arial" action="like" colorscheme="light">

Friday, December 25, 2015

Gymလောက၏အလွဲများ အပိုင်း ၁


ကာယဗလလေ့ကျင့်လိုက်စားသူတွေအတွက်ဆောင်ရန်ရှောင်ရန်တွေက်ုတင်ပြရလျင် တစ်ထောင့်တစ် ညပုံပြင်ဖြစ်ပါလိမ့်မယ်။တတ်နိုင်သလောက်တော့အကျဉ်းချုပ်ပြီးအရေးကြီးတဲ့အချက်တစ်ချို့ကိုတင်ပြ ပေးနေ
တာစာဖတ်သူတိုင်းအသိပါ။တစ်ချို့အချက်အလက်တွေက်ုရေးသားတင်ပြရာမှာ နည်းပြအချို့နဲ့ ကျွန်တော်တို့ကြားမှာ တဇောင်းနဲ့မျက်ချေးဖြစ်စရာကြုံလာပါတယ်။ကျွန်တော်တို့ကတော့ ကစားနေသူ လူငယ်အချို့ရဲ့ရင်ဖွင့်သံတွေကိုပြန်လည်ပြီးဝေဖန်ထောက်ရူပြတာပါ။အခုလည်း သတိပြုသင့်တဲ့ အချက်လေးတွေက်ုထပ်မံတင်ပြပေးလိုက်ပါတယ်။နောင်လည်း Gymကစားသူများအတွက် သတိပြုသင့် တဲ့အမှားလေးတွေကိုထပ်မံတင်ပြပေးပါမယ်။သင်လည်း ဂရုမပြုမိတာလေးတွေပါရင် ဝေဖန်သုံးသပ်ပြီး ဆင်ခြင်ကစားနိုင်ဖို့ စေတနာသဘောနဲ့တင်ပြပေးခြင်းပါ။ဝေဒနာသဘောတစ်ခုမှမပါတာတော့ အသေအချာပါ လ်ုရင်းကို သွားကြပါစ်ု့...
နည်းစနစ်မှန်ပြီလား
ဒီခေါင်းစဉ်အောက်မှာဆွေးနွေးလိုက်ရင် စာအုပ်တစ်အုပ်စာလောက်ထိ ဋ္ဌီကာချဲ့လို့ရပါတယ်။Gymအများ စုမှာ လူသစ်အများစုအပါအဝင် ကစားသူများလေ့ကျင့်ခန်းနည်းစနစ်တွေမှားယွင်းနေတာအသေအချာ ပါ။ကာယဗလလေ့ကျင့်ခန်းမှာလက်အထားအသို ခြေထောက်အထားအသိုကအစ အသေးစိတ် အရေးပါနေတာ က်ုသိထားသင့်ပါတယ်။နည်းစနစ်မမှန်ခြင်းရဲ့နောက်ဆက်တွဲမှာရရှိနိုင်တာတွေက ဒဏ် ရာရရှိမှုလွယ်ကူခြင်း ကြွက်သားထိရောက်မှုမှာ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ခြင်း ကိုယ်ခန္ဓာအချိုး အစားမလှပခြင်းတို့ကအသေအချာပါ။နောက်တစ်ချက်က အလေးအများကြီးထည့်ပြီး ပင်ဝါးရုံလေယူ တိမ်းသလို ဘယ်ယိမ်းညာထိုး ရှေထိုး နောက်ယိုင်ကစားနေကြခြင်းပါ။ကာယဗလမှာ အလေးအများကြီး မကစားရဘူးလို့ မဆိုလိုပါဘူး။ကြွက်သားကြီးထွားဖို့ အလေးတိုးကစားရမယ်ဆိုတာ တစ်စိတ်တစ်ဒေသ မှန်ပါတယ် နည်းမှန်လမ်းမှန်နဲ့တိုးပြီးကစားတတ်ဖို့အလေးထားပါ။မိမိထက် စီနီယာကို မယှဉ်ပါနဲ့ မိမိလေ့ကျင့်နေသည်မှာ ကြွက်သားကြီးထွားပြီး အချိုးအစားလှပသော ဘော်ဒီတစ်ခု ပိုင်ဆိုင်ဖို့ပါ။ဘေးလူ အထင်ကြီးအောင် အလေးအများကြီးထည့်ကစားပြီး နည်းစနစ်မမှန်ခြင်းသည် ကာယဗလမှာ အလုပ်မဖြစ်ပါ။မိမိသည်ထိုသို့သော လူစားထဲမှာပါနေပြီလား ဆန်းစစ်ပါ။ပြင်လိုက်ပါ နောက်မကျသေးပါဘူး။

အစွမ်းကုန်ဆန့်ထုတ်ကစားပါ
လေ့ကျင့်ခန်းတစ်ခုမှာ အစွမ်းကုန်ဆန့်ထုတ်ကစားခြင်းကလည်းအရေးပါတဲ့အချက်တစ်ခုပါ။ပြီးစလွယ်နဲ့ အလေးဘားတန်းကို ဆောင့်ချခြင်း ခပ်မြန်မြန်ဆွဲတင်ခြင်း ညှစ်အားမပါ စူးစိုက်မှုမပါပဲ ခပ်လွယ်လွယ် ပြီးသွားတဲ့ တစ်ကြိမ် တစ်ကျော့မှသည် အကြိမ်ပေါင်း အကျော့ပေါင်းများစွာကြာလာသောအခါ ဒီ Gym ဒီနည်းပြတွေကြောင့် မတိုးတက်တာပါဆိုသည့် အသံများပဲ့တင့်ထပ်လာသည်။မှန်သင့်သလောက်လည်း မှန်ပေသည်။သို့သော်ငြားလည်း နည်းပြဟူသည် နေ့စဉ်နှင့် အမျှ လူများစွာက်ုထိတွေ့နေရသောကြောင့် သင့်တစ်ယောက်တည်းကို နေ့တိုင်းပြောနိုင်မည်မဟုတ်ပေ။လေ့လာမှတ်သားရမည်မှာသင့်တာဝန်ပင် အမေဘယ်လိုချော့သိပ်သိပ် ကိုယ်တိုင်အိပ်ပျော်အောင်မကြိုးစားရင် အချည်းနှီးပင်။လေ့ကျင့်ခန်းတစ်ခု ကိုမခိုမကပ်ပဲ အစွမ်းကုန်ဆန့်ထုတ်ကစားခြင်းသည် ကြွက်သားထိရောက်မှုအတွက်အကောင်းဆုံးပင် ဖြစ်သည်။
ကြွက်သားကြီးများကိုအရင်ကစားပါ
ကာယဗလလေ့ကျင့်ခန်းမှာကြွက်သားကြီးများကိုအရင်ကစားပြီးမှကြွက်သားငယ်များကိုကစားသင့်ပါတယ်
။ကြွက်သားအငယ် minor muscleများကိုအရင်ကစားပြီးမှ major muscle များကိုကစားခြင်းသည် ပိုပင်ပန်းစေသည်။ကြွက်သားငယ်များသည် ကြွက်သားကြီးလေ့ကျင့်ရာတွင် အကူသဘောမျိုးပါဝင်နေ သည်။ထို့ကြောင့် ကြွက်သားငယ်များကိုအရင်ကစားခြင်းသည် ကြိုတင်ပင်ပန်းနေသောကြောင့် ကြွက်သားကြီးလေ့ကျင့်ရာတွင်ထိရောက်သော အင်အားပေးနိုင်စွမ်းမရှိတော့ချေ။ဥပမာပြောရင် နောက်သားကစားပြီးမှ ရင်အုပ်ဘားရှည်တွန်းပြီဆိုရင် သင့်အတွက် ရင်အုပ်သားကစားရာမှာ ထိရောက်မှုမရှ်တော့ပဲ ပင်ပန်းခက်ခဲနေလိမ့်မည်။ဒါကြောင့် ကြွက်သားအငယ်များဖြစ်သည့် လက်မောင်း ရှေ့နောက် လက်ဖျံ ခြေသလုံးများကို ဦးစွာကစားခြင်းမှရှောင်ရှားပါ။ဒါမှမဟုတ် လက်မောင်း ရှေ့နောက်ကို သီးသန့်တစ်ရက်ကစားပါ။
ဖြည်းဖြည်းထိန်းကစားပါ
အကြိမ်တိုင်းကိုဖြည်းဖြည်းထိန်းညှစ်ကစားခြင်းသည်ကြွက်သားအတွင်းသို့သွေးစီးဝင်မှုပိုကောင်းပြီး ကြွက်သားကြီးထွားမှုအတွက်အရေးပါသည့်ဖြစ်စဉ်များကိုများစွာအထောက်အကူဖြစ်စေသည်။ ဖြည်းဖြည်းထိန်းကစားခြင်းဖြင့် အရှိန်ပါလူယိမ်းထိုးသည့် အဖြစ်မှကင်းဝေးပြီးအရိုးအဆစ် အရွတ်များအပေါ်ဒဏ်ဖြစ်ခြင်းမှ ကာကွယ်ရာရောက်သည်။အလေးကို ညှစ်ပြီး တွန်းတင် ဆွဲဆန့် ကွေးဆန့် ပြုလုပ်ချိန်တွင် ညှစ်အားအဆုံးမှာ ၂စက္ကန့်လောက်ထိန်းထားသင့်ပါတယ်Positive contraction လို့ခေါ်ပါတယ်။အဆိုပါညှစ်အားကိုပြန်ဖြည်ချိန်မှာ၃စက္ကန့်လောက်အချိန်ယူပြီး ပြန်ဖြည်ချသင့်ပါတယ်။ဒါကို
Negative contraction လို့ခေါ်ပါတယ်။အာနိုးအားကျပြီး ညာဝါးကစားခြင်း ကိုအတုမခိုးပါနဲ့ သင်အဆင့်က အာနိုးမဟုတ်ပါဘူး။cheating method ကိုကစားတယ်ဆိုတာ အမြဲတမ်း မကောင်းပါဘူး အာနိုးအတွက် Cheating ကောင်းပေ့မယ် မအာနိုး သေးတဲ့ ခင်ဗျားတို့ ကျွန်တော်တို့အဆင့်လောက်ကို cheating မလုပ်ပါနှင့် Good form သာအကောင်းဆုံးပါ။
အကြိမ်အကျော့အများကြီးကစားနေသလား
ကြွက်သားကြီးထွားဖို့ကစားနေချိန်အခြေခံအဆင့်သာသာလောက်ကစားသမားတွေအနေနဲ့ ၁၀ကြိမ် ၃ကျော့လောက်သာအကောင်းဆုံးပါ။အခြေခံအဆင့်မှာ လေ့ကျင့်ခန်းတစ်ခုကို ၁၀ကြိမ် ၃ကျော့ဆိုတာ လုံလောက်ပါတယ်။ဒီထက်ပိုတဲ့အကြိမ်ရေအကျော့ရေဆိုတာ over trainingဘက်ကိုရောက်နီုင်ပါတယ်
အခြေခံအဆင့်ထက်ကျော်လွန်ပြီးကြွက်သားထုထည်ကောင်းကောင်းနဲ့တည်ဆောက်ထားပြီးသား သူတစ်ယောက်အတွက်(ပြိုင်ပွဲဝင်)၁၀ကြိမ် ၃ကျော့ထက်ပိုကစားလို့ရကောင်း ရနိုင်ပါတယ်။လေ့ကျင့် မှုလွန်ကဲခြင်းကြောင့် ကာယဗလမှာ ဖွဲမီးလောင်သလို တငွေ့ငွေ့နဲ့တောက်လောက်ခံနေရတဲ့ over training ဖြစ်မှန်းမသိဖြစ်နေသူတွေဒုနဲ့ဒေးပါ။မိမိကိုယ်ကို ပြန်၍ကောက်ချက်ချလေ့လာကြည့်ပါ တိုးတက်မှုတန့်နေပြီလား ကစားရာမှာငြီးငွေ့လာပြီလား လေ့ကျင့်မှုလွန်ကဲခြင်းလက္ခဏာတွေကို အလွတ်မှတ်ထားပါ။listen to your body ဆိုတဲ့စကားက်ုမမေ့ပါနဲ့။
အပိုင်း ၂ဆက်လက်တင်ပြပေးပါမည်။

တင်ဆက်သူ ။ ။အောင်အောင် (လှိုင်

1 comment:

  1. Harrah's Philadelphia Casino & Racetrack - Mapyro
    Find your way around the casino, race 군포 출장안마 and sports 세종특별자치 출장안마 betting excitement with Mapyro. View 포천 출장마사지 live traffic 제주도 출장안마 updates, road conditions, reviews, 하남 출장마사지

    ReplyDelete