arial" action="like" colorscheme="light">

Friday, December 25, 2015

မှားမှန်းမသိမှားနေသော..အမှား


Gymကစားသူအများစုဧ။်ရင်ဖွင့်သံကိုအများဆုံး ကြားနေရသည်မှာတိုးတက်မှုနှောင့်နှေးနေသည် ဆိုသည့်အသံပင်ဖြစ်သည်။Gymကစားခြင်းကို အချိန်တန်Gymသွားပြီးအလေးမကစားနေရုံနှင့်ပြီးပြည့်စုံမည်ထင်ရင်တော့သင့်အထင်မြင်တွေကိုပြောင်းလဲ
လိုက်ပါ။အများစုလက်ခံနား လည်ထားသည့်အတိုင်း အာဟာရ အနားယူမှု နည်းစနစ်မှန်ကန်မှု လေ့ကျင့်ရက်မှန်ကန်မှု နှင့် စည်းကမ်းလိုက်နာမှုဆိုသည့်နောက်ကွယ်တွင် မေ့နေသည်အရာတစ်ခုတော့ရှိနေသည်။အဘယ်အရာနည်း..
.ပရိုဂရမ်ပေါင်း လေ့ကျင့်ရက်သတ်မတ်မှုပေါင်း မည်မျှပင်ဖြစ်စေ မိမိ လေ့ကျင့်နေသည့် ပရိုဂရမ်တွင် ပါဝင်သော လေ့ ကျင့်ခန်းများသည် Compound movements isolation movements စသည်တို့ကို ခွဲခြားလေ့ကျင့်ရန်နိုင်ရန်သိထားသင့်သည်။ပေါ့ဆစွာ ခြင်း၏ရလဒ်သည်နှောင့်နေးနေမည်သာဖြစ်သည်။
ဥပမာအနေနှင့်ဆိုကြပါစို့လက်မောင်းးကစားသည့်နေ့တွင် မိမိကြိုက်သလိုစိတ်ထင်ရာလက်မောင်းလေ့ကျင့်ခန်းများကစား ပြီးမှ နောက်ကျောပြင်ကြွက်သားကြီးကစားမည် ဆိုလျင်တော့သင့်လေ့ကျင့်မှုသည်အလွဲကြီးလွဲနေပြီဖြစ်သည်။minor muscles များဖြစ်သည့် လက်မောင်းရှေ့ နောက် တို့သည်Major muscles် ကြွက်သားကြီးများလေ့ကျင့်ရာ compound exercisesများတွင် မပါမဖြစ်ပါဝင်နေသည်။ထိုကဲ့သို့သောအချက်တစ်ချို့ကို မသိပဲ လက်မောင်းလေ့ကျင့်ခန်းများကို စိတ်ဆန္ဒ ပြင်းထန်စွာဦးစွာလေ့ကျင်ခင်းသည်လုံးဝအမှားပင်။မှားမှန်းမသိမှားတတ်သောအချက်များကို
 လေ့လာထားရန်မှာမိမိ၏တာဝန်သာဖြစ်သည်။ isolation များကို ဦးစားပေးလေ့ကျင့်လွန်းလျင်လည်းCompound လေ့ကျင့်ခန်းများတွင်အလေးများ များဖြင့်လေ့ကျင့်သောအခါသေပြီဆရာပင်ဖြစ်သည်။ဆိုကြပါစို့..ရင်အုပ်တွန်းလေ့ကျင့်ခန်း၂မျိုး ဖြစ်သည့် ဘားရှည်ရင်အုပ်တွန်းနှင့်Dumbell. ဖလိုင်း တွင် compound exercise ဖြစ်သည့် ဘားရှည်ရင်အုပ်တွန်းကိုအရင်ကစားသင့်သည်။(ခြွင်းချက်အနေနှင့်
Pre-Exhaustion ကြွက်သားကြိုတင်ပင်ပန်းစေသည့်ကစားနည်းမှာတော့ Dumbell ဖလိုင်းဖြင့်အရင်ဆုံးလေ့ကျင့်ကြသည်)ထိုကဲ့သို့ပင် barbell press နှင့် machine press ယှဉ်လာလျင်လည်း barbell press ကို အရင်ဆုံးစာရင်းမှလက်မလွတ်သင့်ပေ ။machine exercise နှင့် Free_weight exercise တွင် machine exercise သည် compound ဖြစ်နေလျင်machine exercise ကိုသာဦးစားပေးပါ။ထပ်မံ၍ Barbell နှင့် Dumbell Exercise များတွင် barbell incline press နှင့် Dumbell flat bench press တွင် သင့်အနေနှင့် ကြွက်သားများ အားမကုန်ခင် အလေးများများနိုင်သည့် barbell incline press barbell exercise များသညကိုဦးစားပေးသင့်သည်။ဆိုလိုသည်မှာ် barbell လေ့ကျင့်ခန်းများသည် Dumbell exerciseများထက် အလေးများများကစားနိုင် သည့်အတွက်ကြီးထွားမှုအတွက်လေ့ကျင့်နေသည့်ကာလတွင် မဖြစ်မနေဦးစားပေးသင့် သည် ။ကျွန်တော်ဆိုလိုသည်ကို သဘောပေါ်က်မည်ဟုထင်ပါသည် compound exercise များကိုသာဦးစားပေးလေ့ကျင့်ခိုင်းနေ၍isolation များကိုအကျိုးမရှိဟုမထင်ပါနှင့်။သင်၏လေ့ကျင့်မှုပရိုဂရမ်တွင် compound -is၂မျိုးစလုံးမဖြစ်မနေပါဝင်သင့်သည်။isolationအလော တကြီးလေ့ကျင့်ပြီးမှအခြေခံcompound. exercise များတွင် လုံလောက်သည့် ညှစ်အား နှင့်အလေးဝန်မသုံးနိုင်ခြင်းများကိုတွေ့မြင် နေရခြင်း minor muscles ကိုအရင်ကစါးပြီးမှ majior muscle လေ့ကျင့်သည့်အတွက် မသိမသာမှားနေသောအမှားများကိုအပြုသဘောရေးသားပေး ခြင်းသာဖြစ်သည်။လွတ်လပ်စွာအမြင်ကွဲ
လွဲနိုင်ပါသည်။

တင်ဆက်သူ။ ။အောင်အောင်(လှိုင်)

No comments:

Post a Comment