arial" action="like" colorscheme="light">
Friday, December 25, 2015
Gym ကစားတော့မယ် ဆိုရင်
၁-ယေဘူယျ လူအတော် များများ ဂျင်မ် ကစားရတဲ့  ရည်ရွယ်ချက် က ခနာကိုယ် ကြီးထွားလို ၍ပဲဖြစ်ဖြစ်
အဆီကျ လှပလို၍ ပဲဖြစ်ဖြစ် ကစားတတ်ကြ ပါတယ်။ပုံမှန် ကစားနေ သူတွေက တော့ ကိုယ်အလေး ချိန်ချ
ချင်ရင် ကြွက်သား ထုထည် တင်ဖို့ ခက်ပါတယ်။ နောက်ပြီး ခနာကိုယ် ကြီးထွားလို သူတွေ အနေနဲ့ လည်း
ဆက်တိုက် ကိုယ်အလေးချိန် တက်ဖို့ မလွယ်ကူ လှပါဘူး။ဒါပေမဲ့ သင်ဟာ ဂျုင်မ် စကစား တော့မယ့်လူဆိုရင်
တော့ မင်္ဂလာပါ သင်ဟာ ခနာကိုယ် ထဲကကြွက်သား တွေထွက်လာ အောင်လုပ်နေစဉ် မှာလည်း ကိုယ်တွင်း
က မလိုအပ်တဲ့ အဆီပိုတွေကို လျော့ချနိုင်ပါ သေးတယ်။ဒါက လူသစ်တွေ နဲ့  အချိန်အတော်ကြာ လေ့ကျင့်ခန်း
လုပ်ရန် ပျက်ကွက် နေတဲ့ ပြန်လေ့ကျင့်တော့ မဲ့ လူတွေ ရနိုင်တဲ့ အကျိုးကျေးဇူးပါ။
Gym ကစားတော့ မယ်ဆိုရင်-
၁-မိမိနှင့်  အနီးဆုံး နေရာရှိ ဂျင်မ် တစ်ခုခုကို ရှာပါ။
၂-နည်းပြ ဆရာကောင်း ရှာပါ။
၃-တစ်ပါတ် လျင် သုံးရက်မှ လေးရက်သာ ကစားပါ။
၎-ကစားချိန် တစ်ချိန် လျင် အများဆုံး တစ်နာရီ မှ တစ်နာရီ ဆယ့်ငါး မိနစ်သာ ဖြစ်ပါစေ။
ထို့ ထက် ကစားချိန် နည်းပါက ပိုကောင်း၏။
၅-ခနာဗေဒ ကို လိုသလောက် သိပါစေ။ဒါမှ မိမိကို လေ့ကျင့်ခိုင်းတဲ့ ပရိုဂရမ်တွေ ဟာအကျိုး ရှိမရှိ
သိနိုင်မှာပါ။
၆-အလေး၊ ဘာဘယ် ၊ဒမ်ဘယ်၊ ကေဘယ်နှင့် ဘော်ဒီဝိတ် လေ့ကျင့်ခန်း တွေ မျှတပါစေ။
၇-ဖစ်တနက်စ် လောကမှာ ထာဝရ အမှန်တရား ရယ်လို့ မရှိပါဘူး။လူတစ်ယောက် အတွက် အကျိုးပြုနိုင်မဲ့ 
စနစ်က နောက်ကစား သမားတစ်ယောက် အတွက် အကျိုးပြုချင်မှ ပြုတာပါ။ ကိုယ်နဲ့ လိုက်ဖက်တာကို ရှာဖွေ
တတ်ပါစေ။ ပရိုဂရမ် တစ်ခုက ကိုယ့် အတွက် အကျိုးမပြုဘူး မထူးခြားဘူးလို့ ခံယူမိရင် အပြောင်းအလဲ
ပြုလုပ်ဖို့ ဝန်မလေးပါနဲ့ ။
၈-နည်းပြ များနှင့် တွေ့ ရာတွင် Why -ဘာကြောင့် ဆိုသည့် မေးခွန်းကို အမြဲတမ်း သုံးတတ်ပါစေ။
နည်းပြကို စောဒက တတ်စော်ကားသည့် အနေအထားဖြင့် မဟုတ်ဘဲ မိမိ အကျိုးအတွက် သိမ်မွေ့ စွာ
မေးမြန်း တတ်ပါစေ။
၉-လေ့ကျင့်ခန်း များကို စနစ်တကျ လေ့ကျင့်တတ်ပါစေ။ လေ့ကျင့်ရမည့် ပုံစံအမှန်ကို မသိပါက၊
နည်းပြ အကူအညီကို ယူပါ။ထိုသို့ လည်း အဆင်မပြေ ပါက You tube တွင် လေ့ကျင့်ခန်း သရုပ်ဖော်
ဗွီဒီယို များကို ရှာဖွေ ဒေါင်းလုပ်ယူပါ။
၁၀-အကြောလျော့ လေ့ကျင့်ခန်း ပြုလုပ်ရမည့် စနစ်များကို လေ့လာပါ။ကာဒီရို လေ့ကျင့်ခန်း လုပ်ဖြစ်အောင်
လုပ်ပါ။ နည်းပြ အားမကိုးပါနဲ့ ။invest in yourself ဆိုတဲ့စကားလေးကို သတိရပါ။ ကိုယ့်ကျန်းမာရေး
အတွက် ကိုယ်တိုင် ဗဟုသုတပြည့်နေမှ အိုကေ ပါလိမ့်မယ်။ ယနေ့ အင်တာနက် ပေါ်မှာ လိုအပ်သမျှ
အသိပညာ ရှာဖွေ နိုင်ပါပြီ။ Knowledge is power ဆိုသလို ပါပဲ။ ကစားသမား တစ်ယောက် ချင်းစီရဲ့ 
အသိပညာ ဗဟုသုတ တိုးတက် မြင့်မားလာလေလေ အရည်အချင်း ရှိနည်းပြ လူတန်းစား တစ်ရပ်
ပေါ်ပေါက်လာ လေလေပါပဲ။အဲလို ဆိုရင်တော့ မြန်မာ့ ဖစ်တနက်စ် လောက အဆင့်အတန်း မြင့်လာဖို့ 
မျှော်လင့် လို့ ရပါပြီ။ အဲဒါဆိုရင် ၊
-ကာဗိုဟိုက် ဒရိတ်တွေက ဘာလဲ၊
-ခါးဘေးက အဆီတွေ ကခါးလှည့်ရုံနဲ့ ကျတယ် ဆိုတဲ့ ယုံတမ်း စကားတွေ
-ရေသောက် ရင်ဝလာတယ် ဆိုတဲ့ ယုံတမ်းစကားတွေ
-ညခြောက်နာရီ ကျော်လို့ အစာမစားရင် ကိုယ်အလေးချိန် ချနိုင်တယ် ဆိုတဲ့ ယုံတမ်းစကားတွေ
Auto ပျောက်ကွယ် သွားမှာပါ။
၁၁-အာဟာရ ကိုလည်း ဂရုစိုက်ပါ။
၁၂- အိပ်ရေး ဂရုစိုက်ပါ။
၁၃-ငွေကြေး တတ်နိုင်ပါက သင့်လျော်သည့် ဖြည်စွက်အာဟာရ(supplements )များကို နည်းပြနှင့် တိုင်ပင်
ပြီးသုံးပါ။တိုင်ပင် ပြီးအသုံးပြုသည် ဟုဆိုရာဝယ် ဂျင်မ်မှာ ဒီဆေးရောင်းလို့ ဒါသောက်ပါ ဆိုတဲ့ အိုင်ဒီယာ လမ်းညွှန်ချက် မျိုးကို လက်မခံပါနဲ့ ။ မိမိရည်မှန်းချက် နဲ့  မိမိသုံးနိုင်တဲ့ ငွေအနေအထား အပေါ်မူတည်ပြီး
သင့်လျော်တဲ့ ဆေးသုံးရန် အတိအကျ လမ်းညွှန်ခိုင်းပါ။
၁၄-မိမိလက်ရှိ အနေအထားကို မိမိ၏ နည်းပြထက် အခြားမည်သူမျှ ပိုမသိနိုင်ပါ။ ဒါကြောင့် မိမိနည်းပြကို
အာဟာရ စားသောက်မှု ပုံစံကို အကြမ်းဖျင်းရေးဆွဲ ခိုင်းပါ။ယေဘူယျ အသားစားပါ။ငါးစားပါ။ကြက်ဥစားပါ
ကန်ဇွန်းဥစားပါ။စတဲ့အကြံပေးချက် မျိုးတွေလောက်နဲ့ မတင်းတိမ်ပါနဲ့ ။အဲဒီလောက်က အွန်လိုင်းမှာ
အလွယ်တကူ ရှာနိုင်လို့ ပါ။ ကစာသမား တစ်ယောက် ချင်းစီအတွက် နည်းပြမှာ တာဝန်ရှိပါတယ်။
၁၅-နည်းပြ လမ်းညွှန်သမျှကို တသွေမတိမ်း တလေးတစား ပြုလုပ်ပါ။ နည်းပြက ပြောချင်တာပြော
ကိုယ်ကလည်း လုပ်ချင်တာ လုပ်ပါက ရလာဒ်ထူးမည် မဟုတ်ပါ။လုပ်ချင်တာ လုပ်ပြီး ရလာဒ်မပြောင်း
လဲပါက နည်းပြကို အပြစ်မဆိုပါနဲ့ ။မိမိလုပ်ရပ်ကို မိမိတာဝန်ယူပါ။
၁၆-စွဲမြဲစွာ လေ့ကျင့်ပါ။
၁၇-မိမိ life style ကို မိမိဝါသနာနှင့် တတ်နိုင်သမျှ နီးစပ်အောင် ချိန်ညှိပါ။တခုရွေးချယ် ရမယ်ဆိုရင်တော့
ဝါသနာထက် ဘ၀ကို ဦးစားပေးပါ။လောကမှာ Six Packs ထက်အရေး ကြီးတာတွေ အများကြီးဆိုတာ ညီငယ်
တို့ ကိုသိစေချင်ပါတယ်။ဘယ်အနေအထား ဘယ်ဘ၀ မျိုးမှာပဲ ရှင်သန် ကျင်လည်ရသည် ဖြစ်စေ ကျန်းမာရေး
သည် အဓိကပါ။ကျန်းမာဖို့ က သိပ်မခက်ပါဘူး။ရေများများ သောက်ပါ။အိပ်ရေး၀၀အိပ်ပါ။ လှုပ်လှုပ်ရှားရှား
နေပါ။လမ်းများများ လျောက်ပါ။ အသောက်အစား အပျော်အပါး တတ်နိုင်သမျှ လျော့ချပါ။ဒီလောက်ဆို အိုကေ
ပါတယ်။
လူတိုင်း ဆန္ဒနှင့် ဘ၀ တစ်ထပ်တည်း ကျပြီး ကျန်းမာ သန်စွမ်းပါစေကြောင်း ဆန္ဒပြုလျက်-
လေးစားလျက်-
နိုင်ဦး-၁၁၉
No comments:
Post a Comment