arial" action="like" colorscheme="light">

Friday, December 25, 2015

ငရဲကျတဲ့ အောက်ပိုင်းနေ့

အောက်ပိုင်းထိုင်ခြင်းကိုဘာကြောင့်ကစားသူတော်တော်များများရှောင်ကြသလဲ။မေးလိုက်ရင်အဖြေကအမျိုးမျိုးထွကမလာပါမယ်။တစ်ရက်ထိုင်ပြီးရင် ၃ရက်လောက်နေရထိုင်ရမသက်သာဘူး အောက်ပိုင်းကို ကစားပြီးရင် အထိုင်အထမကောင်းဘူး အရမ်းပင်ပန်းတယ် နေ့တိုင်းလမ်းလျောက်နေရတာ ကစားဖို့လိုမယ်မထင်ဘူးအစရှိသဖြင့် ခံယူချက်အမျိုးမျိုး ဆင်ခြေဆင်လက်အမျိုးမျိုးနဲ့ ယနေ့အချိန်ထိ Gymလောကမှာ ၁၀ယောက်မှာ ၇ယောက်လောက်အတွက် အောက်ပိုင်းထိုင်ခြင်းကို အရေးမပါတဲ့ အပိုင်းတစ်ခုအဖြစ် ရှောင်ကျဉ်ထားကြတယ်။ကောင်းပြီ အောက်ပိုင်းမထိုင်တော့ပဲ အပေါ်ချည်းဘဲ ကစားနေပါပြီတဲ့ ပြည့်စုံလှပနိုင်ပါ့မလား။Chicken leg ဆိုတဲ့စကားလုံးလှလှလေးကို မက်မောတမ်းတနေမယ် ဆိုရင်တော့ အောက်ပိုင်းကစားခြင်းကို ဝေးဝေးမှာထားလိုက်ပါ။ထို့အတူ သင်ရဲ့ ပြည့်စုံလှပမှုကလည်း ခပ်ဝေးဝေးမှာ ကျန်ခဲ့ပါပြီ။ရှေ့တင်မှာတော့ သင့်ကို အပေါ်ပိုင်းကစားထားတာလှ တယ် အားကျတယ်ဆိုတဲ့စကားလုံးလှလှလေးတွေဟာ သင့်ကိုချီးမွမ်းသူရဲ့ မျက်လွာတစ်ချက် သင့်အောက်ပိုင်းကြွက်သားကို ရောက်သွားချိန်မှာတော့ သင့်ကို စိတ်ထဲက နေ Chicken leg တစ်စုံ ပိုင်ဆိုင်နေတဲ့ သူဆိုတာ ထုတ်မပြောရင်သာရှိပါမယ်။နောက်ကွယ်မှာ ပါးစပ်မုန်တိုင်းတိုက်ခတ်နေမှာ မလွဲသေချာပါ။ ႀသစေလ်းလ် ဝက်သစ်ချပင်ကြီးလို့ခေါ်ဆိုနေကြတဲ့ အာနိုးဆိုရင်လည်း သူရဲ့ အစော ပိုင်းကာလမှာ အောက်ပိုင်းကြွက်သားသိသိသာသာ အားနည်းခဲ့တယ် ဓာတ်ပုံအရိုက်ခံမယ်ဆိုရင်တောင် ရေထဲဆင်းပြီး ကိုယ်တစ်ပိုင်းပြကွက်တွေနဲ့ဖြတ်သန်းခဲ့တယ် နောက်ပိုင်း သူလေးစားအားကျတဲ့ သူနဲ့ Body type တူတယ်လို့လက်ခံထားကျတဲ့ အာနိုးကို အနီးကပ်အကြံဥာဏ်တွေပေးတဲ့ ရက်ပက်ခ် ရဲ့ အိမ်ကို ထမင်းစား ဖိတ်လို့သွားချိန်မှာ အာနိုးကို အောက်ပိုင်းကစားခြင်းနဲ့ပတ်သက်တဲ့ အကြံဥာဏ်တွေ လေ့ကျင့်ဖို့တွန်းအားတွေပေးခဲ့တယ် အာနိုးကိုယ်တိုင်လည်း ရက်ပတ်ခ် ရဲ့ ဖုထစ်ပြန့်ကားနေတဲ့ အောက်ပိုင်းကြွက်သားတွေကို အားကျပြီး သူ့ရဲ့အောက်ပိုင်း ချေမှုန်းရေးစစ်ပွဲကိုစတင်ခဲ့တယ်။လူကြားထဲကို ဘောင်းဘီတိုနဲ့ လျောက်သွားတယ် လူတွေရဲ့ ကဲ့ရဲ့မှု ဝေဖန်မှု အသံတွေကို နားထဲမှာ စွဲမြဲနေအောင် မှတ်သားတယ်။အဲ့ဒီ အသံတွေကို Gym ကို ယူလာပြီး အလေးပြားတွေနဲ့ တိုက်ထုတ်မယ်ဆိုတဲ့ ခံယူချက်နဲ့ တစ်ပတ် ၂ကြိမ် အကျော့ တွေ အကြိမ်တွေ အများကြီးနဲ့ လေ့ကျင့်ခဲ့တယ်။သူ့ခေတ်သူအခါက အောက်ပိုင်းကစားချိန်မှာ အာနိုးကို ဘယ်သူမှမမှီအောင် ပြင်းပြင်း ထန်ထန်ကစားခဲ့တယ်။အကယ်၍များ အာနိုးတစ်ယောက် Chicken leg တစ်စုံက်ု ဒီအတိုင်းပေါ့ပေါ့နေ ပေါ့ပေါ့ကစားနေလိုက်ရင် ကျွန်တော်တို့ယနေ့သိနေတဲ့ ၇ထပ်ကွမ်းအိုလံပီယာ အပါအဝင် အခြားဆုတွေ သူ့အတွက်ဖြစ်မလာနိုင်ပါဘူး။သူတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး ကာယဗလက်ုလုံးဝစိတ်မဝင်စားတဲ့ ဘောလုံးခရေဇီ လီဟေနီတစ်ယောက်ရှိပါသေးတယ်။အထက်တန်းကျောင်းသား ဘဝမှာ ဘောလုံးက်ု သဲသဲမဲမဲ ကစားခဲ့တယ် ခြေကျိုးပေါင်ကျိုး ဘဝနဲ့ အနားယူတယ်။Gymကစားတယ် ပြိုင်ပွဲတက်ယှဉ်ပြိုင်ရာကနေ bodybuilding ကို တစိုက်မတ်မတ်လုပ်လာချိန်မှာ ကာယဗလလောကမှာ အသံတွေထွက်လာပါတယ် လီဟေနီရဲ့ အောက်ပိုင်း တစ်စုံဟာ အမြင်မလှဘူး သိသိသာသာအားနည်းနေတယ်။လီဟေနီ ဘာလုပ်သလဲ အချိန်မှီပြန်ပြီးပြင်တယ် အားစိုက်တယ် Gymထဲမှာ ချွေးနဲ့ပေးဆပ်တယ်။၈ထပ်ကွမ်းဆိုတဲ့ မောင်အိုလံပီယာဆုကို ကာယဗလသမိုင်းမှာ မော်ကွန်းထိုးနိုင်ခဲ့တယ်။သူတို့လို ပြိုင်ပွဲဝင် ကမ္ဘာ့အဆင့် တွေတောင် အောက်ပိုင်းအားနည်းချက်တွေကို

အချိန်မှီပြန်ပြုပြင်နိုင်ပါသေးတယ်။ကျွန်တော်တို့လို သာမန်ဝါသနာရှင်တွေဆိုတာ အောက်ပိုင်းကို အခြေခံကောင်းကောင်းနဲ့ တည်ဆောက်ထားသင့်တယ် ပုံမှန်လေး အောက်ပိုင်းကစားထားမှ အခွင့်အရေးရလို့ ပြိုင်ပွဲတက်ချိန်မှာ မိမိမှာ ယုံကြည်မှုအပြည့်ရှိနိုင်မှာပါ ။အပေါ်ပိုင်းကို ဘယ်လောက်ပဲ မာဆယ်တွေကွဲပြဲနေပါစေ တန်းစီရပ်လိုက်ကတည်းက Chicken leg တစ်စုံက်ု အဘယ်အရာကမှ စင်မြင့်ပေါ်မှာ မဖုံးကွယ်နိုင်ပါဘူး။ထို့ကြောင့် Chicken leg တစ်စုံပိုင်ဆိုင်နေပြီလား ဆန်းစစ်ပါ မိမိအတွက် အောက်ပိုင်းနေ့သည် ငရဲခန်းဝင်ရသလို စိတ်မှာခံစားနေရပြီလားအဆိုပါ စိတ်ဓာတ်တွေကို မောင်းထုတ်ပြီး မိမိမျက်လုံးထဲမှာ တွမ်ပလပ်စ် ခရစ်ဒစ်ကာဆင် လီးပရိစ် တို့ကဲ့သို နာမည်ကျော် အောက်ပိုင်းကြွက်သားအကောင်းဆုံးပိုင်ရှင်များ၏ ပေါင်လုံးတွေ ခြေသလုံးတွေကို ပြေးမြင်
လိုက်ပါ။ဒီနေ့ အောက်ပိုင်းကို နက်ဖြန်ရွေ့သည့် အကျင့်ဆိုးများကို ပြုပြင်ပြီးဖြည်းဖြည်းမှန်မှန်သွားလိုက်ပါ။အာနိုးလည်း လူ ကျွန်တော်တို့လည်း လူပါ မတူတာက စိတ်ဓာတ်ခံယုချက်ပါ။မခံချင်စိတ်လေးထားလိုက်ပါ။ အချိန်မ နှောင်းသေးပါဘူး။
တင်ဆက်သူ။ ။အောင်အောင် ( လှိုင်)

No comments:

Post a Comment