arial" action="like" colorscheme="light">
Friday, December 25, 2015
Sexy Six Pack အတွက် ဒီခြောက်ချက်
အရှိန်အဟုန် အပြည့်နဲ့ ပြောင်းလဲနေတဲ့  fitness ရေစီးကြောင်း အရ ယနေ့ ခေတ် လူငယ်အတော် များများ
ဟာ ခနာကိုယ် အကြီးစားကြီး တွေထက် ကျစ်လှစ် စမတ်ကျ လှပတဲ့  ဘော်ဒီမျိုးကို ပိုမိုလိုလား နှစ်သက်
ဗယ်လီ ကြွက်သား တွေ ပဲဖြစ်ပါတယ်။အခုပိုမို ထူးခြားလာတာက တော့ အမျိုးသား လူငယ်တွေသာမက အမျိုး
သမီးငယ် တွေကပါ six packs အတွက် ဘယ်လို လေ့ကျင့်ရမလဲ ဆိုတဲ့ မေးခွန်းလေး တွေမေးလာကြ ကုန်ပါပြီ။ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုပါတယ်။ ဒါပေမဲ့ six packs နှစ်သက်တဲ့ ညီငယ်တွေ အနေနဲ့ လည်း
ကာယဗလ ပြိုင်ပွဲ ၀င်လို၍ ပဲဖြစ်ဖြစ် မိမိခနာကိုယ် ကိုပိုမို ထွားကျိုင်း လို၍ပဲ ဖြစ်ဖြစ် ခနာကိုယ်ကို ထုထပ်
တင်နေ သော ညီငယ် ကစားသမားများကို မဝေဖန်သင့် ကြောင်းတော့ အကြံပေးပါရစေ။ တကယ်တော့
ဖစ်တနက်စ် လေ့ကျင့်သူတိုင်း ကတော့ ၀မ်းဗိုက်ကြွက်သား တွေကို လေ့ကျင့်ကြတာ ချည်းပါပဲ။ အဲဒီတော့
ဝါဒီပွား စရာမလို တော့ပါ။လိုရင်း ပြန်ဆက် ရလျင် ဗယ်လီ ကြွက်သား အတွက် အရေးပါသော အချက်
ခြောက်ချက် ကိုမျှဝေ လိုက်ပါတယ်။
၁-၀မ်းဗိုက် အဆီချဖို့ အတွက် ဗယ်လီ တမျိုးတည်းကို သာ မကစားပါနှင့်။
ခနာကိုယ်က အဆီချချင်ယင် တကိုယ်လုံးက အဆီပမာဏ ကိုလျော့ချ နိုင်ဖို့ ကြိုးစား ရပါမယ်။ လွန်ခဲ့တဲ့ နှစ်ငါး
ဆယ်လောက်က တော့ ၀မ်းဗိုက်က အဆီချ ချင်ယင် ဗယ်လီများများ ရိုက်အယူ အဆဆိုးကြီး တွင်ကျယ်ခဲ့ပါ
တယ်။အခုတော့ သိပံပညာ ကအဲဒီ အယူအဆ အသုံးမ၀င် ပုံကို အခုလို ထောက်ပြခဲ့ပါတယ်။ဗာဂျီးနီးယား
တက္ကသိုလ်မှ သိပံပညာရှင် သုတေသီများက ***၀မ်းဗိုက် အဆီတစ်ပေါင်ကျ ချင်ရင် ဗယ်လီ အကြိမ်
နှစ်သိန်းခွဲ  ရိုက်မှရမယ် *** ဆိုတာကို အထောက်အထားပြ တင်ပြခဲ့ပါသည်။
၂-ကြွက်သား အုပ်စု တိုင်းကို လေ့ကျင့်ပါ။
သင့်ကိုယ်တွင်း မှာ ကြွက်သား ပမာဏများများ ရှိလာလေလေ သင့်ခနာကိုယ်က ကယ်လိုရီကို လောင်ကျွမ်း
အသုံးပြုမှု များလာလေလေ ပါပဲ။ အလေးများနှင့် လေ့ကျင့်ခန်း ပြုလုပ် ကစားချိန် တစ်ချိန်ဟာ သင့်ကိုယ်တွင်း
ဇီဝဖြစ်စဉ် ကိုနှစ်ရက်အထိ ပိုမိုတိုးတက် မြန်ဆန်စေနိုင် ပါတယ်။ Syracuse University မှ သုတေသီများက
ခနာကိုယ် အောက်ပိုင်း လေ့ကျင့်ခန်း များက အပေါ်ပိုင်းလေ့ ကျင့်ခန်းများထက် အဆီကို ပိုမိုလောင်ကျွမ်း
စေနိုင်ကြောင်း ကိုသုတေသန ပြုတင်ပြ ထားသည့်အတွက် ဗယ်လီ ပေါ်လိုသော ကစားသမားများ အနေနှင့်
ခနာကိုယ် အောက်ပိုင်းကို မဖြစ်မနေ လေ့ကျင့်သင့်ပါသည်။ ဒါကြောင့် သင်ဟာ လေ့ကျင့်ခန်း ပြုလုပ်ရန်
အချိန်အတော်ကြာ ပျက်ကွက်နေသူ ဆိုပါကလည်း မဖြစ်မနေ ပြန်လည် လေ့ကျင့်ပါ။ ကြွက်သားတွေမှာ
Muscle memory ရှိပါတယ်။ ဒါကြောင့် မကြာခင် အချိန်တိုအတွင်းမှာ ရလာဒ်ကောင်း တွေပြန်လည် ပိုင်ဆိုင်
နိုင်ပါတယ်။
၃-Gym ကစားချိန် တွေကို ဘယ်တော့မှ ၀မ်းဗိုက် လေ့ကျင့်ခန်း တွေနဲ့ မစတင် ပါနဲ့ ။
သင်အားပြည့် နေချိန်မှာ ကြွက်သား တည်ဆောက်ဖို့ အတွက် အရေးပါတဲ့ လေ့ကျင့်ခန်း တွေကို ဦးစားပေး ကစားပါ။ ၀မ်းဗိုက် လေ့ကျင့်ခန်း တွေကိုတော့ နောက်ဆုံးမှ ကစားစေချင် ပါတယ်။အဓိကနဲ့ သာမည ကွဲပြား
နိုင်ပါစေ။
၎-Plank exercise ကို လေ့ကျင့်ရာမှာ  master ဖြစ်နေပါစေ။
ဝမ်းဗိုက်ကြွက်သားတွေ စူထွက်မလာအောင် တားဆီးပေးနိုင် သလို ၀မ်းဗိုက်ကြွက်သား တွေအပြင် ခနာကိုယ်
ရဲ့  Core Strength အတွက် အရေးပါတဲ့  plank လေ့ကျင့်ခန်းကို  youtube, daily motion စတဲ့ ဗီဒီယိုဆိုဒ်
တွေမှာ Plank variations လို့ ရိုက်ပြီး ရှာပါ။ plank လေ့ကျင့်နည်း အမျိုးမျိုးကို တွေ့ ရမှာ ဖြစ်ပါတယ်။abs
Exercises တွေလည်း ရှိပါတယ်။ လေ့လာ လေ့ကျင့်ကြည့်ပါ။သမားရိုးကျ ဗယ်လီ လေ့ကျင့်ခန်း တွေကို ခဏ ခေါက်ထားလိုက်ပါ။
၅-သင့် ဂျင်မ် က ပြေးစက်တွေကို တခြားသူတွေ အတွက် ပေးထား လိုက်ပါ။
သင်ဗယ်လီ ပေါ်ချင်ရင် အလေးတွေနဲ့ မိမိနိုင် သလောက် ပြင်းထန်စွာ လေ့ကျင့်ဖို့ ကျွန်တော် အကြံပြုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအယူ အဆရဲ့ အားသာချက်ကို  သုတေသီတွေက ***အလေးနဲ့ လေ့ကျင့်ခန်း တစ်ကျော့ ညှစ်ကစားခြင်းက ပြေးစက်ပေါ်မှာ ခြောက်မိနစ်လောက် ပြေးတဲ့ ပမာဏနဲ့ တူညီတဲ့ ကယ်လိုရီ တွေကို လောင်
ကျွမ်းစေ နိုင်တယ်*** လို့ တင်ပြ ပေးခဲ့ပါတယ်။ဒါဆို သင့်ကစားချိန် တစ်ချိန်မှာ အလေးနဲ့ ကစားတဲ့ အကျော့
တွေပေါင်းလိုက်လို့  ပျမ်းမျှ ဆယ်ခြောက်ကျော့ လောက် ရှိတယ်ဆို ကစားချိန် တစ်ချိန်မှာ သင်လောင်ကျွမ်း လိုက်တဲ့ ကယ်လိုရီ ပမာဏဟာ ပြေးစက်ပေါ်မှာ တစ်နာရီခွဲ ပြေးသလောက်ကို ထိရောက်မှု ရှိတာ သင်သိ
လောက်ပြီ ထင်ပါတယ်။နောက်ထပ် အားသာချက် တစ်ချက်က အလေးနှင့်ကစားခြင်းက ကြွက်သားတွေ တည်ဆောက် ပေးနိုင်ခြင်းပါပဲ။ဒါပေမဲ့ သင်နိုင်သလောက် ပြင်းထန်စွာ လေ့ကျင့်ဖို့ တော့ လိုပါလိမ့်မယ်။
ဒါကြောင့် သင့်ဂျင်မ် ကပြေးစက်တွေပေါ်မှာ သိပ်ကစား ချင်နေသူ တွေကို ဦးစားပေး လိုက်ပါ လို့ အကြံပြုချင် ပါတယ်။
၆-အာဟာရ ကိုရွေးချယ် စားသောက်ပါ။
ယခုတင်ပြသည့် နောက်ဆုံးအချက်က အရေးအပါဆုံးပါ။ ဗယ်လီကြွက်သား တွေလှပစွာ ပေါ်ထွက်လာဖို့ က
ပြင်းထန်စွာ ကစားရုံသက်သက် နဲ့ တော့ မဖြစ်နိုင်ပါဘူး။ သင်ဟာ မှန်ကန်တဲ့ အာဟာရ ကို စနစ်တကျ ရွေးချယ် စားသောက် တတ်ဖို့ လည်း လိုပါတယ်။အဲဒီလို လေ့ကျင့်ခန်း နဲ့ အာဟာရ ဟာသင့် life style ဖြစ်လာ
ပြီဆို မှတ်လိုက်ပါ။Sexy six packs ဟာ သင့်ဆီကို တနေ့ တလံ ဘယ်ရွေ့ မလဲ ဆိုသည့် စကားအတိုင်း
အာဘော် တွေထက် အလှမ်းဝေး လွန်းတဲ့ အနေအထားမှာ ရှိနေစေတာ ယုံပါလို့ ပြောရင်း-
လေးစားလျက်-
နိုင်ဦး-၁၁၉
Muscle professor
No comments:
Post a Comment