arial" action="like" colorscheme="light">

Friday, December 25, 2015

ပဲနို့ နှင့် fitness


Soy milk -ပဲနို့ ၊ နာမည်ကျော် သလောက် ကမ္ဘာ အ၀ှမ်းမှ fitness trainer များ အကြား အငြင်း အပွားရဆုံး
သော အာဟာရ ဖြစ်သည်။အချို့ နည်းပြများ ကပုံမှန် သောက်သင့်သည် ဟုပြောသလို အချို့ ပညာရှင် များက
လည်း လုံးဝ တားမြစ်သော အာဟာရ အကြောင်းကို အနည်းငယ် ဆွေးနွေးကြည့် ကြပါစို့ ။
အစကတော့ ကိုယ်နှင့် မဆိုင်သည့် အတွက် မပြောဘဲ နေမည်ဟု ကြံရွယ်ထား သော်လည်း ကျွန်တော့် အိမ်သူ
သက်ထား ကိုယ်တိုင်က ရင်သွေးငယ် များအတွက် ယိုးဒယားမိတ် ပဲနို့ အကပ်လိုက် ရေခဲသေတ္တာ ထဲဝယ်ထည့် လာသည့် အချိန်၊ protein supplement များဝယ်ယူ သောက်သုံးရန် အခက်အခဲ ဖြစ်နေသည့် ညီငယ် ကစားသမား လေးများက လည်းမေးသည်နှင့် တိုက်ဆိုင်လာ ၍ ကျွန်တော့် အမြင်လေးကို တင်ပြပေး လိုက်ပါသည်။
-ပဲနို့ တွင် ပါဝင်သော Phytic Acid သည် ကွန်ပေါင်း တစ်မျိုး ဖြစ်ပြီး မှီဝဲထားသော အာဟာရ များကို လျော့ပါးစေကာ၊ သတ္တုဓါတ်များ စုပ်ယူမှုကို လည်းအကြီးအကျယ် ဖရိုဖရဲ ဖြစ်စေသည့် အတွက် အစာချေစနစ် အားနည်းသော သူများအတွက် မည်သို့ သော သက်ရောက်မှု ရှိမည်ကို ခန့် မှန်းကြည့်ပါ။
-ပဲနို့ တွင် Oxalic Acid သည် စားသုံးထားသော ကိုယ်တွင်းမှ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ် နှင့် သံဓါတ်များ ၏စုပ်ယူမှုကို လျော့ကျ ယိုယွင်းစေနိုင်ပါသည်။

-ဈေးကွက်တွင် ရောင်းချနေသော ပဲနို့ အများစုသည် အချဉ်ဖောက် ထားကြသလို ဓါတု ပစ္စည်းများလည်း ပါဝင်
နေသည် မှာ ၉၉% အသေအချာ ပင်ဖြစ်၏။
-ပဲနို့ တွင် ပါဝင်သော Phyto-estrogen ကြောင့် ကျားဟိုမုန်း လျော့နည်းခြင်း၊ လင်စိတ်နည်းပါးသွားခြင်း
နို့ များစူလာခြင်း စသည့် ဆိုကျိုးများ ကိုမလွဲမသွေ ကြုံရပါမည်။
-ပဲနို့ တွင် ပါဝင်သော goitrogenic က သိုင်းရွိုက် ၏လုပ်ဆောင်မှုကို အနှောက်အယှက် ပြုသည့်အတွက် အိုင်အိုဒင်း စုပ်ယူမှု ယုတ်လျော့ကာ တဖြည်းဖြည်း (ကိုယ်အလေးချိန်) အဆီတက်လာ စေမည်ဖြစ်သည်။
-ပဲနို့ တွင် ချေဖျက်ရန် ခက်ခဲသော ကာဗိုဟိုက်ဒရိတ် တမျိုးဖြစ်သည့်  oligo-saccharides များစွာ ပါဝင်သည့်
အတွက် ရင်ပြည့်ခြင်း လေပွခြင်း စသည်တို့ ကို လည်းခံစားရမည် ဖြစ်သည်။
-ပဲနို့ ဗူး များကို စီမံ ထုတ်ပိုးရာတွင် မဂ္ဂနီစီယမ် များလွန်းသော စည်၊ဗူး၊များ တွင် ထည့်ထားသော ကြောင့်
ထိုမဂနီစီယမ် များက ပဲနို့ ထဲ ပျော်ဝင်ပြီး၊ အားလုံးသိသည့် အတိုင်းပင် မဂ္ဂနီစီယမ်ဓါတ် များလွန်းပါက
အာရုံစူးစိုက် နိုင်စွမ်း လျော့ကျလာ မည်ဖြစ်သည်။
ဒါကြောင့် နို့ ဆိုလျင် နို့ အုံမှ ထွက်သော နို့ (တိရိစ္ဆာန် မှထွက်သော)နို့ သာ အကောင်းဆုံး ဖြစ်သည်ကို
မမေ့သင့်ပါကြောင်း----

အထက်ပါ တင်ပြချက်များသည် သုတေသန များသာဖြစ်ပြီး၊ ကိုယ်တွေ့ အတွေ့ အကြုံများကို အနည်း
ငယ် တင်ပြပါမည်။
-ပဲနို့ သောက်လွန်းသော အမျိုးသားများသည် ကိုယ်အလေးချိန်(အဆီ)တက်လာလေ့ရှိသည်။
-သို့ သော် ကြွက်သား တည်ဆောက်မှု နှုန်းလျော့ကျ သွားသည်။
-အဆိုးဆုံးက အဆီချ လိုသူများ ပဲနို့ သောက်နေ ကြခြင်းပင်ဖြစ်သည်။ ကျန်းမာရေး ဟူသော စကားလေး
ကိုလက်ကိုင်ပြုကာ ပဲနို့ သောက်လိုက်၊ ပေါင်မုန့် စားလိုက် လုပ်နေသော သူများစွာကို မြင်တွေ့ နေရ ပါသည်
ထိုသူများ တနေ့ တခြား ကိုယ်အလေးချိန် တိုးတိုးလာ သလို ထိုအမျိုးသား များ၏ နို့ အုံများလည်း စူစူကာ
ထွက်လာနေ ကြပါသည်။
-ခနာကိုယ် ကြီးထွားချင်သူ များအနေနှင့်လည်း ပဲနို့ အစား နွားနို့ ပြောင်းသောက်ပါဟု အကြံပေးတင်ပြ
လိုက်ရပါသည်။
ကျွန်တော် သိပါသည် ပဲနို့ မကောင်းကြောင်း သုတေသန တစ်ရာရှိလျှင် ပဲနို့ ကောင်းကြောင်း သုတေသန
တစ်ရာရှိ မည်မှာ အသေအချာ ပင်ဖြစ်သည်။ကျွန်တော် တင်ပြသမျှသည် ကျွန်တော် ယုံကြည် လေ့လာ မိသမျှကို မျှဝေခြင်းသာ ဖြစ်ပါသည်။အကယ်၍ တစ်စုံတစ်ယောက် က ပဲနို့ ၏ ကောင်းကျိုးများကို အထောက်အထားနှင့်တင်ပြလာပါကလည်း အငြင်းအခုံ ပြုလုပ်မည် မဟုတ်ပါ။မည်သူမဆို မိမိ ခန္ဓာကိုယ်
မိမိ life style စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့် ရှိပါသည်။ထို့ ကြောင့် ကျွန်တော်သည် ပဲနို့ နှင့်ပါတ်သက်သည့် ခံယူချက် ကို ပြောင်းလဲမည် မဟုတ်ပါ။
Because I hate that feminizing agent which can disturb my body's testosterone production!

လေးစားလျက်-
နိုင်ဦး-၁၁၉

No comments:

Post a Comment