ကျောက်တည်ရောဂါကြောင့်သည်းခြေအိတ်ခွဲစိတ်မှု
လိုအပ်သည့်အန္တရာယ်ကိုသိသာထင်ရှားစွာလျော့ပါးစေသည်။အမျိုးသမီးဦးရေ60.000
 ကျော်၏လေ့လာမှုတစ်ခုတွင်တစ်ပတ်လျှင်ပျှမ်းမျှ၂-၃နာရီအချိန်ပေး၍အပန်းဖြေရေးနှင့်သက်ဆိုင်
သောလေ့ကျင့်ခန်း(ဥပမာ-စက်ဘီးစီးခြင်း၊ရွရွပြေးခြင်းနှင့်ရေကူးခြင်းစသဖြင့်)ပြုလုပ်ခြင်းသည်
သည်းခြေအိတ်ခွဲစိတ်ကုသမှုခံယူရမည့်အန္တရာယ်ကို၂၀ရာခိုင်နှုန်းခန့်လျော့နည်းစေသည်ကို တွေ့ရှိခဲ့သည်။
မကြာမြင့်သေးမီကသုတေသနတစ်ခုကပြသခဲ့သည်မှာသီတင်းပတ်တစ်ပတ်လျှင်သုံးနာရီမျှသာ အချိန်ပေး၍လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လက်ပ်တင်(Leptin)ပမာဏများကိုကိုယ်အလေးချိန် ပိုမိုများပြားသူများနှင့်ပုံမှန်ကိုယ်အလေးချိန်ရှိသူများနှစ်မျိုးစလုံးတွင်၁၀ရာခိုင်နှုန်းခန့် လျော့နည်း
စေသည်ဆိုခြင်းဖြစ်သည်။
(အဆီဆဲလ်များကထုတ်လုပ်ပေးသည့်ဟောမုန်းဓာတ်တစ်မျိုးဖြစ်သောလက်ပ်တင်သည် ကိုယ်အလေးချိန်တက်ခြင်းတွင်ပါဝင်ပတ်သတ်နေသည်။ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ပိုမိုများပြားသောလက်ပ်တင်ကိုပြုလုပ်ပေးသည်။)လူတစ်ဦးသည်မည်မျှအဆီတက်၍ ဆူဖြိုးနေသည်ဆိုခြင်းနှင့်မသက်ဆိုင်ဘဲလေ့ကျင့်ခန်းသည်လက်ပ်တင်၏ပမာဏများကိုလျော့ချပေးနိုင်သည်။
                              



 (သတိပြုသင့်သည့်အကြောင်းအချက်)။ ။လက်ပ်တင်ပမာဏများကို ပုံမှန်ဖြစ်သောအတိုင်းအတာတစ်ခုတွင်ထိန်းသိမ်းထားရပါလိမ့်မည်။လက်ပ်တင်၏နည်းပါးသော ပမာဏများသည်အစာစားသုံးလိုသည့်ဆန္ဒကိုဖိနှိပ်ပေးကြသည်။သို့ရာတွင်လက်ပ်တင်၏များပြား
သောပမာဏများသည်တစ်သျှူးများကယင်းဟော်မုန်းဓာတ်နှင့်ထိသိမှုလျော့နည်းလာကြခြင်းနှင့် ဆက်စပ်နေကြပြီးအစားအစာအာသာငမ်းငမ်းရှိခြင်းကိုဖြစ်ပေါ်စေကာပိုမိုများပြားသောကိုယ်အ
လေးချိန်တိုးမှုကို ဖြစ်စေနိုင်ပြန်သည်။
·    လေ့ကျင့်ခန်းသည်အဆီကင်းလွတ်သည့်ကြွက်သားနှင့်အရိုးသန်စွမ်းကြံ့ခိုင်မှုတို့ကို မြှင့်တင်ပေးသည်။
·    လေ့ကျင့်ခန်းသည်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုမြှင့်တင်ပေးသည်။ စိတ်ကျရောဂါဖြစ်ပွားမည့်အန္တာရယ် ကိုလည်းလျော့ပါးစေသည်။
·    လေ့ကျင့်ခန်းသည်သင်၏ခန္ဓာကိုယ်မှအဆိပ်အတောက်များဖယ်ရှားခြင်းကို အထောက်အကူပေးသည်။
    အ၀လွန်ရောဂါ၏ဘေးဥပဒ်ဖြစ်စေသောသက်ရောက်မှုများအားကာကွယ်ရန်နှင့်သင်၏ အထွေထွေကျန်းမာရေးအားမြှင့်တင်ရန်ကျန်းမာသောကိုယ်အလေးချိန်တစ်ခုကိုဘ၀တစ်လျှောက်လုံး
ထိန်းသိမ်းပါ။အကယ်၍သင်သည်ကိုယ်အလေးချိန်ပိုမိုများပြားသည့်လူ၊သို့မဟုတ်အ၀လွန်သည့်
လူ ဖြစ်ခဲ့မည်ဆိုပါလျှင်ကိုယ်အလေးချိန်ကို လျှော့ပါ။
အောင်မြင်မှုအရှိဆုံးဖြစ်သည့်ကိုယ်အလေးချိန်လျှော့ရေးအစီအစဉ်များသည်မျှတသော ကယ်လိုရီကန့်သတ်မှု၊မျှတသောလေ့ကျင့်ခန်းနှင့်စားသုံးသည့်အလေ့အထများအားစစ်ဆေးခြင်း
နှင့်ထိန်းညှိခြင်းတို့အပါအ၀င်အပြုအမူပိုင်းဆိုင်ရာပြောင်းလဲခြင်းတို့၏အတွဲအဖက်တစ်ခုကို အသုံးပြုသည်။
    ရွှေစည်းမျဉ်းစည်းကမ်းမှာစားသုံးမှုကိုလျှော့ရန်၊လေ့ကျင့်ခန်းကိုတိုးမြှင့်ရန်နှင့်စွမ်း
အင်မြင့်မားသောအမြန်စားအစားအစာများနှင့်အမှိုက်သရိုက်အစားအစာများကိုရှောင်ကြဉ်ရန်
တို့ပင်ဖြစ်သည်။အချိန်ကြာလာသည်နှင့်အမျှစားသုံးသည့်ကယ်လိုရီတွင်အနည်းငယ် လျော့
နည်းမှုတစ်ခုနှင့်ကိုယ်လက်လှုပ်ရှားမှုတွင်အနည်းငယ်တိုးမြှင့်မှုတစ်ခုတို့သည်ပင်လျှင် ကိုယ်အ
လေးချိန်တက်ခြင်းကိုကာကွယ်ပေးနိုင်ကြသည်။သို့မဟုတ်ပါလျှင်လည်းကိုယ်အလေးချိန်လျှော့
့ခြင်းကို အဆင်ပြေချောမွေ့စေနိုင်ကြသည်။
    မည်သို့ဆိုစေကာမူကျန်းမာသော၊တဖြည်းဖြည်းဖြစ်ထွန်းပေါ်ပေါက်သော၊မဆုတ်မနစ်ဖြစ်
သောနည်းလမ်းတစ်ခုတွင်ကိုယ်အလေးချိန်စီမံခန့်ခွဲရန်သို့တည်းမဟုတ်လျှော့ရန်ဖြစ်သည်ဆိုခြင်း
မှာ အရေးကြီးလှသည်။အောက်ပါလမ်းညွှန်ချက်သည် သင့်ကို အထောက်အကူ ပြုပါလိမ့်မည်။
ပုံမှန်ပြုလုပ်သော ကိုယ်လက်လှုပ်ရှားမှု
    ကိုယ်အလေးချိန်ကိုလျှော့ရန်အခြေခံကျသောနည်းလမ်းတစ်ခုမှာစားသုံးသည်ထက် ပိုမိုများပြားသောစွမ်းအင်ကိုသုံးစွဲရန်ပင်ဖြစ်သည်။ထို့ကြောင့်အ၀လွန်ရောဂါအတွက်မည်သည့်စီမံ
ခန့်ခွဲမှုအစီအစဉ်တွင်မဆိုကောင်းမွန်စွာစီစဉ်ထားသည့်လေ့ကျင့်ခန်းအစီအစဉ်တစ်ခုပါရှိရမည်ဖြစ်
ပြီးယင်းကိုနေ့စဉ်အစားအစာဆိုင်ရာပြောင်းလဲမှုများနှင့်တွဲဖက်ပေးရမည် ဖြစ်သည်။
·    ဘရစ်စ်တောလ်တက္ကသိုလ်မှလေ့ကျင့်ခန်းနှင့်ကျန်းမာရေးသိပ္ပံပညာများဌာန၏ဌာနမှူးဖြစ်သည့်
ပါမောက္ခကင်န်ဖောက်ဇ်(Professor-Ken-Fox)၏အဆိုအရအကယ်၍ကိုယ်အလေး
·   ချိန်၁၂.၅စတုန်(၇၉.၄ကီလိုဂရမ်ခန့်သို့မဟုတ်၁၇၅ပေါင်)ရှိသည့် ကိုယ်အလေးချိန်ပိုမိုများ
·    ပြားသောအမျိုးသမီးတစ်ဦးသည်ခပ်သွက်သွက်လမ်းလျှောက်ခြင်းကိုတစ်ရက်မိနစ်၃၀ အချိန်ပေး၍တစ်ပတ်ငါးကြိမ်ပြုလုပ်ခဲ့မည်ဆိုပါလျှင်သူမသည်တစ်နှစ်လျှင်၁၀ ပေါင်ဝန်းကျင်ကိုလျှော့နိုင်ပါ
လိမ့်မည်။WHO-၏အကြံပြုချက်အရကျန်းမာသောခန္ဓာကိုယ်အလေးချိန်တစ်ခုကိုထိန်းသိမ်းရန် သီတင်းပတ်တစ်ပတ်၏ရက်အများစုအတွက်တစ်ရက်လျှင့်တစ်နာရီအချိန်ပေး၍ အသင့်အတင့်အားစိုက်ရသောကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပေးရမည် ဖြစ်သည်။
ယေဘုယျအားဖြင့်အခြေခံကျသောနည်းဥပဒေနှစ်ခုကိုလိုက်နာပါ။ဖြစ်နိုင်မည့် နည်းလမ်းပေါင်းများစွာတွင်အနည်းဆုံး မိနစ် ၃၀အတွက်ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပါ။
ပိုမိုသောအကျိုးကျေးဇူးများနှင့်ကြံ့ခိုင်သန်စွမ်းမှု
တို့အတွက်ကျန်းမာသန်စွမ်း စေမည့် လေ့ကျင့်ခန်း အချို့ကို ဖြည့်စွက်ပြုလုပ်ပါ။
အကယ်၍ သင်သည် လေ့ကျင့်ခန်းကိုမပြုလုပ်ခဲ့ပါလျှင်နယူးဇီလန်နိုင်ငံတွင်ကိုယ်လက်လှုပ်ရှား
မှုမရှိခြင်းသည်လူဦးရေ၂၆,000ခန့်ကို သက်တမ်းမစေ့မီ နှစ်စဉ်သေဆုံးစေသည်။
          (ဤသည်မှာ သေဆုံးမှုများအားလုံး၏ ရှစ်ရာခိုင်နှုန်းခန့် ဖြစ်သည်။)
·    အမေရိကန်ပြည်ထောင်စုတွင်အရွယ်ရောက်သူများ၏သုံးပုံတစ်ပုံသည်အ၀လွန်နေသူများ
·    ဖြစ်ကြပြီး(ကမ္ဘာတွင်အမြင့်မားဆုံးနှုန်းထား)၃၁၈ကီလိုဂရမ်(ပေါင်၇၀၀ ခန့်)ကိုယ်အလေး
·    ချိန်စီးသည့်လူများနှင့်ဝင်ဆံ့နိုင်မည့်ပုံမှန်ထက်သုံးဆပိုမိုကြီးမားသည့် လူသေခေါင်းများမှာ
·    ယူမှုသည်ပိုမိုများပြားလာလျက်ရှိသည်။အမေရိကန်နိုင်ငံသားများ၏ထက်ဝက်ကျော်သည် ပြည့်စုံ လုံလောက်မှုမရှိသော လေ့ကျင့်ခန်းကို ပြုလုပ်ကြသည်။  လေ့ကျင့်ခန်းမပြုလုပ်ကြသည့်လူဦးရေ၏၅၇ရာခိုင်နှုန်းရှိနေကြသောကနေဒါနိုင်ငံတွင် ကိုယ်အလေးချိန်ပိုမိုများပြားခြင်းနှင့်အ၀လွန်ရောဂါတို့နှင့်ဆက်စပ်၍ သေဆုံးသည့်လူပေါင်းသည်

တစ်နှစ်လျှင်၎,၀၀၀ကျော်ရှိနေသည်။ထို့ကြောင့် ကျွှန်တော်တို့သည်လေ့ကျင့်ခန်းတစ်ခုကိုမဖြစ်မနေ ပြုလုပ်သင့်သည်ဟုထင်ပါကြောင်း နည်းလမ်းပေး တင်ပြလိုက်ရပါသည်။


တင်ဆက်သူ---အောင်အောင်
email---aungaung.aung24@gmail.com
 

2 comments:

  1. ကောင်းတယ်ဗျာ...ကျနော်တို့လို ကာယဗလသမားတွေအတွက် မသိသာပေမယ့်....ရိုးရိုးသာမန်လူတွေအတွက်တော့ လှုပ်နိုးလိုက်သလိုပါပဲ....ခေတ်ကလည်း ရှစ်စက်ကဂျင်ခြေလည်မှ အလုပ်ဖြစ်တဲ့ခေတ်ဆိုတော့....မအားလပ်ကြတာနဲ့...ကျန်းမာရေးကို ဂရုမပြုမိကြဘူးနဲ့တူပါတယ်....ကောင်းတယ် ကိုအောင်အောင်ရေ ....ဒါနဲ့ အစ်ကိုရေးမယ့် ကာယဗလနဲ့ အရက်ဆောင်းပါးကိုလည်း မျော်နေပါတယ်ဗျာ...

    ReplyDelete
  2. ကိုအောင်အောင်ရေ---
    ပရိတ်သတ်ကပွဲတောင်းနေပြီဗျ။လုပ်လိုက်ကြဦးစို့ ဗျာ။
    လေးစားလျက်---
    နိုင်ဦး----၁၁၉

    ReplyDelete