arial" action="like" colorscheme="light">

Sunday, January 17, 2016

BCAA ၏အကျိုးကျေးဇူး ဆယ်ခု


ကျွန်တော့်ထံကို ဘာ Supplement သုံးရမလဲ မေးလာသူတိုင်းကို BCAA ထည့်သုံးဖို့ ကျွန်တော် လမ်းညွှန်
ပေးလေ့ရှိတာကို ကျွန်တော့်ထံမှ အကြံယူသူတိုင်း သိပြီးသား ဖြစ်နေလောက်ပါပြီ။အဆီချသူများကိုလည်း
BCAA သုံးခိုင်းတော့ မတောက်တခေါက် လေးတွေက ကျွန်တော့်ကို ဝေဖန်ဖို့ ကြိုးစား လာကြတာပေါ့။
အခုတော့ အဲလိုဝေဖန်ချင် သူတွေရော၊ ကျွန်တော့်လမ်းညွှန်ချက် ရယူနေတဲ့ ကစားသမားလေးတွေ ရော
ပညာရစေဖို့  BCAA ရဲ့ ကောင်းကျိုးလေးတွေကို အချိန်ယူ စုစည်းတင်ပြ ပေးလိုက်ပါတယ်။
BCAA ဆိုတာဘာလဲ?
BCAA ဆိုတာကတော့ ခနာကိုယ်က သဘာဝအတိုင်း မထုတ်လုပ်နိုင်တဲ့ leucine, isoleucine, and valine ဆိုတဲ့ အမိုင်နိုအက်ဆစ် တွေစုပေါင်းထားတဲ့ အမိုင်နိုအက်ဆစ် အတွဲပဲဖြစ်ပါတယ်။BCAA ကနေ့ စဉ် လိုအပ်တဲ့အမိုင်နိုအက်ဆစ် ကိုးမျိုးရဲ့ လေးဆယ်ရာခိုင်နှုန်း လောက်ကိုအရေး ပါပါတယ်။BCAA ကိုအမဲသား၊ကြက်သားဆော်လမွန်ငါး၊ ဥတွေနဲ့ ၊Whey Protein တို့ မှာ အများဆုံး ရရှိနိုင်ပါတယ်။ကြွက်သား ထုထည် အားလုံးရဲ့ ၃၅% ကို BCAA ကနေရာ ယူထားပြီး၊ ကြွက်သားဆဲလ် တွေထဲမှာ BCAA တည်ရှိနေမှု များလေလေ ထိုကြွက်
သားများ ပျက်ဆီးလောင်ကျွမ်းမှု နည်းလေလေ ပင်ဖြစ်သည်။အလေးဖြင့် လေ့ကျင့်ခန်း  ပြုလုပ်ပြီး ခနာကိုယ်က လိုအပ်သောပရိုတိန်း ပမာဏ ကိုပြည့်ဝအောင် အသုံးပြုပြီး BCAA ကို ဖောသီစွာ ဖြည့်စွက် အသုံးပြုပါက ကြွက်သားမျှင်များ တည်ဆောက်မှုနှုန်းကို မြင့်မားစေကာ အဆီကို အင်အားအဖြစ် အသုံးပြု
မှုကိုလည်း တိုးတက်စေသည့် အတွက် ကြွက်သားမျှင်များ ကြီးထွားလာစေပြီး အဆီလည်းကျ စေနိုင်ပါသည်။
၁-BCAA သည်ကိုယ်တွင်း ပရိုတိန်းများ စုပေါင်းဖြစ်တည်မှု ကိုတိုးတက်စေနိုင်၏။ဒဏ်ရာရ၍ ဖြစ်စေ အလုပ်မအား၍ ဖြစ်စေ လေ့ကျင့်ရန် ပျက်ကွက်သူ များသည် BCAA ကိုပုံမှန် အသုံးပြုပြီး ပရိုတိန်း လုံလောက်
စွာ စားသုံးပါက ကိုယ်တွင်း ပရိုတိန်း စုပေါင်းဖြစ်တည်မှု ဖြစ်စဉ်သည် စဉ်ဆက် မပြတ်လည်ပါတ်နေ ပြီး
လေ့ကျင့်မှု ပျက်ကွက်ခြင်းကြောင့် ကြွက်သားထုထည် မပျက်စီးသွားသည့် အတွက် အဆီလည်း မတက်နိုင်
တော့ပါ။
၂-BCAA အသုံးပြုခြင်းက အသက်အရွယ် ကြီးသော ကစားသမားများကိုလည်း လူငယ်များကဲ့သို့ ကြွက်သား တည်ဆောက်နိုင်စွမ်း ရှိစေ၏။လူလတ်ပိုင်း အရွယ်ရောက်လာသူများ၏ ခနာကိုယ်တွင် ကြွက်သား တည်ဆောက်မှု သည်ခက်ခဲလာသည့် အပြင် ရှိနေသော ကြွက်သား ထုထည်ကိုလည်း ထိန်းရန် ခက်သည်ကိုကြုံဖူးသူတိုင်း သိကြသည်ချည်း ဖြစ်သည်။ထိုလူလတ်ပိုင်း ကစားသမားများ အနေနှင့် ဆယ်ကျော်သက် များနှင့် ယှဉ်ပြိုင်ကြွက်သား တည်ဆောက် နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ပရိုတိန်း လုံလောက်စွာစားခြင်းနှင့် BCAA ကို ပြည့်ပြည့်၀၀ အသုံးပြုခြင်း သာဖြစ်၏။

၃-BCAA သည် အဆီကို လောင်ကျွမ်း စေနိုင်၏။ကြွက်သား ထုတက်စေနိုင်၏။ ခနာကိုယ် အချိုးအစားကို ပြောင်းလဲစေနိုင်၏။4429-ယောက်သော ကစားသမားများကို လေ့လာ တွေ့ ရှိချက်နှင့် အခြားသော သုတေသန များစွာက BCAA များများ အသုံးပြုသူများသည် အဆီတက်နိုင်စွမ်း အနည်းဆုံးဖြစ်ကြောင်းကို
အပြည့်အ၀ ထောက်ခံပေးထား၏။ ထို့ ကြောင့် အဆီကျချင်သလား BCAA ကိုသုံးပါ။ ကြွက်သား ထုထည်တက်
ချင်သလား BCAA ကိုသုံးပါဟု  အကြံပြုခြင်း ဖြစ်သည်။
၎-BCAA အသုံးပြုခြင်းက ပြင်းထန်သော လေ့ကျင့်ခန်းများ၏ ဒဏ်ကို ခံနိုင်ရည်ရှိစေပြီး၊ ကိုယ်တွင်းဟိုမုန်း
ထုတ်လွှတ်မှုကို ညီမျှစေကာ ခွန်အား၊ပါဝါ နှင့် သက်လုံကို တိုးတက်စေ၏
၅-BCAA အသုံးပြုခြင်းက ကြွက်သားများနှင့် အာရုံကြောများ၏ စွမ်းဆောင်ရည်ကို အတိုင်အဖောက်ညီစေကာ
လေ့ကျင့်ခန်း ပြုလုပ်ချိန်တွင် ခွန်အားနှင့် သန်စွမ်းမှုကို တိုးစေနိုင်၏။
၆-BCAA အသုံးပြုခြင်းက သက်လုံကို တိုးတက်စေနိုင်ပြီး အချိန်ပိုကြာကြာ ပို၍ ပြင်းထန်စွာ လေ့ကျင့်နိုင်ကာ
အဆီနှင့် ကယ်လိုရီ အပိုများကို လောင်ကျွမ်းစေနိုင်၏။
၇-BCAA အသုံးပြုခြင်းက မကြာခဏ ပြင်းထန်စွာ လေ့ကျင့်ခြင်းကြောင့် ဖြစ်လာသော ကြွက်သားများ၏
နာကျင်ကိုက်ခဲမှု များ ကိုလျော့ကျစေနိုင်ပြီး ကြွက်သားများ အလျင်အမြန် ပြန်လည် အားပြည့်စေကာ
မကြာခဏ လေ့ကျင့်တတ် သူများ ပြင်းပြင်းထန်ထန် လေ့ကျင့်တတ်သူများကို အထောက်အကူပြုခြင်း
ကြောင့် ရလာဒ်ကောင်းများ ရရှိစေနိုင်၏။
၈-BCAA အသုံးပြုခြင်းက အချိန်ကြာကြာ လေ့ကျင့်တတ်သူများ၏ တန်ဖိုးရှိသော ကြွက်သားမျှင်များ လောင်ကျွမ်း ပျက်ဆီးခြင်းမှ ကာကွယ်ပေးနိုင်၏။ အချိန်ကြာကြာ လေ့ကျင့်ခြင်း ဟုဆိုရာဝယ် အလေးဖြင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းရော ကာဒီရိုပြုလုပ်ခြင်းပါ ပါဝင်လေသည်။

၉-BCAA အသုံးပြုခြင်းက အင်ဆူလင်ထွက်ရှိမှုကို အကျိုးပြုပြီး ဆီးချို ရောဂါ၏ သက်ရောက်မှုကိုလည်း
လျော့ချပေးနိုင်၏။
၁၀-BCAA အသုံးပြုခြင်းက အသည်းရောဂါများ ကုသရာတွင်လည်း အသုံးဝင်၏။ကင်ဆာ ရောဂါ ဖြစ်နိုင်ချေ
ကိုလျော့ချ ပေးနိုင်၏။ အသက်အရွယ်ကြောင့် ကြွက်သားမျှင် များဆုံးရှုံးမှုကို လျော့ချပေးနိုင်ပြီး အသက်ရှည်စေ နိုင်၏။ အရွယ်တင် နုပျိုစေနိုင်၏။ သက်ကြီးရွယ်အိုများ သုံးနိုင်၏။
ထို့ ကြောင့် အဖက်ဖက်က အကျိုးပြုသော BCAA ကိုမဖြစ်မနေ သုံးဖြစ်အောင် သုံးပါဟု တိုက်တွန်း
လိုက်ပါသည်။
လေးစားလျက်-

နိုင်ဦး-၁၁၉
Muscle professor

References
Valerio, A., D’antona, G., et al. BCAAs, Mitochondrial Biogenesis, and Healthspan: An Evolutionary Perspective. Aging. May 2011. 3(5), 464-470.

Bajotto, G., Sato, Y., et al. Effect of BCAA Supplementation During Unloading on Regulatory Components of Protein Synthesis in Atrophied Soleus Muscles. European Journal of Applied Physiology. 2011. 111, 1815-1828.

Borgenvik, M., Nordin, M., et al. Alterations in Amino Acid Concentrations in the Plasma and Muscle in Human Subjects during 24 Hour of Simulated Adventure Racing. European Journal of Applied Physiology. 2012. Published Ahead of Print.

Da Luz, Claudia, Nicastro, H., et al. Potential Therapeutic Effects of BCAA Supplementation on Resistance Exercise-Based Muscle Damage in Humans. Journal of the International Society of Sports Nutrition. 2011. 8(23).

Gualano, A, et al. Branched-Chain Amino Acids Supplementation Enhances Exercise Capacity and Lipid Oxidation During Endurance Exercise After Muscle Glycogen Depletion. Journal of Sports Medicine and Physical Fitness. 2011.51(5), 82-88.

Hsu, M., Chien, K., et al. Effects of BCAA, Arginine, and Carbohydrate Combined Drink on Post-Exercise Biochemical Response and Psychological Condition. Chinese Journal of Physiology. April 2011. 542), 71-78.

Glynn, E., Fry, C., Drummond, M., Timmerman, K., Dhanani, S., Volpi, E., Rasmussen, B. Excess Leucine Intake Enhances Muscle Anabolic Signaling but Not Net Protein Anabolism in Young Men and Women. The Journal of Nutrition. 2010. 140(11), 1970-1976.

Sharp, C., Pearson, D. Amino Acid Supplements and Recovery from High-Intensity Resistance Training. Journal of Strength and Conditioning Research. 2010. 24(4), 1125-1130.

Ipoglou, T., King, R., Polman, R., Zanker, C. Daily L-Leucine Supplementation in Novice Trainees During a 12-Week Weight Training Program. International Journal of Sports Physiology and Performance. 2011. 6(1), 38-80.

Jourdan, C., et al. Body Fat Free Mass is Associated with the Serum Metabolite Profile in A Population Based Study. PLOS One. 2012. 7(6), e40009.

Lustgarten, M., et al. Serum Predictors of Percent Lean Mass in Young Adults. Journal of Strength and Conditioning Research. 2013. Published Ahead of Print.

Peltier, S., Vincent, L., et al. Effects of Carbohydrates-BCAAs-Caffeine Ingestion on Performance and Neuromuscular Function During a 2-H Treadmill Run. Journal of the International Society of Sports Nutrition. December 2011. 8(22).

Sowers, Starkie. A Primer on Branched Chain Amino Acids. Huntington College of Health Sciences. 2009. Retrieved 13 November 2013. http://www.hchs.edu/literature/BCAA.pdf

Rondanelli, M., Opizzi, A., Antoniello, N., Boschi, F., Iadarola, P., Pasini, E. Effect of Essential Amino Acid Supplementation on Quality of Life, Amino Acid Profile and Strength in Institutionalized Elderly Patients. Clinical Nutrition. 2011. 30(3).

Plauth, M., Schutz, T. BCAAs in Liver Disease: New Aspects of Long Known Phenomena. Current Opinions in Clinical Nutrition and Metabolic Care. January 2011. 14(1), 61-66.

Shah, S., Crosslin, D., et al. BCAA Levels are Associated with Improvement in Insulin Resistance with Weight Loss. Diabetologia. February 2012. 55(2), 321-330.

Hayaishi, S., Chung, H., et al. Oral BCAA Granules Reduce the Incidence of Hepatocellular Carcinoma and Improve Event-Free Survival in Patients with Liver Cirrhosis. Digestive Diseases. 2011. 29(3), 326-332.

Cole, J., Mitala, C., et al. Dietary BCAAs Ameliorate Injury-Induced Cognitive Impairment. Proceedings of the National Academy of the Sciences. January 2010. 107(1), 366-371.

Thomson, J., Ali, A., Rowlands, D. Leucine-Protein Supplemented Recovery Feeding Enhances Subsequent Cycling Performance in Well-Trained Male Cyclists. Applied Physiology, Nutrition, and Metabolism. 2011. 36(2), 242-253.

Walker, D., Dickinson, J., et al. Exercise, Amino Acids, and Aging in the Control of Human Muscle Protein Synthesis. Medicine and Science in Sports and Exercise. May 2011. Published Ahead of Print.

Qin, L., Xun, P., Bujnowski, D., Daviglus, M., Van Horn, L., Stamler, J., He, K. Higher Branched-Chain amino Acid Intake is Associated with a Lower Prevalence of Being Overweight or Obese in Middle-Aged East Asian and Western Adults. The Journal of Nutrition. 2010. 141(2), 249-254.

Ra, S., et al. Additional Effects of Taurine on the Benefits of BCAA Intake for the Delayed-Onset Muscle Soreness and Muscle Damage Induced by High-Intensity Eccentric Exercise. Advances in Experimental Medicine and Biology. 2013. 776, 179-187.

Jackman, S., et al. Branched-Chain Amino Acid Ingestion Can Ameliorate Soreness From Eccentric Exercise. Medicine and Science in Sports and Exercise. 2010. 42(5), 962-970.

Shimomura, Y., et al. Branched-Chain amino acid Supplementation Before Squat Exercise and Delayed-Onset Muscle Soreness. International Journal of Sport Nutrition and Exercise Metabolism. 2010. 20(3), 236-244.

No comments:

Post a Comment