arial" action="like" colorscheme="light">

Friday, December 25, 2015

စိတ်စွမ်းအားကိုပေါင်းစပ်ပါ...


Fitness နှင့် Bodybuilding မှနာမည်ကျော်များ၏အင်တာဗျူးများကိုသင်လေ့လာကြည့်လိုက်ပါ။ကျွန် တော်တို့မသိကျိုးကျွိ့ပြုထားတဲ့အရာ
တစ်ခုကိုသူတို့တွေအသုံးချပြီးအောင်မြင်မှုရယူနေတာကိုတွေ့ရပါ
မယ်။အဘယ်အရာနည်း နာမည်ကျော် Gymတွင် နာမည်ကျော်ကစားနည်းများ နာမည်ကျော် အာဟာရဗေဒပညာရှင်များ နှင့် နာမည်ကျော် စတီးရွိက်ဆေးဝါးသုံးစွဲပြီးလေ့ကျင့်နေသော သူတို့၏ထံပါးတွင် ရှိသောလျို့ဝှက်ချက်သည် ကျွန်တော်တို့ ထံတွင်လည်း ဘုရားသခင်ပေးစွမ်းထားပြီး သားဖြစ်သည်။ထိုအရာသည် စိတ်စွမ်းအားဆိုသည့်အရာပင်ဖြစ်သည်။ကြွက်သားကြီးထွားအောင်လေ့ ကျင့်ရာတွင် စိတ်ပိုင်းဆိုင်ရာအရေးပါမှု ( Mental Approach)သည် အရေးကြီးဆုံးပင်ဖြစ်သည်။ ဖြစ်နိုင် တာ မဖြစ်နိုင်တာနောက်မှာထား မိမိလေ့ကျင့်နေသောကြွက်သားကို မိမိစိတ်ထဲတွင် ဖောင်းကြွမောက် တက်လာသည် ဟုခံစားချက်မျိုးထားလိုက်ပါ။ပြီးစလွယ် မတင် ပြန်ချ လေ့ကျင့်မှု၏နောက်ကွယ်တွင် တစ်ကျော့ပြီးသွားသော်လည်း မည့်သည့် ဖီလင်လ်မှမလာချေ။ ကမ္ဘ္ဘာကျော် ကာယဗလမောင်တို့တွင်လည်းမိမိထက်စီနီယာများကိုစိတ်မှာစွဲမြဲလေ့ကျင့်ခဲ့သည်သာဖြစ်သည်။လီဟေနီ
သည် ရော်ဘီရော်ဘင်ဆင် အာနိုးသည် ရက်ပက်ခ် ခရစ်ဒစ်ကာဆင်သည် ဂျွန်ဂရိမက်ခ် ဒိုရီယန်သည် အဲလ်ဘတ်ဘက်ကယ်လ် စသည်ဖြင့်ချရေးပြလျင် မကုန်နိုင်ပေ။မိမိထက်စီနီယာများက်ု တုပကစားဖို့ပြောနေခြင်းလို့သင်မထင်လိုက်ပါနှင့်သူတို့လို လက်မောင်းမျိုး ဗယ်လီသားမျိုး ပေါင်ကြွက်သားတစ်စုံ မိမိလည်းရအောင်လုပ်မည်ဆိုသည့် စိတ်ဓာတ်မျိုးကို ခါချဉ်ကောင်မာန်ဖီသလို မျိုးဖြစ်နေရမည်။အရေးကြီးဆုံးအချက်ကကြွက်သားတွေကြီးထွားဖို့အတွက်လေ့ကျင့်ရာမှာ ကြီးကို ကြီးရ မယ် ဘယ်နှစ်လနဲ့ဘယ်လောက်ရအောင်လုပ်မယ်ဆိုတာမျိုးကိုချမှတ်ပါ။ပြီးပြီဆိုလျင် ခိုင်မာတဲ့စိတ် ဓာတ်နဲ့ အာဟာရဂရုစိုက် လေ့ကျင့်မှုမှန်မှန် နည်းစနစ်ကောင်းကောင်း ဆရာသမားကောင်းကောင်း နဲ့ လေ့ကျင့်လိုက်ပါ အနည်းဆုံးပြိုင်ပွဲဝင်အဆင့်မရောက်ဘူးဆိုတာမရှိပါဘူး။စိတ်ဓာတ်တော့ရှိတယ် လက်တွေ့အကောင်အထည်မဖော်ဘူးဆိုလည်း လွဲနေပါမယ် လေထဲတိုက်အိမ်ဆောက်တာ ကာယဗလမှာ အသုံးမဝင်ပါဘူး။ဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်ကို စိတ်ထဲမှာအမြဲထားပြီး အောင်မြင်အောင်လုပ်မယ် ဖြစ်လာတဲ့အောင်မြင်မှုမှာ နောက်ထပ်တစ်ဆင့် ရည်မှန်းချက်ထပ်ဆွဲပြီး ခိုင်မာတဲ့စိတ်ဓာတ်စွမ်းအားနဲ့ ထပ်ပြီး လေ့ကျင့်မယ်ဆို တစ်ဆင့်ချင်းအောင်မြင်မှုကိုတက်လှမ်းနိုင်မှာ မလွဲသေချာပါ။ကြွက်သားကြီးထွားအောင်လေ့ကျင့်ရာမှာ ထုတင်နေတာပဲ ကစားမယ် စားမယ်များများ ဆိုတဲ့အတွေးမျိုးလည်း ရှောင်ပါ
။တစ်လမှာကြွက်သားသီးသန့် ပေါင်ဝက်တက်ရမယ်ဆိုတာမျိုး ဒီထက် ပိုပြီး တစ်ပေါင်တက်ရမယ်ဆိုတာမျိုးချမှတ်ပါ။ထုတင်နေတာပဲဆိုတဲ့ လေးလေးဝါး သီချင်း ကလေးအတွေးလို အဆီတွေအစ်နေအောင်စားပြီး ထုတင်ရင်တော့ တက်လာတော့ တက်လာမယ် ဒီလိုနည်းလမ်းနဲ့ တက်လာတဲ့ အလေးချိန်မှာ အဆီများများ တက်လာတာတော့ မြေကြီးလက်ခတ် မလွဲပါ။ပြိုင်ပွဲနီးလို့ ထုချပြီဆိုရင်တော့ ကျွန်တော်တို့အရပ်ထဲက စကားပုံလို ကိုယ့်မသာ ကိုယ် ပြန်ထမ်း ရမဲ့ကိန်းဆိုက်ပြီလို့သာမှတ်လိုက်ပါ။အဆင်မြင့်ပြိုင်ပွဲဝင်တွေတောင်မှ တစ်နှစ်ပတ်လုံးမှာ ကြွက်သား စစ်စစ် ၇ပေါင်လောက်တက်လာရင်ပျော်နေကြတာပါ။ဒါကြောင့်ထုတင်ချိန်မှာ စားချင်တာစား မယ် အကောင်ကြီးဖို့ပဲတွက်နေတာလေးတွေသတိပြုပါ။ကြွက်သားထုကြီးထွားဖို့လေ့ကျင့်ချိန်မှာ နောက်ထပ် အရေးပါတာ visualisation technique ပါ အာနိုးကောင်းကောင်း အသုံးချခဲ့တဲ့နည်းတစ်ခုပါ။သူပြောခဲ့ တဲ့ စကားလေးတစ်ခွန်း ပြန်လည်ဖောက်သည်ချရင် ..တွေးထင်မှန်းဆပြီးလေ့ကျင့်နည်းကို အမြဲတမ်း ကျင့်သုံးပါ ။ကိုယ့်စိတ်ထဲကဆန္ဒရှိတာကို တွေးပစ်လိုက်ပါ။ကိုယ်ဟာစိတ်ထဲက ၁၀ပေါင်လောက် ကြွက်သားထုထည်တက်လာတယ် မှန်းမလား မှန်းလိုက်ပါ သင် ပိုက်ဆံပေးရတဲ့အလုပ်မှမဟုတ်တာ ဒါမှမဟုတ် သင် Gold Gymထဲမှာမောင်အိုလံပီယာ တစ်ယောက်နဲ့ ပြိုင်ကစားနေတယ်ဆိုပြီး စိတ်ထဲမှာတွေးမလား တွေးလိုက်ပါ အဆုံးစွန်ထိ တွေးလိုက်ပါ ဒါပေ့မယ် အတွေးက်ု စိတ်ထည့် ခွန်အားကို အသုံးချ အလေးကို မ တင်လိုက် အချိန်နဲ့ လုံ့လဝီရိယကိုရင်းနှီးလ်ုက်ပါသင်လိုချင်တဲ့ ဘော်ဒီဆိုတာ မဝေးသေချာ တစ်နေ့ဖြစ်လာမှာပါ။စိတ်ဓာတ်ကိုအမြဲတက်ကြွနေအောင်စေ့ဆော်မှုစိတ် ဓာတ်ကို တစ်သမတ်ထဲမွေးပါ။ထိပ်သီးကာယဗလမောင်တစ်ယောက်ဖြစ်ဖို့ဘယ်လောက်အချိန်ပေးဆပ် ရတယ်ဆိုတာကို လေ့လာပါ။Rome was not built in a dayဆိုတာလေးကို သတိမူပြီး ဖြတ်လမ်းမှ တိုး တက်ချင်တာတွေကို တွေးချင့်စဉ်းစားပါ လေ့လာချိန်ဆပါ ကာယဗလ လေ့ကျင့်မှုမှာ အချိန်များများ အလုပ်များများ စိတ်ဓာတ်စွမ်းအားကောင်းကောင်း ရည်ရွှယ်ချက်မြင့်မြင့်မားမား လိုပါတယ်။

တင်ဆက်သူ။ ။အောင်အောင် ( လှိုင် )

No comments:

Post a Comment