arial" action="like" colorscheme="light">
Friday, December 25, 2015
Body Transformation လုပ်တော့မယ် ဆိုရင်-
မိမိရဲ့ လက်ရှိ ခနာကိုယ် ကိုပြောင်းလဲ တော့မယ် စိတ်ကူးရင် ဒီအကြံပေးချက် လေးတွေ လိုက်နာဖို့ လိုပါတယ်။
၁-ကစားချိန် တစ်ချိန်တိုင်းဟာ သင်အတွက် နောက်ထပ် အစားမရ နိုင်တဲ့ အတွက် ကစားချိန် တစ်ချိန်ချင်းကို
အထူး တန်ဖိုးထားပြီး ဖိဖိစီးစီး ကစားပါ။
၂-ခနာကိုယ်ရဲ့ လက်ခံနိုင်စွမ်း ကိုတသမတ်တည်း မထားပါနဲ့ ။အမြဲတမ်း အပြောင်းအလဲ ပြုလုပ်ပြီး သင့်ခနာကိုယ် ကိုလှုံဆော်နေပါ။ဥပမာ-လေ့ကျင့်ခန်း ရွေးချယ်မှု၊ အလေး၊ အကြိမ်၊အကျော့၊ တစ်ကျော့
နှင့် တကျော့ကြား နားချိန် စသည်တို့ ကို ကစားချိန် သုံးကြိမ်မှ ခြောက်ကြိမ် ကစားပြီး တိုင်းအပြောင်း
အလဲ လုပ်ဖြစ်အောင် လုပ်ပေးပါ။ ကြွက်သား အုပ်စုကို တစ်ကြိမ်လျင် အကြိမ်မည်မျှ ကစားရမည် ဆိုသည့်
အချက်ကိုတော့ ကစားသမား တစ်ဦးချင်းစီ အပေါ်မူတည်ပြီး အပြောင်းအလဲ ရှိပါသည်။
၃-တစ်ပါတ်ကို ကစားချိန် လေးချိန် လောက်တော့ ကစားဖြစ်အောင် ကစားပါ။ အဆီချလို၍ တစ်ပါတ်လျင်
ကစားချိန်ကို လေးချိန်ထက် ပိုကစားလိုပါက လေ့ကျင့်ခန်း တစ်ခု၏ ပြင်းအား ကိုလျော့ပါ။
၎-ခနာကိုယ် ပြောင်းလဲ လိုသူတို့ မှားတတ်သည့် အချက် တစ်ခုမှာ ကာဗိုဟိုက်ဒရိတ်ကို ပုံမှန်မစားခြင်း
ပင်ဖြစ်သည်။တကယ် ကစားလျင် ကာဗိုဟိုက်ဒရိတ် စားဖို့ မကြောက်ပါနှင့်။ဒါပေမဲ့ ကာဗိုဟိုက်ဒရိတ် အမျိုး
အစားကိုတော့ စနစ်တကျ ရွေးချယ်ပါ။
ရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်တာပေါ့။သာမန်လူအနေနဲ့ ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စကစားတဲ့ လူသစ်တွေ ရယ် အချိန်တွေ အကြာကြီး နားထားပြီး ပြန်ကစားတဲ့ သူတွေရယ် ကတော့ ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ပါတယ်ဗျာ။
လေးစားလျက်-
နိုင်ဦး-၁၁၉
အမြဲတမ်း သွယ်လျစေဖို့ အတွက်အချက်သုံးချက်
မြင်တွေ့ နေကြရ ပါတယ်။ဘာတွေမှားလို့ ဘာတွေမှန်တယ် ဆိုတာကို ဆောင်းပါးတစ်ပုဒ် နဲ့ ထောက်ပြလို့ မရ
နိုင်ပါဘူး။ဒါပေမဲ့ fitness လေ့ကျင့်ရင်း အဆီချဖို့ ရည်ရွယ်တယ် ဆိုရင်တော့ သင်သိလိုတာ တွေကို
စာအုပ် တစ်အုပ်တည်းနဲ့  သိအောင် ညွှန်ကြားပေးနိုင်တဲ့ စာအုပ်ကို ကျွန်တော် ရေးပေးထားပါတယ်။
အဲဒီ စာအုပ်နာမည်က ***သိပံနည်းကျ အဆီချနည်းများ***ပါ။ဤလင့်ခ် တွင်          အခမဲ့  ဒေါင်းလုပ်
ရယူနိုင်ပါတယ်။ အကယ်၍ ဒီစာအုပ် တစ်အုပ်လုံးကို ဖတ်ဖို့ အချိန်မပေးနိုင်ပါက ယေဘူယျ အချက်သုံးချက်
ကိုညွှန်ပြ ပေးလိုက်ပါမည်။ လူသာမန်တိုင်း နားလည် သဘော ပေါက်မည်ဟု မျှော်လင့်မိပါသည်။
၁-တနေ့ တာ စားသောက်မှု ပုံစံမှန်ပါစေ။ အကျော်ကြားဆုံး အဆိုတခုက Eat breakfast like a king, lunch like a prince and dinner as a beggar.but after a workout eat like an Emperor. ဆိုတာပါပဲ။
ဒါပေမဲ့ လူအတော်များများ က တနေ့ တာအတွက် အရေး အပါဆုံးဖြစ်တဲ့  မနက်စာကို တော့ ဖြစ်သလိုစား၊
နေ့ လည်စာကိုလည်း ကြုံသလိုဝါး၊ ညစာကျမှ အတိုးချပြီး စားပိုးနင့်အောင် တီးမှတော့ ဖက်တီးမဖြစ်လို့ 
ဘာဖြစ်မတုန်းဗျ။မနက်စာ ကိုအာဟာရ ပြည့်ဝအောင် စားကြည့်စမ်းပါ။ သင့်တနေ့ တာ ဘယ်လောက်
အသက်ဝင် အားပါသလဲ ဆိုတာခံစားကြည့်ပါ။ မနက်စာမှာ ပရိုတိန်း စားဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့  ရွှေမြန်မာတွေ ကတော့ ပဲပြုတ်နံပြားလောက်၊ မုန့် ဟင်းခါးလောက်နဲ့ တင်းတိမ်နေ
တတ်ကြပါတယ်။အဲဒီ အကျင့်လေးတွေ ပြင်ဖြစ်အောင် ပြင်လိုက်ပါ။
၂-ကာဗိုဟိုက်ဒရိတ် ကိုမကြောက်ကြပါနဲ့ ။ဒါပေမဲ့ ကာဗိုဟိုက်ဒရိတ် အမျိုးအစား ရွေးချယ်မှုတော့ မှန်ပါစေ။
အဆီချချင်လို့ ကယ်လိုရီ လျော့စားတဲ့ မိတ်ဆွေ အချို့ နေ့ လည်စာကို  ကွတ်ကီးနဲ့ ကော်ဖီအေးတဲ့ ဗျာ။
ဘယ်လိုလုပ် အဆီကျမတုန်း၊ကာဗိုဟိုက်ဒရိတ် ရွေးချယ်မှု မှားတာကိုး။အာဟာရ လည်း ဇီးရိုးပါ။အိုဗျာ
မိုင်းနပ်စ် လို့ တောင်ဆိုချင် ပါသေးတယ်။ကာဗိုဟိုက်ဒရိတ် ရွေးချယ်မှု မှန်ကန်ခြင်းက သင့်ကိုယ်တွင်းမှ
GABA and Serotonin တွေ အထွက်မှန်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း
က သင့္ကို သြယ္လ် လွပေစနိုင္တာ သင္သိပါသလား။
၃-ညစာ စားချိန်နှင့် ပါတ်သက်ပြီး ၀ါဒီမများပါနဲ့ ။လူအတော် များများက ကိုယ်အလေးချိန် ကျချင်ယင် ညနေ
ခြောက်နာရီ ကျော်ရင် ဘာမှ မစားပါနဲ့ ဆိုတဲ့ ပုံပြင်ကို အဟုတ်မှတ်နေ ကြတယ်။ဒါလည်းမှားတဲ့ အယူအဆပါ။
ဒါဟာ ၂၁-ရာစုပါ။စောစောစား စောစောအိပ်ရအောင် အညာ life style မဟုတ်ပါဘူး။ ယနေ့ ခေတ် လူ
အတော်များများဟာ ညဆယ်နာရီမှ ဆယ့်နှနာရီလောက် အတွင်းသာ အိပ်စက်ကြပါတယ်။ ဒါဆို ညနေ
ခြောက်နာရီ ကျော်ကတည်းက အစာပိတ်ထားရ ရင်ဘယ်လောက် ပင်ပန်းမလဲ စဉ်းစားကြည့်ပါ။ နောက်တချက် က အပင်ပန်းခံသလောက် အကျိုးထူးနိုင်ပါသလား ဆိုတာပါပဲ။ Dr.Mark Houston ဆိုတဲ့ 
သုတေသီ ပညာရှင်က ညမအိပ်မှီ နှစ်နာရီလောက်သာ ခြားပြီး အစားပိတ်ရင် လုံလောက်ပါတယ်တဲ့ ။
သုတေသန အချက်အလက် တွေနဲ့ တင်ပြခဲ့တာပါ။ အဲလိုလုပ်ခြင်းဟာ လည်း တစ်ပါတ်ကို သုံးရက်လောက်
လုပ်ရင် လုံလောက်ပါတယ်တဲ့ဗျာ။ဒါပေမဲ့ မိတ်ဆွေတို့ ကို အထူးဂရု ပြုစေလိုတာက ညစာစားရာတွင်
အသားဓါတ်၊ တဖြည်းဖြည်ချင်း ကြေညက် စေသော ကာဗိုဟိုက်ဒရိတ် နှင့် အမျှင်များသည့် အရွက်များကို
မဖြစ်မနေ စားပေးသင့်သည် ဆိုတာပါပဲ။ကိုယ်အလေးချိန် ချလိုသူများ အထူးဂရု ပြုရမည့် အချက်များမှာ-
ဘီယာ၊ညအိပ်ရေး ပျက်ခြင်း၊ အချိုရည်များ ၊ကိတ်၊ ကွတ်ကီးများ နှင့်ဆီကြော်မုန့် များပဲဖြစ်ပါတယ်။
ဒီအခြေခံ အချက်လေးတွေကို ဂျင်မ်ကစားသူရော မကစားသူတွေပါ လိုက်နာသင့်ပါတယ်။
လေးစားလျက်-
နိုင်ဦး-၁၁၉
No comments:
Post a Comment