arial" action="like" colorscheme="light">
Friday, December 25, 2015
နို့ သောက်တာ ကောင်းလား?
ဒီအမေးကို ခလေးတောင် ဖြေတတ်နေ တာကို muscle professor က အဆန်းလုပ် မေးနေတယ်လို့ မထင်
စေချင်ပါ။အခုဖတ် လိုက်ရတဲ့ research လေးတွေကို မျှဝေ ပေးလိုက်ပါတယ်။ဖတ်ရတာတွေက shock ဖြစ်
စေလို့ ပါ။ကျွန်တော်ဟာ နို့ ကို အသေအလဲ ကြိုက်နှစ်သက် သူတစ်ယောက်မို့ ပါ။ကျွန်တော် သိပ်ကြိုက်တဲ့
အာနိုးကလည်း ခနာကိုယ် ကြီးထွားဖို့ နို့ များများ သောက်ခိုင်းပါတယ်။ဟိုးအရင် က squat and milk mass program ဆိုတာတောင် ပေါ်လိုက်သေးတယ်ဗျာ။သမ္မတကြီးကလည်း နို့ သောက်ပါ ပြောတယ်လေဗျာ။
အခုကျတော့ ဆက်ဖတ်ကြည့်ကြပါဦး-
နို့ သောက်ခြင်းက အမျိုးသားတွေ အတွက် အပြည့်အ၀ မကောင်းပါဘူးတဲ့ဗျာ။
နို့ သောက်ခြင်းက အရိုးအတွက် ကောင်းတယ်ဆိုတဲ့ အယူအဆကို ဟားဗတ် တက္ကသိုလ်မှ သုတေသီများက
ရိုက်ချိုးလိုက်ပါပြီ။ဆယ်ကျော်သက် အရွယ်မှာ နို့ များများသောက်တဲ့ အမျိုးသားတွေ ဟာ အသက်အရွယ်
ရလာချိန်မှာ တင်ပါးဆုံရိုးကျိုး နိုင်ချေများတယ် လို့ တင်ပြလာပါတယ်။
ကိုးကား-(Feskanich D, Bischoff-Ferrari HA, Frazier AL, Willett WC. Milk ConsumptionDuring Teenage Years and Risk of Hip Fractures in Older Adults. JAMA
Pediatr.2013 Nov 18.)
နောက်ထပ် သုတေသန တစ်ခုကလည်း  အမျိုးသားတွေ ဆယ်ကျော်သက် အရွယ်မှာ နို့ သောက်တာ
များရင် အရွယ်ရလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေ ပိုများလာပါတယ်တဲ့ ဗျာ။
ကိုးကား- Torfadottir JE. Milk intake in early life and risk of advanced prostate cancer. Am J Epidemiol. 2012 Jan 15;175(2):144-53. Epub 2011 Dec 20.
သုတေသန လေးတွေကို တင်ပြခြင်းဖြစ်ပါတယ်။ မည်သူ့ ကိုမှ ရည်ရွယ် တိုက်ခိုက်ခြင်းမရှိပါ။
ချော့ကလက် နို့ ကိုသောက်သုံးနိုင်ပါတယ်လို့ သုတေသီများက ထပ်မံ တင်ပြထားပါတယ်။
လေးစားလျက်-
နိုင်ဦး-၁၁၉
No comments:
Post a Comment